Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

မင်းသုဝဏ် - ကဗျာရေးချင်စာစပ်သင်

Regular price 2,700 MMK
Regular price Sale price 2,700 MMK
Sale Sold out

ကာရန် ၆၄ ပါး

စာစပ်လိုသော သူသည် ကာရန်ဆိုသောစကားလုံးကို နားလည်ဖို့ လိုပါ သည်။ ကာရန်ဆိုသည်မှာ အထူးအဆန်းမဟုတ်ပါ။ အက္ခရာ၏ အသံ မျှသာဖြစ်ပါသည်။ ဥပမာ က-အက္ခရာ၏ အသံက (အ)ဖြစ်ပါသည်။

ကာ-အက္ခရာ၏ အသံသည် (အာ)ဖြစ်ပါသည်။ ကား-အက္ခရာ၏ အသံသည် (အား)ဖြစ်ပါသည်။ နောင်တွင် ကာရန်များကို စိုက်ကွင်းပိတ် ၍ပြပါမည်။ များစွာသောကျောင်းသား ကျောင်းသူတို့သည် သူငယ်တန်း တွင်ရှိစဉ်က ဤနည်းကိုသင်ခဲ့ကြဖူးပါလိမ့်မည်။ ကာရန်နှင့် ပတ်သက်၍ မောင်ဥက္ကာနှင့် မောင်ညိုတို့ ပြောခဲ့ကြသည်ဆိုသော စကားများကို ထုတ် ဆောင်ပြောပြချင်ပါသည်။

တစ်ရံသောအခါ ရတနာဗိမာန်ကျောင်းအောက်သို့ သွား၍ သူငယ်တို့ဘာဝ ကစားမြူးပျော်လျက် နေကြရာ ခဲရှာ၍ မရနိုင်သဖြင့် မြေတွင်တူးဆွ၍ယူလျှင် ခဲရလေ၏။ ထို အခါ သျှင်ဥတ္တမကျော်က သျှင်မဟာသီလဝံသကို ပြောဆို သည်မှာ “ဟေ့.. မောင်ညို။ ငါ့မှာ မြေကိုတူး၍ယူသော ကြောင့် ခအဲရပြီ”ဟုပြောလျှင် သျှင်မဟာသီလဝံသက

ပြန်၍ပြောသည်မှာ “ဟေ့၊ မောင်ဥက္ကာ။ မင်းမှာမြေကို တူးမှ ခအဲရသည်။ ငါ့မှာမြေကိုမတူးဘဲနှင့် ကျောင်းတိုင် ခေါင်းထဲက စအူးကလေးတစ်ခု ရသည်”ဟု ပြောသံကို.. နတ်မီးလင်းဆရာတော်သည် စကြံသွားရာက ကြားတော် မူလျှင် အံ့ဖွယ်သရဲရှိလှသော သူငယ်နှစ်ယောက်ပါ တကား... ဟု အောက်မေ့တော်မူသည်။

           ဤထုတ်ဆောင်ချက်ကို ကြည့်လျှင် ခုနစ်နှစ်သားအရွယ် မောင်ဥက္ကာနှင့် မောင်ညိုတို့သည် ကာရန်သဘောကို သိနေကြပြီဟု ဆိုရပါမည်။ မောင်ဥက္ကာနှင့်ပြောသော “ခအဲ”မှာ အခြားမဟုတ်ပါ။ ခ+(အဲ)= “ခ” ဖြစ်ပါသည်။ မြေကြီးခဲ၊ ကျောက်ခဲ စသည်တို့ကို ဆိုလို ပါသည်။ မောင်ညိုပြောသော “စအူး”မှာလည်း အခြားမဟုတ်ပါ။ စ+(အူ)= “စူး” ဖြစ်ပါသည်။ သူတို့ခေတ်အခါက စာရေးသော ကညစ် မျိုးကို ဆိုလိုပါသည်။ သို့ဖြင့် ခဲ၏အသံမှာ(အဲ)ဖြစ်ကြောင်း၊ စူး၏အသံ မှာ(အူ)ဖြစ်ကြောင်း ဖော်ပြသည်ကို သိရပါသည်။ တစ်နည်းအားဖြင့် ဆိုလျှင် ခဲ၏ကာရန်မှာ(အဲ)ဖြစ်သည်။ စူး၏ကာရန်မှာ (အူ)ဖြစ်သည် ဟု နားလည်ရပါသည်။

           မြန်မာဘာသာတွင် ကာရန်(အသံ)ပေါင်း ၆၄ မျိုးရှိပါသည်။ (စာမျက်နှာ ၃ ကိုကြည့်။)

           ကြောက်စရာမဟုတ်ပါ။ ကလေးလူကြီး မရွေး သိပြီးသားများဖြစ် ပါသည်။

           ဇယားနှင့်ရေးကြည့်လျှင် အလွယ်ကလေးနှင့် သိနိုင်ပါသည်။ မှတ်မိနိုင်ပါသည်။

           အကြမ်းအားဖြင့် ခေါင်းဆောင်ကာရန်ကို အခြေပြုကာ ၁။ “အ” ကာရန်မျိုး၊ ၂။ “အာ”ကာရန်မျိုး၊ ၃။ “အား” ကာရန်မျိုးဟု ခေါ်ကြပါစို့။

           ဤကာရန်မျိုး သုံးပါးအရေးကြီးပုံကို နောင်သောအခါ သိရပါလိမ့်မည်။

           ပူးတွဲပါ ဇယားပုံကို ပထမဦးစွာ တစ်ကြောင်းပြီးလျှင် တစ်ကြောင်း အလျားလိုက်ဖတ်ကြည့်ပါ။ ထို့နောက် တစ်ဇယားပြီးလျှင် တစ်ဇယားထောင်လိုက်ဖတ်ကြည့်ပါ။ အလျားလိုက်နှင့် ထောင်လိုက်မည်သို့ခြား နားသည်ကို သတိပြုမိပါလိမ့်မည်။ ပထမအကြိမ် သတိမပြုမိသေးလျှင် ဒုတိယအကြိမ်၊ တတိယတစ်ကြိမ် စသည်ဖြင့် ဖတ်ကြည့်ပါ။ သတိပြုမိ လာပါလိမ့်မည်။

           မောင်ဥက္ကာနှင့် မောင်ညိုတို့သည် သွားရင်းလာရင်း မြူးတူးရင်းနှင့် ခ+အဲ ကလေး၊ စ+အူကလေးဆိုကာ ကစားကြသည်။ အသင်တို့လည်း ကစားနိုင်ကြပါသည်။ မည်သို့ကစားရမည်ကို အကြံပေးညွှန်ပြပါရစေ။

           ကျောင်းသားအရွယ် လူကလေးလုံမကလေးတို့သည် စကားလိမ်၊ စကားထာ၊ စကားဝှက်များကို နှစ်သက်အသုံးပြုတတ်ကြပါသည်။ စကားလိမ်နှင့် စကားထာကို အသင်တို့သိပြီးဖြစ်ပါလိမ့်မည်။ စကားဝှက် နှင့် ပတ်သက်၍ကား လူငယ်အများသည် သိကြပြီးဖြစ်လိမ့်မည် မဟုတ် ဟု ထင်ပါသည်။ ကျွန်ုပ်တို့ငယ်စဉ်က အကျင့်တစ်ခုမှာ “ဟေ့ ကောင်ရ။ကျောင်းသွားမလား” ဟု ရိုးရိုးတန်းတန်းပြောမည့်အခါ စကားကိုဝှက် ကာ “ဟာလှေကာတောင် ရာတေ။ ကျားတောင် သွားတား မလာတာ” ဟု ပြောလေ့ရှိခြင်းဖြစ်ပါသည်။ ဤစကားဝှက်ပြောနည်းအတိုင်းပင် မောင်ဥက္ကာနှင့် မောင်ညိုတို့ပြောနည်းကို ချဲ့ထွင်လိုက်ပါလျှင်... ဟ+(အေ) က+(အောင်) ရနံ(အေ)။ ကျ+(အောင်း)သွ+(အား)မလ+ (အား)မလ+(အား)ဖြစ်လာပါလိမ့်မည်။ ဤနည်းအတိုင်း လေ့ကျင့်ပြော ဆိုကြပါလျှင် ကာရန် ၆၄ သဘောကို ကောင်းစွာနားလည်ကြပါလိမ့် မည်။ တစ်ခုသတိပြုရန် ရှိပါသည်။ အေးပါကွာ။ အားပါတယ် စသည် ဖြင့် “အေး” “အား” စသော သရသံများပါလာသောအခါ ကျွန်ုပ်တို့ငယ်စဉ်ကပြောသော စကားဝှက်နည်းအရဆိုလျှင် အာတေးပါတာ ကွာတာ။ အာတာပါတာ တာတယ်” ဟုဆို၍ရပါသည်။ ယခုကာရန် နည်းအရဆိုလျှင် မည်သို့ဝှက်ပါမည်နည်း။ စည်းကမ်းမကျသော်လည်း လွယ်ကူမှုအတွက်ဆိုလျှင်

           “အ+(အေး) +(အာ) ကွ+(အာ)” စသည်ဖြင့် ဝှက်လျှင်ဖြစ်နိုင်ပါလိမ့်မည်။ “ဦးအေး၏ အိုးအိမ်”ဟုဆိုလျှင် “အ+(ဦး) အ+(အေး) +(အိ) အ+(အိုး) အ+(အိမ်)”ဟု ပြောရလိမ့်မည်။ စမ်းကြည့်ကြစမ်းပါ။ လိုလျှင် တဖြည်းဖြည်းပြင်ယူနိုင်ပါသည်။