Skip to product information
1 of 2

Other Websites

မောင်သိန်းလွင် - ယုံချင်ယုံမယုံချင်နေ(၇)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

1799- A Grave Fear

George Washington was not afraid of dying, but he was afraid of being buried alive - a fear that was quite widespread before embalming became common practice. Less than an hour before he died on December 14, Washington told his secretary. "Do not let my body be put into the vault less than two days after I am dead."

၁၇၉၉ - ဂူသင်္ချိုင်းကို ကြောက်ရွံ့မှု

ဂျော့ဝါရှင်တန်ဟာ သေရမှာကို မကြောက်ဘူး ဒါပေမဲ့ မသေဘဲ အရှင်လတ်လတ် မြေမြှုပ်ခံရမှာကိုတော့ကြောက်တယ် ...

 အဲဒီစိုးရိမ်မှုကလည်း လူသေအလောင်း ကို မပုပ်သိုးအောင် ဆေးစီရင်တဲ့အလေ့အထ မတွင်ကျယ်ခင် ကတည်းက ဖြစ်ပေါ်ခဲ့တဲ့ အကြောက်တရားတစ်ခုပါ..။

ဂျော့ဝါရှင်တန်ဟာ ဒီဇင်ဘာလ(၁၄)ရက်နေ့မှာ ကွယ်လွန်အနိစ္စ ရောက်ခဲ့ပါတယ်။ သူမသေမီ တစ်နာရီလျော့လျော့လျော့ အလိုမှာ သူက သူ့ရဲ့ အတွင်းရေးမှူးကို မှာကြားတယ် “ငါသေပြီးတဲ့နောက် နှစ်ရက်နီးနီးလောက်ရှိတဲ့ အခါ ငါ့ရဲ့ ရုပ် အလောင်းကို (ဘုရားရှိခိုးကျောင်း၊ လူသေမြေ မြုပ်) မြေတိုက် ခန်းထဲသို့ မပို့ပါစေနဲ့”

 

1826-leaf

Heat -

John Adams (left) and Thomas Jefferson, the second and third presidents of

the United States, shared a friendly rivalry all their lives. Minutes before he died, John Adams sat up in his bed and whispered, "Jefferson survives," unaware that Jefferson, too, had died that same moming - July 4 - 50 years to the day after the signing of the Declaration of Independence!

၁၈၂၆ - ပြိုင်တူ ပန်းဝင်ခြင်း

ဂျွန်အဒမ် (ဖော်ပြထားသောပုံ)နဲ့၊ အမေရိကန် ပြည်ထောင်စု ဒုတိယမြောက်နဲ့ တတိယမြောက်သမ္မတကြီးသောမတ်စ် ဂျက်ဖာဆင်တို့ဟာ သူတို့ဘဝတစ်လျှောက်လုံး • ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင်နဲ့ ယှဉ်ပြိုင်ဘက်တွေဖြစ်တယ်။ မသေမီ မိနစ်ပိုင်းအလိုမှာ ဂျွန်အဒမ်ဟာ သူ့အိပ်ရာထက်မှာ ထထိုင် ပြီး တီးတိုးရေရွတ်ပြောဆိုလိုက်တယ်။ “ဂျက်ဖာဆင်ကတော့ အသက်ရှင်ကျန်ရစ်တာပေါ့လေ....”တဲ့။ အဲဒီနေ့မနက်မှာပဲ - ဂျက်ဖာဆင်လည်း ကွယ်လွန်သွားခဲ့ပြီဆိုတာ သူ မသိသွားရှာပါ ဘူး ဇူလိုင်လ ၄ရက်နေ့မှာပေါ့ ... လွတ်လပ်ရေး ကြေညာ စာတမ်းကြီးကို လက်မှတ်ထိုးခဲ့တဲ့နေ့.... နှစ် ၅၀ ပြည့်တဲ့ သေဆုံးသွားခဲ့တာပါ။

 

1841- Long and short ,

On March 4, William Henry Harrison took almost two hours to deliver his 8,445 word inaugural speech, the longest on record. It was a cold, nasty day, but Harrison wore no overcoat, hat, or gloves, and he caught-a severe cold that turned into pneumonia. He died exactly one month later, after having served the shortest presidential term on record.

၁၈၄၁ – မိန့်ခွန်းက ရှည်ရှည် သက်တမ်းကတိုတို

မတ်လ(၄)ရက်နေ့မှာ.. ဝီလျံ ဟင်နရီဟာရစ်ဆန် ဟာ စကားလုံးပေါင်း ၈၄၄၅ လုံးပါတဲ့ အဖွင့်မိန့်ခွန်းကြီးကို (၂နာရီနီးပါးကြာအောင် ပြောပါတယ်။ အစဉ်အလာ မှတ်တမ်း မှာတော့ အရှည်ဆုံးမိန့်ခွန်းပါပဲ။ အဲဒီနေ့က အလွန်တရာအေးစက်ပြီးမနှစ်မြို့ဖွယ် အန္တရာယ်ပေးနိုင်လောက်အောင် ရာသီ ဥတုဆိုးတဲ့ နေ့တစ်နေ့ပါပဲ။ ဒါပေမဲ့ ဟာရစ်ဆန်က အပေါ်ရုံ ကုတ်အင်္ကျီရှည် ဦးထုပ် လက်အိတ်တွေ ဝတ်မထားဘူး။ ဒီတော့ သူ့အနေနဲ့ အပြင်းအထန် အအေးမိတော့တာပါပဲ။ အဲဒီတော့ အဆုတ်ရောင်ရောဂါအဖြစ် ပြောင်းလဲသွားတယ်။ သမ္မတအဖြစ် တာဝန်ကိုထမ်းဆောင်ပြီးလို့ တစ်လတိတိ ကြာတဲ့အခါမှာ အနိစ္စရောက်ခဲ့ပါတယ် သမိုင်းမော်ကွန်းမှာ  အတိုတောင်းဆုံး သမ္မတသက်တမ်းပါပဲ။

 

1945- ......

Known as a champion of the common mas, Andrew Jackson died on June 8 from here fail ure. His pet parrot was allowed to stond the fwneral but had to be removed because it wouldn't stop cursing!

၁၉၄၅ - ကြမ်းလိုက်တဲ့နှုတ်

: သာမန်လူတန်းစားတွေတတ်မှက်တည်တာတွယ် သူလို့ လူသိများကျော်ကြားတဲ့ အင်ဒရူး ဂျက်တ်ဆင်ဟာ ဇွန်လ(၈)ရက်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်အနိစ္စရောက်ခဲ့ပါ တယ်။

သူ့ရဲ့အချစ်တော် အိမ်မွေးတိရိစ္ဆာန်  ကြက်တူရွေးလေး ကို အသုဘ အခမ်းအနားသို့တက်ရောက်ခွင့်ပြု့ခဲ့တယ် ။

ဒါပေမယ့် အဲဒီကြက်တူရွေးက အဆက်မပြတ် ကျိန်ဆဲနေတာကို မရပ်တဲ့ အတွက် အခမ်းအနားကနေ ဖယ်ရှားခဲ့ပါတယ် ။

 

1848-Outsized

The coffin chosen for John Quincy Adams was so big that it would not fit into the vault. So his funeral had to be stopped for stonemasons to make the vault wider.

၁၈၄၈ - သာမန်ထက်ပိုကြီးသော ခေါင်း

ဂျွန်ကွင်စီ အဒမီ သေဆုံးတဲ့အခါ သူ့အတွက် ရွေး ချယ်ထားတဲ့ခေါင်းဟာ သိပ်ကြီးနေတဲ့အတွက်၊ သင်္ချိုင်းဂူနဲ့ မဆန့်ဘူးဖြစ်နေပါတယ်။ ဒါကြောင့် ပန်းရန်ဆရာတွေ သူ့ရဲ့သင်္ချိုင်းဂူကို ပြန်ချဲ့ဖို့အတွက် သူ့ရဲ့အသုဘအခမ်းအနားကို ရပ်တန့်ထားရပါတယ်။

1850 - Rumor Had It

Zachary Taylor was the second president to die in office, but he is the only president to have been exhumed. Rumors that he was poisoned persisted until he was dug up in 1991 and tests proved the theories were false. The real cause of death, however, remains unknown.

၁၈၅၀ = ကောလာဟလ

ဇက်ခံရီ တေလာဟာ တာဝန်ထမ်းဆောင်ရင်း ရုံးခန်း ထဲမှာသေတဲ့ ဒုတိယမြောက်သမ္မတ ဖြစ်ပါတယ်။ ဒါပေမဲ့.. . သူဟာ စစ်ဆေးရန်အတွက် အလောင်းပြန်ဖော်ခြင်းခံရတဲ့တစ်ဦးတည်းသော သမ္မတဖြစ်ပါတယ်။

 သူ့ကို အဆိပ်ခတ် လုပ်ကြံ ကြတယ်လို့ ကောလာဟလတွေ ဖြစ်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ် မှာ သူနဲ့ရုပ်အလောင်းကို ပြန်လည်တူးဖော်ကြည့်ခင် အချိန်အထိ ပြီးတော့ စမ်းသပ်စစ်ဆေးမှုတွေက အဲဒီအယူအဆ၊ အထင်အမြင်တွေမှားတယ်လို့ သက်သေမပြနိုင်မချင်း သက်သေမပြနိုင်ခင် အထိ၊ အဲဒီထင်မြင်ယူဆချက်တွေဟာ ဆက်လက်တည်ရှိခဲ့ ပါတယ်။ ဒါပေမဲ့ သေရတဲ့တကယ့် အကြောင်းရင်းကိုတော့ ယခုထိ မသိရသေးပါဘူး။

 

1865- Train of Death

Abraham Lincoln's funeral train passed terwegh more than 400 towns and cities on its 20 day journey from Washington, D.C to Springfield,

himois, a distance of 1,654 miles. Along the way, at least a dozen fuerals were held for the assassimated president

၁၈၆၅ - အသုဘ ရထား

အေဘရာဟင် လင်ကွန်းရဲ့ ရုပ်အလောင်းကို တင်ထားတဲ့ အသုဘရထားဟာ မြို့တွေ မြို့ကြီးတွေ ၄၀၀ ကျော်ကို ဖြတ်သန်းခုပ်မောင်း ခဲ့ပါတယ်။

 ဝါရှင်တန်ဒီစီကနေ အီလီနွိုက်စ် ပြည်နယ် စပရင်းဖီးသို့ ပို့ဆောင်တဲ့ ၁၆၅၄ မိုင် ကွာပြီး ရက်ပေါင်း ၂၀ ကြာတဲ့ ခရီးစဉ်တုန်းကပေါ့။

 လမ်းတစ် လျှောက်မှာ လုပ်ကြံခံခဲ့ရတဲ့ သမ္မတကြီးအတွက် စျာပန အခမ်းအနားကို အနည်းဆုံး (၁၂) ကြိမ်လောက် ကျင်းပခဲ့ပါတယ်။

 

1881-Bad Medicine

On July 2, James Garfield was shot, but he died because of medical incompetence. Sixteen doctors poked around in his body, trying unsuccessfully to find the bullet, without having washed their hands or sterilized their instruments. On September 19, Garfield, his heart probably weakened by more than two months of infection, died of a heart attack

၁၈၈၁ - ဆိုးလိုက်တဲ့ ဆေး

ဇူလိုင်လ ၂ ရက်နေ့က ဂျိမ်းစ်ဂါဖီး ဟာ သေနတ် နဲ့ ပစ်ခြင်းခံရပါတယ်။ ဒါပေမဲ့ သူသေရတာကတော့ ဆေးဝါး ညံ့ဖျင်းမှုအတွက်ကြောင့် ဖြစ်ပါတယ် ဆရာဝန် ၆ ယောက် က သူ့ရဲ့ ခန္ဓာကိုယ်ကို ဟိုလှန် ဒီလှန်၊ ဟိုကြည့် ဒီကြည့်နဲ့ စမ်းသပ်ရှာဖွေတယ်။ ကျည်ဆံကို မအောင်မမြင်ကြိုးစားရှာဖွေ ရင်းနဲ့ ဟိုရှာ ဒီရှာ လုပ်ကြတာပါ။ အဲဒီလိုရှာတဲ့အခါ သူတို့ ရဲ့လက်တွေကို မဆေးကြောဘူး။ သူတို့ရဲ့ ပစ္စည်းကိရိယာတေ ကို ပိုးသတ်ကြဘူး။ ရောဂါရပြီးလို့ ၂ လကျော်ကျော်လာ လာတဲ့အခါ ဂါဖီရဲ့ နှလုံးက အားနည်းလာပါတယ် စက်တင်ဘာ လ ၁၉ရက်နေ့မှာတော့ နှလုံးဖောက်ပြန်ပြီး သေရပါတယ်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)