Skip to product information
1 of 3

Other Websites

၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု - ၇၄-၇၅-၇၆ မ.ဆ.လ အာဏာရှင်ဆန့်ကျင်ရေးအံတုလှုပ်ရှားမှုများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

(၁၉၇၄) ခုနှစ် မေ-ဇွန်အလုပ်သမားအရေးအခင်းသည် မ.ဆ.လ စစ်အာဏာရှင်ခေတ် ၁၉၇၄ခုနှစ် မေလနှင့်ဇွန်လအတွင်း မြန်မာပြည်အနှံ့အပြား ရှိ စက်ရုံ အလုပ်ရုံအားလုံးနီးပါး ပါဝင်သည့် အလုပ်သမားထုကြီးက မ.ဆ.လ စစ်အာဏာရှင်များအား အံတုပြီး မိမိတို့ရသင့်ရထိုက်သည့် အခြေခံအခွင့်အရေး များကို တောင်းဆိုဆန္ဒပြ တိုက်ပွဲဝင်ခဲ့ကြသည့် အရေးအခင်းကြီးဖြစ်သည်။

အဆိုပါအရေးအခင်းတွင် မိမိတို့ရသင့်ရထိုက်သည့် အခွင့်အရေးများ ကို တရားသဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည့် အလုပ်သမားထုကြီး မှာ “တောင်းတော့ ဆီ၊ ဆန် ပေးတော့ ကျည်ဆန်” ဆိုသကဲ့သို့ မ, ,လ စစ်အာဏာရှင်များ၏ လက်နက်အားကိုးနှင့် အကြမ်းဖက်နှိပ်ကွပ် ခြင်းခံခဲ့ရသည်။

ထိုကဲ့သို့ အလုပ်သမားသပိတ်ကြီးအလုပ်သမားအရေးအခင်းကြီး ဖြိုခွဲ ခံလိုက်ရသဖြင့် မိမိတို့အလုပ်သမားများနှင့် ပြည်သူလူထုဘက်တွင် ရင်းနှီးပေး ဆပ်လိုက်ရခြင်းများရှိခဲ့သော်လည်း တစ်ဖက်တွင် မ.ဆ.လ စစ်အာဏာရှင်တို့၏ စစ်ဘီလူးရုပ်သည် ဖုံး၍၍မရအောင် ပေါ်ထွက်လာပြီး အလုပ်သမားထုအ တွင်း သာမက ကျောင်းသားထု အတွင်း ပြည်သူလူထုအတွင်း မ.ဆ.လ စစ်အာဏာရှင် များအပေါ် မကျေနပ်မှုများ မလိုလားမှုများ ခံပြင်း နာကြည်းမုန်းတီးမှုများ နက်နက်ရှိုင်းရှိုင်းပေါ်ပေါက်လာခဲ့ပြီး အဆိုပါ အလုပ်သမားအရေးအခင်း၏ နောက်တွင် (၁၉၇၄) ဒီဇင်ဘဦးသန့်အအေခင်း၊ (၁၉၇၅) ဇွန်လ အလုပ်သမား သပိတ်နှစ်ပတ်လည်အရေးအခင်း (ခေါ်)ရွှေတိဂုံအရေးအခင်း၊ (၁၉၇၆) မတ်လ မှိုင်းရာပြည့်အရေးအခင်းစသည့်ကျောင်းသားလှုပ်ရှားမှု အရေး အခင်းများ နှင့် အတူ မ, ,လ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုများလည်း ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာခဲ့သည်။

အဆိုပါအရေးအခင်းများ၊ လှုပ်ရှားမှုများတွင်လည်း ပြည်သူများက မိမိတို့၏ လိုလားချက်များကို ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ သို့သော် စစ်အာဏာရှင်တို့က ထုံးစံ အတိုင်း လက်နက်အားကိုးနှင့် အကြမ်းဖက်ဖြိုခွဲခဲ့ သဖြင့်ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ အသက်စတေးခဲ့ကြရ၊ ဖမ်းဆီး နှိပ်စက်ထောင်ချခံခဲ့ကြရသည်။ အလုပ်သမားများ နည်းတူ ရဟန်းရှင်လူ ကျောင်းသားပြည်သူများ၏ ဘဝပေါင်းများစွာ၊ အသက်ပေါင်းများစွာ စွန့်လွှတ် စတေးခဲ့ကြရသည်။ ဤကဲ့သို့ နှိပ်ကွပ်မှုများ၊ ချေမှုန်းမှုများကြောင့် ကျွန်တော်တို့ ရည်မှန်းချက်များ မအောင်မြင်ခဲ့သော်လည်း၊ ကျွန်တော်တို့၏ လိုလားချက်များ၊ တောင်းဆိုချက်များ၊ မပြည့်ဝခဲ့သော်လည်း အဆိုပါ အရေးအခင်းများ၏ရလဒ်အဖြစ် မ.ဆ.လ စစ်အာဏာရှင် စနစ်ဆိုးကြီးအား ဆန့်ကျင် တိုက်ဖျက်ပြီး အပြီးတိုင် ဖယ်ရှားပစ်လိုသည့် စိတ်ဓါတ်များ ကျွန်တော်တို့ ရင်ထဲတွင်ရော ပြည်သူများ၏ ရင်ထဲတွင်ပါ နက်နက် ရှိုင်းရှိုင်းကိန်းဝပ်လာခဲ့သည်။ အဆိုပါစိတ်ဓါတ်များသည်ပင် နောက်ဆယ်စုနှစ် တစ်ခုခန့်အကြာတွင် ကျွန်တော်တို့၏ ညီငယ်မျိုးဆက်ဖြစ်သည့် (၈၈) မျိုးဆက်များရင်ထဲသို့ ကူးဆက်ထွန်း တောက်သွားခဲ့ပြီး (၈၈) အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် ၎င်း(၈၈) အရေးတော်ပုံကြီးသည် ကျွန်တော်တို့ (၇၄-၇၅-၇၆) မျိုးဆက်များ ဦးဆောင်ပါဝင်ဆင်နွှဲခဲ့သည့် အရေးအခင်းများ၏ အဆက်ဟုဆိုနိုင်ပါသည်။

အချို့သမိုင်းသုတေသီများ၊ မြန်မာ့နိုင်ငံရေးကို လေ့လာ အကဲဖြတ် နေသူများ၊ ပြည်တွင်းပြည်ပတက်ကြွလှုပ်ရှားသူများ၊ မီဒီယာသမားများက မြန်မာပြည် နိုင်ငံရေးသမိုင်းအား အကဲဖြတ်ရာတွင်လည်းကောင်း ပုံဖော်ရာတွင်လည်းကောင်း မြန်မာနိုင်ငံ၏ စစ်အာဏာရှင် စနစ်သည် လွန်ခဲ့ သည့် နှစ်(၂၀)ကျော် (၈၈)အရေးအခင်းကာလ နောက်ပိုင်းတွင်မှ ပေါ်ထွန်းလာခဲ့သယောင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားမှု များသည်လည်း အဆိုပါကာလကျမှ ပေါ်ပေါက်လာခဲ့သယောင် ပြောဆိုရေးသား နေကြသည်များရှိပါသည်။ ဤသို့ မှတ်ယူနေကြသူများလည်းရှိပါသည်။

အမှန်စင်စစ် မြန်မာပြည် စစ်အာဏာရှင်စနစ်သည် (၁၉၆၂) ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ယခုဆိုလျှင် နှစ်(၅၀)ကျော်ရှိပါပြီ။ ထို့ကြောင့် (၈၈)နောက်ပိုင်း ပေါ်ပေါက်လာခဲ့သည့် န.၀.တ၊ န.အ.ဖ စစ်အာဏာရှင်စနစ်ကို မ.ဆ.လ စစ်အာဏာရှင်စနစ်က မွေးထုတ်ပေးလိုက်ခြင်းဖြစ်သည်။ မ, ဆ.လ စစ်အာဏာရှင်စနစ်၏ အဆက်ဖြစ်သည်။ မ.ဆ.လ စစ်အာဏာရှင်များသည် န.၀.တ၊ န.အ.ဖ စစ်အာဏာရှင်များကဲ့သို့ပင် ပြည်သူများအပေါ် လက်နက်အားကိုးနှင့် အနိုင်ကျင့်ခဲ့သည်။ အကြမ်းဖက် ဖိနှိပ်ခဲ့ သည်။ လူ့အခွင့် အရေးများ ချိုးဖောက် ကျူးလွန်ခဲ့သည်။ ဤကဲ့ သို့ ဖိနှိပ်မှုများ၊ အကြမ်းဖက်မှု ကျူးလွန်မှုများရှိခဲ့ခြင်းကြောင့် ကျောင်းသား၊ အလုပ်သမားများ အပါအဝင် အနှိပ်ခံပြည်သူများဘက်ကလည်း ဆန့်ကျင်တွန်းလှန်မှုများ ရှိခဲ့သည်။ ထို့ကြောင့် (၈၈)နောက်ပိုင်းမှစ၍ယနေ့အထိပေါ်ပေါက်လာခဲ့သည့် ဒီမိုကရေစီလှုပ်ရှားတောင်းဆိုမှုများသည် (၈၈)အရေးတော်ပုံကြီး၏ အဆက် ဖြစ်သကဲ့သို့ (၈၈)အရေးတော်ပုံကြီးသည်လည်း (၇၄-၇၅-၇၆) အလုပ်သမား ကျောင်းသား အရေးအခင်းများ၏ အဆက်ဖြစ်သည်။ ထိုနည်းတူ (၇၄-၇၅-၇၆) လှုပ်ရှားမှုများသည်လည်း (၆၂-၆၃) ကျောင်းသားလှုပ်ရှားမှုတိုက်ပွဲများ၏ အဆက်ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ကျွန်ုပ်တို့ အဓိတင်ချင်သော အချက်မှာ (၁၉၇၄-၇၅-၇၆) အလုပ်သမား ချောင်းသားလှုပ်ရှားမှုများ၊ အရေး အခင်းများသည် မျက်မှောက်ခေတ်မြန်မာ့နိုင်ငံရေးသမိုင်း၏ မည်သို့မျှ မေ့ပျောက် ၍မရနိုင်သော အရေးပါသည့် သမိုင်းတွင်းဆက်တစ်စ်သည် ဆိုသည့် အချက်ဖြစ်သည်။

အဆိုပါအချက်ကို အလေးထား ဖော်ထုတ်တင်ပြလိုသည့် အတွက် လည်းကောင်း၊ မ.ဆ.လ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်အံတုခဲ့သည့် (၇၄၇၅-၇၆) နိုင်ငံရေးမျိုးဆက်တို့၏ နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံများအား ပစ္စုပ္ပန်နှင့် အနာဂတ် မြန်မာ့နိုင်ငံရေးမျိုးဆက်တို့ လေ့လာသိရှိနိုင်စေရန်နှင့် လက်ဆင့်ကမ်း သယ်ဆောင်နိုင်ရန် အလို့ငှာ လည်းကောင်း၊ ဤစာအုပ်ကို စီစဉ် ထုတ်ဝေလိုက်ရခြင်း ဖြစ်သည်။

ဤစာအုပ်တွင် (၁၉၇၄-၇၅-၇၆)မ, , လအာဏာဆန့်ကျင်ရေး အံတု လှုပ်ရှားမှု၏အစိတ်အပိုင်းများဖြစ်သည့် (၁၉၇၄-၇၅) အလုပ်သမား  အရေးအခင်း၊ (၇၄)ဒီဇင်ဘာ ဦးသန့်အရေးအခင်း၊ (၇၅)ဇွန် နှစ်ပတ်လည် အရေးအခင်း (ခေါ်) ရွှေတိဂုံအရေးအခင်း၊ (၇၆)မတ်လ မှိုင်းရာပြည့် အရေးအခင်း တို့အား အပိုင်း (၄)ပိုင်းခွဲ၍ တင်ပြထားသည်။

ထို့ပြင် (၇၄-၇၅-၇၆) နိုင်ငံရေးအင်အားစု၏ ထောင်တွင်းဖြတ်သန်းမှု အတွေ့အကြုံများကို လည်းကောင်း၊ (၇၄-၇၅-၇၆) နိုင်ငံရေးလှုပ်ရှားမှုနှင့် ဆက်နွယ်သည့် အခြားအခြားသော အထွေထွေနိုင်ငံရေးလှုပ်ရှားမှုနှင့် အတွေးအမြင် များ ကို လည်းကောင်း ကဏ္ဍအလိုက် အခန်းခွဲ၍ တင်ပြထားပါသည်။

အရေးအခင်း(၄)ခုနှင့် ပတ်သက်၍ ဖော်ပြရာတွင် ကိုယ်တိုင်ကြုံတွေ့ ဖြတ်သန်းခဲ့ရသူတို့၏ အတွေ့အကြုံများကိုသာမက ထိုစဉ်က သတင်းစာများမှ ရေးသားချက်များကိုလည်း နှိုင်းယှဉ်လေ့လာနိုင်ရန် ကဏ္ဍအလိုက် သတင်း မှတ်တမ်းအနေဖြင့် ယှဉ်တွဲဖော်ပြထားပါသည်။

ဤနေရာတွင် အထူးတင်ပြလိုသည်မှာ ဤစာအုပ်တွင် ပါဝင်ရေးသား သူအများစု (အားလုံးနီးပါး)မှာ စာရေးဆရာများမဟုတ်ကြပါ။ အချို့ဆိုလျှင် စာပေရေးသားမှု အတွေ့အကြုံလုံးဝမရှိသူများဖြစ်ကြသည်။ မိမိတို့ တွေ့ကြုံ ဖြတ်သန်းမှုများကို အရိုးခံအတိုင်း တင်ပြထားခြင်းမျှသာဖြစ်၍ အရေးအသား မညက်ညောမှုများ ရှိနိုင်ပါသည်။ ထို့ပြင် မိမိတို့တွေ့ကြုံ ဖြတ်သန်းမှုများမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက အဖြစ်အပျက်များဖြစ်၍ အချက်အလက်မှားယွင်းမှုများ၊ ဝေဝါးမှုများ၊ မေ့လျော့ကြွင်းကျန်မှုများလည်း ရှိနိုင်ပါသည်။ ထိုအားနည်းချက်များ တွေ့ရှိပါက နာလည်မှုများ ထားပေးကြပါရန် စာရေးသူများ ကိုယ်စား အနူးအညွတ်မေတ္တာရပ်ခံလိုပါသည်။

နိဂုံးချုပ်အနေဖြင့် ယခုစာအုပ်အတွက် စာမူရေးသားပေးပို့သူများနှင့် စာအုပ်ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီကြသည့် ရဲဘော်များ၊ မိတ်ဆွေများ အားလုံးကို အထူးပင် ကျေးဇူးတင် ရှိ ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

စီစဉ်သူများ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု

ဇွန်(၆)၊ ၂၀၁၃

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)