Skip to product information
1 of 2

Other Websites

မောင်ပေါ်ထွန်း - မိုးသက်လေနှင်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း ( ၁ )

ခရစ္စမတ်ပွဲတော် အကြိုညတွင် နယူးယောက်တစ်မြို့လုံးကို တောက်ပသောအရောင် အသွေးမျိုးစုံနှင့် ဆီးနှင်းများဖြင့် ဖုံးလွှမ်းထားသည်။ ဗဟိုပန်းခြံကြီးထဲသို့ ပြတင်းပေါက်မှ လှမ်း၍ကြည့်လိုက်လျှင် ဆီးနှင်းများ တဖွဲဖွဲကျကာ မြင်ကွင်း တစ်ခုလုံး က အဖြူရောင် ကမ္ဗလာကြီး ခြုံလွမ်းထားသလို ထင်မှတ်ရသည်။ အရာခပ်သိမ်းတို့ တည်ငြိမ်သက် နေကြသည်။ တိတ်ဆိတ်နေကြသည်။

သို့သော် လမ်းမကြီးများဘက်သို့ လှမ်းကြည့်လိုက်သောအခါတွင်ကား မြင်ကွင်းမှာ တစ်မျိုးပြောင်းလဲသွားသည်။ လမ်းမများပေါ်တွင် အသံဗလံများ ဆူညံနေသည်။ ကားဟွန်းသံတွေ အဆက်မပြတ် ပေါ်ထွက်နေသည်။ လူတွေအော်ဟစ်မြူးတူးနေကြသည်။ ဖိနပ်သံများ တဒေါက်ဒေါက် ကြားနေရသည်၊ အရာခပ်သိမ်းတို့သည် လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ မြူးရွှင်တက်ကြွနေကြသည်။ ။

လမ်းကြီးလမ်းငယ် အသွယ်သွယ်တွင် လမ်းသွားလမ်းလာများဖြင့် ရှုပ်ယှက်ခတ် နေကြသည်။ ခရစ္စမတ်လက်ဆောင်ပစ္စည်းများ တစ်ပွေ့ကြီးပိုက်ကာ မိမိတို့အိမ်များဆီသို့ရေးကြီးသုတ်ပြာ လျှောက်သွားနေကြသည်။ လမ်းမများတွင် ခရစ္စမတ်သီချင်းသံများ၊ အော်ဟစ်မြူးထူးသံများနှင့် ရယ်မောသံများဖြင့်မိုးမွန်နေသည်။

ခရစ္စမတ်ဘိုးဘိုးများမှာ အအေးဒဏ်ကို လုံးဝဂရုမစိုက်ဘဲ အရက်ကလေး ခပ်ထွေထွေ မျက်နှာနီရဲရဲဖြင့် ခရစ္စမတ်ပွဲတော်ကို ပျော်ပျော်ကြီး ဆင်နွှဲနေကြသည်။ အမျိုးသမီးများက သားငယ်သမီးငယ်များ၏ လက်များကို တင်းတင်းဆုပ်ကိုင်ကာဆီးနှင်းပြင်ပေါ်တွင် သတိနှင့် လျှောက်သွားနေကြသည်း သူတို့အားလုံး အလွန်ပျော်ရွှင်နေကြသည်။ မျက်နှာတွင် အပြုံးပန်းတွေ ဝေနေကြသည်။ ဤနေ့ဤရက်တွင် သူတို့ အားလုံး တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကာ စိတ်ဓာတ်တွေ အလွန်တက်ကြွနေကြသည် ခရစ္စမတ်မှာ ပျော်ရွှင်ပါစေ.. ၊ နှစ်သစ်ကူးမှာ ရွှင်မြူးပါစေ ..။ တိုက်ခန်း တံခါးစောင့်များမှာ ခရစ္စမတ် ဘောက်ဆူးတွေ ရ၍ ဝမ်းသာအားရဖြင့် လမ်းသွားလမ်းလာများအား လက်တွေ ဝှေ့ယမ်းကာ နှုတ်ဆက်နေကြသည်။

ခရစ္စမတ် အကြိုညသည် အားလုံးအဖို့ အပျော်ဆုံးညဖြစ်သည်။ ကလေးတွေ အဖို့ လပေါင်းများစွာ စောင့်မျှော်ခဲ့ရသော ညဖြစ်သည်။ လူကြီးတွေအဖို့ ဝေးလံသော ကလေးဘဝနှင့် အတိဘ်ကာလမှ မေ့နေသော ပျော်စရာဖြစ်ရပ်များကို ပြန်လည်သတိရသော ညဖြစ်သည်။ ဤနေ့ ဤရက်ကား လူတိုင်း လူတိုင်းအဖို့ အတိတ်ကာလကို ပြန်ပြောင်း သုတိရသောနေ့၊ မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာသောနေ့၊ တစ်ဦးနှင့်တစ်ဦး မေတ္တာ စေတနာ ပွားများရသော နေ့ထူးနေ့မြတ်ကြီးပင် ဖြစ်တော့သည်။

ညဉ့် အတန်နက်ခဲ့ပြီ။ ဆီးနှင်းများကား တဖွဲဖွဲကျနေဆဲ။ သို့ သော် လမ်း များပေါ်တွင် ကားသွားကားလာကတော့ တဖြည်းဖြည်းနှင့်ပါးသွားခဲ့ပြီ။ ညဉ့်နက် လာသည်နှင့်အမျှ အအေးဒဏ်ကလည်း အရိုးကွဲလုမတတ် ပြင်းထန်လာသည် သတ္တိကောင်းသူ တစ်ယောက်တလေကတော့ ဆီးနှင်းဖုံး လမ်းမများပေါ်တွင် စွန့်စွန့်စားစား လျှောက်သွားနေဆဲပင်။ ခြောက်လက်မခန့်ထူသော ဆီးနှင်းလွှာအောက်မှ ရေခဲပြင်တွင် လျှောက်ရသည်မှာ အလွန် ခက်ခဲပြီး အန္တရာယ်များလှသည်။

ည ဆယ့်တစ်နာရီလောက်ကျတော့ ကားသွားကားလာတွေ လုံးဝ ရပ်စဲသွား ကြသည်။ နယူးယောက်မြို့တစ်မြို့လုံး သိသိသာသာ တိတ်ဆိတ်သွားသည်။ တစ်ခါ တစ်ခါမှသာလျှင် အဝေးဆီမှ ကားဟွန်းသံနှင့် အငှားကားအော်ခေါ်သံများကို ကြားရ သည်။

ထိုအချိန်တွင် အရှေ့ပိုင်း ၆၉လမ်း၊ တိုက်အမှတ် ၁၂၌ ပြုလုပ်သော ခရစ္စမတ် ပါတီပွဲမှ တစ်ဒါဇင်ခန့်မျှသော ဧည့်သည်တွေ ပြန်လည်ထွက်ခွာစ ပြုနေကြပြီး သူတို့ သည် ရယ်ကာမောကာ သီချင်းဆိုကာဖြင့် အလွန်ပျော်ရွှင်နေကြသည်။ ခရစ္စမတ် သစ်ပင်ကြီးဘေးတွင် ဝိုင်းဝိုင်းလည်ကာ ရှန်ပိန်အရက်တွေ ဝိုင်အရက်တွေ တစ်ခွက်ပြီးတစ်ခွက် သောက်ကြသည်။ ဧည့်သည်တွေ အပြန်တွင် အိမ်ရှင်လင်မယားက ရေမွှေးပုလင်း ချော့ကလက်ထုပ်၊ လည်စည်းပုဝါနှင့် စာအုပ်စသည့် အမှတ်တရ လက်ဆောင်တွေပေးသည်။ အိမ်ရှင် အမျိုးသားသည် နယူးယောက်တိုင်း သတင်းစာကြီး စာအုပ်ဝေဖန်သူ လုပ်ခဲ့ဖူးသည်။ အိမ်ရှင်အမျိုးသမီးကတော့ နာမည်ကျော် စာရေး ဆရာမ ဖြစ်သည်။ ပါတီပွဲလာ ပရိသတ်များတွင် စာပေပညာရှင်များ စာရေးဆရာများ၊

ရုပ်ရှင် မင်းသား မင်းသမီးများ၊ အဆိုကျော်များ စသည်ဖြင့် ထင်ရှားကျော်ကြားသောလူပ္ပုဂိုလ်ပေါင်းစုံ ပါဝင်သည်။ အရက်ခွက်တွေ၊ အမြည်းပွဲတွေ တစ်ခွက်ပြီး တစ်ခွက်တစ်ပွဲပြီးတစ်ပွဲကုန်သွားကြသည်။ စားပွဲထိုးမှူးတစ်ယောက်နှင့် စားပွဲထိုးမယ် နှစ်ယောက်တို့လက်မလည်နိုင်အောင် အလုပ်များနေကြသည်။ ဤဧည့်ခံပွဲကို နှစ်စဉ်အမြဲတမ်းကျင်းပသည်။ ဧည့်သည်များနံနက် သုံးနာရီ လေးနာရီအထိ စားသောက်ပျော်မြူး ကြမည်ဖြစ်သည်။

ညဆယ့်နှစ်နာရီထိုးခါနီးတော့ ဧည့်သည်တချို့ပြန်ဖို့ လုပ်ကြသည်။ ဒီအထဲတွင် ရွှေဝါရောင်ဆံပင်နှင့် အမျိုးသမီးတစ်ယောက်လည်းပါသည်။ သူသည်ဦးထုပ်ကိုဆောင်းကာ သားမွေးအကျီရှည်ကြီးကို ဝတ်ထားသည်။ သူ၏ သေးသွယ်သွယ် ကိုယ်လုံးကလေးမှာ သားမွေးကုတ်အင်္ကျီရှည်ကြီးထဲ မြုပ်နေ ၏ အချမ်းလုံအောင် ကော်လာကို ထောင်ထားသောကြောင့် မျက်နှာတစ်ဝက်ဖုံးနေသည်။ သူသည် အိမ်ရှင် ဇနီးမောင်နှံနှင့် မိတ်ဆွေများအား နှုတ်ဆက်ကာ အိမ်သို့ လမ်းလျှောက်ပြန်ခဲ့သည်။ သူက တခြားအဖော်များနှင့် အငှားကားအတူစီး၍ မပြန်ချင်သည်နေ့တစ်နေလုံး လူတွေနှင့်ရောနှောပြီး အကြာကြီး နေခဲ့ပြီးပြီး ယခုအချိန်တွင် ဘယ်သူနှင့်မျှ မတွေ့ချင်တော့ တစ်ယောက်တည်းသာ နေချင်သည်။ နှစ်စဉ် ဖရစ္စမတ်အကြို ညရောက်တိုင်း သူစိတ်မကောင်းဖြစ်ခဲ့ရသည်။ ထို့ကြောင့်လည်း လွန်ခဲ့ ခရစ္စမတ်ပါတီပွဲများကို လုံးဝမတက်ဘဲ အိမ်ထဲတွင်သာ တစ်ယောက်တည်း နေခဲ့သည်ချည်း ဖြစ်သည်။ သို့သော် ယခုနှစ် ယခုည ခရစ္စမတ်ပါတီပွဲကိုတော့တမင်တကာ တက်ဖြစ်အောင် တက်ခဲ့သည်။ သူသည် လူတွေနှင့် အဆက်ပြတ်နေခဲ့ သည်မှာ ကြာပြီ။ ယခုတော့ သူ လူတောသူတောထဲ ပြန်ဝင်ချင်သည်။ ခဏကလေး ဖြစ်ဖြစ်လူတွေနှင့် တွေ့ချင်စိတ် ဖြစ်ပေါ်လာသည်။ နှစ်ပေါင်းများစွာ အိမ်တွင်းအောင်း

နေခဲ့ရာမှ ယခုကဲ့သို့ အပြင်ထွက်လာသောအခါ အသိမိတ်ဆွေတွေက အံ့သြနေကြသည်။ သူ့ကိုပြန်တွေ့ ရလို့ ဝမ်းလည်းသာကြသည်။

“အခုလို ပြန်တွေ့ရကာ အများကြီး ဝမ်းသာပါတယ် ဒက်ဖနီ၊ ဒက်ဖနီပြန်လာပြီလို့ဆိုရမှာပေါ့ ဟုတ်လား၊ ဒါနဲ့ အခု ဘာစာအုပ်ရေးသလဲ”

“နောက်တစ်အုပ်၊ စရုံကလေးပဲ ရှိပါသေးတယ်”

အပြာရောင် သူ့မျက်လုံးဝိုင်းကြီးတွေက တည်ငြိမ်ပြီး ကျက်သရေ ရှိလှ သည်။ မျက်နှာအမူအရာကလည်း ကြည်စင်သိမ်မွေ့လှသဖြင့် အသက်ကိုပင် မခန့်မှန်း တတ်အောင်ဖြစ်ရသည်။ 

“ဒါဆိုအခုရေးနေတဲ့ စာအုပ်က နောက်အပတ်ပြီးမယ်ဆိုပါတော့ ဟင်း ဟင်း”

သူက အံ့သြစရာကောင်းလောက်အောင် စာရေးမြန်သူမို့ ယခုလိုအမေးခံ ရခြင်းဖြစ်သည်။ သို့ သော် လွန်ခဲ့သောနှစ်ကတော့ သူ့ဝတ္ထုတစ်ပုဒ် ရုပ်ရှင်သွားရိုက်နေ၍ ဝတ္ထုတစ်အုပ်မှ မရေးဖြစ်ခဲ့။ ။

သူသည် ဘာမှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးနေသည်။ သို့ သော် သူ့အပြုံးက အလျင်တုန်းကလို မဲ့ပြုံးမဟုတ်၊ပို၍ရွှင်မြူးလန်းဆန်းသော အပြုံး။ မိတ်ဆွေအပေါင်း များက စတာနောက်တာကို သူက အရေထူနေပြီ။ သူ့ကို လူတွေက အားကျကြသည်။ အံ့ဩကြသည်။ လေးစားကြသည်။ ဤအရည်အချင်း သုံးရပ်သည် သူ့အတွက် သက်သက်ဖြစ်သည်။ သူနှင့်အထိုက်တန်ဆုံးလည်း ဖြစ်သည်။

စာရေးဆရာမ ဒက်ဖနီဖီလ်ဒ်သည် အနေအထိုင်အလွန်လျှို့ဝှက်သည်။ လူတောသူ တော ဝင်လေ့မရှိ။ တစ်ကိုယ်တည်းသာ နေတတ်သည်။ ပြီးတော့ အလုပ်လည်း အလွန်လုပ်သည်။ ရည်မှန်းချက်လည်း အလွန်ကြီးသည်။ ဆုံးဖြတ်ချက် လည်း ပြတ်သားသည်။ သူ့ကိုစာပေအသိုင်းအဝိုင်းတွင် တစ်ခါတစ်ရံ မြင်ကြရသော်လည်း သူကလူတွေနှင့် သိတ်မရော စကားသိပ်မပြော သူ့ကိုယ်သူ လူမြင်အောင်မပြတတ်။ သာမန်လူတစ်ယောက်လိုသာ ရိုးရိုးမှန်မှန်နေတတ်သည်။ သို့သော်

သူ့မျက်နှာကိုမြင်ရလျှင် တစ်ခါမြင်ရုံနှင့် စွဲသွားသည်။ သူ့မျက်နှာက ကြည်လင်သည်။ ထက်မြက် သည်။ သူ့မျက်လုံးများက အရာ့ခပ်သိမ်းကို ထိုးဖောက်မြင်နိုင်စွမ်း ရှိသလို ထင်ရသည်။ တချိန်တည်းတွင် သူကမမြင်ယောင်ဆောင်နေသလိုလည်း ထင်ရသည်။

လွန်ခဲ့သော ဆယ်နှစ်ခန့်ကမူ သူ့အမူအရာသည် ယခုနှင့်မတူပဲ တစ်မူကွဲပြား နေခဲ့သည်။ ထိုစဉ်ကသူ့အသက်မှာ နှစ်ဆယ့်သုံးနှစ်သာ ရှိသေးသည်။ ထိုစဉ်က သူသည် အပေါင်းအသင်းကို ခုံမင်သည်။ ပျော်ပျော်နေတတ်သည်။ စိတ်ကြမ်းကိုယ်ကြမ်း ပြုမူတတ်သည်။ မဟုတ်မခံစိတ်ရှိသည်။ ပျော်လည်း ပျော်ရွှင်သည်။ သို့သော် ယခုတော့ထိုအမူအရာတွေမရှိတော့။ ယခုအချိန်တွင် သူသည် တည်ငြိမ်လာ သည်း နှုတ်ထိန်းလာသည်။ ဟိုတုန်းက ပျော်ပျော်ရွှင်ရွှင်နေတတ်ခဲ့သော သူ့အမူအရာကို သူ့မျက်လုံးများတွင် အရိပ်အငွေ့မျှသာ တွေ့ရတော့သည်။ အတိတ်ကကြေကွဲစရာ ဖြစ်ရပ်များသည် သူ၏အသည်းနှလုံးတစ်နေရာတွင် မီးခဲပြာဖုံး ကိန်းဝပ်နေသယောင် ထင်ရသည်။

'ဒက်ဖနီ”

မက်ဒီဆင်ရိပ်သာလမ်းထောင့်အရောက်တွင် နောက်မှ တစ်စုံတစ်ယောက်က ခေါ်သံကြောင့် ဆက်ကနဲသမင်လည်ပြန်လှည့်ကြည့်လိုက်သည်။ ဆီးနှင်းတွေ ကြားက လျှောက်လာသံကြားရသည်။ , 'ဪ ဂျက် ကျွန်မက ဘယ်သူပါလိမ့်လို့' 

ဂျက်ဟောကင်းမှာ ဒက်ဖနီ၏ ၀တ္ထုစာအုပ်များကို ထုတ်ဝေနေသော ဟားဘားနှင့် ဂျုန်းစ် စာအုပ်တိုက်မှ စာတည်းဌာန ညွှန်ကြားရေးမှူး ဖြစ်သည်။ ဆီးနှင်း ပက်ထား၍ သူ့မျက်နှာတပြင်လုံး နီရဲနေသည်။ ‘လမ်းလျှောက်နေတာ မချမ်းဘူးလား ... အငှားကား ငှားစီးသွားကြမလား' ဒက်ဖနီက ခေါင်းကိုခါယမ်းပြီး ပြုံးလိုက်သည်။

“နေပါစေ ဂျက်ကျေးဇူးတင်ပါတယ်။ ကျွန်မ တမင်လျှောက်လာခဲ့တာပါ။ ကျွန်မနေတာကလဲ ဒီလမ်းအောက်ဘက်လေးတွင်ပါ'

အချိန်က နှောင်းနေပြီ ဒက်ဖ် ဆယ်နှစ်နာရီတောင် ထိုးနေပြီ”

 ဂျက်က ညအချိန်မတော်ကြီး မိန်းမသားတစ်ယောက်တည်းမို့ တကယ့်စေတနာဖြင့် ပြောခြင်းဖြစ်သည်။ နောက်တစ်ကြောင်းကလည်း ဒက်ဖနီကိုသူတော်တော်သဘောကျနေသောကြောင့် ဖြစ်သည်။ အခြားလူတွေကလည်း သူ့လိုပင်သဘောကျကြမည်သာ ဖြစ်သည်။ ဒက်ဖနီက ယခုအသက် သုံးဆယ်သုံးနှစ် ထဲတွင် နှစ်ဆယ့် ငါးနှစ်လောက်သာ ထင်ရသည်။ တစ်ခါတလေများ ဆယ့်နှစ်နှစ် အရွယ် ကလေးလောက်တောင် ထင်ရသည်။ သူ့မျက်နှာနှင့် သူ့ရုပ်သွင်က အမြဲတမ်းနုပျိုနေသည်။ လန်းဆန်းနေသည် သို့သော် သေသေချာချာ ကြည့်လျှင်တော့အထီးကျန်ဝေဒနာကို အတွင်းကြိတ် ခံစားနေရကြောင်း သူ့မျက်လုံးများက က်နေကြသည်။ ဒက်ဖနီမှာ အဖော်မဲ့နေသည်။ အထီးကျန်ဖြစ်နေသည်း သူ့လို အမျိုးသမီးတစ်ယောက် အနေဖြင့် သည်လိုမဖြစ်သင့် ဟု ဂျက်က ယူဆသည်။

'ခရစ်စမတ် အကြိုညဘဲ ဂျက်။ ဒီလောက်ချမ်းနေတဲ့ အချိန်မှာ ကျွန်မတို သူမှတော့ မကောင်းကြံမယ် မထင်ပါဘူး။ ဒက်ဖနီက ရင်းနှီးစွာဖြင့် ရယ်စရာပြောလိုက်သည်။

 “ဂျက်ဟောကင်းက ပြုံးကာ ''

“ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ကျွန်တော်က ခင်ဗျားရေခဲပြင်ပေါ် မတော်တဆချော်လဲမှာ စိုးလို့ပြောတာပါ ။

``အဟား ကျွန်မချော်လဲပြီး လက်ကျိုးသွားရင် စာမရေးနိုင်မှာစိုးလာ မစိုးရိမ်ပါနဲ့ရှင်၊ ကျွန်မ အခုစာရေးနေတဲ့ စာအုပ်က ဧပြီလကုန်မှ အပြီးသတ်မှာပါ”

“လသာ လာစမ်းပါဗျာ၊ ကျွန်တော်တို့နဲ့အိမ်လိုက်ပြီး အချမ်းပြေသွားအောင်

အရက်ကလေး ဘာကလေး လိုက်သောက်ပါဦး”

ဒက်ဖနီက ခြေစုံရပ်ကာ ဂျက်ဟောကင်း၏ပါးပြင်ကို နမ်းလိုက်သည်။ ပြီးတော့ ပခုံးကိုလက်နှင့်အသာပုတ်ရင်း

'ကဲ ရှင်တို့သာ သွားကြပါ ဂျက်၊ ကျွန်မတစ်ယောက်တည်းပဲ လျှောက်သွား ပါ့မယ်၊ ကျေးဇူးတင်ပါတယ်”

ထိုနောက်တော့ ဂျက်အား လက်ဝှေ့ယမ်းပြပြီး နေရာမှထွက်ခွာလာခဲ့သည်။ ကုတ်အင်္ကျီကော်လာနှစ်ဖက်ကို တင်းတင်းဆွဲစေ့ရင်း လမ်းမကြီးအတိုင်း ဆက်လျှောက် လာသည်။ လမ်းဘေးဝဲယာရှိ ဈေးဆိုင်များ၏ အလှပြ မှန်ပြတင်းများကိုလည်း မကြည့် ဘေးနားမှ ဖြတ်လျှောက်သွားသူများ၏ မျက်နှာကိုလည်း မော်၍မကြည့်၊ 'မျက်နှာကို

လေစိမ်းလာဟပ်တော့ ထူးခြားသော အတွေ့အထိ တစ်ခုကို ခံစားရသလို ထင်မိသည်။ညဦးပိုင်းက ပါတီပွဲတွင် စားသောက်ခဲ့ရသည်ထက် ယခုလမ်းလျှောက်ရသည်က ပို၍ စိတ်ချမ်းသာသလို ခံစားရသည်း ပါတီပွဲများသို့ သွားလျှင် အမြဲတမ်း စိတ်ပန်းလူနွမ်း ဖြစ်ရသည်ချည်းပင်။ ပါတီပွဲက ဘယ်လောက်ပင် ခမ်းနားခမ်းနား ဘယ်သူတွေနှင့်ပင် တွေ့ရတွေ့ရ သူ့အဖို့ တော့ ဘာမှထူးခြားမှုမရှိ၊ ငြီးငွေ့စရာချည်းသာ ကြုံရသည်။

သို့သော်လည်း ဒက်ဖနီသည် ယနေ့ညပွဲကိုတော့ တမင်တကာ တက်ချင်၍ ထက်ခဲ့ခြင်းဖြစ်သည်။ သူ့အခန်းထဲတွင် တစ်ယောက်တည်း ထိုင်မနေချင်၍ တက်ခဲ့ခြင်း ဖြစ်သည်။ အခန်းထဲတွင် တစ်ယောက်တည်း ထိုင်နေလျှင် အတိတ်ကဖြစ်ရပ်ကို သတိရလာမည်။ သူက အတိတ်ကို နည်းနည်းကလေးမှ သတိမရချင်။ လုံးဝမေ့ထား ချင်သည်။ ယခုလျှောက်လာရင်းပင် အတိတ်မှအရိပ်များ တဝါးပေါ်လာကြသေးသည်။ ခေါင်းထဲသို့ အတိတ်ဖြစ်ရပ်များ ဝင်မလာနိုင်အောင် ခြေလှမ်းသွက်သွက်ဖြင့်

လျှောက်လာခဲ့သည်။ ကားအသွားအလာကို မျက်လုံးကစားကြည့်လိုက်သည်။ ဘာကားမှမတွေ့ရ ။လမ်းထောင့်သို့ အပြေးကလေး လျှောက်လာသည်။ အချက်ပြမီးစိမ်းနေသည်။ မေဒီဆင်ရိပ်သာ လမ်းမကြီးကို ခြေလှမ်းသွက်သွက်ဖြင့် ဖြတ်အကူးတွင် ရုတ်တရက် ချော်ပြီး လဲကျသွားသည်။ လက်နှစ်ဖက်ကို ထောက်ကာ ကမန်းကတန်း ပြန်ထသည်။ လမ်းကို ဖြတ်ကူးရန် လက်ဝဲဘက်သို့ အလှည့်လိုက်တွင် လမ်းထောင့်မှ အရှိန်နှင့်တွေ့

မောင်းလာသော အနီရောင် စတေရှင်ဝက်ဂွန်း ကားရှည်က သူ့ကိုဝင်တိုက်တော့သည်။ ဒရိုင်ဘာဘေးတွင် ထိုင်လိုက်လာသော မိန်းမတစ်ယောက်၏ အလန့်တကြား အော်သံ တစ်စုံတစ်ခုနှင့် ထိခိုက်မိသံ၊ ကားထဲမှ အော်ညည်းသံနှင့်ရေခဲပြင်နှင့် ကားဘီး ပွတ်တိုက်သံများ ဆက်တိုက်ပေါ်ထွက်လာပြီးနောက် ကားရပ်သွားသည်။ ထို့နောက်တွင်တော့ အားလုံးငြိမ်သက်တိတ်ဆိတ်သွားသည်။ အတန်ကြာတော့မှ ကားတံခါးများ ဝုန်းခနဲပွင့်လာပြီး ကားပေါ်မှလူဒါဇင်ဝက်ခန့် ပျာပျာသလဲ ဆင်းလာကြသည်။ ဘာအသံမှ မကြားရ၊ ဘာစကားမှ မပြောကြ၊ အော်ညည်းသံလည်း မကြားရ။ ဒရိုင်ဘာက ဒက်ဖနီလဲနေသည့် နေရာသို့ ပြေးလာသည် ဒက်ဖနီသည် ကျိုးပျက်နေသော ကစားစရာ အရုပ်ကလေးပမာ ရေခဲပြင်ပေါ်တွင် မျက်နှာအပ်ကာ လဲနေသည်။

ဘုရားရေ အသက်မှ ' ရှိပါသေးရဲ့ လား”

ဒရိုင်ဘာက မှင်တက်မိသလို ခေတ္တရပ်ကြည့်နေပြီးမှ သူ့ဘေးတွင်ရပ်သော -အမျိုးသမီးအား သွေးရူးသွေးတန်း လှည့်ကြည့်လိုက်သည်။ သူ့အကြည့်တွင် ထိပ်လန့် ခြင်းနှင့် ဒေါသဖြစ်ခြင်းတို့ ရောနေသည်။ယခုလိုကားတိုက်မှုဖြစ်ရသည်မှာသူ့အပြစ်ကြောင့်မဟုတ်လဲတခြား

သူတစ်ယောက်ယောက်၏အပြစ်သာဖြစ်သည် ဟူသော သဘောသည် သူ့အကြည့်ပေါ်တွင် ပေါ်လွင်နေသည်။ သို့ သော် သူကမည်သူ့ကိုမျှ အပြစ်တင်မနေတော့ဘဲ ကဲဒီအတိုင်းကြည့်နေလို့ မဖြစ်ဘူး၊ ရဲကိုအကြောင်းကြားဖို့လဲ လုပ်ကြပါဦး' ဟု သူ့အဖော်များအား ပြောလိုက်ပြီးနောက် ဒက်ဖနီ၏ဘေးတွင် ဒူး အောက်ထိုင်ချလိုက်သည်။ သို့သော် သူကဒက်ဖနီအား မတို့ရဲ မထိရဲဖြစ်နေသည်။ သေများသေနေပြီလား ဟူသော အတွေးကြောင့် သူအလွန်ကြောက်နေသည်။

“သူ ...သူ အသက်ရှင်နေတုန်းပဲလား”

တခြား လူတစ်ယောက်က ဒရိုင်ဘာဘေးတွင် ဝင်ထိုင်ရင်း မေးလိုက်သည်။ သူ့ပါးစပ်က အရက်နံ့တထောင်းထောင်း ထွက်နေသည်။

ငါ မသိဘူး”

ဒက်ဖနီသည် အသက်လည်း မရှု၊ လှုပ်ရှားခြင်းလည်း မပြု။ ဒရိုင်ဘာက ဒက်ဖနီအား လက်နှင့်စမ်းကြည့်ကာ ငိုသံကြီးနှင့် တိုးတိုးပြောလိုက်သည်။ 

“ငါသူ့ကို သတ်မိပြီ ဟယ်ရီ၊ ငါသူ့ကို သတ်လိုက်မိပြီ” 

သူက သူ့မိတ်ဆွေဘက်သို့ လှည့်ကြည့် လိုက် သည်။ နှစ်ယောက်သား ဒူးထောက်ထိုင်ရင်း ဖက်ထားကြသည်။

ထိုအခိုက် အငှားကား နှစ်စီးနှင့်ခရီးသည်မပါသော ဘတ်စ်ကားတစ်စီး သူတို့ ခန်းတွင် ထိုးရပ်လိုက်သည်။ ကားဒရိုင်ဘာများ ပြေးဆင်းလာကြသည်။

“ဘာဖြစ်တာလဲဗျ၊ ဘယ်လိုဖြစ်တာလဲ” 

အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ စကားပြောသံများ ပေါ်ထွက်လာ

“.... သူက ကားရှေ့ဖြတ်ပြေးတာ ... ကားကို လုံးဝလှည့် မကြည့် - ကားလဲ သူ့ကို လုံးဝမမြင်ဘူး ...ရေခဲပြင်ကလဲ. သိပ်ချောနေတယ် ... ဘရိတ်အုပ် လို့လုံး၀မရဘူး '

“အရေးထဲ ရဲတွေကလဲ ဘယ်ချောင်သွားအိပ်နေကြလဲ မသိဘူး”

ကားဒရိုင်ဘာက သူ့ကိုယ်ပေါ်မှ ဆီးနှင်းတွေကို ပွတ်ချရင်း ဒေါသသံဖြင့် ပြောလိုက်သည်။ လွန်ခဲ့သော တစ်နာရီလောက်က သူတို့တစ်တွေ သီချင်းကကြော်ကြော်နှင့် အပျော်ကြီးပျော်နေခဲ့ကြသည်။ ယခုအချိန်တွင်မူ သူ့ရှေ့မှရေခဲပြင်ပေါ်တွင် အမျိုးသမီးတစ်ယောက် မှောက်လျက်လဲနေပြီ။ သေများသေသွားပြီလား ဒါမှမဟုတ် သေတော့မည်လား၊ ဘယ်လိုမှ မသိရသေး။ အရေးထဲ အနီးအနား ယာဉ်ထိန်းရဲတွေကိုလည်း အရိပ်အယောင်မျှပင် မတွေ့ရ။

ဒီမှာ ... ဒီမှာ ...ကလေးမ ...ကလေးမှ သတိရပြီလား .သတိရပြီလား .."

: ဘတ်စ်ကားဒရိုင်ဘဲ လူမည်းအဘိုးကြီးက ဒက်ဖနီဘေးတွင် ဒူးထောက်

ထိုင်ချလိုက်ပြီး မေးနေသည်။ ပြီးတော့ သူ့မျက်နှာကို ဒက်ဖနီ၏ မျက်နှာနားသို့ ကပ်ကာ အသက်ရှုသံကို နားထောင်ကြည့်သည်။ “တော်ပါသေးရဲ့၊ သူမသေသေး ဘူး” သူက တခြားလူများကို မော့ကြည့်ကာ ကဲ အင်္ကျီတစ်ထည်လောက် မရှိကြ ဘူးလား၊ အင်္ကျီ တစ်ထည်လောက် မြန်မြန်လုပ်ပါ'တစ်ယောက်မှ တုတ်တုတ် မလှုပ်။ သူက ဒေါသသံဖြင့် “ပေးစမ်းပါ၊ မင်းကုတ်အင်္ကျီပေးစမ်းပါ.” စတေရှင်ဝက်ဂွန်း ကားဒရိုင်ဘာက ကြောင်တောင်တောင် လုပ်နေသည်။ ဟေ့လူ ဒီမှာ ကလေးမက သေတော့မယ်၊ ဘာဖြစ်နေ တာလဲ၊ချွတ်စမ်းပါ၊ အင်္ကျီမြန်မြန်ချွတ်စမ်းပါ”သည်တော့မှ စတေရှင်ဝက်ဂွန်းကား ဒရိုင်ဘာနှင့်တခြားလူနှစ်ယောက်တို့က သူတို့၏ ကုတ်အင်္ကျီ များကို ကမန်းကတန်း ချွတ်ပေးလိုက်ကြသည်။ လူနာကို ဘာမှမလုပ်နဲ့သူ့အတိုင်းနေ ပါစေ ဘတ်စ်ကား ဒရိုင်ဘာက ကုတ်အင်္ကျီများကို ဒက်ဖနီတစ်ကိုယ်လုံး လုံအောင်ပြန် ခြုံပေးသည်။ မျက်နှာကို အအေးမပတ်နိုင်အောင်လည်း အောက်က အသာအယာ အဝတ်ခုပေးသည်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)