Skip to product information
1 of 1

Other Websites

ကိုကိုလေး - ရန်ကုန်သမိုင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

ဒဂုံ (DAGON)

အေဒီ ၁၁ ရာစုအလယ်တွင် ပုဂံဘုရင် အနော်ရထာထံတွင် စစ်တိုက် အလွန်တော်သည့် သူရဲကောင်းများစွာ ပေါ်ထွန်းခဲ့သောကြောင့် အနီးအနားရှိ ဒေသ အားလုံးကို စစ်တိုက်ခဲ့ရာ ပွဲတိုင်းအောင်တပ်မတော်ကြီးအဖြစ် ထင်ရှားလာခဲ့သည်။ ထို့ကြောင့် အနော်ရထာ အောက်ဗမာပြည်ကို နယ်ချဲ့ လေတော့သည်။

အေဒီ ၁၀၅၄ သို့မဟုတ် ၁၀၅၇ ခုနှစ်တွင် အနော်ရထာ ဘုရင့်တပ်ကြီးသည် သထုံကို ဝင်ရောက်သိမ်းပိုက်ခဲ့ကြသည်။ ဒဂုံကိုလည်း သိမ်းပိုက်သည်။ ထိုအခါ ဒဂုံမြို့ရှိ စေတီ (ရွှေတိဂုံစေတီ) ၌ ဌာပနာထားသော မြတ်ဗုဒ္ဓဆံတော်ကို သိမ်းပိုက်ခဲ့လေ သည်။ ပုဂံသို့ရောက်သောအခါ (The relic-Chamber) တွင် မြှုပ်နှံသိမ်းဆည်း ထားခဲ့သည်။

နရသီမင်းစောဘုရင်လက်ထက်တွင် မြတ်ဗုဒ္ဓဆံတော်ကို မြှုပ်နှံသိမ်းဆည်း ထားသော နေရာမှ ထုတ်ယူလိုက်သောအခါ လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး လေဝှေ့ရာ ကြမ်းတမ်းလွန်းသောကြောင့် ဘုရင်နှင့် စစ်သားများအားလုံး ထိတ်လန့်တုန်လှုပ် ကုန်ကြသည်။ ထို့ကြောင့် ဆံတော်ကို ပတ္တမြားကြုပ်ထဲ ထည့်ပြီး ရွှေထီးငွေထီ၊ ဆောင်းပေးထားရသည်။

သို့သော် မှန်နန်းရာဇဝင်တွင် ဖေါ်ပြသည်မှာ ဗမာရာဇဝင်တွင် ဖေါ်ပြသော အချက်နှင့် လုံးဝမတူ ကွဲပြားနေသည်။ မွန်တို့ကား ပုဂံခေတ်ကာလအချိန်တွင် ဟံသာဝတီပြည်ကြီး သထုံပြည်ကြီးများသည် မွန်တို့၏ ထီးပြိုင်နန်းပြိုင် တိုင်းနိုင်ငံများ ဖြစ်သည်။ ထိုအချိန်က ဒဂုံမြို့ မပေါ်ပေါက်သေးပေး ဒလမြို့သာရှိသည်။ ဒလမြို့သည် တွံတေးကုန်းတန်းအနီးတွင်ရှိသော ခံတပ်မြို့ တစ်မြို့ဖြစ်သည်။

ထို့ကြောင့် ရွှေတိဂုံစေတီတော်တွင် ဋ္ဌာပနာထားသော ဗုဒ္ဓ၏ဆံတော်အား အနော်ရထာမင်း ယူဆောင်သွားသည်ဆိုသော အချက်မှာ မမှန်နိုင်ပါ။ ထိုအချိန်က ဒဂုံဟူ၍ သတ်သတ်မှတ်မှတ်ပင် မရှိခဲ့သေးပါ။ အနော်ရထာသည် ဒလခံတပ်မြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းသာ ဖြစ်နိုင်သည်ဟု မွန်ရာဇဝင်က ဆိုသည်။

ပုဂံခေတ်ကာလသမိုင်းများကို လေ့လာသောအခါ ဒဂုံမြို့ရှိသည်ဟု မတွေ့ရဘဲ၊ ဒလမြို့ကိုသာ တွေ့ကြလေသည်။ သို့သော် ၁၁၉၈ ခုနှစ် မှတ်တမ်းတွင် ဒလမြို့ အရှေ့ပိုင် မှ ရွာလေးကို 'ဒဂုံ'ဟု ခေါ်ဆိုကြောင်း ရှေးမှတ်တမ်းများတွင် ဖေါ်ပြကြသည်။

အေဒီ ၁၁၈၀ (AD 1180) တွင် သီရိလင်္ကာမှ စင်ဂါလိ(စ်) (The Cingalese)

ကျူးကျော်နယ်ချဲ့သူများသည် မြစ်ဝကျွန်းပေါ်ဒေသကို ကျူးကျော်တိုက်ခိုက်ရာတွင် ဒဂုံမြို့ကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြသည်ဟု သီရိလင်္ကာသမိုင်းတွင် ဖေါ်ပြထားသည်ကို တွေ့ရပြန်သည်။ သို့သော် ဖြစ်နိုင်သည့်မြို့သည် ဒဂုံမြို့ မဟုတ်ဘဲ Bassein ဟု ခေါ်သည့် (Pusim) ပုသိမ်မြို့ဖြစ်နိုင်သည်။ အချို့က ကူဆင် (Kusin) ဟုလည်း ခေါ်ကြသည်။

ဗမာရာဇဝင်အဆိုအရ ယခု ရန်ကုန်၊ တံတားကလေး ရှိရာအရပ်တွင် အနော်ရထာမင်း၏ ပုဂံစစ်သည်များစွာတို့သည် ပလိပ်ရောဂါဖြစ်ပွားပြီး သေဆုံးခဲ့သောကြောင့် ဖြစ်သလို မြှုပ်နှံခဲ့ရသည်ဟု သမိုင်းမှတ်တမ်းများအရ သိရပါသည်။ ထို့ကြောင့် ဒဂုံမှာ မြို့တစ်ခု၏ ဂုဏ်အင်္ဂါ မရှိသေးသော်လည်။ ရွှေတိဂုံဘုရားကို အနော်ရထာမင်း ကိုယ်တော်တိုင် ရောက်ခဲ့နိုင်သည်ဟု သမိုင်းဆရာတို့က ဖေါ်ပြကြသည်။

ပုဂံပျက်ပြီးနောက် အေဒီ ၁၃ ရာစုတွင် အောက်ဗမာပြည်တွင် မွန်တို့ ပြန်လည်ကြီးစိုးခဲ့လေရာ သထုံမင်းနေပြည်တော်နှင့် ဟံသာဝတီတို့ ပျက်ပြီး မုတ္တမမြို့ ဟူ၍ မြို့သစ်ပေါ်ပေါက်လာသည်။

အေဒီ ၁၄ ရာစုတွင် မွန်တို့၏ မြို့တော်ထက် ပို၍စည်ကားသော ပဲခူးမြို့ နှင့် ဒဂုံမြို့တို့ စတင်ပေါ်ပေါက်လာသည်။

အေဒီ ၁၃၅၃ (AD.1353) မှ အေဒီ ၁၃၈၅ (AD.1385) အထိ အချိန် ကာလတွင် ဒဂုံမြို့ကို မွန်ဘုရင် 'ဗညားဦး' အုပ်စိုးစဉ်ကာလ၌ ရွှေတိဂုံစေတီကို ပြုပြင်ခဲ့သည်ဟု မွန်သမိုင်း၌ ဖေါ်ပြကြသည် ။

မွန်ဘုရင် 'ဗညားဦး'သည် ပုဂံဘုရင် ဖျက်ဆီးခဲ့သော ဒလမြို့ကို ပြန်လည် ပြုပြင်ခြင်း မပြုဘဲ ဒဂုံမြို့ ကိုသာ ဦးစားပေးခဲ့သည် ဗညာဦး၏ ညီမ မင်းသီးဟာဒေဝီ သည် ဒဂုံမြို့ကို အုပ်ချုပ်ရသော ဒဂုံမြို့စားဖြစ်လာသည်။

ထို့နောက် ဗညားနွဲ့ကို ဒဂုံမြို့စားအဖြစ် တာဝန်ပေးခဲ့သည်။ ဗညားနွဲ့သည် နောင်တွင် ဗမာရာဇဝင်နှင့် မွန်ရာဇဝင်တို့တွင် အလွန်ထင်ရှားသော ရာဇဓိရာဇ် ဘုရင်ကြီး ဖြစ်လာခဲ့သည်။

ဗညားနွဲ့သည် သူ၏ ညီမဝမ်းကွဲတော်စပ်သူ တလမိဒေါကို ခိုးယူခဲ့သည်။

ပဲခူးဘုရင် ဗညားဦးက မကျေနပ်သောကြောင့် စစ်တပ်စေလွှတ်ပြီး ဒဂုံကို တိုက်ရာ ဗညားနွဲ့၏အစ်ကို ဒလမြို့စားက စစ်ကူပို့ပေးခဲ့သည်။ စစ်ကူရသောအခါ စစ်တိုက်အလွန်တော်သည့် ဗညားနွဲ့သည် ရန်သူများကို ပဲခူးမြို့ အထိ လိုက်ပြီးတိုက် လေသည်။

မဟာဒေဝီကလည်း ဗညားနွဲ့ကို တိုက်ခိုက်ရန် သမိန်မာရူးကို စေခိုင်းလိုက် သည်။ သမိန်မာရူးသည် ဗညားနွဲ့၏ နှမကို ယူထားသူဖြစ်သည်။ အကယ်၍ ဗညားနွဲ့ကို သတ်နိုင်ခဲ့သော် မွန်ဘုရင်ကြီး ဗညားဦး နတ်ရွာစံချိန်တွင် ထီးနန်းကို သားတော်မရှိသည့် အခါ သမီးတော်က ဆက်ခံခွင့်ရမည်။ ထို့ကြောင့် ဗညားနွဲ့ကို သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

တစ်ကြိမ်တွင် မဟာဒေဝီကိုယ်တိုင် အတော်ဆုံး စစ်သည်တော်များ စေလွှတ် ပြီး လုပ်ကြံသော်လည်း ဗညားနွဲ့က လူသတ်သမားအားလုံးကို သတ်ဖြတ်နိုင်ခဲ့သည်။

ဗညားနွဲ့နှင့် ဒလမြို့စားဖြစ်သော အစ်ကိုတော်တို့သည် တစ်ဦးကို တစ်ဦး သစ္စာရှိကြသည်။ ဒလမြို့စားက အသုတ်ဘုရား (A Thok Pagoda) တည်ထားကိုး ကွယ်သောအခါ၊ ဗညားနွဲ့က ရွှေတိဂုံဘုရားကို ပြုပြင်ပြီး ကိုးကွယ်ခဲ့သည်။

ဗညားနွဲ့သည် မြို့ရိုးများ မျှော်စင်များ အခိုင်အမာပြုလုပ်ခဲ့သည်ဟု ဆိုသည်။ သို့သော် မြောင်းမြမြို့စား လောက်ဖျား (Laukpya) က“အကျွန်ုပ် ဒဂုံကို သွားတိုက်တော့ သစ်လုံးတွေ ကာထားတာဘဲ တွေ့ပါ တယ်။ အုတ်မြို့ရိုး အခိုင်အမာတည်ဆောက်ထားတာ မရှိပါဘူး”ဟု ဆိုသည်။ “ရေကြီးလာတဲ့အတွက် နေစရာမရှိ စားစရာမရှိလို့ ကြာရှည်သိမ်းပိုက်မထားနိုင်ပါဘူး”ဟု

လောက်ဖျားက ဆိုခဲ့သည်။

လောက်ဖျားသည် မဟာဒေဝီနှင့် ပေါင်းပြီး ဗညားနွဲ့ကို တိုက်ရာ ဒလမြို့စားက စစ်ကူပို့ခဲ့သည်။ စစ်ကူရသောအခါ ဗညားနွဲ့၏ တိုက်ခိုက်မှု စွမ်းရည်သည် လောက်ဖျားထက် များစွာသာသောကြောင့် လောက်ဖျားတို့ ထွက်ပြေး ရသည်။ ပဲခူးမြို့ ရောက်အောင် ပြေးရာ ဗညားနွဲ့က ပဲခူးမြို့ကို ဝင်သိမ်းလိုက်သည်း

ထိုအချိန်တွင် မွန်ဘုရင် ဗညားဦး နတ်ရွာစံသောကြောင့် ဗညားနွဲ့သည် 'ရာဇာဓိရာဇ် အမည်ဖြင့် မွန်ထီးနန်းကို စိုးစံခဲ့လေသည်။

ဗညားနွဲ့ မွန်ဘုရင်ဖြစ်လာသည်နှင့် ရန်သူတော် သမိန်မာရူးသည် မုတ္တမသို့ ထွက်ပြေးသွားလေသည်။ သို့သော် ရာဇာဓိရာဇ်က လိုက်၍ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့သည်။

အဒေါ်ဖြစ်သူ မဟာဒေဝီသည် အသက်ကို အကြိမ်ကြိမ်ရန်ရှာသည့် ရန်သူတော်ဖြစ်သော် လည်း ငယ်ရွယ်စဉ် ကလေးဘဝ၌ ကြည့်ရှုစောင့်ရှောက်ခဲ့သော ကျေးဇူးနှင့် သံယောဇဉ် ကို ထောက်ထားပြီး ဗညားနွဲ့က ခွင့်လွှတ်ခဲ့သည်။ ထိုမျှမက ဒဂုံမြို့စားအဖြစ်လည်း ပြန်လည် ပေးအပ်ခဲ့သည်။

ဗညားနွဲ့၏ ရန်သူများကို တိုက်ခိုက်သော စစ်ဆင်ရေးကာလများတွင် အာရပ်ကုန်သည်များနှင့် အိန္ဒိယမွတ်စလင်များက ဝိုင်း၍ ကူညီခဲ့ကြသောကြောင့် ရာဇာဓိရာဇ်လက်ထက်တွင် အာရပ်ကုန်သည်များနှင့် အိန္ဒိယမွတ်စလင်များကို များစွာ ဦးစားပေးခဲ့သည်။ ထိုမျှမက နိုင်ငံခြားသင်္ဘောသားများကို လွတ်လပ်စွာ ကူးသန်း သွားလာခွင့်ပေးခဲ့သည်။ ထိုအခါ ပေါ်တူဂီကုန်သင်္ဘောများသည် ပုသိမ်ဆိပ်ကမ်။ ဒလဆိပ်ကမ်း၊ မုတ္တမဆိပ်ကမ်းများသို့ စဉ်ဆက်မပြတ် ကုန်သွယ်ရန် ရောက်ရှိလာ ကြသည်။ ထိုအချိန်က ဒဂုံဆိပ်ကမ်း မရှိသေးပေ။ ပဲခူးသည် ဆိပ်ကမ်းမြို့ဖြစ်ခဲ့သည်။

ရာဇာဓိရာဇ်ထီးနန်းရသောအချိန်ကာလသည် အေဒီ ၁၃၈၅ (AD 1385) မှ ဖြစ်သည်။ ရာဇာဓိရာဇ်သည် စစ်တိုက်ခြင်းကို အထူးဝါသနာပါသူဖြစ်လေရာ ရွှေတိဂုံစေတီတော်အပါအဝင် မည်သည့် စေတီပုထိုးကိုမျှ အဆင့်မြင့်ပြုပြင် မွမ်းမံ ထိန်းသိမ်းခြင်းမရှိခဲ့ဟု The History of Kings စာအုပ်တွင် စာရေးဆရာက ရေးသား ဖေါ်ပြသည်။

ရာဇာဓိရာဇ်မင်းလက်ထက်တွင် အထက်ဗမာပြည်၌ အင်းဝသည် နေပြည်တော် ဖြစ်သည်။ ထိုအချိန်က အင်းဝနေပြည်တော်ကို မင်းကြီးစွာစော်ကဲ (Min Kyi Saawke) ထီးနန်းစိုးစံနေသော အချိန်ကာလဖြစ်သည်။

မင်းကြီးစွာစော်ကဲသည် ပဲခူးကို ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကာအကွယ်မဲ့နေသော ဒဂုံမြို့ကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည် ။ရည်ရွယ် ချက်မှာ ရွှေတိဂုံဘုရားတွင် ဌာပနာထားသော မြတ်ဗုဒ္ဓ၏ ဆံတော်ကို ရယူရန်ဖြစ်သည်။

ရှေးကျမ်းများအရ အနော်ရထာမင်းကြီး ယူသွားသည်ဟု ဆိုသော်လည်း မွန်ရာဇဝင်များ အရ အနော်ရထာမင်းသည် ရွှေတိဂုံဘုရားမှ ဌာပနာကို ယူဆောင်ဖို့ ဝေးစွ၊ ရွှေတိဂုံ ဘုရားရှိသော နေရာကိုပင် အတိအကျမသိခဲ့ဟု ဆိုကြရာ မင်းကြီးစွာစော်ကဲက ဆံတော်မြတ်ကို ရယူဖို့လာခဲ့ခြင်း ဖြစ်သည် ။

သို့သော် ယခု ကြည့်မြင်တိုင်ရပ်ကွက်ဟု ခေါ်သည့်နေရာသည် ယခင်က တောအုပ်များဖုံးပြီး တောင်ကုန်းမြင့်လေးအဖြစ် ရှိနေသည်။ ထိုကုန်းမြင့်မှ ကြည့်ပါက ရွှေတိဂုံဘုရားကို ကောင်းစွာ မြင်တွေ့လေရာ မင်းကြီးသည် စိတ်သဘောထားမြင့်မြတ် သော မင်းကောင်းမင်းမြတ်ဖြစ်သဖြင့် “ဒီနေရာက ဖူးမျှော်ရင်လည်း ရတာဘဲ ဒီကကြည့်ရင်မြင်တာဘဲ ယခု သွားဖို့မလိုပါဘူး”ဟု မိန့်တော်မူခဲ့သောကြောင့် ထိုနေရာသည် ကြည့်မြင်တိုင်ရပ်ကွက်ဟူ၍ ဖြစ်သည်ဟု ရန်ကုန်မြို့သူမြို့သားများပြောသော ပါးစပ် ရာဇဝင်အရ သိရလေသည်။

ရာဇာဓိရာဇ်မင်းကြီးကို ဆက်ခံသော သားတော် ဗညားဓမ္မရာဇာ (AD 1423-1426) လက်ထက်တွင် ညီတော်မင်းသားနှစ်ပါးဖြစ်ကြသော ဒဂုံမြို့စားနှင့် ဒလ မြို့စားတို့သည် ပုန်ကန်ခြားနားခဲ့ကြလေသည်။ စစ်ပြေငြိမ်းစကားဆိုရာတွင် ဒဂုံမြို့တွင် စစ်ပြေငြိမ်းပြီး၊ ရွှေတိဂုံဘုရား အတူဖူးကြသည်ဟု မှတ်တမ်းများ၌ ဖေါ်ပြကြသည်။

ထီးနန်းဆက်ခံသော မွန်ဘုရင်တို့သည် မြတ်ဗုဒ္ဓ၏ ဆံတော်ကို ဌာပနာ ထားသော ရွှေတိဂုံစေတီတော်ကို အစဉ်အမြဲ တိုးချဲ့ခြင်း မွမ်းမံခြင်း ပြုပြင်ခြင်းများ အဆက်မပြတ် ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် ရွှေတိဂုံဘုရား၏ ဒီဇိုင်းပုံစံသည်လည်း မကြာခဏ ပြောင်းခဲ့သည်။

ဗညားကျန်ဘုရင် (AD 1450-1453) လက်ထက်တွင် ယနေ့ မြင်တွေ့နေရ သော ရွှေတိဂုံဘုရား၏ ပုံသဏ္ဍာန်နှင့် အနီးစပ်ဆုံးတူသော အနေအထားကို ပြုပြင် တည်ဆောက်ခဲ့သည်။

ဗညားကျန်ကွယ်လွန်သော် ထီးနန်းဆက်ခံမည့်သူ မရှိပေ။ ထို့ကြောင့် ဝမ်းကွဲအစ်ကို မောဒေါသည် ဘုရင်ဖြစ်လာသည်။

မောဒေါဘုရင်သည် စရိုက်ကြမ်းသည်။ အလွန်ရက်စက်သည်။ ကာမဂုဏ် ကျူးသည်။ နန်းစံသောအချိန်ကာလသည် ( ၇ )လတာမျှသာ ကြာခဲ့သည်။

မွန်ဘုရင်များ တက်လာတိုင်း ရွှေတိဂုံစေတီကို ပြုပြင်ခဲ့ကြသော်လည်း ပဲခူးဘုရင်လက်ထက်တွင် ဘာသာရေးအရ အထွက်အမြတ်နေရာဟု သတ်မှတ်ခဲ့သည်။ ရက်စက်သော မောဒေါဘုရင်ကြီးကို ဆက်ခံသူမှာ မွန်ဘုရင်မကြီး “ရှင်စောပု'ဖြစ်သည်။

ဘုရင်မကြီး ရှင်စောပုကို ၁၃၉၅ ခုနှစ်တွင် မွေးဖွားခဲ့သည်။ သူမသည် မွန်ဘုရင်ရာဇာဓိရာဇ်၏ သမီးတော်ဖြစ်သည်။ ၁၄၁၅ ခုနှစ်တွင် ရာဇာဓိရာဇ်၏တူတော် ပညာဖွေနှင့် အိမ်ထောင်ပြုခဲ့သည်။

 ပဲခူးမြို့တွင် နေထိုင်စဉ် အင်းဝဘုရင် သီဟသူသည် ပဲခူးကို သိမ်းခဲ့သည်။

အင်းဝဘုရင် သီဟသူက သူမကို သိမ်းပိုက်ခဲ့သည်။ သီဟသူနှင့် လက်ထပ် ချိန်တွင် ရှင်စောပုသည် မုဆိုးမဖြစ်သည်။ သူမတွင် သားတစ်ယောက်နှင့် သမီးနှစ် ယောက်ရှိသည်။

သီဟသူမင်း နတ်ရွာစံသောအခါ ရှင်စောပုသည် ပုဂံမြို့စားနှင့် လက်ဆက်ခဲ့ရပြန်သည်။ ၁၄၃၀ တွင် သူမ၏ ဆရာတော် မွန်ဘုန်းတော်ကြီးနှစ်ပါးက ကယ်တင်ပေးခဲ့ သောကြောင့် အင်းဝနေပြည်တော်မှ စွန့်စားပြီး ထွက်ပြေးခဲ့ကြသည်။

သူမ၏လှေသည် ပဲခူးသို့ ချောမောစွာ ရောက်လေသည်။ စုစုပေါင်း ၇ နှစ်တိတိ မွေးရပ်မြေနှင့် ဝေးခဲ့ရသည်။

ဗညားရန်သည် သူမကို ဒဂုံတွင် နေထိုင်ခွင့်ပြုသည်။ ၁၄၄၆ ခုနှစ်တွင် သူမ၏ သားသည် ဗညားဝါရူအမည်ဖြင့် ပဲခူးမြို့၌ မွန်ဘုရင်တစ်ပါးဖြစ်လာသည်။

မောဒေါဘုရင်ကြီးကွယ်လွန်သောအခါ ရာဇာဓိရာဇ်မျိုးနွယ်တွင် အမျိုးသား ကြီးကြီးမားမား လုံးဝ မရှိတော့ပေးထို့ကြောင့် ရှင်စောပုကို ဘုရင်မကြီးခန့်လိုက်ရသည်။

မွန်ဘုရင်မကြီး ရှင်စောပုလက်ထက်တွင် ရွှေတိဂုံစေတီတော်ကို အကောင်းဆုံး မွန်းမံသည်။ဘုန်းတော်ကြီးကျောင်းများစွာ ဆောက်လုပ်လှူဒါန်းခဲ့သည်း၊ ဘုန်းတော်ကြီး များအား၊ ဘာသာရေးစာပေကျမ်းဂန်များကို စနစ်တကျ သင်ကြားပေးခဲ့သည်။

ဘုရင်မကြီးသည် ( ၇ ) နှစ်တိတိ ထီးနန်းစိုးစံပြီးနောက် သူမအား အင်းဝ နေပြည်တော်မှ အသက်စွန့်ပြီး ကယ်ထုတ်ခဲ့သော မွန်ဘုန်းတော်ကြီးနှစ်ပါးအနက်၊ အသက်ငယ်သော ဘုန်းတော်ကြီးအား လူဝတ်လဲစေသည်။ သမီးတော်တစ်ပါးနှင့် ထိမ်းမြားပေးပြီးနောက် ထီးနန်းလွှဲအပ်ခဲ့သည်။ ထိုမင်းမှာ ဓမ္မစေတီမင်းအမည်ဖြင့် ထီးနန်းစိုးစံခဲ့သည် ။

ဘုရင်မကြီးကို ဂုဏ်ပြုသောအားဖြင့် ကိုလိုနီခေတ် ၁၉၃၆-၃၅ ခုနှစ်တွင် ရွှေတိဂုံဘုရား၏အနောက်မြောက်အရပ်ရှိ ကုန်းမြင့်ကို ရှင်စောပုကုန်းဟု အမည်ပေးခဲ့ သည်။ ထိုအချိန်က သစ်သင်္ဃန်း(Thit Thin kan) တောင်ကို ယခုအခါ သင်္ဃန်း ကျွန်းရပ်ကွက်ဟု ပြောင်းလဲခေါ်ဆိုဟန်တူသည်းငမိုးရိပ်ချောင်းသည် သစ်သင်္ဃန်းတောင် ကို ဝန်းရံနေသည်ဟု ဆိုသည်။

ဓမ္မစေတီမင်းသည် ဗုဒ္ဓသာသနာ တိုးတက်ထွန်းကားရေးအတွက် ဆောင်ရွက် ခဲ့သော မင်းကောင်းမင်းမြတ်ဖြစ်သော်လည်း ဓမ္မစေတီမင်းကို ဆက်ခံသော ဗညာရမ် (Binnyaram,1492-1526) ၏ လက်ထက်တွင် ဖခမည်းတော်၏ ကောင်းမွန် မွန်မြတ်

သော လုပ်ငန်းစဉ်များနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ကာ ယုတ်ညံ့သော မကောင်းမှု များစွာ ကျူးလွန်ခဲ့သည်။

ထိုအခါ နတ်များ (Nats) သည် မိုးကောင်းကင်မှ ကျိန်ဆိုကြသောကြောင့် လေပြင်းမုန်တိုင်းများ အကြီးအကျယ် ကျရောက်သည်။ ဘုရားမှ ထီးတော် မြေခပြီး မမြင်ရသော နေရာအထိ လွင့်သွားသည်။ ရွှေတိဂုံဘုရားမှ ထီးတော် ရပြန်သည်။ ၁၄၃၀ တွင် သူမ၏ ဆရာတော် မွန်ဘုန်းတော်ကြီးနှစ်ပါးက ကယ်တင်ပေးခဲ့ သောကြောင့် အင်းဝနေပြည်တော်မှ စွန့်စားပြီး ထွက်ပြေးခဲ့ကြသည်။

သူမ၏လှေသည် ပဲခူးသို့ ချောမောစွာ ရောက်လေသည်။ စုစုပေါင်း ၇ နှစ်တိတိ မွေးရပ်မြေနှင့် ဝေးခဲ့ရသည်။

ဗညားရန်သည် သူမကို ဒဂုံတွင် နေထိုင်ခွင့်ပြုသည်။ ၁၄၄၆ ခုနှစ်တွင် သူမ၏ သားသည် ဗညားဝါရူအမည်ဖြင့် ပဲခူးမြို့၌ မွန်ဘုရင်တစ်ပါးဖြစ်လာသည်။

မောဒေါဘုရင်ကြီးကွယ်လွန်သောအခါ ရာဇာဓိရာဇ်မျိုးနွယ်တွင် အမျိုးသား ကြီးကြီးမားမား လုံးဝ မရှိတော့ပေးထို့ကြောင့် ရှင်စောပုကို ဘုရင်မကြီးခန့်လိုက်ရသည်။

မွန်ဘုရင်မကြီး ရှင်စောပုလက်ထက်တွင် ရွှေတိဂုံစေတီတော်ကို အကောင်းဆုံး မွန်းမံသည်။ဘုန်းတော်ကြီးကျောင်းများစွာ ဆောက်လုပ်လှူဒါန်းခဲ့သည်း၊ ဘုန်းတော်ကြီး များအား၊ ဘာသာရေးစာပေကျမ်းဂန်များကို စနစ်တကျ သင်ကြားပေးခဲ့သည်။

ဘုရင်မကြီးသည် ရ နှစ်တိတိ ထီးနန်းစိုးစံပြီးနောက် သူမအား အင်းဝ နေပြည်တော်မှ အသက်စွန့်ပြီ။ ကယ်ထုတ်ခဲ့သော မွန်ဘုန်းတော်ကြီးနှစ်ပါးအနက်၊ အသက်ငယ်သော ဘုန်းတော်ကြီးအား လူဝတ်လဲစေသည်။ သမီးတော်တစ်ပါးနှင့် ထိမ်းမြားပေးပြီးနောက် ထီးနန်းလွှဲအပ်ခဲ့သည်။ ထိုမင်းမှာ ဓမ္မစေတီမင်းအမည်ဖြင့် ထီးနန်းစိုးစံခဲ့သည် ။

ဘုရင်မကြီးကို ဂုဏ်ပြုသောအားဖြင့် ကိုလိုနီခေတ် ၁၉၃၆-၃၅ ခုနှစ်တွင် ရွှေတိဂုံဘုရား၏အနောက်မြောက်အရပ်ရှိ ကုန်းမြင့်ကို ရှင်စောပုကုန်းဟု အမည်ပေးခဲ့ သည်။ ထိုအချိန်က သစ်သင်္ဃန်း(Thit Thin kan) တောင်ကို ယခုအခါ သင်္ဃန်း ကျွန်းရပ်ကွက်ဟု ပြောင်းလဲခေါ်ဆိုဟန်တူသည်းငမိုးရိပ်ချောင်းသည် သစ်သင်္ဃန်းတောင် ကို ဝန်းရံနေသည်ဟု ဆိုသည်။

ဓမ္မစေတီမင်းသည် ဗုဒ္ဓသာသနာ တိုးတက်ထွန်းကားရေးအတွက် ဆောင်ရွက် ခဲ့သော မင်းကောင်းမင်းမြတ်ဖြစ်သော်လည်း ဓမ္မစေတီမင်းကို ဆက်ခံသော ဗညာရပ် (Binnyaram,1492-1526) ၏ လက်ထက်တွင် ဖခမည်းတော်၏ ကောင်းမွန် မွန်မြတ်

သော လုပ်ငန်းစဉ်များနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ကာ ယုတ်ညံ့သော မကောင်းမှု များစွာ ကျူးလွန်ခဲ့သည်။

ထိုအခါ နတ်များ (Nats) သည် မိုးကောင်းကင်မှ ကျိန်ဆိုကြသောကြောင့် လေပြင်းမုန်တိုင်းများ အကြီးအကျယ် ကျရောက်သည်။ ဘုရားမှ ထီးတော် မြေခပြီး မမြင်ရသော နေရာအထိ လွင့်သွားသည်။ ရွှေတိဂုံဘုရားမှ ထီးတော် မြေခခြင်းသည် ကောင်းသော အတိတ်နိမိတ် မဟုတ်ပေ။ အလွန်ဆိုးဝါးသောကပ်ကြီးများ ကျရောက်မည့် နိမိတ်လက္ခဏာဖြစ်သောကြောင့် မင်းကြီးသည် ကောင်းမှုကုသိုလ်ပွားများပြီး ရွှေတိဂုံစေတီတော်ကြီးကို အကောင်းဆုံးဖြစ်အောင် ပြုပြင်သည် ။

ထိုအချိန်တွင် မင်းကြီးသည် သက်တော်လေး ၄၈ နှစ်မျှသာ ရှိသေးသည်။

မင်းကြီးသည် လေမုန်တိုင်းဒဏ်ကြောင့် ပျက်ဆီးသွားသော ဒဂုံမြို့ကို ပြန်လည် ပြုပြင်ပေးသော်လည်း ကပ်ရောဂါကျရောက်စဉ် လူများစွာ သေဆုံးခဲ့သောကြောင့် အယူသည်းသူများသည် ဒဂုံတွင် ပြန်လည်အခြေစိုက်ခြင်း မပြုကြတော့ပေ။

မင်ကြီးသည် သက်တော် ၄၈ နှစ်ကို အထိမ်းအမှတ်ယူပြီး ရွှေတိဂုံ = စေတီတော်မြတ်ကြီး၏ ဘေးပတ်လည်တွင် အရံစေတီငယ် စုစုပေါင်း ၄၈ ခု တိတိ၊ တည်ဆောက်ခဲ့သည်။ထို့နောက် ပွဲလမ်းသဘင် အကြီးအကျယ်ပြုလုပ်ပေးပြီး ပြည်သူ လူထုကို ပျော်ရွှင်အောင် ပြုလုပ်ပေးခဲ့သည်။

ထိုနှစ်တွင် ဘုရင်သည် နတ်ရွာစံလေရာ သားတော် တကရွတ်ပီ (Takayutp) ထီးနန်းဆက်ခံလေသည်။

အေဒီ ၁၅၃၅ ခုနှစ်တွင် တောင်ငူဘုရင် တပင်ရွှေထီးသည် အောက်ဗမာပြည် မွန်တို့ဌာနေကို နယ်ချဲ့ရာ ၁၉၃၉ ခုနှစ်တွင် ပဲခူးမြို့ကို သိမ်းပိုက်ခဲ့သည်။

ထိုအခါ မွန်ဘုရင် တကရွတ်ပိသည် ပြည်မြို့သို့ ထွက်ပြေးလေတော့သည်။  ထို့နောက် လအနည်းငယ်အကြာတွင် ကွယ်လွန်လေသည်။ ထိုအချိန်မှစပြီး ပဲခူးမြို့သည်

သီးခြား မင်းနေပြည်တော်အဆင့်မှ လက်အောက်ခံမြို့ တစ်မြို့ အဖြစ် ပြောင်းလဲသွားလေတော့သည်။

ထိုမျှမက မွန်တို့ဌာနေ အောက်ဗမာပြည်သည် အထက်ဗမာပြည်၏

လက် အောက်ခံအဖြစ် ထာဝရ ရပ်တည်ရလေတော့သည်။

ထိုအချိန်မှစပြီး မွန်ရာဇဝင် နိဂုံးချုပ်ခဲ့ပြီး ဗမာရာဇဝင်က အားလုံးကို လွှမ်းမိုးခဲ့လေတော့သည်။

တပင်ရွှေထီးလက်ထက်တွင် မွန်တို့၏ မိတ်ဆွေ ပေါ်တူဂီများသည် တပင် ရွှေထီး၏ အမှုထမ်းများ ဖြစ်လာကြလေတော့သည်း ဗမာပြည်သို့ ပထမဆုံးလာခဲ့သော ဥရောပကုန်သည်သည် ဗီနီးရှန်း (Venetian)၊ ကုန်သည် နီကိုလိုဒီ ကွန်တီ (Nicolo di Conti) ဖြစ်သည်။ သူသည် ၁၄၃၅ ခုနှစ်တွင် ရောက်လာခဲ့သည်။ တနင်္သာရီဒေသ ရခိုင်ဒေသနှင့် အင်းဝနေပြည်တော်အထိ နှံ့နှံ့စပ်စပ် ရောက်ခဲ့သူ ဖြစ်သည်။ သို့သော် ဒဂုံမြို့အကြောင်း လုံးဝ ဖေါ်ပြခြင်းမရှိခဲ့။

ထိုခေတ် ထိုအခါက ဒဂုံသည် တောရွာလေးနှင့် တူသော မြို့ငယ်လေးသာ ဖြစ်သည်။ မြို့ကြီးအင်္ဂါရပ် မရှိပေ။

“ ၁၄၉၆ ခုနှစ်တွင် အီတာလျှံကွန်သည် ဟီရိုနီမိုဝန်တိုစတီဖန်နီ (Hieronimo de Santo Stephano) ရောက်ခဲ့သည်။ နောက်ထပ်ကိုးနှစ်အကြာတွင် လူဒိုဗီကိုဒီဗာ တီမာ (Ludovico di var theme) ရောက်လာခဲ့သည်။

ပေါ်တူဂီ ကုန်သည်များသည် ၁၆ ရာစုအလယ်လောက်မှ စတင် ရောက်လာကြသည်။ မုတ္တမဖက်တွင် မွန်ဘုရင်၏ ခွင့်ပြုချက်ဖြင့် အတော်များများ အခြေချ နေထိုင်ခဲ့ကြသည်။

ထိုခေတ်က ပဲခူးမြို့သည် နိုင်ငံခြားကုန်သွယ်ရေး၏ အဓိကအချက်အချာမြို့ ဖြစ်သည်။ ထိုအချိန်က ပဲခူးမြစ်သည် မုတ္တမပင်လယ်ကွေ့ထဲသို့ စီးဝင်သော အနေ အထားရှိသည်ဟု ရှေးမှတ်တမ်းများတွင် ဖေါ်ပြချက်အရ သိရသည်။ ၁၆ ရာစုတွင် ပေါ်တူဂီကုန်သည်များ ရောက်လာစဉ်အခါက ဒဂုံမြို့သည် ရွာအဆင့်မျှသာ ရှိပြီး ကူးသန်းသွားလာရေးခက်ခဲသောကြောင့် ဒလမြို့ကိုသာ စိတ်ဝင်စားကြသည်။

ဓမ္မစေတီမင်းလက်ထက်က ပညာရှိ မွန်ဘုန်းတော်ကြီးများ ရေးသားခဲ့သော ရှေးဟောင်းစာပေမှတ်တမ်းများအရ ဒဂုံသည် ပင်လယ်ဆိပ်ကမ်းမြို့ မဟုတ်ပေ။ ဒဂုံမှ ပင်လယ်သို့ ရောက်ရန် လှေသင်္ဘောများစီးသွားရသည်ဟု ရေးသားထားသည်။

သို့သော် ၁၅၆၃ ခုနှစ်တွင် ဗမာပြည်ရောက်ခဲ့သော Ramoso ၏ မှတ် တမ်းတွင် ထိုအချိန်က အကြီးဆုံးဆိပ်ကမ်းမြို့သည် ပဲခူးဆိပ်ကမ်းဖြစ်သည်။ ဒလဆိပ် ကမ်းနှင့် အခြား အတန်အတင့်ကြီးသော ဆိပ်ကမ်းမြို့များ ရှိသကဲ့သို့ ဒဂုံဆိပ်ကမ်းမြို့လေး တစ်မြို့ရှိသည်ဟု ရေးသားခဲ့သည်။ ကုန်စည်ကူးသန်းရောင်းဝယ်ရေး ရှုထောင့်အရ၊ အရေးမပါသော်လည်း နောင်အခါများတွင် အရေးပါသော ဆိပ်ကမ်းမြို့ တစ်မြို့ဖြစ်လာ နိုင်သည်ဟု ရေးသားခဲ့သည်။

၁၅၈၃ ခုနှစ်တွင် ရောက်လာခဲ့သော ဂက်(စ်)ပါဠိဘာ(လ်)ဘီ အမည်ရှိ ပုဂ္ဂိုလ်က ရှေးဟောင်းအဂုံမြို့၏ အနေအထားကို ဗမာနှင့် မွန်တို့၏ မှတ်တမ်းများထက် ပို၍ ပြည့်စုံစွာ ဖေါ်ပြခဲ့သည်။

“ဒလတွံတေးမြို့တွင် ပဲခူးဘုရင်၏ ဆင်များကို ထိန်းသိမ်းစောင့်ရှောက် ထားသော စခန်းကြီးတစ်ခု ရှိသည်။ ဆင်များနေထိုင်ရန်အတွက် အလွန်ကြီးမားသော အခန်ကြီး ၁၀ ခုရှိသည် ဒလမှ ဒဂုံသို့ တစ်ညတာအိပ်ပြီး ခရီးသွားမှ ရောက်သည်။ ဒဂုံမြို့တွင် ဝါးတံတားမျှသာ ရှိသည်။ အဓိကအချက်အချာ နေရာများတွင် ကျွန်းတံတား များ ရှိသည်။ ကျွန်းသစ်ပေါများသည့်နိုင်ငံ ဖြစ်သောကြောင့် တံတား ပြုလုပ်ရာတွင် ကျွန်းသစ်ကို အသုံးပြုကြသည်။

ဘုရားကြီးများ၏ ရှေ့တွင် ကျွန်းသစ်ဖြင့်ပြုလုပ်ထားသော ခြင်္သေ့ (Ger Chinthe)ရုပ်ကြီးများ ရှိကြသည်။ ဒေသခံများကို မေးကြည့်တော့ ဘုရားကြီးကိုစောင့်ကြပ်နေကြခြင်းဖြစ်သည်ဟု ရှင်းပြကြသည်။ ဆိပ်ကမ်းမှ တက်လာသောအခါ အလွန်ရှည်လျားပြီး အတော်လေးကျယ်သော လမ်းကြီးတစ်ခုရှိလေသည်း လမ်းဘေး ဝဲယာတွင် ကျွန်းသစ်ဖြင့် ဆောက်လုပ်ထားသော အိမ်ကြီးများကို တွေ့ရသည်။ သို့သော် အစွန်အဖျားတွင် ၀ါးတဲများသာ ရှိသည်။ အဓိကလမ်းမကြီးဝဲယာမှ ကျွန်းအိမ် အချို့ ကို ရွှေချထားသည်။ ခြံကြီးများအတွင်း လှပသော ရောင်စုံပန်းပင်မျိုးစုံ စိုက်ထားသည်။ သစ်ကြီးဝါးကြီးများ အုံ့ဆိုင်းပြီး အေးချမ်းသာယာလှပသည်။ နေချင့်စဖွယ် ဖြစ်သည်။ ၁၆ ရာစုတွင် ဥရောပနိုင်ငံများတွင် မြို့ကြီးများ၌ မြို့ပြအင်ဂျင်နီယာ အတက်ပညာထွန်းကားနေပြီဖြစ်သောကြောင့် မြို့ ရေပေးစနစ်ရှိသော်လည်း ရန်ကုန်မြို့ တွင် ရေပေးစနစ်မရှိသေးပေ။

ခြံကြီးဝင်းကြီးဖြင့် နေထိုင်ကြသော အိမ်ကြီးများတွင် ရေတွင်းကြီးများ တူးထား ကြသည်။ မြို့အစွန်အဖျားပိုင်း လူနေရပ်ကွက်များတွင် လူအများ စုပေါင်းအသုံးပြုကြ သော ရေတွင်းကြီးများ၊ ရေကန်များ ရှိကြသည်။

အဓိကလမ်းမကြီး၏ လက်ယာဖက်တွင် လူနေအိမ်များဖြစ်ပြီး လက်ဝဲဖက်တွင် ဈေးဆိုင်ကြီးများ ရှိသည်။ ကျွန်ုပ်၏စိတ်ထဲတွင် ဗင်းနစ်မြို့ကြီးထဲ ရောက်သွားသလို ခံစားရသည်။

မြို့ထဲရှိ ကြီးမားသော ဘုရားကြီးများတွင် ဘုရားရှေ့ရှိ ခြင်္သေ့များသည် ကျောက်တုံးကို ထုထွင်းပြီးပြုလုပ်ထားသော ခြင်္သေ့များ ဖြစ်သည်။ ထုထည်ကြီး မားသည်။ လက်ရာမြောက်သည်။ နန်းတော်သည် လုံးဝန်းသော ပုံသဏ္ဍာန်ရှိသည် အမြင့်ရှိသည်။ မျှော်စင်သည် အောက်ခြေကားပြီး အပေါ်ပိုင်းရှူးနေသောကြောင့် ခေါင်းလောင်းနှင့် ခပ်ဆင်ဆင်တူသည် ။

နန်းတော်၏ လက်ဝဲဖက်ရှိ ညီလာခံခန်းမကိုလည်း ရွှေချထားသည်။  ဒဂုံမြို့သည် အလွန်စည်ကားသော မြို့ကြီးတော့ မဟုတ်ပေ။ လူများသည် လှေများလှည်းများဖြင့် လာရောက်ကြသည်ကိုတွေ့ရသည်” စသည်ဖြင့် အတော်လေး ပြည့်ပြည့် စုံစုံ ဖေါ်ပြထားသည်။

အင်္ဂလိပ်လူမျိုး ရာဝဖဖစ်၏ ခရီးသွားမှတ်တမ်းတွင်လည်း ဒဂုံမြို့င့် ပတ်သက် ပြီး ပို၍ ပြည့်စုံစွာ ဖေါ်ပြထားလေသည်။

“ပဲခူးမြို့မှ ဒဂုံသို့ နှစ်ညအိပ်ခရီဖြင့် လာခဲ့သည်။ နေအိမ်များကို ရွှေချထားကြသည်သာမက လူကုံတန် အမျိုးသား အမျိုးသမီး များ၊ သူဌေးသူကြွယ်များသည် ရွှေကြိုးများ လက်စွပ်များ လက်ကောက်များ ဝတ်ဆင် ကြသည်။ အမျိုးသမီးများသည် ရွှေဆံထိုးများ ရွှေရင်ထိုးများမှစပြီး ရွှေခြေကျင်းအထိ တ်ဆင်ကြသည်။ ရွှေကို အလွန်မြတ်နိုးတန်ဖိုးထားကြသူများဖြစ်သည် ။

သစ်သီးသစ်ဥ ပေါများကြွယ်သည်ကောက်ပဲသီးနှံ ပေါများသည် ကောက် ပဲကောက်နှံ ဆန်စပါးပေါများ ကြွယ်ဝလွန်းသည်။ အောက်တိုဘာလ သီတင်းကျွတ် မီးထွန်းပွဲတော်သည် လွန်စွာ စည်ကားလှသည်။ တစ်ပေါင်းလပြည့်နေ့ဖြစ်သော မတ်လတွင်လည်း လွန်စွာ စည်ကားသည် ဘုရားများတွင် လူများ ကြိတ်ကြိတ်တိုးနေသည်။ ဗမာလူမျိုး မွန်လူမျိုးတို့သည် ကြွယ်ဝချမ်းသာသူ နည်းပါတယ် ဒါပေမယ့် ဆင်းရဲသားများသည် အပူပင်သောက ကင်းစွာဖြင့် ဘုရားပွဲတော်များတွင် ပျော်ရွှင်စွာ ဆင်နွှဲကြသည်ကို တွေ့ရသည်။

တပေါင်းပွဲတော်တွင် ရွှေတိဂုံဘုရားပွဲသည် အစည်ကားဆုံးဖြစ်သည်။ သီ တင်းကျွတ်ပွဲတော်ကို ကျွန်တော် အကြိမ်ကြိမ်ကြုံပါသည် သို့သော် တပေါင်းပွဲတော်၏ စည်းကားမှုကို လုံးဝ မမှီပါ”ဟု မှတ်တမ်းတင်ခဲ့သည်။

၁၆ ရာစု ကုန်ကာနီးတွင် ဒဂုံမြို့ရှိ ဘုရားဈေးပွဲများသည် စည်ကားလွန်းသောကြောင့် ပင်လယ်ရပ်ခြားကုန်သွယ်သော နိုင်ငံခြားသားများကိုပင် ဆွဲဆောင်မှု ရှိသည်ဟု နိုင်ငံခြားခရီးသွားများက မှတ်တမ်းများတွင် ဖေါ်ပြလေ့ရှိသည်းပဲခူးဘုရားပွဲများ သည်လည်း ဒဂုံမြို့ငယ်လေးရှိ ဘုရားပွဲကြီးများကို မမှီပေ။

၁၆ ရာစုအထိ၊ မက္ကာမြို့မှ အာရပ်ကုန်သည်ကြီးများသည် ဒလမြို့အထိ ဝင်ရောက်ဆိုက်ကပ် ကုန်သွယ်ဖူးသော်လည်း ဒဂုံမြို့လေးရှိမှန်း မသိကြပေ။

ဘုရင့်နောင်လက်ထက် (၁၅၆၄) ခုနှစ်တွင် ငလျင်လှုပ်ပြီး ရွှေတိဂုံဘုရား၏ ထီးတော်မြေခလေသည်။ ဘုရင့်နောင်သည် ရွှေတိဂုံစေတီတော်ကို အကောင်းဆုံးအနေ အထားဖြစ်အောင် ပြုပြင်ပြီးနောက် ရွှေပြားအသစ်ပြန်ကပ်ပေးခဲ့သည်။ ထိုအချိန်က ဒဂုံမြို့စားသည် ယိုးဒယားမင်းသားတစ်ပါးဖြစ်သော Aukhya Setki ဖြစ်သည်။ သူသည် ဘုရင့်နောင်မင်းတရားကြီး အယုဒ္ဓယကို သိမ်းယူရာ၌ ယိုးဒယားတို့ကို သစ္စာဖေါက်ပြီး ဘုရင့်နောင်ထံ သစ္စာခံခဲ့သူဖြစ်သည်။

ရာစုနှစ်ကာလတွေ ပြောင်းလာသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ရာဝတီမြစ်ကြီးက နှစ်စဉ်မပျက်မကွက် ပို့ချနေခဲ့သော နုံးမြေထုသည် မာကျောကျ လစ်သည့် ကုန်းမြေထုအဖြစ် ပြောင်းလဲပြီး ဖြစ်ကြောင်းများ လမ်းကြောင်းပြောင်းထွက် ဒဂုံမြို့သည် ပင်လယ်နှင့် တစတစ နီးလာပြီး ပဲခူးမြို့သည် ပင်လယ်နှင့်တစတစ ဝေးလာသည်။ ၁၆ ရာစုအထိ ပဲခူးမြစ်သည် မုတ္တမပင်လယ်ကွေ့ထဲကို စီးဝင်နေရာမှ ၆ ရာစုနောက်ပိုင်းကာလတွင် မြစ်လမ်းကြောင်းပြောင်းရာ ယနေ့တွေ့မြင်ရသော အနေအထား ဖြစ်လာသည်။

ပဲခူးမြစ်သည် ပင်လယ်ထဲသို့ စီးဝင်ခြင်းမရှိတော့သည့်အခါ ကုန်သွယ်ရန် ရောက်လာကြသော ကုန်သင်္ဘောများသည် ပဲခူးမြို့ကို သွားဖို့ မဖြစ်နိုင်တော့ပေ။ ပဲခူးမြို့သို့ သွားလိုပါက တူးမြောင်းလေးများအတွင်းမှ သုံးရက်ခရီးသွားပါက ရောက်နိုင် သေးသည်။ သို့သော် ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ထွက်သွားလာခြင်းတော့ မပြုနိုင်တော့ပေ။ ထိုအခါ သန်လျှင်မြို့သည် အဓိက ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်လာသည်။

၁၇၉၁ ခုနှစ် ဥရောပသား ပညာရှင်တို့၏ မှတ်တမ်းများကို လေ့လာသောအခါ  ပဲခူးမြစ်နှင့် စစ်တောင်းမြစ်တို့သည် တွဲလျက် အနေအထားရှိပြီး နေရာအတော်များများ

တွင် ဆက်သွယ်မှု ရှိနေသည်ဟု သိရသည်။ Rota ၏ Boke of ydro grahie တွင် ဖေါ်ပြချက်အရ ၁၅ ရာစုအလယ်အထိ ဒဂုံမြို့ကို ဗမာပြည်မြေပုံပေါ်၌ မတွေ့ရသေးပါ ဟုဖေါ်ပြခဲ့သည်။ ဆိုလိုသည်မှာ ဒဂုံမြို့သည် မြို့ကြီးပြကြီးပုံစံမရှိဘဲ တော မြို့ငယ်လေး အဆင့်မျှသာရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။

သို့သော် ၁၆၄၃ ခုနှစ်တွင် ဥရောပသားပညာရှင်တို့ ရေးဆွဲခဲ့ကြသော D"Abbeville's မြေပုံတွင် ဒဂုံမြို့ငယ်လေးကို တွေ့ရသည် ၁၈ ရာစုအလယ်တွင် ထုတ်ဝေကြသော မြေပုံများတွင် ရန်ကုန်မြစ်သည် ပင်လယ်နှင့် ဆက်သွယ်နေသော ကြောင့် ဒဂုံမြို့ငယ်လေးကို ထင်ရှားစွာ တွေ့မြင်ရသည်။

ထိုအချိန်တွင် ဒဂုံမြို့နှင့် သန်လျင်မြို့မှာ လွန်စွာ အရေးပါလာသည်။ ထိုအချိန်က အောက်ဗမာပြည်တွင် အရေးပါသော ပင်လယ်ဆိပ်ကမ်းမြို့သည် သန်လျင် မြို့ဖြစ်လာသည်။ ဒဂုံသည် ဆိပ်ကမ်းမြို့လေးအဆမျှသာဖြစ်သည်။ နန္ဒဘုရင်လက်ထက် တွင် ယိုးဒယားနှင့် ရခိုင်တို့ ပုန်ကုန်ခြားနားခဲ့ကြလေသည်။

၁၆၀၀ ခုနှစ်တွင်ပေါ်တူဂီ စွန့်စားသူ ဖီလစ်ဒီဘရစ်တိုနီကိုတီ (Felipe de Britoy Nicote) သည် သံလျင်ဆိပ်ကမ်းမြို့ကို ကျူးကျော်သိမ်းပိုက်ပြီး အခိုင်အမာပြု လုပ်ခဲ့လေသည်။ သူသည် သီးခြားဘုရင်တစ်ပါး ဖြစ်လာခဲ့သည်။ သူ့ကို အိန္ဒိယပေါ်တူဂီ အစိုးရက အစိုးရတစ်ရပ် တိုင်းပြည်တစ်ခုကို အပိုင်စားရသော ဘုရင်တစ်ပါးအဖြစ် အသိအမှတ်ပြုခဲ့သည်။ ဗမာရာဇဝင်တွင် ဒီဘရစ်တိုကို 'ငဇင်ကာ'ဟု ခေါ်သည်။

ငဇင်ကာကို ခေါ်လာသူသည် ရခိုင်ဘုရင်ဖြစ်သည်။ ရခိုင်ဘုရင်သည် ဗမာ ဘုရင်၏ ပိုင်နက်ဖြစ်လာသော မွန်တို့၏ မြစ်ဝကျွန်းပေါ်ဒေသကို ကျူးကျော်ရာတွင် ငဇင်ကာနှင့် ပေါ်တူဂီစစ်တပ်ကို ခေါ်လာခဲ့ခြင်းဖြစ်သည်။

ငဇင်ကာသည် ဥရောပသားဖြစ်သောကြောင့် သံလျင်ခံတပ်ကို အုတ်မြို့ရိုး တည်ဆောက်ပြီး အခိုင်အမာပြုထားသည်။ မြို့ရိုးပတ်လည်တွင် အမြောက်ကြီးများ တပ်ဆင်ထားသည်။

ဗမာ့ကမ်းရိုးတန်းသို့ ရောက်လာသော ကုန်သင်္ဘောအားလုံးကို သန်လျင် ဆိပ်ကမ်းသို့ ဝင်ရောက်ဆိုကပ်စေသည်း ပင်လယ်ပြင်တွင် ပေါ်တူဂီစစ်သင်္ဘောများက လှည့်ပတ်သွားလာပြီး ကုန်သင်္ဘောများကို ထိန်းချုပ်ထားသောကြောင့် ဗမာဘုရင်ပိုင်ဆိုင်

သော ဆိပ်ကမ်းများသည် ကုန်ပစ္စည်းများ မရနိုင်တော့ပေ။ သန်လျင်မှ တဆင့်ခံ ဝယ်ယူရသောကြောင့် ဒုက္ခအကြီးအကျယ်တွေ့နေရသည်။

ငဇင်ကာသည် သန်လျင်နှင့် ဒဂုံမြို့ရှိ ဘုရားများမှ ခေါင်းလောင်းများကို အရည်ကျိုပြီး အမြောက်ကြီးများ သွန်းလုပ်ခဲ့သည်။ မွန်ဘုရင် ဓမ္မစေတီမင်း၏ ကြေး ခေါင်းလောင်းကြီးကိုလည်း ရအောင်သယ်ယူပြီး ကြေးအမြောက်များ သွန်းလုပ်ခဲ့သည်။ အချို့အဆိုများတွင် ဓမ္မစေတီခေါင်းလောင်းကြီးကို သယ်ယူစဉ် မြစ်ရေထဲ ကျသွားပြီ။ ပြန်ဆယ်ရာမရဟုလည်း ဆိုကြသည်။

ဗမာပြည်တွင် ထင်တိုင်းကြဲနေသော ငဇင်ကာကို အနောက်ဖက်လွန်မင်း ၁၆၁၃ ခုနှစ်တွင် ထီးနန်းဆက်ခံသည်နှင့် ဖခမည်းတော်လက်ထက်က လက်မှိုင်ချပြီး အရှုံးပေးခဲ့ရသော ငဇင်ကာကို သဲသဲမဲမဲတိုက်ပြီး သန်လျင်မြို့ကို ပြန်လည် သိမ်းပိုက်ပြီးသောအခါ ငဇင်ကာနှင့်တကွ ပေါ်တူဂီအားလုံးကို သတ်ပစ်ခဲ့သည်။

နောင်တွင် သန်လျင်ဆိပ်ကမ်း၌ အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီမှ စက်ရုံတည်ဆောက်ခဲ့သည်။ ပြင်သစ်တို့ကလည်း စက်ရုံတည်ခဲ့ကြသည်။ ထို့ကြောင့် သန်လျင်မြို့သည် အရှိန်အဟုန် မပျက် ဆက်လက် စည်ကားခဲ့သည်။

အနောက်ဖက်လွန်မင်းလက်ထက်တွင် ငလျှင်လှုပ်ကာ ရွှေတိဂုံစေတီကြီး အက်ကွဲပြီး ထီးတော်မြေခပြန်လေသည်။ ထို့ကြောင့် အနောက်ဖက်လွန်မင်းသည် အကောင်းဆုံးကြိုးစားပြီး ပြုပြင်ပေးခဲ့သည်။

အေဒီ ၆၂၈ ခုနှစ်တွင် သားတော်တစ်ပါး လုပ်ကြံသောကြောင့် အနောက်ဖက် လွန်မင်း နတ်ရွာစံလေသည်။ ထိုအခါ သားတော်မင်းရဲဒိဗ္ဗသည် ထီးနန်းရလေသည်။ ထီးနန်ကို လအနည်းငယ်သာ စိုးစံခွင့်ရပြီး ဦးလေးတော်စပ်သူ သာလွန်မင်းက ထီးနန်းကို သိမ်းပိုက်ခဲ့သည်။

၁၆၄၉ ခုနှစ်တွင် ရွှေတိဂုံဘုရား၏ ထီးတော်မြေခပြန်လေရာ မင်းတရားကပြုပြင်ခဲ့သည်။ ၁၆၆၁ ခုနှစ်တွင် လေမုန်တိုင်းပြင်းထန်စွာ တိုက်ခတ်ပြီး ငလျှင်လှုပ် သောကြောင့် စိန်ဖူးတော်လွှင့်သွားသည်။ ပြည်မင်းက ပြန်၍ ပြုပြင်ခဲ့သည်။

၁၆၆၄ တွင် ငလျင်လှုပ်ပြီး ပျက်စီးခဲ့ရာနောင်တွင် ရာသီဥတုဒဏ် ကြံကြံ ခံနိုင်ဖို့ အစွမ်းကုန်ကြိုးစားပြုပြင်ကြသည်။

 

 

 

 

 

BIBLIOGRAPHY

(1) CO Blagden Epigrapbia Birmanica. A. Dalrymple: Oriental (2) Repertory (3) E. Forchhammer, The First Buddhist Mission to Suvarnab bumi (4) J.S. Furnival (trans) Razadanit Ayebon (5) Halliday(trans), History of kings (6) Pe Maung Tin The Shwe Dagon Pagoda.

 

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)