Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

ကလောင်စုံ - ဂျာနယ်ကျော်စီးဆင်းမှု

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out

ဂျာနယ်ကျော်စီးဆင်းမှု

          အမြိတ်မှ တစ်ခါတည်း အဝေးသို့ ဖယ်ထုတ်ဖိနှင် လွင့်စဉ်စေပြီးလျှင် နိုင်ငံတော်တွင် မြန်မာတို့ပေးအပ်သော သစ္စာကိုခံယူထိန်းသိမ်းမည်ဆိုက နိုင်ငံ ခြားသားပင်ဖြစ်စေကာ မြန်မာ၏ ကြည့်ရှုမ,စခြင်းကို ခံယူရရှိနိုင်ကြောင်း အထင်အရှားပြသခဲ့ရလေသည်။ မြန်မာ့သစ္စာကိုဖောက်ဖျက်က ချမ်းသာ ခွင့်လုံးဝမရနိုင်ကြောင်းကိုလည်း တစ်ခါတည်းဖြင့်မှတ်အောင် ပြတ်ပြတ်သား သား အရေးယူခဲ့လေသည် မြန်မာနိုင်ငံတော်ထဲတွင်ပင် တိုင်းရင်းသား များအဖို့ မြန်မာ့စာပေမှအပ အခြားစာပေစကားများ ကွဲပြားခြားနားရှိနေခဲ့လျှင် တိုင်းရင်းသားအချင်းချင်း အယူမတူ အနေအထိုင်မတူဘဲ ကွဲပြားသဖြင့် နိုင်ငံတော်အင်အားသာလျှင် ဆုတ်ယုတ်ဖွယ်ရာရှိချေသောကြောင့် စာပြိုင် စကားပြိုင် အယူပြိုင်တို့ကို အနိုင်ဖြိုခွင်း သုတ်သင်ပယ်ရှားခြင်း ပြုခဲ့ရလေ သည်။ နိုင်ငံလည်းမြန်မာ နိုင်ငံအတွင်းလူမျိုးရှိရှိသမျှလည်း မြန်မာစာလည်း တစ်စာ၊ လူလည်းတစ်မျိုး၊ မူလည်းတစ်မူတည်းသာဖြစ်အောင် ကျပ်တည်း ထိရောက်စွာ အဘက်ဘက်က ကြိုးပမ်းထူထောင်ခဲ့လေသည်။

          အလောင်းမင်းတရားကြီး၏ ရည်ရွယ်ချက်မှာ ယခု ကျွန်ုပ်တို့မျက် မှောက်၌ တစ်ဖက်နှင့်တစ်ဖက် ကိုယ့်ဝါဒသာ အနိုင်ရရာရကြောင်း တိုက် ဖျက်စစ်ထိုးနေကြသည့် ဥဿုံစစ် သို့မဟုတ် လုံးလုံးလျားလျားစစ်မျိုး၏ရည်ရွယ်ချက်အတိုင်း ဖြစ်မြောက်အောင်ပြုလုပ်ရာဝယ် အဘယ်မျှ တိုက်ခိုက်ရသည်၊ အဘယ်မျှ ဖိနင်းရသည်၊ အဘယ်မျှစုစည်းရသည်။ အဘယ်မျှအသစ်အခိုင် အမာပြုစုပျိုးထောင်ရသည် တို့ ကို ရာဇဝင်က သက်သေခံနေလေသည်။ အလောင်းမင်းတရားကြီး၏ လုပ်ငန်းရည်ရွယ်ချက် မှာလွန်စွာကြီးမားခြင်းရှိခဲ့ရာ ထိုရည်ရွယ်ချက်များကို တစ်နိုင်ငံလုံးကထောက်ခံအားထုတ် လုပ်ကိုင်ကြသောအခါ တတိယနိုင်ငံတော်ကြီးမှာ ကျွန် ဘဝမှ တစ်ခဲနက် ကျော်လွန်ဖောက်ထွက်၍ မြန်မာ့ကျက်သရေ တက်နေ ဝင်းဝင်းထွန်းလင်းတောက်ပြောင်ခဲ့ရလေသည်။ ထိုစဉ်က မြန်မာ့ကျက်သရေ ထွန်းလင်းတောက်ပြောင်ခဲ့ခြင်းထက် ကျွန်ုပ်တို့အဖို့ အဖိုးတန်ပြီး အရေးကြီးသော အခြင်းအရာကား မြန်မာဟူ၍တစ်ပြည်တည်း-တစ်မျိုးတည်း-တစည်း တလုံးတည်း ပြန်လည်ထွက်ပေါ်ကာ ဆက်လက်တည်တံ့နေနိုင်လာခဲ့ခြင်းပင် ဖြစ်လေသည်။

          ယခုတစ်ဖန် ကျွန်ုပ်တို့၏ရှေ့မှောက်တွင် နိုင်ငံတော်ကြီးမှာ ပျက်စီး ကြေမွလျက် စတုတ္ထအကြိမ် ဆွဲယူထူထောင်ခြင်းခံရဖို့ကို စောင့်လင့်မျှော့််နေ ပြန်လေပြီ။ အောက်မြန်မာပြည်ကို ၁၁၈၇ ခု တပေါင်းလပြည့်ကျော် ၄ ရက်။ အထက်မြန်မာပြည်ကို ၁၂၄၇ ခု တန်ဆောင်မုန်းလဆုတ် (၈) ရက်နေ့ တွင် သိမ်းပိုက်ယူငင်သည်ကစ၍ အင်္ဂလိပ်တို့ ပစ်ခွာစွန့်လွှတ် သွားသည့် ၁၃၀၃-၄ ခုနှစ်အထိ အချိန်ကာလအတွင်း ကျွန်ုပ်တို့နိုင်ငံတော်မှာ ဗြိတိသျှအင်ပါယာတည်းဟူသော အင်္ဂလိပ်လက်ဝါးကြီးအုပ်ရာ ပြည်ထောင်စု ကြီးထဲတွင် အဆီစား အသားမျိုခြင်းခံရဖို့အတွက်သော်လည်းကောင်း၊ လူ အရာမဝင် အညွန့်တုံးဖို့အတွက်သော်လည်းကောင်း ပါဝင်နေခဲ့ရလေသည်။ နိုင်ငံတော်မှာ ရှေးရှေးသောဘုရင်များလက်ထက်ကထက် အဆထောင်သောင်းမက တိုးတက်ကြွယ်ဝချမ်းသာလာသော်လည်း နိုင်ငံတော်သားများမှာ အပင်အောက်တွင် အသီးရှား၍မစားရသည့် ဝဋ်ဆင်းရဲမျိုးကို ဖြစ်စေသော စနစ်ကြီး၏ လှိမ့်ကန်နှိပ်စက်ခြင်းကိုခံရကာ လူတန်းစေ့မနေနိုင်-မထိုင်နိုင်-

(၁) ရန္တပိုစာချုပ် ချုပ်ဆို၍ အင်္ဂလိပ်တို့အား အာသံ- ရခိုင်နှင့်တနင်္သာရီကို ပေးအပ်လိုက်ရသော နေ့ရက်။

(၂) သီပေါမင်းတရားအား နန်းမှချပြီး နန်းတော်ကို သိမ်းယူသောရက်။

           - မဝတ်နိုင်-မစားနိုင်ဖြင့် ဆင်းရဲကြီးစွာနေထိုင်လာခဲ့ရလေသည်။ ရေမြင်ပြီး မသောက်ရသောကြောင့်ရောက်ရသော ရေငတ်ဆင်းရဲသည်၊ ရေမမြင်၍ မသောက်ရသောကြောင့် ရောက်ရသော ရေငတ်ဆင်းရဲထက် အဆပေါင်း များစွာ ပိုမိုဆိုးဝါးနှိပ်စက်လေရာ ထိုဆိုးဝါးစွာနှိပ်စက်သောဒဏ်ကို နိုင်ငံတော်သားများသည် အင်္ဂလိပ်တစ်ခေတ်လုံး အနည်းနှင့်အများခံစားလာကြ ရလေသည်။ ထိုအတွင်း ဒုတိယကမ္ဘာစစ်ကြီး ကျွန်ုပ်တို့နိုင်ငံတော်သို့ ဦးတိုက်ရောက်ရှိလာသောအခါ စစ်ဦးစစ်တလင်းပီပီ စစ်၏ဒဏ်ကို လုံးဝခံယူနေကြ ရသည့်အပြင် မိမိတို့ပိုင်ဆိုင်ခံစားထိုက်သော သဘာဝဝတ္ထုပစ္စည်းအစုစုတို့ ကိုလည်း ထိုစစ်ကြီးအတွက် နေ့နှင့်အမျှ ပူဇော်နေကြရသေးလေသည်။