Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်) - Academic Writing

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out
Type

Writing Paragraphs

စာပိုဒ်များ ရေးသားနည်း

နိုင်ငံတကာမှာ ပညာဆည်းပူးဖို့ သွားရောက်ကြတဲ့သူတွေ၊ နိုင်ငံတကာက ကောလိပ်၊ သိပ္ပံတက္ကသိုလ်မှာ စာသွားသင်ရမယ့် သူတွေ၊ ပညာတော်သင် ရွေးချယ်ခံရပြီး ဒီပလိုမာ၊ မာစတာ၊ Ph.D ယူမယ့်သူတွေအားလုံးဟာ Academic Writing ကို စနစ်တကျ နည်းလမ်းမှန်မှန် ရေးတတ်ဖို့ တင်ပြချင်တဲ့ စေတနာရည်ရွယ်ချက် နဲ့ ဒီဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါတယ်။

TOEFL, GMAT, SAT, GRE & IELTS ဖြေဆိုမယ့်ကျောင်းသားတွေအတွက်လည်း Test of Written English (TWE) အပြင် သက်ဆိုင်ရာ မေးခွန်းတွေအလိုက် ဖြေဆိုတတ်ဖို့ Academic Writingကို စနစ်တကျလေ့လာဖို့ အရေးကြီးလှပါတယ်။

များသောအားဖြင့် Essay တွေကို စကားလုံး 250 မှ 300 ကြား မေးလေ့ရှိပြီး မိနစ် ၃၀ နဲ့ အပြီးဖြေဆိုရမှာ ဖြစ်ပါတယ်။ သည့်အတွက် အများဆုံး မေးနေကျ Essay တွေကတော့ အောက်ပါတို့ပဲ ဖြစ်ပါတယ်။

(A) Express and support an opinion

ထင်မြင်ချက်တစ်ခုကို ဖော်ပြထောက်ခံရေးသားခြင်း

(B) Choose and defend a point of view

အမြင်တစ်မျိုးကို ရွေးချယ်ခုခံရေးသားခြင်း

(C) Compare and contrast a topic

အကြောင်းအရာတစ်ခုကို နှိုင်းယှဉ်ခြင်းနဲ့ ဆန့်ကျင်ရေးသားခြင်း

(D) Present an argument

ငြင်းခုံဆွေးနွေးမှုတစ်ရပ်ကို တင်ပြခြင်း

(E) Persuade an audience

ပရိသတ်တစ်ဦးကို တိုက်တွန်းခြင်း

Essay မေးခွန်းတွေအတွက် အဖြေက တစ်ခုတည်းမရှိပါ ဘူး။ လူတစ်ဦးနဲ့တစ်ဦး ကွဲပြားနိုင်ပါတယ်။ တင်ပြပုံနဲ့ စိတ်ကူး ပေါ်မူတည်ပြီး အမှတ်ပေးဆုံးဖြတ်လေ့ရှိပါတယ်။ အဓိကကတော့ ဖြေဆိုသူရဲ့ အိုင်ဒီယာတွေကို ဘယ်လိုစုစုစည်းစည်း ရေးသားနိုင် သလဲဆိုတာပါပဲ။

Writing Paragraphs (စာပိုဒ်များ ရေးသားနည်း)

တကယ်တော့ Essay ဆိုတာ paragraph တွေနဲ့ ဖွဲ့စည်း ထားပါ။ Paragraph နဲ့ Structure ကို မထမဉီးဆုံးလေ့လာရမယ်။ ပြီးတော့မှ Essay ရဲ့ Form နဲ့ Structure ကို လေ့လာရင် Academic Writingဆိုင်ရာ မေးခွန်းတွေ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

Organizing

A paragraph is a basic unit of organization for writing a group of sentences that develop one main idea.

စာပိုဒ်တစ်ပိုဒ်ဆိုတာ အဓိကအိုင်ဒီယာတစ်ခု ဖွံ့ဖြိုးစေတဲ့ ဝါကျအုပ်စုတစ်ခု ရေးသားခြင်းအတွက် စုစည်းထားတဲ့ အခြေခံ ယူနစ်တစ်ခု ဖြစ်ပါတယ်။

There are three parts to a paragraph.

  1. A topic sentence (အ ကြောင်းအရာပြဝါကျ)
  2. Supporting sentence (sagoosobsan bolmap:)
  3. A concluding sentence (အဆုံးသတ်ဝါကျ)

The Topic Sentence (အ ကြောင်းအရာပြဝါကျ)

The topic sentence is the most important sentence in the paragraph. It is the main idea of the paragraph. The topic sentence controls and limits the ideas that can be discussed in a paragraph.

အကြောင်းအရာပြဝါကျဆိုတာ စာပိုဒ်ရဲ့ အရေးအကြီးဆုံး ဝါကျဖြစ်ပါတယ်။ ဒီဝါကျဟာ စာပိုဒ်ရဲ့ အဓိက အိုင်ဒီယာစိတ်ကူး ဖြစ်ပါတယ်။ အကြောင်းအရာပြဝါကျဟာ စာပိုဒ်တစ်ပိုဒ်မှာ ဆွေး နွေးနိုင်တဲ့ အိုင်ဒီယာတွေကို ထိန်းချုပ်ပြီး ကန့်သတ်ထားပါတယ်။

Parts of the topic sentence

The topic sentence has two parts: the topic and the controlling idea. The topic is the subject of the paragraph.

Topic sentence မှာ အစိတ်အပိုင်း နှစ်ခုပါရှိပါတယ်။ တစ်ခု ကတော့ အကြောင်းအရာဖြစ်ပြီး နောက်တစ်ခုကတော့ ထိန်းချုပ် ထားတဲ့ အိုင်ဒီယာဖြစ်ပါတယ်။ Topic ကတော့ စာပိုဒ်ရဲ့ အကြောင်း အရာပဲဖြစ်ပါတယ်။

e.g(1) The color yellow is the color of mental activity. အဝါရောင်ဟာ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု အရောင်ဖြစ် တယ်။

ဒီဝါကျမှာ Topic က The color yellow ဖြစ်ပါတယ်။

Controlling idea က mental activity ဖြစ်တယ်။

e.g(2) Brown is the color of material security.

အညိုရောင်ဟာ ရုပ်ဝတ္ထုပစ္စည်း လုံခြုံမှုဆိုင်ရာ အရောင်ဖြစ် တယ်။

Brown = Topics

material security = Controlling idea

e.g(3) Brown shows a desire of stability.

အညိုရောင်ဟာ တည်ငြိမ်မှုရဲ့ လိုအင်ဆန္ဒတစ်ခုကိုပြတယ်။

Brown= Topic Controlling idea = a desire of stability

A topic can have more than one controlling idea. You could write one paragraph about the color brown indicating material security and another on the desire for stability.

Academic Writing

Topic တစ်ခုမှာ controlling idea တစ်ခုထက်မက ပိုနိုင်တယ်။ သင့်အနေနဲ့ Colour brown နဲ့ပတ်သက်လို့ material security &. desire for stability အကြောင်း စာပိုဒ်တစ်ပုဒ်စီ ရေးနိုင်ပါတယ်။

e.g(4) People give many reasons for owning a car.

အထက်ပါ ဝါကျဟာ Topic sentence ဖြစ်တယ်။ ဒီဝါကျမှာ Topic က owning a car (ကားတစ်စီး ပိုင်ဆိုင်မှု) ဖြစ်ပြီး Controlling idea က reasons (အ ကြောင်းရင်းများ) ဖြစ်ပါတယ်။ ဒီတော့ စာပိုဒ်မှာပါရှိတဲ့ Supporting ideas (အထောက်အကူပြု အိုင်ဒီယာ)တွေဟာ "reasons for owning a car" ဖြစ်သင့်ပါတယ်။

Controlling idea ကိုဖော်ပြဖို့အတွက် Topic sentence မှာ အသုံးပြုနိုင်ဖို့ အောက်ပါ Phrases တွေကို အသုံးပြုနိုင်ပါတယ်။

  1. the reasons for အကြောင်းပြချက်များ:
  2. the causes of (the effects of) အကြောင်းနဲ့အကျိုးများ:
  3. the steps for (the procedure for) အဆင့်များ (လုပ်ငန်းစဉ်)
  4. the advantages of (the disadvantages of) အားသာချက်များ အားနည်းချက်များ
  5. The ways to (the methods of) နည်းလမ်းများ:
  6. the different sections (parts, kinds, types) of ကွဲပြားခြားနားတဲ့ကဏ္ဍများ (အစိတ်အပိုင်းများ အမျိုးအစားများပုံစံများ)
  7. the characteristics (traits, qualities) of အသွင်အပြင်