Skip to product information
1 of 1

Other Websites

မောင်ခိုင်မာ - ဧည့်ခန်းများကိုဖြတ်သန်းခြင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

ဧည့်ခန်းများကို ဖြတ်သန်းခြင်း (၁)

          ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျရောက်မယ့် (၁၉) နှစ်မြောက် သပြေတေး မဂ္ဂဇင်းအထူးထုတ်က စတင်ပြီး လစဉ်ကဏ္ဍတစ်ရပ်ကို တာဝန် ယူပေးဖို့ ဆွေးနွေးကမ်းလှမ်းလာတာကို ဝမ်းမြောက်စွာ လက်ခံမိခဲ့ပါ တယ်။ ပထမတစ်ကြိမ် လူချင်းတွေ့ဆုံပြီး ဖိတ်ခေါ်ဆွေးနွေးသူဟာ၊ သပြေတာဝန်ခံစာတည်း ဆရာ မောင်တည်ငြိမ်ဖြစ်ပါတယ်။ သပြေမှာတေး အလှဗေဒ ဆိုင်ရာ ခံစားမှုဆောင်းပါးမျိုးတွေ ရှိခဲ့ဖူးပေမယ့် ကဗျာဗေဒဆိုင် ရာ ခံစားမှုဆောင်းပါးမျိုးတွေ မရှိခဲ့သေးပါဘူးတဲ့။ ဒါကြောင့် လိုအပ်နေ တဲ့ ကွက်လပ်ကိုဖြည့်ဆည်းပေးဖို့ မိမိကို တာဝန်ပေးအပ်ခြင်းဖြစ်ပါတယ်။

          မိမိအနေနဲ့ တာဝန်ယူရမယ့်ကိစ္စကတော့ ကဗျာကို တန်ဖိုးထား ပြီး ဧည့်ခန်းဆောင်မှာ နေရာပေးလေ့ရှိတဲ့ လစဉ်ထုတ် ခေတ်ပြိုင်မဂ္ဂဇင်းတွေ ထဲက မိမိနှစ်သက်ရာ ကဗျာအမျိုးအစားကို အလှခြေရာ ဖွေရှာပြဖို့ တာဝန် ပါပဲ။ လုပ်နည်းလုပ်ဟန် အနေနဲ့ကတော့ ဒီဇင်ဘာလထုတ် သပြေတေး မဂ္ဂဇင်းစာမျက်နှာမှာ ဖော်ပြနိုင်ရေးအတွက် (နိုဝင်ဘာလ) ထုတ်မဂ္ဂဇင်းတွေထဲမှာ မျက်နှာပြသွားခဲ့ကြတဲ့ ကဗျာများကို အခြေအနေနဲ့ အချိန်အခါ က ခွင့်ပြုသမျှ ရှာဖွေစုဆောင်းပြီး ကောင်းနိုးရာရာကို အလှမှတ်တမ်း လက်ဆင့်ကမ်းရမှာ ဖြစ်ပါတယ်။

          အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မိမိဘက်က ဆွေးနွေးဖွယ်ရာရှိသည်များ ကို ဆွေးနွေးတင်ပြနိုင်ဖို့၊ အလုပ်သဘောအရ ပွဲမဝင်ခင် အပြင်မှာညှိနှိုင်း တိုင်ပင်နိုင်ဖို့ ... စာတည်းချုပ် (သပြေ) ရဲ့ အလုပ်စားပွဲကို တာဝန်ခံ စာတည်းဖြစ်သူ ဆရာမောင်တည်ငြိမ်က မိမိအား ပို့ဆောင်ပေးခဲ့ပါတယ်။ အစကနဦး တွေ့ဆုံမှုမို့ အဖုအထစ်၊ အရစ်အတင်းတွေ ရှိကောင်းရှိလိမ့် မယ်လို့ မိမိဘက်က စိုးရိမ်ကြောင့်ကြမှု ဖြစ်ခဲ့ရပါသေးတယ်။

တကယ်တမ်း စကားပြောကြည့်တဲ့အခါမှာတော့ -

          စာတည်းချုပ်၊ တာဝန်ခံစာတည်းနဲ့ မိမိအပါအဝင် ကဗျာကို ချစ် ခင်လေးစားသူ (၃) ဦးရဲ့ စကားဝိုင်းဟာ အချီအချ၊ အချေအတင်တွေ၊ ဆန့်ကျင်ဘက်အမြင်တွေ မရှိတော့ပါဘူး။

ကဗျအလှရှာဖို့ အနှစ်ချုပ်သဘောတူညီချက်များကတော့   

၁။ မုဒိတာ စိတ်နဲ့ ကဗျာအလှတရားကို ပွားများ ချဉ်းကပ်ရန်။ 

၂။ မိမိဘက်က လစဉ်၊ လဆန်း ပထမပတ်အတွင်း (ဆောင်းပါး)စာမူပေးအပ်ရန်။ 

၃။ လဆန်း (၂) ရက် (၃) ရက်အတွင်းမှာ စာအုပ်ဈေးခင်းကို မရောက်လာနိုင်သေးတဲ့ မဂ္ဂဇင်းအချို့ကို ချန်လှပ်ထားခဲ့ရန်ဖြစ်တယ်။ အလုပ်စခန်းအတွက် ဆွေးနွေးမှုဟာ အထက်ပါ အချက် (၃) ချက် လောက်နဲ့ပဲ ချောမွေ့စွာ ပြီးဆုံးသွားခဲ့ပါတယ်။

          ပုံမှန် ဆောင်းပါး ခေါင်းစီးအတွက် ရွေးချယ်ဖို့ စဉ်းစားကြတဲ့ အခါမှာတော့ ရုတ်တရက် မိမိဘက်က စဉ်းစားရခက်နေပါတယ်။

          သို့ကလို အခက်အခဲကို တာဝန်ခံစာတည်းဖြစ်တဲ့ ဆရာမောင်တည် ငြိမ်က ဟောသလို ဖြေရှင်းပေးပါတယ်။

'ဧည့်ခန်းများကို ဖြတ်သန်းခြင်း” တဲ့။

         မိမိရေးရမယ့် ကဏ္ဍန့်သင့်မြတ်လျော်ကန်တဲ့ ခေါင်းစီးတစ်ခုမို့ မိမိဘက်က အလွယ်တကူ ခေါင်းညိတ်ပြခဲ့ပါတယ်။

          လွန်ခဲ့တဲ့ (၁၀) နှစ်ခန့်တုန်းက ချယ်ရီမဂ္ဂဇင်းမှာ “ကဗျာအလှ ရှာတော်ပုံ” ဆိုတဲ့ ကဗျာဗေဒဆိုင်ရာ ဆောင်းပါးဟာ လစဉ်ပုံမှန်ပါရှိခဲ့ပါတယ်။ မိမိမှတ်မိသမျှ (၃၈) ပုဒ်တိတိ ရှိခဲ့ပြီး ချယ်ရီမဂ္ဂဇင်းမှာ (၃) နှစ်ကျော်တိုင်အောင်ရေးသားခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ ကဗျာဆရာ၊ စာရေး ဆရာ၊ ဘာသာပြန်ဆရာ ဘာသာဗေဒဆရာ၊ မြန်မာစာအဖွဲ့ရဲ့ စာတည်းမှူး၊ ဆရာမင်းလှညွန့်ကြူး (ကွယ်လွန်သူ) ဖြစ်ပါတယ်။

         ဆရာဟာ ချယ်ရီမဂ္ဂဇင်းအတွက် 'ကဗျာအလှရှာတော်ပုံ' ဆောင်းပါးတွေရေးနေစဉ် ကာလတုန်းက ကဗျာကလောင်ကို မနာကျင်အောင် သိမ်းဆည်းအနားယူခဲ့ပြီးပါပြီ။ကဗျာဆရာ မင်းလှညွန့်ကြူးဆိုတဲ့ ဘဝကို သော့ခတ်ပြီး ဘာသာဗေဒဆရာ၊ သုတေသနပညာရှင် မင်းလှညွန့်ကြူး ဘဝနဲ့ ပျော်မွေ့ ရပ် တည်နေသူဖြစ်ခဲ့ပါပြီ။ ဒါကြောင့် ဆရာရဲ့ ကဗျာအလှရှာတော်ပုံ မျက် လုံးမှာ အမှန်းအချစ်၊ အပြစ်အကျိုးဆိုတဲ့ အခိုးအငွေ့တွေ ကင်းစင်ခဲ့တာ တွေ့ရပါတယ်။ သူလို ကိုယ်လို ကဗျာဆရာဘဝနဲ့ ကဗျာအလှကို ရှာဖွေတာ မဟုတ်လေတော့ သွေးပယောဂ ဘေးပယောဂတွေရဲ့ လှုံ့ဆော် ပတ်သက်မှုမရှိခဲ့တာကိုလည်း ရိုးသားစွာခံစားဖတ်ရှုခဲ့ရပါတယ်။

          အခုတော့ ခေတ်ပြိုင် မဂ္ဂဇင်းအချို့ထဲက ကဗျာဧည့်ခန်းများကို ဖြတ်သန်းပြီး အလှမှတ်တမ်းတင် မည့်သူဟာ 'ကဗျာဆရာ မောင်ခိုင်မာ' ဖြစ်နေပါတယ်။

          မိမိအနေနဲ့ ကဗျာတွေးမှုနဲ့ ကဗျာရေးမှုအလုပ်ကို (အသက်မွေး ဝမ်းကျောင်းမှု မဟုတ်ပေမယ့်) မျက်တောင်ခတ်သလို၊ အသက်ရှူသလို နိစ္စဓူဝတရစပ်ခံစားပြုလုပ်နေသူတစ်ဦးဖြစ်ပါတယ်။

          ဒါကြောင့်လည်း ကဗျာခည့်ခန်းများကို ဖြတ်သန်းတဲ့အခါ ခြေလှမ်း မမှားမိဖို့၊ အတ္တနောမတိ မရှိဖို့၊ ဝိစိကိစ္ဆာ မဖြစ်မိဖို့ အချစ်အမုန်း အပြုံး အမှုများနဲ့ မှတ်တမ်းမတင်မိဖို့ မိမိကိုယ်မိမိ ဆေးကြောသန့်စင်တဲ့အလုပ် ကို ကြိုတင်ပြင်ဆင်ပြုလုပ်ခဲ့ရပါတယ်။

          သို့ကလို မိမိပြုလုပ်ရမယ့် ကိစ္စကို လိပ်ပြာသန့်စင်စွာ ယုံကြည် စိတ်ချပြီးသကာလ ကဗျာဧည့်ခန်းဆောင်တစ်ခုကို ဖြတ်သန်းလိုက်တော့ 'ရတနာသစ်မဂ္ဂဇင်း' ဆိုတဲ့ ၁၉၉၃ ခုနှစ်၊ နိုဝင်ဘာလထုတ် အတွဲ (၁)အမှတ် (၁) မဂ္ဂဇင်းအသစ်ကျပ်ချွတ် တစ်အုပ်ကို ဘွားခနဲ သွားတွေ့ လိုက်ရပါတယ်။

          မဂ္ဂဇင်းအသစ်ဖြစ်ပေမယ့် ည့်ခန်းထဲမှာ ခင်းကျင်းပြသထားတဲ့ ကဗျာလက်ရာရှင်များကတော့ လက်သစ်လူသစ်တန်း အဆင့်မဟုတ်ကြပါဘူး။

          ရတနာသစ် မဂ္ဂဇင်းရဲ့ ကဗျာဧည့်ခန်းထဲမှာ စာရေးသူရဲ့ ခြေလှမ်း ကို တုံ့ရပ်သွားအောင် ဖမ်းစားခဲ့တဲ့ ကဗျာတစ်ပုဒ်ကတော့ မောင်အောင်ပွင့်ရဲ့ 'တောတွင်းပျောက်” ဆိုတဲ့ ကဗျာတိုလေးပါပဲ။

          သဒ္ဒါလင်္ကာရ (အသံကို တန်ဆာဆင်ခြင်း) နဲ့ အတ္ထာလင်္ကာရ (အနက်ကို တန်ဆာဆင်ခြင်း) နှစ်မျိုးမှာ ယခုဖော်ပြမယ့် မောင်အောင်ပွင့် ရဲ့ 'တောတွင်းပျက်' ကဗျာဟာ အလင်္ကာရလှတဲ့ ကဗျာသစ်တစ်ပုဒ် ပါ။ 'အပြော' နဲ့ 'အပြ'ကို အားပြုတဲ့ ကဗျာတစ်ပုဒ်ပါ။

          စက္ကန့်ပိုင်းလောက်သာကြည့်ပြီး အာရုံပုံရိပ်ထဲမှာ တရစ်ဝဲဝဲ နဲ့ ထင်နေစေတဲ့ နိုင်ငံတကာဂြိုဟ်တုသတင်း (အပိုင်းအစ) လေးတစ်ကွက် ကို ဖျတ်ခနဲကြည့်လိုက်ရသလိုပါပဲ။

'တောတွင်းပျောက်ကို 

ရွာသားတွေ လိုက်အရှာ

တောင်အမော့ တစ်နေရာ 

သစ်နှစ်ပင်ကြား ဖားကင်ထားသလို

ခြေကားယား လက်ကားယား"... တဲ့။ 

          “ကဗျာဆရာခေါ်ပြတဲ့ နေရာကို ရွာသားတွေနဲ့အတူ စာရေးသူ ကိုယ်တိုင် လန့်ဖျပ်ပြီး လိုက်ပါသွားမိပါတယ်။ ရင်တထိတ်ထိတ်နဲ့ပေါ့။

          တောင်အမောတစ်နေရာက၊ သစ်နှစ်ပင်ကြားမှာ ဘွားခနဲ တွေ့လိုက်ရတဲ့ မြင်ကွင်းဟာ ကြက်သီးမွေးညင်းထစရာပါပဲ၊

          ခုတ်လှဲလို့လဲနေတဲ့ သစ်ပင်ကြီးတစ်ပင်နဲ့မလှဲသေးဘဲ တည်ရှိနေတဲ့ သစ်ပင်ကြီးတစ်ပင်။ အဲဒီ သစ်ပင်နှစ်ပင်ရဲ့ကြားမှာပိပြားပြီး မရှုမလှ သေနေတဲ့ လူတစ်ယောက်။

          ဒီနေရာကို ဘာကြောင့် ဒီလူရောက်လာပြီး ခုလို သေဆုံးရတယ် ဆိုတာ ကဗျာဆရာက ပြောမပြသေးပါဘူး။

သူ့ခြေဖဝါး 

ပတ်ကြားအက်တွေက

အသက်သေမှ ပိုကျဲလို့" 

          ဆိုပြီး သေဆုံးသူရဲ့ ခြေဖဝါးတစ်စုံကို အနီးကပ်ပြကွက်မျိုးနဲ့ စကားလုံး မီးမောင်းထိုးပြနေပါတယ်။

          ဘဝတစ်လျောက်လုံး ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းခဲ့ရလို့ ခြေဖဝါးမှာပတ်ကြားအက်ရာတွေနဲ့လူကို ကဗျာဆရာဟာ ရင်းနှီးကျွမ်းဝင်ခဲ့ဟန်တူပါတယ်။ ပေါင်းသင်း ဆက်ဆံခဲ့ဖူးပုံရပါတယ်။

“အလို

အဆုတ်, အသည်း 

ခွေးအ ဆွဲလို့

ရင်ကွဲဟောက်ပက်"

          ဖြစ်နေရှာတဲ့သေဆုံးသူကို ကဗျာဆရာနဲ့ အတူ ရွာသားတွေနဲ့အတူကဗျာဖတ်သူကိုယ်တိုင် မရှူနိုင် မကယ်နိုင်ဖြစ်ရပါပြီ။

“လွင့်ကျနေတဲ့ 

သူ့ပုဆိန်သွား အနှောင့်နားကပ်

ကျောက်ခေတ် ပုဆိန်လိုလို

တင်းပုတ်လိုလို”

         လို့ ရုတ်တရက် ဖွင့်ဆိုပြလိုက်တော့မှပဲ ဒီလူ ဘာကြောင့် သေဆုံးရတယ်ဆိုတဲ့ သဲလွန်စကို ကဗျာဖတ်သူ ခြေ ရာကောက်လို့ ရပါတော့တယ်။

          ရိုးမသစ်တောကြီးထဲမှာ သစ်ခုတ်တဲ့အလုပ်ကို လာလုပ်ရင်း ကံကြမ္မာအကြောင်း မသင့်လို့ ခေါင်းနှင့်ကိုယ် ကိုးစားကွဲသွားရတဲ့ လူတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိအကျဉ်းကို ဂြိုဟ်တုသတင်းတစ်ပုဒ်လို ကဗျာဗွီဒီယိုရိုက်ပြနေတဲ့ ကဗျာဆရာဟာ သူ့ကဗျာကို ဒီနေရာမှာတင် ရပ်မထားသေးပါဘူး။

          သတင်းနောက်ခံ အသံတစ်သံကို ဟောသလို လေးလေးတွဲတွဲဖွင့်ပြရင်း ကဗျာကို နိဂုံးချုပ်လိုက်ပါတယ်။

“သူ

နေရသေရပပုံဟာ 

အစပကတူး ကမ္ဘာဦးနဲ့

ဘာထူးတော့လဲလေ” တဲ့။ 

          ဒီနေရာမှာတွင် ကဗျာဂြိုဟ်တု သတင်းတိုလေးတစ်ပုဒ်ဟာ ရုတ်တရက်ပြီးဆုံးသွားပါပြီ။ မပြီးဆုံးနိုင်သေးတဲ့ ကိစ္စကတော့ ကဗျာဖတ်သူရဲ့ ရင်ခုန်သံနဲ့အတူ လူရဲ့ မူလအစကို ရှာဖွေကြံဆမှုဆိုတဲ့ (Flash back)နောက်ကြောင်းပြန် အာရုံခံစားမှုများပါပဲ။ မျောက်နဲ့ လူရဲ့ သိသာ ထင် ရှားတဲ့ ကွာဟချက်ဟာ ဘာလဲ။ လူဟာ မိမိရဲ့ ပုဂ္ဂလိကဘဝနဲ့ မိမိ ပါဝင်ပတ်သက်နေတဲ့ လူမျိုးနွယ်စုကြီးတစ်ရပ်လုံး တည်တံ့ရှင်သန်နိုင်ရေး အတွက် ခုတ်ထွင်ရှင်းလင်းဖို့၊ ထွန်ယက်စိုက်ပျိုးဖို့၊ အမဲလိုက်ဖို့၊ သားရိုင်းကောင်းများနဲ့ သတ်ပုတ်ဖို့၊ ကုန်ထုတ်ကိရိယာများကို ဖန်တီးထုတ်လုပ် ဖို့ လက်နက်တန်ဆာပလာကို ကိုင်စွဲအသုံးပြုရပါတယ်။ လက်နက် ကိရိယာကိုင်ဆောင်အသုံးချတတ်မှုဟာ လူနဲ့ တိရစ္ဆာန်တို့ရဲ့ အဓိက ကွာဟချက်ပါပဲ။ ကျောက်ခေတ်တုန်းက ကျောက်ပုဆိန်ကို ကိုင်ဆောင်ခဲ့တဲ့ ကမ္ဘာဦးလူသားအဖို့ ကျောက်ပုဆိန်တစ်လက်နဲ့အတူ အသက်စွန့်သွားတဲ့ ဖြစ်ရပ်ဟာ ထူးဆန်းအံ့သြဖွယ် မဟုတ်ပါ။ အံ့ဖွယ်သုတလည်း မမည်ပါ။ အနုမြူခေတ်၊ အီလက်ထရောနစ်ခေတ်ကိုရောက်ကာမှ ကျောက်ခေတ်ပုဆိန် လိုလို၊ တင်းပုတ်လိုလို သစ်ခုတ် (ကုန်ထုတ်) ကိရိယာတစ်ခုနဲ့ မထင်မရှား အသက်စွန့်သွားတဲ့လူကိုတော့ ကဗျာဖတ်သူတစ်ဦးအနေနဲ့ နားဝေ တိမ်တောင်ဖြစ်မိတာ အမှန်ပါပဲ။

          'သစ်' ဆိုတာ တိုင်းပြည်ရဲ့ ရတနာတစ်ပါးဖြစ်တယ် နိုင်ငံတော် ရဲ့ စီးပွားရေးကို အဓိက အထောက်အကူပြုပစ္စည်းလည်းဖြစ်တယ်။ “ယနေ့ ကမ္ဘာတစ်ရပ်လုံး ရင်ဆိုင်နေရတဲ့ ပြဿနာဟာ ရေနံပြဿနာမဟုတ်၊ ကမ္ဘာသစ်တောများ ပြုန်းတီးရတဲ့ ပြဿနာဖြစ်တယ်" ဆိုတဲ့ သစ်တောပါရဂူ တစ်ဦးရဲ့ အဆိုအမိန့်အရ၊ စဉ်းစားကြည့်ရင် မောင်အောင်ပွင့်ရဲ့ “တောတွင်းပျောက်" ကဗျာထဲက သစ်ခုတ်ရင်း ကျဆုံးသွားတဲ့ လူရဲ့ မြင်ကွင်း ဟာ (သို့မဟုတ်) ထိုသစ်ခုတ်လုပ်သားရဲ့ နေရ၊ သေရပုံဟာ…

“အစပကတူး ကမ္ဘာဦးနဲ့

ဘာထူးတော့လဲလေ”

          ဆိုတာမျိုးတော့ မဖြစ်သင့် မဖြစ်အပ်တာ အမှန်ပါပဲ။ အခုတော့ ကဗျာထဲမှာ တကယ်မြင် တကယ်ကြားနေရပြီမို့ မိမိဘဝမှာကော ဘယ်လိုနေ ဘယ်လိုသေရမှာလဲလို့ ခံစားအားငယ်ပြီး ရတနာသစ်မဂ္ဂဇင်းရဲ့ ကဗျာဧည့်ခန်းထဲက လှမ်းထွက်ဖို့ဟန်ပြင်ခိုက်မှာ

          နောက်ထပ် ကဗျာတစ်ပုဒ်က စာရေးသူရဲ့ ခြေလှမ်းကို တုံ့ဆွဲထားပြန်ပါ တယ်။ တုံ့ဆွဲထားနိုင်လောက်အောင် ခွန်အားကောင်းတဲ့ ပုဂ္ဂိုလ်ကတော့ အညာသား ကဗျာဆရာ မောင်သာလင်းဖြစ်ပါတယ်။ စောစောတုန်းက အေးစက်တောင့်ခဲနေတဲ့ မိရင်ထဲက ဝေဒနာကို သာအောင် ကုစားနိုင်တဲ့ မောင်သာလင်းရဲ့ ကဗျာလေးဟာ ပါဒရေ (၉) ကြောင်းမျှသာရှိပြီး အဲဒီ ကဗျာခေါင်းစီးက “ရှား”လို့ အမည်ရပါတယ်။ 'ရှား' ဆိုတာ ခေတ်ပေါ် စာရေးဆရာ နာမည်တစ်မျိုးလို့ အထင်မမှားစေချင်ပါဘူး။ ။

          ''ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သစ်ယာ၊ အင်ကြင်း၊ သင်္ကန်း၊ သစ်ခါး၊ ကနစို၊ သစ်ရှို၊ သယောနဲ့ ရှား' ဆိုတာဟာ မြန်မာနိုင်ငံတစ် ၀န်းလုံးမှာ သစ်တောဥပဒေအရ တားမြစ်ထားတဲ့ သစ်ပင်များဖြစ်ပါတယ်။ ပါမစ်မရှိဘဲ ခုတ်ချင်တိုင်းခုတ် ထုတ်ချင်တိုင်း ထုတ်လို့မရပါဘူး။

          အထူးသဖြင့် သစ်တောကြီးထဲက သစ်ပင်အမျိုးပေါင်းများစွာထဲ မှာ “ရှား” ဆိုတဲ့ အပင်ဟာ ကျစ်လျစ်မာကျောမှုခွန်အားမှာ အပြည့်ဝဆုံးရုက္ခမျိုးနွယ်စုဖြစ်ပါတယ်။ ။

          သို့ကလို အာနိသင်ကြောင့် 'ရှား” ရဲ့ ဂုဏ်သတ္တိကို ၁၉၇၈ ခုနှစ် စက်တင်ဘာလထုတ် ရှုမဝမဂ္ဂဇင်းမှာ ကဗျာဆရာ (ကို) ကြည်အောင် ကဟောသလိုဖွဲ့ဆိုတင်ပြခဲ့ဖူးပါတယ်။

“ပေါင်သားကျစ်လျစ်၊ တောင်ရှားနှစ်မို့ 

ဆောင်ဓားထစ်တောင် ခံသလေလေ

မောင်ရို့ လေလေး၊ မောင်ရို့လေး”...

ဆိုတဲ့ ကျေးလက်လေထိုးသားတွေရဲ့ ယိုဟီးတိုင်သံဟာ စာရေးသူရဲ့ ရင်ထဲမှာ ခုချိန်ထိ ပဲ့တင်ထပ်နေဆဲပါပဲ။ စောစောတုန်းက တင်ပြခဲ့တဲ့ မောင်အောင်ပွင့်ရဲ့ “တောတွင်းပျောက်" ဟာ၊ 'အပြကဗျာ' ကောင်းတစ်ပုဒ် ဖြစ်သလို အခုတင်ပြမယ့် မောင်သာလင်းရဲ့ 'ရှား" ကဗျာကတော့ “အပြောကဗျာ' ကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)