Skip to product information
1 of 2

Other Websites

မြသန်းတင့် - မော်စီတုန်းနှင့်တရုတ်တော်လှန်ရေး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

           သစ္စာဖောက်မှု ကြီး တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်သည့် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်သည် ကွမ်ချောင်တွင် အလုပ်သမားများကို ကျောခိုင်းခဲ့ဘူးသည်။ ၁၉၂၇ ခု နွေဦး ပေါက်တွင်လည်း ၎င်းသည် ဂူဟန်မှ အလုပ်သမားများကို ကျောခိုင်းခဲ့ပြန် သည်။ တော်လှန်ရေးအတွက် အလုပ်သမားများက စွန့်လွှတ်အနစ်နာ ခံရမည်ဟု အဖွဲ့ချုပ်က တိုက်တွန်းသည်။ တော်လှန်ရေးအစိုးရကို အဖက်ဖက်က ပိုင်းခြိမ်း ခြောက်နေသဖြင့်” တနေ့လျှင် ၁၃ နရီမှ ၁၇ နာရီအထိ လုပ်ရန် အဖွဲ့ချုပ်ကတောင်းဆိုသည်။ ခလေးသူငယ် အလုပ်သမားဥပဒေ ပြဌာန်းရေးကို ရွှေ့ဆိုင်း ပစ်လိုက်သည်။ . . "

          ဤသည်မှ “လက်ဝဲ” ကူမင်တန် အရင်းရှင်များ၏ ဖိအားနှင့် အမျိုး သားအစိုးရ၏ စီးပွားရေး အကျပ်အတည်းများကြောင့် အဖွဲ့ချုပ်က တောင်းဆို လာခြင်း ဖြစ်သည်။ .

          ၁၉၂၇ ခု မေလ ၂၄ ရက်နေ့၌ ချန်ကေရှိတ်က နန်ကင်းမြို့ကို သိမ်း ကာ မြို့တော်အဖြစ် ကျေညာသည်။ ချန်ကေရှိတ်သည် ရှန်ဟဲကို မတိုက်လိုသေး ဘဲ တမင်ခပ်နှေးနှေးတက်နေသည်။ “နယ်ချဲ့စနစ်” ၏ မြို့တော် ရှန်ဟဲကို မသိမ်း လိုသေး။ တမင်အချိန်ဆွဲထားသည်။ ၁၉၂၆ ခု အောက်တိုဘာလထဲတွင် ရှန်တဲ့ ရှိ အလုပ်သမား ထောင်ပေါင်း များတို့က ရှန်ဟဲစစ်ဘုရင် စွန်ချွန်ဖန်းကို မကျေနပ်၍ ထကြွကြသည်။ ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီလတွင် ချူအင်လိုင်း ခေါင်းဆောင်သည့် ရှန်ဟဲအလုပ်သမား ငါးသိန်းတို့ သပိတ်မှောက်ကြသည်။ သို့ရာတွင် လီလီစန်ခေါင်းဆောင်သည့် အလုပ်သမားအဖွဲ့ချုပ် ရှန်ဟဲ့ဌာနခွဲကချန်တူရှူးလမ်းစဉ်အရ “ညီညွတ်ရေး တပ်ပေါင်းစုအတွင်းက ညီညွတ်ရေး” ကို အဓိကထားရမည်ဟုဆိုကာ သပိတ်ကို ကန့်ကွက်သည်။ ထိုအချိန်တွင် ကူမင်တန် ““အလုပ်သမားသမဂ္ဂ” ခေါင်းဆောင်များကလည်း ချန်ကေရှိတ်ခေါင်းဆောင်၍ ချီတက်လာမည့် “မြောက်ပိုင်းချီတက်မှု” ကြီးကို ကြိုဆိုရန် အလုပ်သမားများကို လှုံ့ဆော်နေကြသည်။ - ရှန်ဟဲပြိုသိမ်းရေးနှင့်ပဘ်သက်၍ ဗဟိုကော်မတီက မည်သည့်ညွှန်ကြား ချက် ထုတ်ပြန်ခြင်းမရှိ။ သို့ရာတွင် ချူအင်လိုင်းက ကူမင်တန်နှင့် ညွှန့်ပေါင်းစစ်သင်တန်းပေးသည်။ နှုတ်ကဲရှိ မြို့စောင့်တပ်မှူးက လက်နက်ချခြင်း ချလျှင် ချူအင်လိုင်းတို့ထံ မချဘဲ ချန်ကေရှိတ်ထံ လက်နက်ချရန် ပြင်သည်။ သို့ရာတွင် ချူအင်လိုင်းက မြို့ကိုဦးအောင် သိမ်းပစ်လိုက်သည်။ မတ်လ ၂၀ ရက်နေ့ ညနေတွင် ချူအင်လိုင်းနှင့် အလုပ်သမားများက ပုလိပ်ဌာနချုပ် လက်နက် ထို့ ကြောင့် ချန်ကေရှိတ်တပ်မြို့ထဲမဝင်နိုင်ဘဲ ဖြစ်နေသည်။ ကွန်မြူနစ်တို့က ရှန်ဟဲကို အရင်သိမ်းမိသဖြင့် အသာစီးရသွားသည်။ - အလုပ်သမားများက ရှန်ဟဲကို သုံးပတ်ကြာ သိမ်းထားသည်။ နိုင်ငံသားရပ်ကွက်များကိုမူ ကွန်မြူနစ်တိုက လက်ဖျားနှင့်မျှမထိ။ ကူမင်တန်နှင့် ကွန်မြူနစ်တို ကွဲကြပြီဟူသော ကောလဟဠများ ထွက်လာသည်။ သို့ရာတွင် ချန်တူရှူးက ထိုကောလဟဠများကို ငြင်းသည်။

          မတ်လတွင် ဝမ်ချိန်ဝေးသည် ရုရှားမှတဆင့် ပြင်သစ်ပြည်မှ ပြန်လာ သည်။ ရုရှားအာဏာပိုင်များနှင့် ဆွေးနွေးခဲ့ရသည်။ ချန်တူရှူးက ရှန်ဟဲသို့ သွားကာ ဝမ်ချိန်နှင့် တွေ့သည်။ ဧပြီလ ၆ ရက်နေ့တွင် “ဝမ်ချိန်နှင့် ပူးတွဲကြေညာချက်တရပ် ထုတ်ပြန်ကာ_ဝူဟန် ကူမင်တန် အစိုးရနှင့် တရုတ် - ကွန်မြူနစ်ပါတီတို့ “ညီညွတ်ရေး ပျက်ပြားမှုမရှိကြောင်း ထုတ်ဖော်ကြေညာ သည်။ ကုမင်တန်-ကွန်မြူနစ် ကွဲပြီဆိုသည့် ကောလဟဠများကို ပြစ်တင်ဝေဖန် သည်။ ဝမ်ချိန်ဝေးသည် ထိုနေ့မှာပင် ချန်ကေရှိတ်နှင့် တွေ့ဆုံသည်။ ဤသို့ဖြင့် ကူမင်တန်-ကွန်မြူနစ်ပြေလည်ရေး၊ ညီညွတ်ရေးကို အားထုတ်ကြပြန်သည်။ သို့ရာတွင် တက်ကြွသည့်အလုပ်သမားခေါင်းဆောင်များက ကူမင်တန်-ကွန်မြူ နစ် “ညီညွှတ်ရေး” ကို စိတ်ပျက်နေကြပြီ။

          ထိုအတောအတွင်း ချန်ကေရှိတ်၏လူများက ရှန်ဟဲက နိုင်ငံခြားသား များ၊ တရုတ်လက်ဝေခံ (ကွန်ပရာ) အရင်းရှင်များ၊ နိုင်ငံခြားဘဏ်တိုက်ရှင် - ကြီးများနှင့် ဆွေးနွေးလျက်ရှိသည်။ ၎င်းတို့က ချန်ကေရှိတ်ကို ငွေသားဒေါ်လာ ၅ သန်း လက်ဆောင်ပေးကြသည်။ဧပြီလ ဂရက်နေ့တွင် ချန်ကေရှိတ်သည် ၎င်း၏မိတ်ဆွေဟောင်းများဖြစ်သော လျှို့ဝှက်ဂိုဏ်းခေါင်းဆောင်များနှင့် တေ့ဆုံ သည်။ ထို့ နောက်နိုင်ငံခြား ကောင်စစ်ဝန်များနှင့် ဆွေးနွေးသည်။ နိုင်ငံခြား သား ရပ်ကွက်များမှ လက်နက်များကို ထရပ်ကားကြီးများနှင့် သယ်လာကာ လျှို့ဝှက်ဂိုဏ်းများသို့ ဝေငှသည်။ များလည်းထောက်ပံ့ သည်။ .

         ဧပြီလ ၁၂ ရက်နေ့၌ ကွန်မြူနစ်နှင့် ကူမင်တန်တို့ “ညီညွတ်ရေးနှင့် ချစ် ကြည်ရေးစိတ်ဓါတ်”အရ ဆွေးနွေးခဲ့ကြသည်ဟုဆိုသော်လည်း လက်နက်အပြည့် အစုံတပ်ဆင်ထားသည့် လျှို့ဝှက်ဂိုဏ်း လူမိုက်များက ကွန်မြူနစ်အလုပ်သမား သပိတ်တပ်သားများကို ဖမ်းဆီးသတ်ဖြတ်လိုက်ကြသည်။ ဧပြီလ ၁၄ ရက်နေ့တွင် မြို့ပြင်ဘက်၌စောင့်နေသည့် ချန်ကေရှိတ်၏တပ်များသည် မြို့ထဲသို့ဝင်လာကာ မသင်္ကာသူမှန်သမျှကို ပစ်သတ်ကြသည်။ အလုပ်သမား ထောင်ပေါင်းများစွာ ညှင်းဆဲသတ်ဖြတ်ခံကြသည်။နေ့စဉ်ထရပ်ကားကြီးများဖြင့် အလုပ်သမားများကို တင်ဆောင်သွားကာ ပစ်သတ်ကြသည်။ သို့ဖြင့် ၂ နှစ်လုံးလုံး စနေနေ့တိုင်း လူသတ်ပွဲကြီး ကျင်းပလျက်ရှိသည်။

          လွန်ခဲ့သည့်တပတ်ခန့်က ချန်ကေရှိတ်၏ညစာစားပွဲညှိတက်ခဲ့သည့် ချန်တူ ရှူးလည်း အဖမ်းခံရတော့မလို ဖြစ်ခဲ့သေးသည်။ ရှန်ဟဲတွင်ပုန်းနေပြီးမှ မိတ်ဆွေ တယောက်၏အကူအညီဖြင့် ရှန်ဟိပြင်သို့ထွက်လာနိုင်ခဲ့သည်။ ချူအင်လိုင်းမှာ ဆုငွေထုတ်ခံထားရပြီး ရှန်ဟဲလက်မတင်ကလေး လွတ်ထွက်လာကာ ကွန်မြူနစ် ပါတီ ပဉ္စပကွန်ဂရက်သို့တက်ရန် ဝူဟန်သို့ရောက်လာခဲ့သည်။

          ဧပြီလ ၁၃ ရက်နေ့တွင် ရန်ကင်းမြို့၌ ချန်ကေရှိတ်က အစိုးရအဖွဲ့တဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ ချန်ကေရှိတ်၏အစိုးရအဖွဲ့ကို တရုတ်ပြည်၏တခုတည်းသော တရားဝင်အစိုးရအဖြစ် အနောက်နိုင်ငံများက ချက်ချင်းအသိအမှတ်ပြုလိုက်ကြ သည်။ ယခုအချိန်၌ တရုတ်ပြည်တွင် ကူမင်တန်အစိုးရအဖွဲ့နှစ်ဖွဲ့ဖြစ်နေပြီ။ တခု က နန်ကင်းက ချန်ကေရှိတ်၏ အစိုးရဖြစ်၍ တခုက ဝူဟန်က ဝမ်ချိန်ဝေး၏ က နန်ကင်းက အစိုးရဖြစ်သည်။ ဟန်တန်အစိုးရသည် အကြပ်တွေ့နေအကြပ်တွေ့နေသည်။ နိုင်ငံခြား စစ်သားများက ဂူဟန်ကိုဝိုင်း၍ ပိတ်ဆို့ ထားကြသည်။ လုပ်ငန်းရှင်ကြီးများ နှင့် စစ်တပ်ထဲမှအချို့ ပုဂ္ဂိုလ်များက ချန်ကေရှိတ်ကို မျှော်နေကြသည်။

          ပီကင်းမြို့တွင်မူ ကွန်မြူနစ်နှင့် အလုပ်သမားသမဂ္ဂ ခေါင်းဆောင် ၆ဝ ကျော်တို့ အဖမ်းခံကြရသည်။ ၎င်းတို့အထဲတွင် လီတာချိုလည်းပ၍ ဧပြီလ ၁၇ ရက်နေ့တွင် လည်မျို ညှစ်၍အသတ်ခံခဲ့ရသည်။ ကွမ်ချောင်နှင့် ပီကင်းတွင် ဆိုဗီယက်သံရုံးများ အရှာခံရသည်။ ကွမ်ချောင်တွင် ရုရှားသံအရာရှိများနှင့် ၎င်းတို့၏ မိသားစုများ အသတ်ခံကြရသည်။ တရုတ်တပြည်လုံးတွင် လယ်သမား များ၊ အလုပ်သမားများကို မြေရှင်နှင့် စစ်ဘုရင်များက ရက်ရက်စက်စက်သတ် ဖြတ်ခဲ့ကြသည်။

          ထိုအခါ၌ ချန်တူသည် ကျားရှေ့တွင် မှောက်လျက်လဲသည့် ယုန်သူငယ်လို ဆတ်ဆတ်တုန်အောင် ကြောက်နေပြီ။ ချန်တူရှူးသည် ဘီ ပဉ္စမကွန်ဂရက်ကို ဧပြီလထဲ၌ ကျင်းပသည်။ ပါတီဝင်ပေါင်း ၅၇,၉ ၆၅အ တွက် ကိုယ်စားလည် ဂဝ တက်သည်။ ဝမ်ချိန်ဝေးက အထူးဧည့်သည်တော်အဖြစ် တက်သည်။ ထိုအချိန်တွင် ဝူဟန်ကူမင်တန်ကလည်း ၎င်း၏ စတုတ္ထကွန်ဂ ၂ ရက်ကို ကျင်းပရန်ပြင်နေသည်။

          ''တရုတ်ကွန်မြူနစ်ပါတီ၏ ပဉ္စ မကွန်ဂရက်သည် အညံ့ ခံကွန်ဂရက် ဖြစ်သည်။ ချန်တူက (ကူမင်တန်၏ခေါင်းဆောင်မှုအောက်တွင်) တော်လှန်ရေး | ကိုကျယ်ပြန့်အောင်လုပ်ရမည်ဟုဆိုသည်။ဟန်က“လက်ဝဲ” ကူမင်တန်နှင့်ပီကင်းဒီမိုကရက်တစ်တဦးဟု နာမည်ကြီးသော စစ်ဘုရင်ဖန်ယုဆိုင်းတို့ နှစ်ဦးပေါင်းကာ | ချန်ကေရှိတ်၏အန္တရာယ်ကို တားဆီးနိုင်လိမ့်မည်ဟု ချန်တူရှူး မျှော်လင့်သည်။

         “လက်ဝဲ” ကူမင်တန်အဖို့ ယခုအချိန်တွင် ရွေးစရာတလမ်းသာ ရှိတော့သည်။ | ယင်းမှာ “တရုတ်ပြည်ပေါင်းစည်းညီညွတ်ရေး ကြွေးကြော်သံဖြင့် စစ်ဘုရင်များကိုစုစည်းကာ ချန်ကေရှိတ်ကိုတိုက်ရန် ဖြစ်သည်။ သို့ရာတွင် စစ်ဘုရင်များ က ဝူဟန်ကဝမ်ချိန်ဝေးထက် အာဏာလည်းရှိ ငွေလည်းရှိသည့် ချန်ကေရှိတ်ကိုထောက်ခံကြသည်။ အချို့ကလည်း မကြာခဏ ဘုက်ပြောင်းကြသည်။““လက်ဝဲ” ကူမင်တန်တို့အားကိုးသော ပီကင်းစစ်ဘုရင်- ဖန်ယုဆိုင်းသည်လည်း ချန်ကေရှိတ် ဘက်သို့ကူ ကာ ကွန်မြူနစ်များနှင့် လမ်းခွဲရမည်ဟု 'ဝူဟန် ကူမင်တန် များကို တောင်းဆိုသည်။

          တရုတ်ကွန်မြူနစ်ပါတီ ပဉ္စမကွန်ဂရက်က “အစစအရာရာညီညွတ်ရေးကို ဦးစားပေးရမည်” ဟု ကြွေးကြော်သံ ထုတ်လိုက်သည်။ လယ်သမား များ၏ “အလွန်အကျ ဖြစ်မှုများအတွက် တာဝန်ရှိသူမှာ မော်စီတုန်း ဖြစ်သည်ဟု ဆုံးဖြတ်သည်။ ကိုပြစ်တင်ဝေဖန်ကာ ကွန်ဂရက်တွင် မဲပေးခွင့်ရုပ်သိမ်းလိုက် သည်။ အလုပ်သမားများကို လက်နက်ဖြုတ်ရန် မလုပ်နိုင်ရ ကောင်းလောဟု ချူအင်လိုင်းကိုလည်း ဝေဖန်သည်။ အလုပ်သမားများက ဆွပေးသောကြောင့် ချန်ကေရှိတ် လူသတ်ပွဲများ ပေါ်ပေါက်လာရခြင်း ဖြစ်သည်ဟုလည်း ကွန်ဂရက် က သုံးသပ်သည်။ .

          ` အလုပ်သမား လယ်သမားများအား ချန်ကေရှိတ်က ဖိနှိပ်နေခြင်းနှင့် ပတ်သက်၍မူ ကွန်ဂရက်က မည်သို့မျှ မပြော။ ကန့်ကွက်ခြင်းလည်းမပြု။ ရှုတ်ချ ခြင်းလည်းမပြု။ “ပဉ္စမကွန်ဂရက်၏လမ်းစဉ်သည် မြေယာတော်လှန်ရေးအရှိန်ကိုချခဲ့သည်။ မြေရှင်များ၊ စစ်ဝါဒီများ၊ ပဒေသရောင်များကို အလျော့ပေး ခဲ့သည်”ဟု ချူချူပိုင်က ပြောခဲ့သည်။ ““ပါတီဟာ ချန်တူရှူးရဲ့ဩာအောက်မှာဘဲ ရှိနေသေးတယ်ချန်ကေရှိတံ က တန်ပြန်တော်လှန်ရေးကိုစလုပ်ပြီး ရှန်ဟဲနဲ့နန်းကင်းမှာ ကွန်မြူနစ်ပါတီကိုစတင်တိုက်ခိုက်ပေမဲ့ ချန်တူးက ဝူဟန်ကကူမင်တန်တွေကို အလျော့ပေးတုန်း သက်သက် သဘောထားတုန်းဘဲ ရှိသေးတယ်”ဟု မော်က ပြောခဲ့သည်။

          မော်စီတုန်းက ကူမင်တန်ကိုဒူးထောက်သည့် ချန်တူ၏အညံ့ခံရေး လမ်းစဉ်ကို ဆန့်ကျင်သည်။ ချန်တူးက ကူမင်တန်တို့ကိုသိမ်းသွင်းရန်ကြိုးပမ်း သည်။ သို့ရာတွင် သူကြိုးပမ်းသည့်ကြားကပင် ကုမတန်ထဲက “လက်ဝဲ” ဆိုသူ များသည် ကွန်မြူနပ်ကိုဆန့်ကျင်သည်ထက် ဆန့်ကျင်လာကြသည်။ စကားအရာ တွင် ကွန်မြူနစ်ထက် “လက်ဝဲ” ကျသော်လည်း အလုပ်တွင်မူ ကွန့်မြူနစ် ဆန့်ကျင်ရေး ဖြစ်နေသည်။ လက်ဝဲမှလကျာသို့ ကူးသန်း လုပ်နေကြ သည်။

        “အဲဒီတုန်းက လယ်သမားလှုပ်ရှားမှုနဲ့ပတ်သက်တဲ့ပေါ်လစီကို ကျွန်တော် လုံးလုံးမကျေနပ်ဖူး။ တကယ်လို့ဒီတုန်းကတည်းကသာ လယ်သမားတွေကိုစည်း ရုံးမိခဲ့ရင်၊ လက်နက်တပ်ပေးခဲ့ပြီး လူတန်းစားတိုက်ပွဲကို တိုက်ခဲ့ရင် တရုတ်ပြည် တဝှမ်းမှာ ဆိုဗီယက်အာကာ ခပ်စောကတည်းက ထူထောင်ပြီးခဲ့မှာဘဲ။ ဒါပေမဲ့ ဒါကို ချန်တူရှူးက အပြင်းအထန် ကန့်ကွက်ခဲ့ကယ်” ဟု မော်စီတုန်း ကပြောခဲ့သည်။ "

          နောင်တွင် ချန်တူးက သူဤသိုလုပ်ရခြင်းမှာ ကွန်မြူနစ် အင်တာနေ ရှင်နယ်အဖွဲ့ချုပ်၏ ညွှန်ကြားချက်အရ ဖြစ်သည်ဟု ပြောခဲ့သည်။ သို့ရာတွင်ချန်တူ၏စကားကို အတည်ပြုပေးမည့် အထောက်အထား ရှာမတွေ။ ဤအထဲ တွင် မော်စကိုမှ ညွှန်ကြားချက်များကလည်း အရောက်နောက်ကျသည်။ တရုတ် ပြည်က အခြေအနေ အသေးစိတ်ကိုလည်း မော်စကိုက သိသည်မဟုတ်။ “ကွန်မြူ နစ်တယောက်ရဲ့တာဝန်က မှားနေတဲ့အမိန့်တွေကို မှားမှန်းသိရက်နဲ့လိုက်လုပ်ဖို့ မဟုတ်ဘူး။ ကိုယ့်ခေါင်းနဲ့ ကိုယ်ဆုံးဖြတ်ဘို ဖြစ်တယ်” ဟု မော်က ပြောခဲ့သည်။ မော်ကထိုပြဿနာကို သူ၏ဟူနန်လယ်သမား လှုပ်ရှားမှု စုံစမ်းရေးအစီ ရင်ခံစာ”တွင် အသေးစိတ်ဖော်ပြထားသည်။ ပြသနာက လူတန်းစားရပ်တည်မှု ပြသာနာဖြစ်သည်။ ရွေးချယ်မှုပြသနာဖြစ်သည်။ ရှုဒေါင့် ပြသနာဖြစ်သည်။ ချန်တူရှူးနှင့်သူ၏ဗဟိုကော်မီတီသည် အလုပ်သမားလယ်သမားတို့နှင့် ဆန့်ကျင် သည့်လမ်းကိုရွေးသွားခဲ့သည်။ ပစ္စည်းရှင်များ၊ ဓနရှင်များနှင့်စစ်ဘုရင်များနောက် သို့ လိုက်သွားခဲ့ကြသည်။ ဤသို့ဖြင့် ကိုယ့်ကိုယ်ကိုဖျက်ခဲ့ကြသည်။ " “ သစ္စာဖောက်မှု၊ သူရဲဘောကြောင်မှု၊ သတ်ဖြတ်မှုတိုလွှမ်းမိုးသည့်ကြောက် ဖွယ်ထိုနှစ်နွေရာသီ၌ ဘိုရိုဒင်သည် ဝူဟန်တွင်ထိုင်နေသည်။ ထိုစဉ်က တရုတ်ပြည် တွင် ပေါ်ပေါက်ခဲ့ရသည့် ရှုံးနိမ့်မှုများအတွက် တာဝန်ရှိသူမှာ ဘိုရိုဒင်နှင့် ချန်တူရှူးတို့ ဖြစ်သည်။ ဘိုရိုဒင်က “ကျွန်တော်မှားတယ်။ တရုတ်ဆော်လှန်ရေး အကြောင်းကို နားမလည်ခဲ့ဘူး... အမှားတွေအများကြီး ကျူးလွန်ခဲ့တယ်” ဟု ၁၉၃၉ ခုနှစ်က အနာလှုပ်စထရောင်းကို ပြောပြခဲ့သည်။

           တရုတ်ပြည်က တော်လှန်ရေးသည် ကွန်မြူနစ်တော်လှန်ရေး မဖြစ်နိုင်၊ အလုပ်သမားတော်လှန်ရေး မဖြစ်နိုင်၊ မြို့နေအလုပ်သမား လူတန်းစားကခေါင်း • ဆောင်၍ ဓနရှင်ပေါက်စ လူတန်းစားနှင့် မဟာမိတ်ဖွဲ့ထားသည့် လယ်သမားတော်လှန်ရေးဖြစ်ရမည်ဟု ဘိုဒင်မြင်ခဲ့ကြောင်း၊ အခြား ကွန်မြူနစ် များက လည်း မြင်ခဲ့ကြကြောင်းဖြင့် အင်နာလူဝီစထရောင်းက ဆက်ရေးသည်။ သို့ရာတွင် ဤသည်မှာ ခေါင်းထဲက သဘောတရားသာ ဖြစ်သည်။ ၁၉၂၆ ခုက စတာလင် တင်ခဲ့သည့်စစ်တမ်းဖြစ်သည်။ သို့ရာတွင် ထိုစစ်တမ်းကို ဘိုင်လက်တွေမလုပ်ခဲ့။ မော်တယောက်မှအပ အခြားမည်သူမျှ လည်း လက်တွေမလုပ်ခဲ့ကြ။ ပြောင်းပြန် သာ လုပ်ခဲ့ကြသည်။

           ဧပြီလကုန်၌ ဝူဟန်က “လက်ဝဲ” ကူမင်တန်တိုလာဘက်သို့ ယိမ်းသွား ကြပြီ။ ချန်တူးခေါင်းဆောင် သည့် ကွန်မြူနစ် ပါတီသည် ဝမ်ချိန်ကို “ အားထားခဲ့သည်။ သို့ရာတွင် ဝမ်ချိန်ဝေးသည်လည်း ချန်ကေရှိတ်လို အချောင် သမားမျှသာ ဖြစ်သည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)