Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ကိုကို - စိတ္တဇအကျဥ်းသား

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

သဇင်သင်းပြန်တော့

(၁)

မြောက်ပြန်လေညင်း၊ တသုန်မျှဉ်းမျှဉ်း၊ သွင်းလာတတ်သည့် လ...

ဆီးနှင်းဖြိုက်ကျ၊ ခိုက်တုန်တမျှ၊ အေးလာတတ်သည့်လ... သဇင်ခွာညို၊ ရနံ့ချို၊ ထုံသင်းပျံ့သည့်လ...

နေ့ အရောင် ရုပ်သိမ်း၍ ညအမှောင်ဘက်သို့ တိမ်းလာသည်နှင့် မန္တလေးအရှေ့ပြင် မင်းစိုးရာဇာ လူကုံထံတို့၏ ရိပ်သာယာဖြစ်သော နယူးစီဗီလိုင်း ကျောက်လမ်းမကြီးတစ်လျှောက် ကားကြီးကားငယ် အသွယ်သွယ်သို့ ရှေ့ဆင့်နောက်ဆင့် စီရရီ မောင်းလာကြသည်။ ဓာတ် မီးရောင် ထိန်ထိန်ညီးနေသော ဝင်းခြံတစ်ခု၏ ရှေ့၌ကား ရောက်နှင့် ပြီးသော ဇိမ်ခံမော်တော်ကားများမှာ လမ်းဘေးတစ်ဖက်တစ်ချက်တွင် အသီးအသီး နေရာယူပြီးဖြစ်လျက် ကားပေါ်မှ ဆင်းလာကြသူများ၊ ကြိုလင့်ဧည့်ခံသူများ ရှုပ်ယှက်ခတ်နေသည့် ကြားထဲမှ နောက်ထပ် ရောက်လာသော ကားများ၏ နေရာတောင်းခံသည့် ကားဟွန်းသံတို့ မှာလည်း ဆူခနဲ ညီခနဲ ဖြစ်နေလေသည်။

တော်တော်လည်း ခမ်းနား၍ တော်တော်လည်း ပျော်စရာ ကောင်း ပုံရ၏။ တစ်ထပ်တိုက်မှ ဆင်ဝင်ရှေ့ရှိ အလံတိုင်ထိပ်မှသည် ခြံဝင်း နှစ်ဖက်သို့တိုင်အောင် သွယ်တန်းထားသော ရောင်စုံ မီးပဒေသာတို့၏

အောက်ဝယ် ညီညာစွာ တိဖြတ်၍ ညှိထားသော မြက်ခင်းပြင်မှာ ပိုးကတ္တီ ပါ အစိမ်းရင့် ကမ္ဗလာအိအိကြီး ဖြန့်ခင်းထားသကဲ့သို့ အောက်မေ့ရ၏။ ထိုမြက်ခင်းပြင်ကြီး၏ အပေါ်မှာမှ နီ၊ စိမ်း၊ ဝါ၊ ဗုဒ္ဓသရဏ ပန်းရုံကြီး များမှာ အသင့်ခင်းကျင်းပြီးဖြစ်သော ဧည့်ခံစားပွဲဝိုင်းများအကြားဝယ် အကွက်ကျကျနှင့် ကရိကထခံကာ စိုက်ထူထားသလို ဖွင့်ဖွင့်ထွားထွားနှင့် ပွင့်ကား၍ နေကြသည်။

စားပွဲတစ်ဝိုင်းတွင် ဧည့်ပရိသတ် ငါးဦးအတွက် ခင်းကျင်း ပြင် ဆင်ထား၏။ ဒေလီယာနှင့် နှင်းဆီပွင့်ကြီးများ ရောပြွမ်းစိုက်ထိုးထား

သော ကြွေပန်းအိုး၊ ရေခဲရေ ထည့်ထားသော ဖန်ချိုင့်၊ ပယင်းရောင် ဖန်ခွက်ပုဝိုင်းဝိုင်းကလေးများ ဖိလျက် ဟံဇားဖြစ် လက်သုတ်ပဝါအကွက်ကလေးများ၊ ၅၅၅ စီး ကရက်သံဘူး၊ မီးခြစ် အရန် သင့် ဖြစ်ကြ၏။ ဝတ်ကောင်း စားလှနှင့် ဧည်သည့် တစ်

ယောက် ရောက်လာသည်ဆို လျှင် ခြံဝမှ စောင့်ကြိုလျက်ရှိ

သော လုံ မပျို၊ လုလင်ပျို ကလေးများက ခရီးဦးကြို ပြု ကာ လွတ်သောနေရာသို့ ပင့်

ဆောင်သွား၏။ နောက် သူ့ အတွက် တိုက်ပန်းကန် ပက်ပက်ကြီးဖြင့် အလောတော်မျှ ထည့်ထား

သော ကြက်သားအုန်းနို့ဟင်းခေါက်ဆွဲနှင့် ဇွန်း၊ ခက်ရင်း၊ နောက် ရေခဲ မုန့်အေးအေး တစ်ခွက်၊ နောက် ကော်ဖီပူပူနှင့် ကိတ်မုန့်မျိုးစုံအလယ် တွင် အရန်သင့် ယူစားနိုင်သော သစ်သီးမျိုးစုံပွဲ။ ။

ညဉ့်အမှောင် ပိုမိုက်လာလေလေ ဧည့်ပရိသတ်များ ပိုမိုစည်ကား လာလေဖြစ်၍ ပိုးရောင်၊ ဖဲရောင် ရောင်စုံမီးပွင့်ရောင်တို့ဖြင့် ပို၍ ဖြိုးဖြိုး

ပြောင်ပြောင် ဖြစ်လာလေသည်။ တစ်ဖန် ဆီးရည် နှင်းငွေ့နှင့် စီးကရက် မီးခိုးများ တဝေ့ဝေ့ ဖြစ်လာသောအခါ ပတ်ဝန်းကျင်မှာ မှိုင်းပြပြနှင့် မှုန်မွှားရီဝေလာပေသည်။

“ကြွပါ ခင်ဗျာ၊ ကြွပါ” ဟူသော ဖိတ်ခေါ်သံများ။

“အန်ကယ်ကြီးက တယ်နောက်ကျတာကိုး။ မင်းကတော်တော့ ဘာဖြစ်လို့ ခေါ်မလာသလဲ” ဟူသော နှုတ်ဆက်သံများ။

“ဟင်း... လာခေါ်မယ်ဆိုလို့ စောင့်နေလိုက်ရတာ။ သူ လုပ်မှဖြင့် ဒါမျိုးချည့်” ဟူသော ညုသံများ။

“စောစောလာပါဆိုမှ တကတဲ”ဟူသော ပြစ်တင်သံများ ဆူညံ ဆူညံကြားထဲမှ ခြံထောင့်တစ်နေရာရှိ တီးဝိုင်းမှ မင်္ဂလာတေးသံများက လည်း ကြိုးကြားကြိုးကြား မြိုင်ဆိုင်စွာ ပေါ်လာတတ်သေးပါ၏။

အားလုံးသော အသံဗလံတို့ကို ရံဖန်ရံခါ လွှမ်းသွားသော သာ ယာဖွယ် ကျက်သရေရှိလှသော အသံကား တလွင့်လွင့် ဝင့်လာသော ကြေးစည်သံကလေးသာပင် ဖြစ်ပေသည်။

မြန်မာလူမျိုးတို့၏ ရှေးဆန်သလိုလိုနှင့် ခေတ်မီစွာ ပြုလုပ် ကျင်း ပလေ့ရှိတတ်သော မိတ်ဆုံပွဲ တစ်ခုကား “ဘုရားကိုးဆူ ဆွမ်းကပ်ပွဲ” ပင် ဖြစ်သည်ဟု ယူဆစရာ ရှိ၏။ သို့သော် လုပ်ရိုးလုပ်စဉ်မို့ လုပ်ခြင်းပဲ လား၊ ဗုဒ္ဓဘာသာ တရားတော်အရ မုချပြုလုပ်ရမည့် ဘာသာရေး လုပ်ငန်းတစ်ရပ်ပဲလား ဆိုတာကတော့ အတော်ပဲ စဉ်းစားဖွယ်ရာ ဖြစ် နေပေသည်။ မြတ်စွာဘုရားသခင်အား ဆွမ်းဘောဇဉ် ချိုချဉ်များ ကပ် လှူပူဇော်ရသော အခါကာလမှာ အရုဏ်မှသည် မွန်းမတည့်မီ အချိန် အထိသာလျှင် ဖြစ်ပါလျက်နှင့် ညနေစောင်း ညဉ့်ဦးယံကတည်းက မုန့်မျိုးစုံ၊ ပဲမျိုးစုံ၊ အသီးမျိုးစုံကို ဘုရားရှေ့တော်မှောက်၌ လှလှပပ ပြင်ဆင်ထားပြီးမှ မြတ်စွာဘုရား၏ ရှေ့တော်မှောက်မှာပင် လူတွေက ဆိုကြ၊ တီးကြ၊ ရယ်ကြ၊ မောကြ၊ အဝအပြဲ စားကြသောက်ကြသည်မှာမူ အတော်ပဲ ထူးဆန်းနေသလိုလိုလည်း အောက်မေ့ရ၏။ ။

ထိုမှတစ်ပါး ကိုးဆူသော မြတ်စွာဘုရားများနှင့်အတူ ဂြိုဟ်မင်း နတ်မင်းများအတွက်လည်း တစ်ဆောင်တစ်ယောင် ပြင်ဆင်ထားပြီးလျှင် ဘုရားသခင်များထက်ပင် ဦးလျင်စောစွာ သံနေသံထား တစာစာဖြင့် ပင့်လျှောက်ဖိတ်ခေါ် ပူဇော်သမှုပြုကြရခြင်း၏ အဓိပ္ပာယ်မှာလည်း အတော်ပင် အတွေးနက်ဖွယ် ဖြစ်ပေသေး၏။ ဗုဒ္ဓဘာသာ တရားတော် နှင့် ဟိန္ဒူနတ်၊ ဟိန္ဒူဇာတ်တို့ ရောထွေးယှက်တင် ဖြစ်နေသေးသောမျက်မှောက်ခေတ်တွင် ဤမျှ စဉ်းစားဖွယ်ရာကောင်းသည့် ပူဇော်ပွဲ တစ်ခု၏ မူလဖြစ်ပေါ်လာသော ဇာစ်မြစ်ကို သုတေသနလုပ်ရန် ဆိုသည် မှာလည်း အတော်ပင် ရင်လေးဖွယ် ကောင်းလှပါ၏။

မြတ်စွာဘုရားကို အမှူးတည်၍ ဤသို့သော ကပ်လှူပူဇော်ခြင်း ဒါနကိစ္စမျိုးကိုမှ မပြုမလုပ်ရလျှင် ဗုဒ္ဓဘာသာ မပီသတော့မည်ကဲ့သို့ ဘုရားအတွက် ငွေငါးဆယ်၊ ဂြိုဟ်စာ နတ်စာအတွက် ငွေတစ်ရာ၊ သူသူ ငါငါ ပျော်ပျော်ပါးပါး စားကြသောက်ကြ၊ တီးကြမှုတ်ကြ၊ နားအာရုံ ခံစားကြဖို့က ငွေ ၅ဝဝ စသဖြင့် အချိုးကျတွက်၍ သူ့ထက်ငါကောင်း အပြိုင်အဆိုင် ပြုလုပ်လေ့ရှိသော ဤပွဲတော်မျိုးသို့ တစ်ခါတစ်ခေါက် ကြွရောက်ခွင့်မရသူများအဖို့မှာလည်း ဗုဒ္ဓဘာသာ မပီသတော့ မည်ကဲ့သို့ ဖြစ်နေတတ်သေး၏။

ဆွမ်းကလေး တစ်ဇွန်း၊ ထန်းလျက်ကလေး တစ်ခဲနှင့် ဘုရား တစ်ဆူကိုသော်မှ အနိုင်နိုင် ကပ်လှူနေကြရရှာသော ဗုဒ္ဓဘာသာဝင် ပေါင်း ဒုနဲ့ဒေးအကြားထဲမှ ဤသို့ ထူးထူးခြားခြား မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ပူဇော်သမှု ပြုနိုင်ကြသူများမှာလည်း အတော်ကိုပင် ထူးသော ပါရမီ ကုသိုလ်ဟုသာ ကောင်းချီးပေးဖွယ်ရာ ရှိနေပေသည်။

အမှန်စင်စစ်တော့ ဤပွဲတော်မျိုးမှာ အတော်ကလေးပင် ခေတ်စား ၏။ သားရေး၊ သမီးရေး၊ အိမ်ထောင်သားမွေး ကိစ္စမျိုးကို ဆွေးနွေးလိုကြ သောအခါဝယ်၊ ဤပွဲတော်မျိုးကို ဦးစားပေးတတ်ကြ၏။ ဗြောင်မလုပ် သင့် မလုပ်ထိုက်သော၊ မလုပ်ဝံ့ မလုပ်ရဲသော နိုင်ငံရေးကိစ္စတစ်ခုခုကို ခေါင်းချင်းရိုက်လိုပါကလည်း ဤပွဲတော်မျိုးကိုပင် အရောင်ပြ ကျင်းပ၍ လူစုတတ်ကြ၏။ လာဘ်ပေးလာဘ်ယူ အရောင်းအဝယ် ကိစ္စမျိုးအတွက် လည်း ဤပွဲတော်မျိုး၌ပင် အပေးအယူ ဈေးဆစ်သမှု ပြုနိုင်ကြကုန်၏။ ဤပွဲတော်မျိုး၌ပင် စနှင့် ရူပေန၊ သံဝါသ သွားကြ၏။ ဤပွဲတော်မျိုး၌ပင် ဘယ်စစ်ဗိုလ်ကတော်က ဘာကြောင့် ပွသွားတာလဲ၊ ဘယ်သူ ဝတ်ထားတာက ဘယ်လို အတုကြီးပဲ၊ ဘယ်သူ့ကို ကပ်ရင် ဘာရာထူးရ မှာလဲ စသော ထင်မြင်ချက်မျိုးစုံကိုလည်း လွတ်လပ်စွာ ဖလှယ်နိုင်ကြ ကုန်၏။

ထို့ထက် အဆင့်အတန်းမြင့်သော လူကုံထံတို့၏ ဘုရားကိုးဆူ ပွဲ၌မူ နောက်ပိုင်း သီးသန့်အခန်းတွင်းဝယ် လူစုံတုန်းမို့ တခမ်းတနား

သောက်ပွဲ ကျင်းပနိုင်၏။ လူစုံတုန်းမို့ ဘုရားကိုးဆူဆရာ၏ ရွတ်သံ ဖတ်သံနှင့် ကြေးစည်သံကို နားအာရုံခံရင်း ပိုကာဒေါင်းနိုင်ကြ၏။

သို့သော် တော်ပေသေး၏ ။ ဖိုနှင့်မ ရင်ချင်းကပ်၊ ပါးချင်းဖက်၍ ရှပ်တိုက်ကာ ဆော့ကြသော ဆိုရှယ်ပွဲများထက်စာလျှင်ကား ဗမာ့ ယဉ် -

ကျေးမှု မိတ်ဆုံပွဲတစ်ရပ်အနေဖြင့် လက်ခံနိုင်စရာအကြောင်း ရှိပါ၏။ ထို့ကြောင့်လည်း အနည်းငယ် သိုသိုသိပ်သိပ်ရှိကြသော အထက်တန်း စားတို့၏ လောကဝယ် ဘုရားကိုးဆူ ပူဇော်ပွဲသည် အတော်ကလေး ခေတ်စားလာသည်ဟု ဆိုရပေမည်။

“ဟင်... ဗိုလ်ကြီးပါလား၊ ဗိုလ်ကြီးက ခုလို အရပ်ဝတ် အရပ် စားနဲ့ဆိုတော့ လူတောင်မှားသွားတယ်။ ဟဲ... ဟဲ... လာ... ဗိုလ်ကြီး အိမ်ထဲ အရင်သွားရအောင်”

သွက်လက်ချက်ချာသော မျက်နှာသိ လူငယ်တစ်ယောက်က ဝင်းတံခါးဝနားမှ ဆီးကြိုနှုတ်ဆက်သဖြင့် ကပ္ပတိန် ဘသော်သည် ပြန်၍ ပြုံးရင်း ၎င်းလူငယ်နှင့်အတူ အိမ်ကြီးဘက်သို့ လိုက်လာခဲ့လေသည်။ သူသည် လက်တစ်ဖက်တွင် ဝါဆိုဖယောင်းတိုင်ကြီးနှစ်တိုင်ကို ဆုပ်ကိုင် လျက် အခြားလက်တစ်ဖက်ဖြင့် ချီဇာကိတ်မုန့် လေးထောင့်စက္ကူဘူး