Skip to product information
1 of 3

Other Websites

ဖေမြင့် - ငြိမ်သက်တစ်မိနစ်နှင့်အခြား၀ထ္ထုတိုများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဖေမြင့် 

ငါမသေဘူးဆိုတဲ့လူ

“ကျွန်တော်က တစ်ဘဝတည်းရှိတဲ့ကောင်။ သေရင်ပြီးမဲ့ကောင်း။ ကျွန်တော် ဘာလုပ်ရမလဲ။ ရှိတဲ့အချိန်လေးမှာ ဘာတွေ လုပ်သွားမလဲ ကျွန်တော် အများကြီး စဉ်းစားခဲ့တယ်။”

 

ငါမသေဘူးဆိုတဲ့လူ

ဆရာဝန်က စာရွက်တွဲတစ်တွဲကို လက်မှကိုင်ကာ သူ့အထက်ဆရာဝန်ကြီး ရုံးခန်းတွင်းသို့ ဝင်လာသည်။ လူနာကသူ့ နောက်နားမှ ကပ်၍ပါလာသည်။ အခန်းထဲတွင် လူနာအား ကုလားထိုင်တစ်လုံးမှာ ထိုင်ခိုင်းပြီး ဆရာဝန်ကြီးထံ စာရွက်တွေကို ကမ်းပေးသည်။

“လူနာနဲ့ပတ်သက်လို့ လူနာဆီကရော လူနာရှင်များ ဆီကပါ ကျွန်တော် မေးမြန်းစိစစ်လို့ရတဲ့ ရောဂါရာဇဝင်နဲ့ သုံးသပ် ချက်အကျဉ်းချုပ်ပါ ဆရာ ”

ဆရာဝန်ကြီးက စာရွက်တွဲကို လှန်လှောကြည့်ရှုသည်။ ရာဇဝင် အကျဉ်းချုပ်က အတော်ပင်ရှည်လျားပေသည်။ လူနာကို သူလှမ်းကြည့်သည်။ လူနာက ကုလားထိုင်တွင် ရိုသေကျိုးနွံဟန် ဖြင့်ထိုင်လျှက် ရှိသည်။ လူနာ၏ မျက်လုံးများ၌ စိုးရိမ်ထိတ်လန့်

မှုအရိပ်အရောင်များ ယှက်သန်းနေသည်ကို ဆရာဝန်ကြီး သတိ ပြုမိသည်။ သို့သော် နှုတ်ခမ်းများက ထူးခြားသည်။ နှုတ်ခမ်းများတွင် သရော်ပြောင်လှောင်ရိပ် တွဲခိုလျက်ရှိသည်။ ရပါတယ်၊ ခင်ဗျား တတ်သလောက်လုပ်ပါ၊ ဒါပေမဲ့ ခင်ဗျားလည်း ဖြစ်မြောက် မှာမဟုတ်ပါဘူးဟု ပြောဆိုနေဟန်ရှိသည်။

ဆရာဝန်ကြီး အကဲခတ်ဆဲ ရုတ်တရက်လူနာက စကားတစ်ခွန်းပြောသည်။

“ ကျွန်တော် မသေပါဘူး၊ ခုထက်ထိ ကျွန်တော် မသေသေးဘူး ”

ရုတ်တရက်တော့ ဆရာဝန်ကြီး အံ့အားသင့်သွားသည်။ ခေတ္တမျှကြောင်၍ ကြည့်နေမိသည်။ သို့သော် သူ့ဘဝမှာ စိတ်ရော ဂါဝေဒနာ သည်ပေါင်း ထောင်သောင်းချီ၍ တွေ့ခဲ့ရဖူးပြီဖြစ်သည်။ သူက လူနာကို မျက်နှာလွှဲလိုက်ကာ ရောဂါရာဇဝင်ကို စတင် ဖတ်ရှုလေသည် ။

ဦးမင်းဟန် အသက် ၅၅ နှစ်ကို ဟင်္သာတမြို့အနီး ရွာ ကလေး တစ်ရွာမှာ မွေးသည်။ ငယ်စဉ်က ဆင်းရဲချို့တဲ့သည်။ ရွာဘုန်းတော်ကြီးကျောင်း ပညာရေး။ ၄င်းနောက် အစိုးရအထက် တန်းကျောင်းသား ဘဝမှစ၍ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် နိုင်အောင် ကြိုးပမ်းခဲ့ရသည်။

ဆယ်တန်းအောင် ပြီးသည့်နောက် ရန်ကုန်မြို့သို့ရောက် သည်။ စာရေးအလုပ်လုပ်ရင်း သက်ကြီးတက္ကသိုလ်၌ ပညာဆက် လက်သင်ကြားသည်။

ထို့နောက် နိုင်ငံရေးလောက ထဲရောက်သည်။

ယခုအချိန်၌ သူ၏ စီးပွားရေးအခြေအနေမှာ သင့်တင့် ကောင်းမွန်ဆုံး ဖြစ်သည်။

သူ၏ ရောဂါ သို့မဟုတ် အဓိကရောဂါလက္ခဏာမှာ သေဘေး အကြောက်လွန်ခြင်း” ဖြစ်သည်။

ဦးမင်းဟန်သည် ဗုဒ္ဓဘာသာမိသားစုမှ ပေါက်ဖွားသူ ဖြစ်သည်။ ထို့ပြင် ရွာဘုန်းတော်ကြီးကျောင်းတွင် ငါးနှစ်ကျော်မျှ နေထိုင်ခဲ့ရသည်။

ထို့ကြောင့် သူသည် ဗုဒ္ဓဘာသာအယူအဆနှင့်ဗုဒ္ဓယဉ်ကျေး မှုဓလေ့များ ကြီးမားစွာလွှမ်းမိုးခံရသည့် မွေးရာပါ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်သည်ဟု ဆိုရမည်။

သို့သော် ထိုမျှဩဇာလွှမ်းမိုး ခံရသည့် အခြေအနေ၌ပင် ဦးမင်းဟန်သည် ဘာသာအယူ၌ သက်ဝင်ယုံကြည်မှု နည်းပါး ခဲ့ပုံရသည်။ သို့တည်းမဟုတ် ယင်းထက်ကြီးမားသည့် သြဇာ လွှမ်းမိုးမှု ဝင်ရောက်ခဲ့ပုံရသည်။ သူသည် မူလအယူကို စွန့်ကာမာ့က်စ်ဝါဒီအဖြစ် ခံယူသွားခဲ့သည်။

သို့သော် နိုင်ငံရေးဘ၀နောက်ပိုင်း ကာလတွင် ဦးမင်းဟန် သည် မာ့က်စ်ဝါဒကို မယုံကြည်တော့ကြောင်း အခိုင်အမာ ပြောဆိုပြန်သည်။

မာ့က်စ်ဝါဒကို စွန့်လွှတ်ပြီးသည့်နောက် မိရိုးဖလာအယူဝါဒကိုလည်း ပြန်လည်စွဲကိုင်ခြင်း မပြုခဲ့ပေ။

ထို့ကြောင့်

ဦးမင်းဟန်သည် ဗုဒ္ဓဝါဒီမဟုတ်၊ မာ့က်စ်ဝါဒီလည်း မဟုတ်။ ဘာဝါဒီမှမဟုတ်တော့။

ဘာသာကို စွန့်လွှတ်ခြင်းအကြောင်းနှင့် စပ်လျဉ်း၍ ဆန်း စစ်သည့်အခါ

ဦးမင်းဟန် အဆိုအရ မိမိသည် ... ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နီးစပ်သူ ဆွေမျိုးသားချင်းများကမူ ဦးမင်းဟန်သည် ငယ်စဉ်ကပင် ဘုန်းကြီးကျောင်း၌ နေထိုင်ရသည့် ဘဝကို မနှစ်မြို့ကြောင်း၊ ဘုန်းကြီးကျောင်းသား ဖြစ်ရခြင်းအတွက် သိမ်ငယ်စိတ်ရှိကြောင်း၊ ဘုန်းကြီးကျောင်းတွင် အတူနေကျောင်းသားများ ကိုရင်ငယ်များနှင့် မကြာခဏ ခိုက်ရန်ဖြစ်ပွားတတ်

ကြောင်း၊ သူ့ကို ဘုန်းကြီးကျောင်းသားဟု နောက်ပြောင်သည့် ရွာထဲက ကလေးများနှင့်လည်း မကြာခဏ ထိုးကြိတ်ခဲ့ဖူးကြောင်း၊ သည်အကြောင်းများသည် နောင်အခါ၌ ဘာသာအယူ စွန့်ပယ် ရေးတွင် တွန်းအားပေးသည့် အဓိကအချက်များ ဖြစ်နိုင်ကြောင်း ဖြင့်ထင်မြင်ချက် ပေးကြသည်။

မာ့က်စ်ဝါဒကို စွန့်လွှတ်ခြင်းနှင့်ပတ်သက်၍ ဦးမင်းဟန် က မိမိသည် အယူအဆတစ်ခုကို မှန်ကန်သည်ထင်လျှင် လက်ခံ ယုံကြည်ရန် ဝန်မလေးသကဲ့သို့ မှားယွင်းပြီထင်လျှင်လည်း စွန့်လွှတ်

ရန် လက်မနှေးတက်သူ တစ်ဦးဖြစ်သည်။ မာ့က်စ်ဝါဒသည် .. ခဲ့ပြီ။ မိမိ၏ နိုင်ငံရေးအမြင်များသည် မိမိ၏ လက်တွေ့ဘဝ အတွေ့အကြုံများနှင့်အညီ အစဉ်တစိုက် ပြောင်းလဲ လျှက်ရှိသည်။ မိမိသည် နိုင်ငံရေးကို လက်တွေ့ကျကျ လုပ်ဆောင် တတ်သူဖြစ်သည်။ ဖြစ်နိုင်ချေ မရှိသည့် စိတ်ကူးယဉ် အိပ်မက်များ နောက် တကောက်ကောက် လိုက်နေတတ်သူမျိုး မဟုတ်။ လက် ငင်းမှာ ဘာတွေဖြစ်နိုင်သလဲ၊ အဲဒါကိုစဉ်းစား။ အဲသလို စဉ်းစားပြီး တကယ်ဖြစ်နိုင်သည် ထင်ရသော အရာကိုလုပ်ခြင်းသာ လက် တွေ့ကျသော နိုင်ငံရေးဟု မြင်သည်။ ထို့ကြောင့်လည်း နိုင်ငံ ရေးဆိုသည်မှာ ဖြစ်နိုင်ချေရှိသည့် အရာကိုလုပ်သည့် အတတ် ပညာဟု တချို့ပုဂ္ဂိုလ်များက ဆိုကြခြင်းဖြစ်သည်။ ငယ်စဉ်တုန်း ကတော့ မိမိသည် မဖြစ်နိုင်ဆိုသော ဝေါဟာရ ကျုပ်အဘိဓာန်မှာ မရှိဘူးဆိုသော စကားမျိုးကို သဘောကျ ကိုးကွယ်ခဲ့ဖူးသည်။ သို့သော် နောက်ပိုင်း၌ လက်တွေ့ဘဝ အသိအရ မဖြစ်နိုင်ဆိုသော စကားသည် မည်သည့်အဘိဓာန်မျှ မကင်းနိုင်သည့် စကားဖြစ်

ကြောင်း လက်ခံခဲ့ရသည်။ မူလက မာ့က်စ်၊ အိန်းဂဲလ်စ်၊ လီနင်၊ စတာလင်၊ မော်စီတုန်း၊ ကပ်စထရိုတို့လို ကြီးကျယ်ဖို့ မိမိမျှော် မှန်းခဲ့သည်။ သို့သော် တကယ်လုပ်ကြည့်၍ မအောင်မြင်သည့် အခါ မိမိယုံကြည်ချက် ပျက်ယွင်းလာသည်။ မျှော်မှန်းချက်တွေ လည်း တဖြည်းဖြည်း နိမ့်ကျလာခဲ့သည်။ ထို့ကြောင့် အခြေအနေ ပေးသော တစ်ချိန်မှာ မာ့က်စ်ဝါဒနှင့် မာ့က်ဝါဒီ အသိုင်းအဝိုးကို စွန့်ခွာခဲ့သည်။ သို့သော် အတွေ့ အကြုံ အလေ့အလာအရတတ် ကျွမ်းနားလည်ခဲ့သည့် နိုင်ငံရေး အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုများကို အသက်မွေးဝမ်းကျောင်း ပညာတစ်ရပ်သဖွယ် အသုံးချနိုင်သည့် အခြေအနေ ရရှိလာသဖြင့် နိုင်ငံရေးလောက တွင်ဆက်လက်ကျင်လည် နေခဲ့သည်။ ထိုအနေအထားတွင် ဆက်လက်ရပ်တည်ရန် မလွယ်ကူတော့သည့် အခါ၌မူ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများကိုသာ မိမိဇောက်ချလုပ်ကိုင်ခဲ့သည်။ စင်စစ်မိမိသည် နိုင်ငံရေးနယ်ပယ်တွင် ဆက်လက်ကြာရှည်တည် ရှိတော့မှာမဟုတ်သည်ကို ကြိုတင်သိမြင်သဖြင့် ခပ်စောစော ကပင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကို စတင်ခဲ့ခြင်းဖြစ်ရာ ယခုအခါ၌ မိမိ၏စီးပွားရေးမှာ အတော်ပင် အခြေခိုင်လျက်ရှိပြီ။ စသဖြင့် ပြောကြားခဲ့သည်။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)