Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ကိုကိုသက် - လေယူလေသိမ်း

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

ကျင်းတွေ့တိုင်း လက်တဆုံး မနှိုက်နဲ့

ကဏန်းကျင်း၊ ပုစွန်ကျင်း၊ မြွေကျင်းဖြစ်နေရင် တော်သေး

အဓိပ္ပာယ်ကျင်းဆိုရင် ငါးပါးမှောက်မယ်

အဲဒီကျင်းက တဆုံးနှိုက်ထားတဲ့ လက်ကို ဆွဲမျိုသွားရင်

ကယ်ပါယူပါ တဆာဆာနဲ့ လူတစ်ကိုယ်လုံးတဖြည်းဖြည်း

ကျင်းမျိုတာခံသွားရမယ်

လူကို လူမျိုးလို့ လူမျိုးမပြုတ်

လူကို အဓိပ္ပာယ် မျိုမှ လူမျိုးပြုတ်မယ်

ပုရွက်ဆိတ်စားကောင်ကို အားကျတဲ့ လူတချို့ဟာ

လေးဘက်ထောက်ပြီး

အဓိပ္ပာယ်ကျင်းထဲ လျှာထိုးထည့်ကြည့်ကြတယ်

 လျှာတွေ ပြတ်သွားကြ

ကျင်းထဲ ချော်ကျသွားတဲ့ ခြေထောက်

အရိုးငေါက်ငေါက် သွေးစိမ်းရှင်ရှင်နဲ့ ပြန်ထွက်လာခဲ့

ကျင်းထဲကို ရေလောင်းထည့်တယ်

 ဘာမှမထူးခြား

ကျင်းထဲကိုအရက်လောင်းထည့်တယ်

အဲဒီကျင်းကကြွက်တွင်းဖြစ်နေတယ်

ကျင်းပေါက်ဝမှာ ကောက်ရိုးပုံမီးရှို့ကြတယ်...

ဘာအဓိပ္ပာယ်မှမရှိဘူး

တချို့ကလည်း ကျင်းရှေ့ တယောသွားထိုးပြီး

အဓိပ္ပာယ်ကို ဂီတနဲ့ မြူဆွယ်ကြတယ်

ကျင်းအောင်းနေတဲ့ အဓိပ္ပာယ်ဟာ နေရောင်နဲ့ တွေ့ရင်

မျက်လုံးကန်းသွားတတ်လို့ နေ့ဘက်ဘယ်တော့မှ မထွက်

အဓိပ္ပာယ်ရှာသူတွေကင်းတဲ့ အကာလမှာ အစာရှာထွက်တယ်

တစ်ခါတလေအမွေးရိတ်ထားတတ်တဲ့အဓိပ္ပာယ်ဟာ

ထုံးစံအတိုင်းတော့အမွေးစုတ်ဖွားနဲ့

သူလိုချင်တဲ့ အသွင်ကိုနိုင်တယ်

ဘားထဲမှာ မင်းကိုပြုံးပြနေတဲ့ သူစိမ်းရဲ့ အပြုံးမှာ အဓိပ္ပာယ်ရှိတယ်

ဘဏ်စာရေးမရဲ့ လက်မှတ်မှာ အဓိပ္ပာယ်အတောင့်လိုက်ပါတယ်

လေတိုက်လို့ သစ်ရွက်တွေလှုပ်တာအဓိပ္ပာယ်အပြည့်

အဓိပ္ပာယ်ကို ပိုက်ဆံသွားမချေးနဲ့

မင်းပိုက်ဆံပြတ်နေရင်တောင် သူက ပြန်ဆပ်မှာမဟုတ်

အဓိပ္ပာယ်ကို သွားမသနားနဲ့

မင်း ဒုက္ခရောက်တဲ့အခါ ဘယ်သူမှ လာကူမှာ မဟုတ်

 အဓိပ္ပာယ်မရှိတဲ့ဘဝထဲ အဓိပ္ပာယ်ကျင်းတွေ ပေါမှပေါ

အဓိပ္ပာယ်ကျင်းဟာဆင်းရဲတွင်းထက် နက်တယ်