Skip to product information
1 of 4

Other Websites

မြသန်းတင့် - ကြေးနီရောင်အချစ်နှင့်၀ထ္ထုတိုများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          ကြေးနီရောင် အချစ်ဝတ္ထုလှလှကလေးတစ်ပုဒ် သူ့ကို မြစ်ကြီးနားအဆန်ရထားပေါ်မှာ ကျွန်တော်တွေ့ခဲ့ခြင်း ဖြင်သည်ဖြစ် ကြီးနားအဆန်သည် ယန္တလေးဘူတာကြီးမှ သုံးနာရီတွင် ထွက်၏။ အထက်တန်း တွဲတွင် လူသိပ်မရှိလှအသက်ခြောက်ဆယ်ကျော်ခန့်ရှိသည့် ရုပ်ရည်သန့်ပြန့် | သည့် ကချင်အမျိုးသားကြီးတစ်ယောက်၊ (နောင်တွင် ထိုအမျိုးသားကြီးမှာ မင်းအုပ်ဆရာကြီးတစ်ဦးဖြစ်သည်ဟု သိရသည်။) အရာရှိပေါက်စလေးကျောင်းသားလားဟု ကျွန်တော် မခြားနိုင်သော အသက်သုံးဆယ်ကွင်း လူငယ် နှစ်ယောက် (သူတို့နှစ်ဦးမှာ ဆောက်လုပ်ရေးမှ အငယ်တန်းအင်ဂျင်နီယာများ ဖြစ်ကြောင်း နောင်တွင်သိသည်) စစ်ဗိုလ်ကလေးတစ်ယောက် (သူ့ကို ယူနီဖောင်းဝတ်ထားသဖြင့် စစ်ဗိုလ်မှန်း သီခြင်းဖြစ်သည်။) ညာစ လင်မယား ဖြစ်ဟန်တူသည့် လင်မယားစုံတွဲတစ်တွဲ (သူတို့ ကယုကယင် ချစ်တုံ့တင်နေ ကြပုံကို ကြည့်၍ ညားခါစလင်မယားဟု ပြောရခြင်း ဖြစ်သည်။) အသက် ငါးဆယ်ကျော်ခန့်ရှိ အရာရှိကြီးကတော်နှင့်ကူသူ တစ်ယောက်နှင့် ဆံပင်ကို အကြကောက်ကောက်ထားသည့် သူ့သမီးငယ်၊ (အရာရှိကတော်ဟုဆိုခြင်း မှာ သူ့အထင်အမြင်နှင့် သူ့စကားများအရ သိရခြင်းဖြစ်ပါသည်။ ထိုအမျိုးသမီး ကြီးသည် သူ့ယောက်ျားအရာရှိကြီး ဘယ်အလုပ်ကြိုးစားကြောင်း ညရှစ်နာရီ ကိုးနာရီထိုးမှ ရုံးဆင်းတတ်ကြောင်း ယခင်က သူတို့ အတွက် ရုံးကားနှစ် ရသော်လည်း ယခုမှ တစ်စင်းသာသဖြင့် လွန်စွာဒုက္ခရောက်လှကြောင်း ၊ စသည်သည် စကားများကြောင့်လည်း သူ့အမျိုးသားမှာ တော်သည် အရာရှိကြီးဖြစ်လိမ့်မည်ဟု ကျွန်တော်ယူဆလိုက်သည်၊ ထို့အပြင် ကုန်သည် နှင့်တူသူ လူရွယ်သုံးယောက်နှင့် ကျောင်းအုပ်ဆရာကြီးတစ်ယောက်တို့သာ ပါသည်။

         မန္တလေးမှ ထွက်လာတုန်းတော့ ကျွန်တော်တို့တွဲထဲတွင် လူသိပ်မများ | လှ ချောင်ချောင်ချိချိပင်။ ကျွန်တော်သည် အင်းဝတံတားကြီးနားသို့ ရထားရောက်သည့်အခါတွင် တောင်ဘက်တွင် လှမ်းမြင်ရသော နန်းမတော်မယ်နု အုတ်ကျောင်းကိုလည်းကောင်း၊ မြောက်ဘက်တွင် လှမ်းမြင်ရသော ရွှေကြက် ယက်နှင့် ရွှေကြက်ကျစေတီနှစ်ဆူကို လည်းကောင်း၊ စစ်ကိုင်းတောင်ရိုးပေါ် မှ နှင်းတောင်အသွေး ထိုးရောင်းနေသော စေတီပုထိုးများကို လည်းကောင်း ကြည့်လာခဲ့သည်။ အင်းဝတံတာကိုကျော်၍ စစ်ကိုင်းဘူတာသို့ပင်လျှင် ခရီးသည် အတက်အဆင်းရှိသည်။ အများအားဖြင့် တက်သူများဖြစ်သည်။ ကွန်သည် ရထားပြတင်မှ ခေါင်းပြုကာ တာင်းအောက်မှာ ဝပ်စင်းနေ သော စစ်ကိုင်းကို ငေးကြည့်နေသည်။

          ထိုစဉ် ကျွန်တော်တို့တွဲထဲသို့ လူငယ်နှစ်ယောက် သုံးယောက်နှင့် အမျိုးသမီးငယ်လေးငါးယောက်ခန့် တက်ကြ၏။ လူငယ်များမှာ ဂျင်းဘောင်း | ဘီနှင့် ဂျင်းဂျာကင်တို့ကို ပတ်ထားကြ၍ အမျိုးသမီးငယ်များမှာ ရှပ်အင်္ကျီလက်ရှည်ကို အပြင်ထုတ်ပြီး ဝက်ထားကြ၏။ သူတို့သားလုံးသည် ကျွန်တော် တို့ကွဲပါမှ နေရာလွတ်များတွင် ဝင်ထိုင်ကြသည်။ သူတို့တွင် ပါလာသည့် ပစ္စည်းများကလည်း မနည်းလှ။ တစ်ယောက်လျှင် ပလက်စတစ်ခြင်း၊ နှစ်လုံး သုံးလုံးခန်းကက်ဆက်ကို ပိုက်ထားသူကလည်း ပါသေသည်း သူတို့အားလုံး၏ အပြောအဆိုကို နားထောင်ခြင်းဖြင့် ကချင်အမျိုးသား၊ အမျိုးသမီးငယ်များ ဖြစ်ကြောင်း သိရသည်။

           အမျိုးသမီးငယ်များမှာ နှစ်ဆယ်ကျော် အစိတ်အတွင်းမှာသာ ရှိကြဦး မည်။ သို့ရာတွင် ဆံပင်တိုများနှင့်ဖြစ်၍ ကျွန်တော့်မျက်စိထဲတွင်မူ နှစ်ဆယ် ကျော် ရွယ်တူတွေည်း ဖြစ်နေသည် ။

           ရထားထွက်သည့်အခါတွင် သူတို့တစ်သိုက်တွင် သူတို့ပစ္စည်းများကို | နေရာချပြီး သူတို့အားလုံးသည် ရုပ်အချာကြီးမဟုတ်ကြသော်လည်း ငယ် နွယ်နုပျိုခြင်းကြောင့် သူတို့မျက်နှာများသည် ကြည့်ကောင်းနေကြတဲ့ သူတို့အထဲတွင် အရပ်မြင့်မြင့်၊ နှာတံပေါ်ပေါ်၊ မျက်လုံးမျက်ခုံးကောင်းကောင်းနှင့် | အမျိုးသမီးလေးကို ကျွန်တော် သတိထား၍ ကြည့်မိသည်၊ အသားမှာ မူလက ဖြူဝင်းခဲ့ပုံရသော်လည်း ယခုမူ နေလောင်သဖြင့် ကြေးနီရောင်ပေါက် နေလေပြီး သို့ရာတွင် သူ၏ကြေးနီရောင်းအလှူသည် တစ်မျိုးကြည့်ကောင်းနေ၏။ အသားအရေဂိုပြည်တရွှန်းလျက် ကောင်းကင်နှင့် မြေကြီးကြားက လွတ်သော် လဟာထဲတွင် ရှင်သန်ကြီးပြင်းခဲ့ရသော တောပန်ခရိုင်းတစ်ပွင့်နှင့် တူနေသည်။

           ကြေးနီရောင်အသည် သူတို့ထဲတွင် အကြီးဆုံးဖြစ်ဟန်တူသည်။ ရန်ကုန် မန္တလေး စသည့်မြို့သို့လည်း မကြာခဏ ရောက်ဖူးဟန်ရှိသည်။

           နေဝင်ရီတရောတွင် ရထားသည် ပ-ခက်တွင် ရပ်၏။ ကျွန်တော် သည် အိတ်ထဲတွင်ပါလာသည့် ဇွန်းနှင့်ခက်ရင်းကို ထုတ် ရေပုလင်အသင့် ပြင်ဟာ မန္တလေးမှ ပယ်ယူလာသည့် ဒံပေါက်ထုပ်ကို ဖြေ၍ စားသည်။ ပဒူ-ခက်ခမှ ထွက်လျှင် ကြေးနီရောင် အလှတို့တစ်သိုက်လည်း သူတို့တွင် | ပါလာသည့် ထမင်းထုပ်များကို ဖြေ၍ ကကြသည်။ ထိုမျှမက သူတို့အထဲတွင် ခြင်းတောင်းထဲတွင် ပါလာသည့် ဆီတို့ဟူး၊ မုန့်ညှင်းချဉ်သုပ် စသည်တို့ကိုလည်း ထုတ်၏။

          ““အစ်မ ဒီတစ်ခေါက် ဘယ်လောက်ကျန်သလဲ”” အမျိုးသမီးငယ်တစ်ယောက်က ကြေးနီရောင်အလှကို လှမ်းမေးသည်။ 

         သူတို့တစ်တွေ ဘာနင်း၍ ဝယ်လာသည်ကို ကျွန်တော် သိ။ စစ်ကိုင်းဘက်တွင် လည်းကောင်း မန္တလေးတွင် လည်းကောင်း အရောင်း အဝယ်ဖြစ်ခဲ့ကြပုံသည်။ သူတို့ရောင်းသည့် ကုန်ပစ္စည်သည် ကန့်သတ်ကုန် လာ၊ ကင်းလွတ်ကုန်လော ဆိုသည်ကိုလည်း ကျွန်တော် မသိနိုင်း

         “ဘာတွေ ဝယ်လာသလဲ”

         “သိပ်မဝယ်နိုင်ပါဘူးဟယ်။ ကလေးတွေဖို့ အကိုစကလေးကွေရယ် အမေ့ဖို့ အကီယိုးပေးမယ့် သိုးမွှေးနှစ်ပေါင်လောက်ရယ်”

        “ဟိုကက်ဆက်ကြီးလာရာ"

         အမျိုးသမီးငယ်က ထိုင်ခုံပေါ်တွင် တင်ထားသည့် နေရှင်နယ် | ကက်ဆက် ခပ်ငယ်ငယ်တစ်လုံးကို မေးပြသည်။

        “ ဒါက ပြန်ရောင်းပယ်လေး ဒီတစ်ခေါက်မှာ ဘာမှကိုက်တဲ့ကုန်ရှာ ( မတွေ့ဘူး တွေ့တော့လဲ ငါ့မှာပိုက်ဆံမလောက်ဘူး။ ဒါနဲ့ ကက်ဆက်ကလုံး' ဝယ်လာတယ်။ အနည်းဆုံး ခရီးစရိတ်ကလေးတော့ မှာပေါ့"

         “ကလေးတွေကို အပေနဲ့ထားခဲ့သလား”

         “ဟင့်အင်း အမေက တခြားမှာနေတယ်။ အိမ်မှာ သူတို့နဲ့ အဘိုးကြီး) ထားရစ်ခဲ့ရတယ်””

         ကြေးနီရောင်အလှ၏ မျက်နှာကလေးသည် ညိုးသွား၏။ ကျွန်တော် သည် သူ့မျက်နှာကလေးကို ကြည့်ရင်း စဉ်းစားနေသည်။ ကလေးတွေကို အိမ်မှာထားရစ်ခဲ့သည်ဆိုတော့ သူ့မှာ ခင်ပွန်းတို့ ဘာတို့ရှိမှာပဲ။ ခင်ပွန်းက ဘာလုပ်သလဲ။ ရုံးအမှုထမ်းလား ကုန်သည်လား ဒါမှမဟုတ် မုဆိုးမကလေး တစ်ယောက်လား၊ အဘိုးကြီးဆိုတာ အဖေလားဟု တွေးနေသည်။

         ရွှေဘိုကို ရထားဝင်လာသည့်အခါတွင် မှောင်စပျိုးနေလေပြီး အဝေး လယ်ကွင်းများသည် အမှောင်ထဲတွင် ကန္တာရကြီးများနှင့် တူနေသည်။ ရထား က ခပ်မှိန်မှိန်း ထားသည် ဘူတာတစ်ခုပြီးတစ်ခု လုပ်၏။ ရထားရပ်တိုင်း ရထားဘေးပလက်ဖောင်းမှ ဈေးသည်များ၏ အော်သံများကို ကြားနေရသည်။ ခဏကြာလျှင် ရထားသည် ဂျိမ့်ခနဲလုပ်ကာ ဒုန်းစိုင်းနေသော မြင်ကြီးတစ် ကောင်လို တာတောင် စိမ့်မြိုင်တွေထဲမှ ဇတ်ခုတ်လာသည်

          ကျွန်တော်သည် ရထားခုံပေါ်တွင် ထိုင်လျက် အိပ်ရန် ကြိုးစား၏။ သို့ရာတွင် မပျော်ပါ။ သူတို့တစ်တွေ လှုပ်ရှားသံ၊ သူတို့တစ်တွေ စကားပြောသံ၊ သူတို့တစ်တွေ ရယ်သံ၊ သူတို့တစ်တွေ ဂစ်တာတီးသံ၊ သီချင်းဆိုသံတို့ကို ကြားနေသည်။ ကချင်ဘာသာဖြင့် ဆိုနေသည်။ နားထောင်လို့ ကောင်းနေ သည်။ ထိုသီချင်းသံသည် ကျွန်တော်ကြားဖူးသော ကချင်ကျေးလက်သီချင်း ကို ပြန်လည်ဆန်းသစ်သော တေးတစ်ပုဒ်လားခေတ်ပေါ်တေးလား ဆိုသည် ကိုလည်း ကျွန်တော် မသိနိုင်။ ကျွန်တော် ကြားဖူးသော ကချင်ကျေးလက် သီချင်းမှာ အချစ်ဘွဲ့ဖြစ်သည်။

         မေခနှင့်မလိခမြစ်ဆုံမှ သောင်စပ်တွင် ရွှေမှုန်ကလေးတွေ ဝင်းနေကြ သည်။ထိုရွှေန်ကလေးများကို သူ ကျင်း၍ ရသည်။ ပင်မြင့်ယံတွင် ငွေရောင် သစ်ခွတွေ ဖွေးဖွေးလှုပ်အောင် ပွင့်နေကြသည်။ ထိုသစ်ခွပန်းကိုလည်း သူ ဆွတ် နိုင်သည်။ တောင်စောင်းတွင် တောင်ဆိတ်တစ် ပြေးနေသည်။ ထိုအပြေး မြန်သော တောင်ဆိတ်ကိုလည်း သူ ဖမ်းနိုင်သည်။ သို့ရာတွင် ရွှေမှုန်လိုင်း၍ သစ်ခွလို ငွေရောင်းကာ တောင်ဆိတ်လို့ အမြန်သော သူ့ချစ်သူကို မူ သူ မရနိုင်ဟု ကျေးလက်သီချင်းထဲတွင် လုလင်က ညည်းတွားသည်။

          ယခု သူတို့တီးနေသည့် ဂစ်တာသံနှင့် သူတို့ဆိုနေသည့် သီချင်းသံသည် အချင်ဘွဲ့လား အချစ်ဘွဲ့ဆိုလျှင် လွန်လေပြီးသောအခါက အချစ်ဘွဲ့ နှစ်ဆယ်ရာစုနှောင်းကာလ၏ အချစ်ဘွဲ့လော။ ဘယ်အချိန်က အချစ်ဘွဲ့ပဲ ဖြစ်ဖြစ်၊ အချစ်၏အသွေးအရောင်ပါလျှင် ဘ၀သည် စိုပြည်လှပမြဲပင်း။

          ကျွန်တော်သည် အချစ်ဝတ္ထုများဖြင့် နာမည်ကြီးလာသော စာရေးဆရာ တစ်ယောက်ဖြစ်၏။ ငယ်ငယ်တုန်းကလည်း အချစ်ဝတ္ထုတွေကို ရေးခဲ့သည်။ ယခု သက်လတ်ပိုင်းရောက်၍ သားတွေသမီးတွေ အရွယ်ရောက်လာသည့် အခါတွင်လည်း အချစ်ဝတ္ထုများကိုပင် ဦးမည်သာ ဖြစ်သည်။ လောကတွင် အချစ်လောက် သန့်ရှင်းသည့်အရား အချင်လောက် ဖြူစင်မြင့်မြတ်သည့်အရာ မဟု ကျွန်တော် ယုံသည်။ ဝေဖန်ရေးဆရာတွေက ကျွန်တော်ဝတ္ထုများကို ည်သို့ ဝေဖန်ကြသည်ဖြစ်စေ ကျွန်တော် ဂရုမထား။ ကျွန်တော်ငယ်စဉ်က ရေးဖွဲ့ခဲ့သည့် အချစ်ဝတ္ထုများကို ထိုစဉ်က ဆယ်ကျော်သက်များ ဖက်ခဲ့ကြ သည်။ သူတို့တစ်တွေ ကြီးပြင်းအရွယ်ရောက်၍ အချစ်ဝတ္ထုကို မဖတ်ကြသော် လည်း နောင်လာမည့်ဆယ်ကျော်သက်များက ကျွန်တော့်အချစ်ဝတ္ထုကို ဖတ်နေကြသေးသည်။ နောင်တွင်လည်း မျိုးဆက်သစ် လူငယ်များသည် ကျွန်တော် = အချစ်ဝတ္ထုများကို ဖတ်နေပေလိမ့်ဦးမည်။ ကောင်းကင်တွင် နေမင်းထွန်းလင်း ၍ လမင်းဝင်းပနေသမျှ အချစ်ရှိနေဦးမည်။ ဘဝရှိနေသေးသမျှ အချစ်သည် ရှိနေဦးမည်။ 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)