ဦးသုခ - သုခနှင့်သုခ
ပြည်တော်ပြန်ဘုရား
ဤတစ်ခါ စာပေဟောပြောရန် သွားရမည်က ဇလွန်မြို့၊
ဇလွန်ဟုဆိုကတည်းက ပြည်တော်ပြန်ဘုရားသမိုင်းကို ဦးတဝါးသတိရလိုက်သည်။ ကျွန်တော်တို့ငယ်စဉ်က ကြားဖူးထားသည် မှာ မြန်မာပြည်အောက်ပိုင်းကို အင်္ဂလိပ်တို့ တိုက်ခိုက်သိမ်းယူကြစဉ်က ဇလွန်မြို့သူမြို့သားများ ကိုးကွယ်ထားသော ကြေးဆင်းတုကိုယ်တော် ကြီးကို အင်္ဂလိပ်စစ်ဗိုလ်ကသယ်ယူသွားသည်။ အင်္ဂလန်ရောက်တော့ အမြောက် ကျည်ဆန်လုပ်ရန် ဖိုထိုး၍အရည်ကျိုကြရာ အရည်မပျော်ဘဲ ဖိုကြီးသာ ပေါက်ကွဲ၍ အလုပ်သမားများ မရှုမလှ သေကြသည်။ ညတိုင်းလည်း ရောင်ခြည်တော်ကွန့်မြူးသည်။ အင်္ဂလိပ်များက မကျေနပ်၍ နောက်တစ်ခါ အရည်ကျိုကြပြန်ရာတွင် ယခင်ကလိုပင် အရည်ကျို သည့်ဖိုကွဲ၍ သေပွဲဝင်ကြရပြန်သဖြင့် ကြောက်ရွံ့ ထိတ်လန့်ကာ ယူလာခဲ့ရင်းနေရာ ဇလွန်မြို့သို့ ပြန်ပို့ကြရသည်။ ထို့ကြောင့် "ပြည်တော်ပြန် ဘုရား” ဟု ဘွဲ့တော်သတ်မှတ်ကြသည်။
ထိုဆင်းတုတော်ကြီး၏ စမ္မခဏ်တွင် အဓိကရ ဘုရားရှိခိုးဂါထာ ပါရှိသည်ဟုဆို၏။ စမ္မခဏ်ဆိုသည်မှာ စမ္မခဏ္ဍ= ရသေ့ရဟန်း များ အခင်းပြု၍ ထိုင်ကြသည့်သားရေဟု အဓိပ္ပာယ်ရသည်။ ဂါထာ တော်ကား ဤသို့ဖြစ်၏။
ဣတိပိ ပိဋကတ္တယံ၊ အနိစ္စံ ဒုက္ခံ အနတ္တံ၊ သတ္တဗောဇ္ဈင်္ဂေါ၊ အဋ္ဌဂိကော မဂ္ဂေါ၊ စတုပဋ္ဌာနံ၊ သဗ္ဗဿဣန္ဒော၊ သဟဿ သူရိယော၊သြောင်းနမော မေတ္တာနံ၊ ရာဇဘယံ စောရဘယံ၊ ဥဒကဘယံ သတ္တဘယံ သဗ္ဗဘယံ၊ ဇေယျာဇယတုမင်္ဂလံ၊ အနိစ္စ သင်္ခတံ၊ ပဋိစ္စ သမုပ္ပန္နံ၊ ခယဓမ္မံ ဝယဓမ္မံ၊ ဝိရာဂဓမ္မံ၊ နိရောဓဓမ္မံ မခတိ
မျက်နှာတော်မှလွဲလျှင် တစ်ကိုယ်တော်လုံးရွှေချထားသည်မှာ အဆုပ်လိုက်ဖြစ်သည်။ ရင်ဘတ်တော်၌ မို့မောက်လွန်းနေသည်။ ကျွန်တော်တို့ ဟောပြောပွဲအဖွဲ့ကပင် ကိုယ်စီကိုယ်ရွှေသင်္ကန်းကပ်ပါသေးသည်။
ဂန္ဓကုဋိတိုက်ကိုဖွင့်ပေး၍ နီးနီးကပ်ကပ် ကြည်ညိုခွင့်ရပါသည်။ အနီးကပ်၍ဖူးရသည့်အခါရုပ်ရှင်တော်၏ ဝိသေသကို ကြက်သီး ဖိမ့်မျှခံစားရပြန်သည်။ စမ္မခဏ်ဂါထာဘော်ကို ရှာဖွေကြည့်ရာ နေရာ အနှံ့ ရွှေပိန်းချထားခြင်းကြောင့် မတွေ့နိုင်တော့၊ ရွှေအပါးဆုံးနေရာ ပင်လျှင် တစ်ပဲထုလောက်ရှိပေလိမ့်မည်။
ကျွန်တော်တို့ကိုယ်တိုင် သာဟတ္ထိက ရွှေပြားကပ်လှူနိုင်ပါ သည်ဟု ခွင့်ပေးသော်လည်း ပလ္လင်ပေါ်သို့ မတက်ရက် မတက်ဝံ့သောကြောင့် ဂေါပကဆရာတော်ကြီးသို့သာ အပ်၍ကြည်ညိုရသည်။ ပုံတော် နှင့် သမိုင်းကို ရချင်ကြသည်။
ထိုအတွင်း ဆရာမြတ်ထန်နှင့် သိဟောင်းကျမ်းဟောင်း ဂေါပက အဖွဲ့ဝင်ပုဂ္ဂိုလ်တစ်ဦးကဆိုသည်။
“ဗိုလ်မှူး၊ သူများမမြင်ဖူးတာကြည့်ချင်ရင် ကျွန်တော်နှင့် လိုက်ခဲ့”
ထိုပုဂ္ဂိုလ်က ဦးဆောင်၍ ဆရာမြတ်ထန်နှင့် အတူ ဂန္ဓကုဋီ တိုက် အတွင်းသို့ ဝင်သွားကြပြန်သည်။ ပလ္လင်တော် အနောက်ဘက်ရှိ လှေကားဖြင့်တက်၍ သူတို့၏ တစ်ရပ်နှင့်ညီနေသောမျက်နှာတော်ကို စာကြည့်မှန်ဘီလူးဖြင့် အနီးကပ်ကြည့်နေကြသည်။ မျက်ဝန်းတော် တခိုကို ဆရာမြတ်ထန်အား ညွှန်ပြ၍ သေသေချာချာကြည့်စေသည်။
“တွေ့လား တွေ့လားဟု ထိုပုဂ္ဂိုလ်က မေးသည့်အခါ ဆရာ မြတ်ထန်က တွေ့တယ် တွေ့တယ် ဟု နှစ်ယောက်စလုံးကိုကြသည်။အတိုင်အဖောက်ဖြစ်နေကြသည်၊ ကျွန်တော်ကိုယ်တိုင် မနေနိုင်တော့သဖြင့် သူတို့နှစ်ယောက်အနားသို့ တက်ရောက်သွားသည်။ ဆရာကြည့်စမ်းပါ၊ အောက်မျက်ခမ်းတော်မှာ ပန်းပွင့်သေးသေးကလေးတွေ မြှုပ်ထားတယ်”ဟု မှန်ဘီလူးကိုလည်း ကျွန်တော့်ကိုပေးသည်။ စက္ခု ဖြင့် မျက်လွှာတော်ချထားသည့် အောက်မျက်ရစ်တော်ကို မှန်ဘီလူးအား အနီးအဝေး ချိန်၍ ပြတ်သားထင်ရှားအောင် ပြုပြီးကြည့်လိုက်သည့်အခါ ဆန်ကျိုးခန့်ပမာဏရှိသော အရောင်တောက်ပနေသည့်ချရားပွင့် (ခရေ ပွင့်)ကလေးလို သဏ္ဌာန်ကိုတွေ့ရသည်။
“တစ်ပွင့် နှစ်ပွင့် သုံးပွင့် လေးပွင့် ငါးပွင့်
လက်ျာမျက်ရစ်တွင်လည်း ငါးပွင့်၊ လက်ဝဲမျက်ရစ်တော်တွင် လည်း ငါးပွင့် ၊ ထို့အပြင် ကြေးသားပေါ်၌ မြှုပ်ထားခြင်းမဟုတ်၊ မှန် ဘီလူးကို ဘယ်ယိမ်းညာယိမ်း ယိမ်း၍ကြည့်သည့်နေရာကို လိုက်ပါ ရွေ့လျားနေသလိုမြင်ရသည်။ ကျွန်တော်က ဂေါပကပုဂ္ဂိုလ်နှင့် ဆရာ မြတ်ထန်ကို ပြောပြ၍ မှန်ဘီလူးဖြင့် ပြန်၍တဖန်ကြည့်ကြစေသည်။
“ဟုတ်တယ်ဆရာ ဟုတ်တယ်ဆရာ” ဟု ဝမ်းသာအားရ ပြိုင် တူပြောကြသည်။
'အဲဒါ ဆရာ ဘယ်လိုထင်သလဲ” ဟု ဂေါပကပုဂ္ဂိုလ်က မေး သည်။
"ဆရာတော်ဘုရားကော အဲဒါကိုဖူးရမှာပေါ့”
“ကျွန်တော်တို့နှင့် မျက်နှာသစ်တော်ရေကပ်ပြီး ရောင်တော်ဖွင့် နေကျမို့ ဖူးရတာပေါ့”
"ဆရာတော်ဘုရားက ဘယ်လိုအမိန့်ရှိတော်မူသလဲ”
'ဒီကိုယ်တော်ကြီးကို သွန်းလုပ်ပူဇော်ကြကတည်းက ရှိနေလိမ့်မယ်လို့ထင်သတဲ့”
'ဟုတ်ပါလိမ့်မယ်၊ စမ္မခဏ်ဂါထာတော်ကြီးကိုဘယ်ပုဂ္ဂိုလ်က ရေးသားထွင်းထုပူဇော်ခဲ့သလဲ"
ခင်ကြီးပျော်ဆရာတော်ကြီး၏ ဆရာခင်ကြီးပြောင်က ရေးခဲ့ တယ်လို့ သမိုင်းမှာရှိတဲ့ဒါဖြင့် အဲသည်ဆရာတော်ကြီးက အဓိဌာန်ပြုတော်မူခဲ့တာ ဖြစ်စရာရှိပါတယ်၊ ကြေးသားမှာ ထွင်းမြုပ်ထားတာ မဟုတ်တာကို တော့ ဆရာတို့အမြင်ပဲလေ”
‘မျက်ရစ်ကော်တစ်ဖက်မှာ ငါးပွင့်စီအညီအမျှဖြစ်နေကြတာကို ဆရာဘယ်လိုယူဆမလဲ'
'ကျွန်တော်ဧကန်ဧကပြောနိုင်စွမ်းမရှိပါဘူး၊ ကျွန်တော်က မှတ်စုသမားမို့ ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးရဲ့ “အစိန္တေယျဘုရားရှိခိုး’ မှာပါတာတော့ သတိရမိပါတယ်” ။
“ဘယ်လိုပါလဲ”
‘ဝေးနီးစကြဝဠာ၊ သမန္တာရပ်၊ လောကဓာတ်တို့ကို၊ ထုတ်ခပ်ထင်ထင်၊ ရှုမြင်တော်မူနိုင်သော၊ ပသာဒစက္ခု၊ ဉာဏစက္ခု၊ ဒိဗ္ဗစက္ခု၊ ဗုဒ္ဓစက္ခု၊ သမန္တစက္ခုတည်းဟူသော မျက်စိတော်ငါးလုံးဖြင့် အဆုံးမဲ့မြင် တော်မူပြီးထသော”
"ဆရာပြောတာ ယုတ္တိရှိပါတယ်”
'ဆရာတော်ကြီးများကိုလဲ လျှောက်ထားကြည့်ဖို့ကောင်းပါ တယ်'
ဘုရားမှအပြန် ကျွန်တော်တို့ ပုံတော်ကားတစ်ချပ်စီနှင့် သမိုင်း တစ်အုပ်စီ ရခဲ့ကြသည်။
ဓညဝတီ ရခိုင်ပြည်ကြီးရှင် ဘုရင်စန္ဒသူရိယမင်းသည် မြတ် စွာ ဘုရားသခင်သက်တော်ထင်ရှားရှိတော်မူ၍ ဓညဝတီပြည်ကြီးသို့ ဒေသစာရီကြွချီတော်မူစဉ်က မြတ်စွာဘုရားကိုယ်တော်ပွား ပထမမဟာမြတ်မုနိ၊ ဒုတိယ-ရှင်ကျော်၊ တတိယ-ရွှေဘုံသာ၊ မှစတုတ္ထ-မာရ် အောင်မြင်ဘုရားများကို အစဉ်အတိုင်းသွန်းပြုပူဇော်တော်မူခဲ့သည်။
ထိုမြတ်စွာဘုရားတို့သည် အစဉ်အတိုင်း ဉာဏ်တော်အဆင့်ဆင့် ငယ်တော်မူကြ၍ မာရ်အောင်မြင်ဘုရားကိုယ်တော်မှာ စမ္မခဏ်တော်အလွတ် နှစ်တောင် ဆယ်လက်မ ရှိသည်။ စမ္မခဏ်နှင့်တကွ သုံးတောင် တစ်လက်မရှိသည်။ ကြေးအချိန် ၆၆၆ ပိဿာနှင့် ၆ ကျပ်သား ရှိသည်။ မဟာမြတ်မုနိကိုယ်တော်ကြီး၏ လက်ယာတော်ရံဖြစ်သည်။
သက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် အမရပူရ ရွှေနန်းရှင် ဘိုးတော် ဘုရား၏ သားတော် အိမ်ရှေ့မင်းက မဟာမြတ်မုနိနှင့်တကွ အဆိုပါ ဘုရားများကို ပင့်ဆောင်ခဲ့သည်။
အမရပူရရွှေမြို့တော်ကြီး၏ နန်းတော်ဦး၌ ရွှေပြာသာဒ်တော် ကြီးဖြင့်တည်ထားလျက် ဘိုးတော်မင်း၊ အိမ်ရှေ့မင်း ဘကြီးတော်မင်း၊ ကုန်းဘောင်မင်း၊ ပုဂံမင်း၊ မင်းတုန်းမင်း၊ ကနောင်မင်းတို့ အဆက်ဆက် ကိုးကွယ်ခဲ့ကြသည်။ ထိုစဉ်က မင်းတုန်းနှင့်ကနောင်တို့မှာ အိမ်နိမ့်စံများ သာ ရှိကြသည်။
ဇလွန်မြို့စားအတွင်းဝန်သတိုးမင်းကြီး မဟာမင်းလှနော်ရထာ က ဇလွန်မြို့သူကြီးခန့်ထားသော ဦးရွှေပွင့်သည် ပုဂံမင်းမိဖုရားကြီး၏ ဆွေတော်မျိုးတော်ဖြစ်သည်။ ဇလွန်မြို့သူမြို့သားများက စုဆောင်း လှူဒါန်းသော ရတနာများဖြင့် မာရ်အောင်မြင်ဘုရားကဲ့သို့ ပုံတော်တူ တစ်ဆူသွန်းလောင်းခွင့်ရအောင် အမရပူရ မိဖုရားထံခွင့်တောင်း၍ သွန်းထု နေစဉ်ပင် ဗြိတိသျှတို့က အောက်မြန်မာပြည်ကို တိုက်ခိုက်သိမ်းယူစ ပြုနေသည်။
ထိုအခါဦးရွှေပွင့်အား တိုင်းပြည်အခြေအနေအရ ဇလွန်မြို့သို့ အရေးတကြီးပြန်လွှတ်ရာ နန်းဦးတွင် ကိုးကွယ်ထားသော မာရ်အောင် မြင်ဘုရားကို တပါတည်းပင့်ဆောင်ရပါစေကြောင်း မိဖုရားအား အသ နားခံသည်။ ထိုစဉ်ကပုဂံမင်းကိုမင်းတုန်းနှင့်ကနောင်မင်းသားများကထောင်လွှားပုန်ကန်နေကြပြီဖြစ်ရာ ဦးရွှေပွင့်၏အလိုကို လိုက်လျော၍ဇလွန်မြို့ကိုသာ အရေးတကြီးပြန်လည်ထိန်းချုပ်နိုင်စေရန် မာရ်အောင် မြင်ဘုရားကို ပင့်ဆောင်ခွင့်ပြုလိုက်ရလေသည်။
ဤသို့နှင့်ဇလွန်မြို့သို့ မာရ်အောင်မြင်ဘုရား ရောက်ရှိတော်မူ ခဲ့ရသည်။
၁၂၁၄ ခုနှစ်တွင် ပုဂံမင်းနန်းကျ၍ မင်းတုန်းမင်း နန်းတက်ဝင်သည်။ ထိုနှစ်တွင် အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့က သိမ်းသည်။ ထိုအခါအမြို့မြို့အရပ်ရပ်ရှိ ကြေးဆင်းတုများ၊ ကြေးပရိဘောဂ များ၊ ကြေးပစ္စည်းများကို ကြေးပိုက်ဆံသွန်းလုပ်ရန်ဆို ၍တွေ့သမျှ သိမ်းယူရာ အဆိုပါ မာရ်အောင်မြင်ကိုယ်တော်ကြီးသည်လည်း ၁၂၁၇ ခုနှစ်တွင် ဘုံဘေမြို့သို့ ပါသွားရသည်။
ဘုံဘေမြို့ဂိုဒေါင်ထဲတွင် ကိုယ်တော်ကြီးအား ပစ္စလက္ခတ် ထားသည့်အခါ အရှေ့အရပ်သို့သာ မျက်နှာတော်မူလျက်သားရှိသည်။ အရည်ကျိုရန် တူကြီးများဖြင့် ထုရိုက်ချိုးဖဲ့၍မရ၊ တစ်စွန်းတစ်စမျှ ကျိုးပဲ့ ပျက်စီးခြင်းမရှိ၊ ထိုအခါ ဆင်းတုတော်အတိုင်း အရည်ကျိုသည့် ဖိုကြီးထဲသို့ သွင်း၍ မီးပြင်းတိုက်ကာ ထိုးကြသည်။ ဖိုကြီးများ ပေါက် ကွဲ၍ လူအများအသက်ဆုံးကြရသည်။ ဖိုကြီးများ၏ ချွတ်ယွင်းမှု ကြောင့်ဟု ဆုံးဖြတ်ပြီး နောက်ထပ်တစ်ဖန်ထိုးကြပြန်သည်။ မျက်နှာ တော် ပုံပန်း သဏ္ဌာန်မျှ မပျက်မစီးဘဲ ဖိုကွဲ၍သာ သေကြရပြန်သည်။ ညတိုင်း ညတိုင်း ရောင်ခြည်တော်ကွန့်မြူးလေ့ရှိရာ စုန်းတောက်စား သည်၊ သရဲ တစ္ဆေစီးနေသည်ဟူ၍ မည်သူမျှ မတို့မထိဝံ့အောင်ဖြစ်နေ လေသည်။ ဤသို့ဖြင့် မလျော်ကန်မလျောက်ပတ်သောအရပ်၌ ကာလ ကြာမြင့်စွာ စံနေတော်မူသည်။
ဝိတိုရိယဘုရင်မကြီးသည် အင်္ဂလန်တွင် ရာဇဘိသေက ခံယူ ပြီးသည့်နောက် အိန္ဒိယပြည်ဒေလီမြို့သို့ အိန္ဒိယအင်ပိုင်ယာ ဘုရင်မ ကြီးအဖြစ် ဘိသိက်ခံ၍ ဒါဘာပွဲကြီးကျင်းပရန်ရောက်ခဲ့သည်။ ထိုအခါ