Skip to product information
1 of 3

Other Websites

ပေါ်ဦးသစ် - ကျွန်တော်ဖြတ်သန်းခဲ့သောလေးဖြူ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

            ပြန်စဉ်းစားကြည့်သောအခါ တက္ကသိုလ်ရောက် နေ့ရက်များနှင့်ဖက်သော အကြောင်းများကို ဂဃနဏ မသိတော့ ။

မန္တလေးတက္ကသိုလ်တွင် တစ်နှစ်လောက် စောရောက်နေသည့် အစ်ကိုဖြစ်သူက  ငါ့ညီ မင်း အစိုးရအဆောင် နေခွင့်ရတယ်။ ရတနာပုံဆောင် 37 မှာ” ဟုပြောတော့ မိဘများငွေကုန်ကြေးကြ သက်သာမည့်အခြေအနေမှ  ကစ်ဖက် တစ်လမ်းက အထောက်အကူပြသည့်အတွက် ဝမ်းသာမိသည်။

အဆောင်နေခွင့်ရသော ကျောင်းသားတစ်ယောက်၏အခွင့်အရေးများမှာ တစ်လလျှင် အဆောင်းနေစရိတ် တစ်နှစ်ဆယ်ကျပ် ပေးရုံဖြင့် အဆောင်မှကျွေးသော ထမင်းဟင်း (၂)နပ် အဆောင်နေခွင့်  ရေ မီး သုံးစွဲခွင့်များအား မူလအခွင့်အရေးအဖြစ် ခံစားရပါသည် ။

ဆောင်းတွင် အားကစားလုပ်ရန် Paralle Bar ရှိသည်။သံကွင်းဆွဲ နိုင်သည် ။အလေးမခန်း ရှိသည်။ ဧည့်ခန်းတွင် Television ရှိသည် ။အဆောင် စာကြည့်တိုက်ရှိသည့်အပြင် အစိုးရဆောင်ကျောင်းသားများသာတွေ့ကြုံနိုင်သော အခြေအနေများလည်း ပါရှိသည်။

၄င်းတို့ မှာ အခါအားလျော်စွာ ကျင်းပပြုလုပ်သော အဆောင် Frewell များနှင့် အဆောင် Spedal Drne များသို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခြင်း ဖြစ်ပါသည်။

 မန္တလေးတက္ကသိုလ်တွင် ကျောင်းသူ ကျောင်းသားများ ချစ်ခင်ရင်းနှီးစေခြင်းအလို့ငှာကျောင်းအုပ်ချုပ်ရေးကော်မတီက အစိုးရဆောင်များအား မောင်နှမဆောင်အဖြစ် ဖွဲ့စည်းပေးထားပါသည်။ 

ထိုစဉ်က ရွှေပြည်အေးဆောင်နှင့် ရွှေမန်ဆောင်း အောင်မင်္ဂလာဆောင် နှင့် မြကမာဆောင် ဇေယျာဆောင်နှင့် သစ္စာဆောင်တို့သည် မောင်နှမဆောင်များ ဖြစ်ပါသည်။ ရာသီအလိုက်အဆောင်တွင် ကျင်းပသော ပွဲလမ်းများသို့ အဆောင်မှ ကျင်းပပြု့လုပ်သောကိုယ်စားလှယ်ရွေးနုတ်၍ တက်ရောက်ခွင့် ရကြပါသည်။

             ကျွန်တော်သည် ရွှေဘိုကောလိပ်တွင် ကောလိပ်ကျောင်းသားအဖြစ် နှစ်နှစ်သင်ပြီး မန္တလေးတက္ကသိုလ်သို့ ပြောင်းရွှေ့ရောက်ရှိလာခြင်းဖြစ်သော်လည်း မန္တလေးတက္ကသိုလ်တွင် Fresher အဖြစ်ဖြင့် တောသားမြို့ရောက် မျက်စိသူငယ် နားသူငယ် ဖြစ်ခဲ့ရသည်။

 မန္တလေးတက္ကသိုလ်သို့ရောက်စအချိန်များတွင် ကျွန်တော် တို့ကဲ့သို့သော ကောလိပ်ကလေးများမှပြောင်းရွှေ့ခဲ့သော ကျောင်းသား ကျောင်းသူ များအားလုံးနီးပါး ထိုကဲ့သို့ပင် ခံစားကြမည် ထင်ပါသည် ။

မန္တလေးတက္ကသိုလ်တွင် ဣ‌ဒ္ဒြေမပျက် လူတွင်ကျယ်လုပ်နေသူများမှာ

ဖားသားလဖုန်းကျောင်းခေါ်ရတနာဘုမ္မိနယ်မြေမှပြောင်းရွှေ့လာသော ကျောင်းသား အများစုသာ ဖြစ်သည်။ ထိုကျောင်းသားများထဲတွင် ကျွန်တော်တို့ နယ်ကောလိပ် တွင်မရှိသော အင်္ဂလိပ်စာအထူးပြု နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်အထူး ဘူမိဗေဒဘာသာအထူး၊စိတ်ပညာဘာသာအထူးကျောင်းသားများလည်း ဝင်ရာ ကျွန်တော့်အတွက် ထိုကျောင်းသားများ၏ သဘောသဘာဝကို သိလိုခဲ့ပါသည်။

            မန္တလေးတက္ကသိုလ် ရတနာပုံဆောင်း အခန်းအမှတ် BH7 (ဘီ-၇)သည် (၄)ယောက်ခန်းဖြစ်ပါသည်း ကျွန်တော်သည် ကျောင်းသို့ စောရောက်သူဖြစ်၍ အခန်း တွင်းနေရာယူရာတွင် မိမိစိတ်ကြိုက်နေရာ မိမိစိတ်ကြိုက်ခုတင်ကို ရွေးချယ်ခွင့် ရရှိခဲ့သည်။ ကျွန်တော့်နေရာမှာ အခန်းဝင်ဝင်ချင်း ထောင့်နေရာ ခုတင်လေးလုံး တွင် အခိုင်မာဆုံးကုတင်နှင့်မော်ရင်းတွင် ပြတင်းပေါက်ရှိသောနေရာ၌ ရွေးချယ်၍ နေရာချထားခဲ့ပါသည် ။

ရတနာပုံဆောင်း အခန်းအမှတ် (ဘီ-၇)သည် လေးယောက်ခန်ဖြစ်ပြီး ကျွန်တော်၏အခန်း Partner များမှာ ကိုဝင်းထွဋ် ကိုခင်မောင်ဆွေနှင့် ကိုစောလွင် တို့ ဖြစ်ပါသည်။ ။

ကိုဝင်းထွဋ် မှာ ရမည်းသင်းဇာတိဖြစ်ပြီး စိတ်ပညာအထူးပြုဘာသာရပ်ဖြင့် ရတနာဘုမ္မိနယ်မြေမှပြောင်းရွှေ့လာသူ ဖြစ်ပါသည်။ ကိုခင်မောင်ဆွေမှာ ပျော်တွယ်မြို့ဇာတိဖြစ်ပြီး ရူပဗေဒအထူးပြုဘာသာရပ်ဖြင့် မိတ္ထီလာကောလိပ်မှ ပြောင်းလာသူ ဖြစ်လည်။

ကျွန်တော်နှင့် အခန်းဖော် ၃)ယောက်တွင် ကိုခင်မောင်ဆွေနှင့် ကိုဝေလွင် မှာ နယ်ကောလိပ်မှ ပြောင်းရွှေ့လာသော ကျောင်းသားများဖြစ်ပြီး နဂိုကပင် အနေ အထိုင်အေးဆေးသူများ ဖြစ်ကြသည် သူတို့သည် မန္တလေးတက္ကသိုလ်သို့ ရောက်ရှိမှ ၍ ပတ်ဝန်းကျင်အသစ်တွင် မိတ်ဆွေအသစ်များ တိုးပွားခဲ့ကြသော်လည်းကျောင်းတက်ခြင်း လက်ဖက်ရည်ဆိုင်ထိုင်ခြင်း အားရက်တွင် အလည်အပတ်ထွက်ခြင်းတို့ ကို ယခင်မိတ္ထီလာကောလိပ်တွင် အတူတွဲခဲ့သော သူငယ်ချင်းများနှင့်သာ လက်တွဲ ဖြတ် ပေါင်းသင်းခဲ့ကြပါသည်

          ကျောင်းဖွင့်ခါစရက်များတွင် ကျွန်တော်နှင့်ခုတင်ချင်းကပ်လျက် နေရာ ကြသော စိတ်ပညာအဓိကကျောင်းသား ကိုဝင်းထွဋ်မှာ သူ့နေရာတွင် သေတ္တာ တစ်လုံးချထားပြီး လူပင် မမြင်လိုက်ရဘဲ ပျောက်ချက်သား ကောင်းနေခဲ့ပါသည်။ ကျွန်တော့်အထင် ကျောင်းဖွင့်ပြီး ရက်(၄၀)ကြာမှ အဆောင်သို့ ရောက်လာသည်ဟု ထင်မိပါသည်။

သည်ကြားထဲတွင် ကိုဝင်းထွဋ်သည် အဆောင်ကြေးများ လာရောက် သွင်း၍ အဆောင်ထမင်းစာကတ်ကို ထုတ်ယူကာ ခေါင်းရင်းမှ စားပွဲပေါ်တွင် သည်အတိုင်းပစ်ထားခဲ့ပါသည် ။

ရွှေဘိုကောလိပ်မှ ဒုတိယနှစ်အောင်ပြီး မန္တလေးတက္ကသိုလ်သို့ တတိယနှစ်တက်လာသည့် ကျွန်တော်နှင့်သူငယ်ချင်းတစ်စုလုံးတွင် အစိုးရအဆောင်နေခွင့်ရသူမှာ ကျွန်တော်နှင့် ကိုစိုးတင့်နှစ်ယောက်သာ ရှိပါသည်။

ကိုစိုးတင့်မှာ ရေဦးမြို့နယ် ကံ ပေါက်ကျေးရွာမှဖြစ်ပြီး ရွှေဘိုကောလိပ်ကတည်းက မန္တလေးလမ်းထွက်ရှိ တောင်တံခါး အနီးအဆောင်တစ်ဆောင်တွင် အတူနေခဲ့သူ ဖြစ်ပါသည် ။

ကျွန်တော်တို့အစုအဖွဲ့တွင် ကျွန်တော် ကိုစိုးတင့်၊ မောင်ဝေး စိုးမြတ် သန်းခိုင်း ဆွေအောင်၊ မြအောင် ဖိုးလုံး(ခ)မျိုးမင်းအေး အစရှိသဖြင့်ရှိရာ ကျန် သူငယ်ချင်းများအဆောင်မရသဖြင့် အပြင်ဆောင်များတွင် ငှားရမ်းနေထိုင်ကြ ရသည်။ သူတို့သည်လည်း အခြားနယ်ကောလိပ်မှ ပြောင်းရွှေ့လာကြသော ကျောင်းသားများ နည်းတူ သူငယ်ချင်းအသစ်များနှင့်ပေါင်းသင်းသွားလာရန် အနည်မကျနိုင်သေးဘဲ ရွှေဘိုကောလိပ်တွင် အတူတွဲခဲ့သူများနှင့်သာ တပူးတွဲတွဲ ရှိခဲ့ပါသည်။

ကျွန်တော်သူငယ်ချင်းအများစုမှာ အပြင်ဆောင်တွင် မပျော်ကြ မနက် မိုးလင်းသည်နှင့် ကျွန်တော့်အဆောင် ကျွန်တော့်အခန်းသို့သာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။

ထိုမှလက်ဖက်ရည်ဆိုင်သို့ သွားကြသည် ကျွန်တော့်အဆောင် သို့ ထမင်းစားချိန်အမီ ရောက်လာသူတစ်ယောက်ကတော့အခန်းတွင် ထမင်းမစားသူ၏ ထမင်းစားခွင့်ကတ်ပြားကို ယူ၍ ကိုယ်စားဆင်စားနိုင်သည်။ အထူးသဖြင့် အဆောင်တွင် ထမင်းမစားသော ကိုဝင်းထွဋ်၏မင်းစားကတ်မှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ယောက်နှင့် တည့်သွားတတ်သည် ။

ကျွန်တော်တို့ အစိုးရဆောင်နေကျောင်းသားများမှာ နံနက်(၇)နာရီဆို လျှင် ထမင်းစားလို့ရပြီး အပြင်ဆောင်နေကျောင်းသားများ အိပ်ရာထ လက်ဖက် ရည်ဆိုင် ထိုင်ချိန်တွင် ကျွန်တော်တို့အတွင်းဆောင်နေ ကျောင်းသားများက ထမင်းစားပြီးချိန်နှင့် ကျောင်းချိန်မတိုင်မီ အားလပ်နေသောအချိန်တွင် လက်ဖက်ရည် ဆိုင်ထိုင်ကြခြင်းဖြစ်သည်။

ကျွန်တော့်သူငယ်ချင်းထဲတွင် မောင်ဝေသည် အဆောင်ငှားနေလေ့မရိုး ရွှေဘိုကောလိပ်မှာနေတုန်းကလည်း ဘိုကုန်းရပ်ထဲရှိ အသိဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှာနေပြီး ကျောင်းတက်သည်။

 ဘုန်းတော်ကြီးကျောင်းမှာနေသည်ဆို သော်ငြားလည်း ဘုန်ကြီးကျောင်းသို့ တစ်လတစ်ခေါက် နှစ်ခေါက်လောက်သာ ပြန်လေ့ရှိသည်။ကျွန်တော့်အဆောင် ကျွန်တော့်ခုတင်မှာပင် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့်နေလေ့ ရှိသည်။ ကျွန်တော့်အင်္ကျီ ၊ ပုဆိုးကို ယူဝတ်သည်။ ကျွန်တော်

ထမင်းချိုင့်ကို တစ်ဝက်စီခွဲဝေစားကြသည်။ သူ့အိမ်ကပို့သည့်ပိုက်ဆံကို ဝေမျှ သုံးကြသည်။ ပိုက်ဆံပို့သည့်အခါတွင်လည်း ရွာမှ လူကြုံကောင်သည့်အမျိုး တွင် သူ့မိဘများက များများသပို့ထားလေ့ ရှိသည်။ တစ်လကျော် နှစ်လ ငွေထပ်မလာတော့ပေ။

 ကျွန်တော့်မိဘများကတော့ ဝန်ထမ်းဖြစ်သည့်အတွက် တစ်လတစ်ကြိမ် ပိုက်ဆံပို့သည်။

 ပိုက်ဆံရသည်နှင့် အဆောင်ကြေး ကျောင်းလခ စသည်တို့ကို တစ်ပြိုင်နက် သွင်းရသည်။ သို့မဟုတ်ဘဲ သုံးပစ်မိပါက နောက်ထပ် ငွေပြန်ရှာရန် မလွယ်ကူပေ။

အခုလည်း မောင်ဝေသည် မန္တလေးတက္ကသိုလ်သို့ရောက်သောအခါ ဘုရား ကြီးနားရှိ သူရပ်ဆွေရပ်မျိုး ဘုန်းတော်ကြီးကျောင်းတွင် သူ၏သံသေတ္တာကို ထားပြီး အဝတ်တစ်ထည် လွယ်အိတ်တစ်လုံးဖြင့် ကျောင်းဝင်းထဲရှိ ကျွန်တော့် အခန်းသို့ ထုံးစံအတိုင်း ရောက်ရှိလာပါသည်

သူ့လွယ်အိတ်ထဲတွင် ကျောင်းနှင့်မဆိုင်သော အခြားပစ္စည်းတစ်ခု မုချ မသွေပါလာပေမည်။ ထိုအရာကား အခြား မဟုတ် သွားတိုက်တံတစ်ချောင်းပင် ဖြစ်သည်။ ဤသို့ဖြင့် မောင်ဝေသည် ကျွန်တော့်အခန်းတွင် ခြေကုပ်ယူကာ တက္ကသိုလ် ပညာကို သင်ကြားပေတော့သည် ။

မောင်ဝေကဲ့သို့ အခန်းတွင် အခါအားလျော်စွာ လာရောက်နေထိုင်သူ မှာ သန်ခိုင်ဖြစ်သည်။သန်းခိုင်သည် ချင်းတွင်းမြစ်အထက်ပိုင်း ထမံသီရွာမှ ဖြစ်ပြီး ဘဝအခြေအနေအရပ်ရပ်အရ ရွှေဘိုတွင် သူ့အဒေါ်အိမ်မှာနေ၍ ကောလိပ်တွင်ပညာသင်ကြားခဲ့ရာ တစ်နှစ်တစ်တန်းအောင်ပြီး မန္တလေးတက္ကသိုလ်သို့ ရောက်ရှိ လာခြင်း ဖြစ်ပါသည် ။

ကျွန်တော်နှင့် သန်ခိုင်အကြာတွင် ထူးခြားသောဆက်သွယ်မှာ ကဗျာ ကိစ္စဖြစ်သည်။ ကျွန်တော်နှင့်သန်းခိုင် သူငယ်ချင်းနှစ်ယောက်စလုံး ကဗျာ ဖတ်ကြသည် ၊ကဗျာ ရွတ်ကြသည်။

 ထိုစဉ်က သန်းခိုင်သည် မင်းလူ၊  သာကြီးမောင်၊ ဇေယျတို့အုပ်စုရေး

သော ရွှေနှလုံးသားကဗျာစာအုပ်ထဲမှ ကဗျာများကို ရွတ်ဆိုလေ့ရှိပြီး ကျွန်တော်က ဂျာမန်ကဗျာဆရာဗားတော့ဗရက်ရေးသော အနာဂတ်အတွက် ကဗျာစာအုပ်မှကဗျာ များကို ရွတ်ဆိုလေ့ရှိခဲ့သည်ကို အမှတ်ရမိသည်။ သန်းခိုင်သည်လည်း မန္တလေးသို့ ရောက်သောအခါ သူအဝတ်အစားသေတ္တာကို သူနှင့်တစ်မြို့တည်းသား၊ ကျောင်းသား အခန်းတွင်ထားပြီး ကျွန်တော့်အခန်းသို့ အဝတ်တစ်ထည် ကိုယ်တစ်ခုလွယ်အိတ် တစ်လုံးဖြင့် ရောက်လာသည်။

             ရွှေဘိုကောလိပ်တွင် အတူတွဲသူထဲတွင် ရေဦးသားစိုးမြတ်တစ်ယောက် လည်း အပါအဝင်ဖြစ်သည်။ စိုးမြတ်က စာဖတ်သားသက်သက် ဖြစ်သည်။ ပိုက်ဆံ မရှိလျှင် ဗိုက်မှောက်၍ အိပ်နေတတ်ပြီး ပိုက်ဆံရှိပါက ကောင်းကောင်းစားတတ်သူ တစ်ဦးဖြစ်သည်။

သူသည် စာအုပ်ကြီးများကို မရပ်မနားဖတ်လေ့ရှိသူဖြစ်ပြီး ပင်ကို အားဖြင့် စကားနည်းသူ ဖြစ်သည်။ သူကတော့ ဗောဓိကုန်းထဲရှိ အဆောင်တစ်ဆောင် တွင် အခန်းငှားနေပြီး များသောအားဖြင့် နေ့ခင်းနေ့လယ်တွင် ကျွန်တော့်အခန်၌သာ ပူးပေါင်းနေထိုင်လေ့ ရှိသည်။

ကျွန်တော်တို့သည် အခြားနယ်ကောလိပ်များမှ ရောက်ရှိလာသော တက္ကသိုလ်ကျောင်းသားများကဲ့သို့ပင် မိတ်သစ်ဆွေသစ်များဖြင့် ပေါင်းသင်းခြင်း မပြုဘဲ နယ်ကောလိပ်မှသူငယ်ချင်းများဖြင့်သာ လက်တွဲမဖြတ် ပေါင်းသင်းခဲ့ကြ သည်။

သို့ဖြင့် ကျွန်တော်၏ မန္တလေးတက္ကသိုလ် တတိယနှစ်ကျောင်းသားက အစသည် ရတနာပုံအဆောင်း အခန်းအမှတ် (ဘီ-၇)တွင် သန္ဓေတည်ခဲ့ရပါသည် ။

ရွှေဘိုကောလိပ်တုန်းက ရွှေဘိုမြို့ တောင်တံခါးအထွက် အဆောင်တစ်ဆောင်တွင် အတူတူနေခဲ့သော ကိုစိုးတင့်လည်း မန္တလေးတက္ကသိုလ်သို့ ရောက်သောအခါ အစိုးရဆောင်ဖြစ်သော ဇေယျဆောင်တွင် နေခွင့်ရသည် ။

ကိုစိုးတင့်တွင် ညီအစ်ကိုနှစ်ယောက်ရှိပြီး တစ်ယောက်က ကိုစိုးတင့်ထက် အကြီးဖြစ်သည်။ အိမ်ထောင်ခွဲဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိနေ သည်ဟု သိရသည်။ ကိုစိုးတင့်မိဘများမှာ လယ်ဧအများအပြားပိုင်ဆိုင်သည့် တောင်သူကြီး များဖြစ်ပြီး ကိုစိုးတင့်ကျောင်းနေစရိတ်အား လိုသလောက် ထောက်ပံ့နိုင်အောင် အဆင်ပြေသူများဖြစ်သည်။

 ကျွန်တော်တို့အုပ်စုထဲတွင် ကိုစိုးတင့်မှာ အနေအထိုင် အအေးဆုံးလူတစ်ယောက်ဖြစ်သည်း ထူးထူးထွေထွေ စကားမပြောတတ် မကျေနပ်လျင် မကျေနပ်သည့်အတိုင်း မကျေနပ်ချက်ကို မကျေနပ်သည့်လူအား တဲ့တိုးပြော တတ်သူ ဖြစ်သည်။ သို့သော် တစ်နှစ်နေလို့ တစ်ခါပြောတာ ကြုံရခဲသည်။

ဤသို့ဖြင့် ပရမ်းပတာဖွဲ့စည်းဖြစ်တည်လျက်ရှိသော ကျွန်တော်တို့အဖွဲ့ ကလေးသည် မန္တလေးတက္ကသိုလ်သို့ရောက်ခါစတွင် တောသားမြို့ရောက် မျက်စိ သူငယ်နားသူငယ်နှင့် ကျောင်းတက်လိုက် အားလပ်ရက်တွင် အထင်ကရနေရာ များသို့ အုပ်စုလိုက်လျှောက်လည်လိုက်ဖြင့် ပျော်ရွှင်စွာနေထိုင်ခဲ့ကြပါသည်။ ရွှေဘို ကောလိပ်မှာနေခဲ့စဉ်ကထက်ပင် ပိုမိုစုစည်းလာသည်ဟု ထင်မိသည် ။

ကျွန်တော်တို့သည် နံနက်စောစောထ၍ လမ်းလျှောက်သည်။အဆောင် မှ (၇၃)လမ်းအထိ ၎င်း(၇၃) လမ်းအတိုင်း မင်္ဂလာတံတားအထိ ၎င်းမှ လမ်း(၈၀)၊ ၎င်းမှ (၃၅)လမ်းအထိ (၃၅)လမ်းအတိုင်း (၇၃)လမ်းရောက်အောင် ပြန်လျှောက် ၎င်းမှ (၇၃)လမ်းအတိုင်း ကျောင်းသို့ ပြန်ပါလည်း တစ်ခါတစ်ရံ (၃၅)လမ်းအတိုင်း အရှေ့ဘက် ပြင်ဦးလွင်လမ်းထွက်ရှိ ကန်ကောက်ရွာကလေး ရောက်သည့်တိုင် လမ်းလျောက်ကြပါသည်။ တစ်ခါတစ်ရံ နေ့ကြီးရက်ကြီးများတွင် ဘုရားကြီးသို့ မျက်နှာသစ် တော်ရေအမီ သွားရောက်ကြည်ညိုကြပါသည် ။

ဤသို့ သွားလိုက် လာလိုက် ပိုက်ဆံကလေးရှိသည့်အခါ စားလိုက် သောက်လိုက်ဖြင့် မန္တလေးသို့ရောက်ခါစက တက်တက်ကြွကြွ ရှိခဲ့သူများ ကျောင်း သို့ရောက်၍ တစ်လခန့်ကြာသောအခါ အဆောင်တွင် မြဲလာကြပါသည် ။

ကျွန်တော့်အခန်းတွင် သန်ခိုင်နှင့်မောင်ဝေက လွတ်နေသော ကိုဝင်းထွဋ် “ခုတင်တွင် လည်းကောင်း ကျွန်တော်နှင့် စိုးမြတ်က ကျွန်တော်ခုတင်တွင်လည်းကောင်း အသီးသီးအိပ်ကြသည်။ ကိုစိုးတင့်က ကျွန်တော်တို့အထဲတွင် အသက် အကြီးဆုံးဖြစ်ပြီး ရှုပ်ရှုပ်ရှက်ရှက်မနေတတ်သောကြောင့် သူ့အခန်းသို့ သူငယ်ချင်း များ ရံဖန်ရံခါမှသာ လိုက်အိပ်လေ့ ရှိခဲ့သည် ။

သို့သော် နံနက်ခင်း အဆောင်ထမင်းစားပြီးသည်နှင့် မန္တလေးတက္ကသိုလ် ပရဝဏ်အနောက်၌ရှိသော ဇေယျာဆောင်မှ ကိုစိုးတင့်သည် မန္တလေးတက္ကသိုလ် အရှေ့ခြမ်းရှိသော ရတနာပုံဆောင် အခန်းအမှတ် (ဘီ-၇)သို့ ရောက်ရှိလာခဲ့ပါသည် ကျွန်တော့်အခန်းတွင် လူစုပြီးမှ လက်ဖက်ရည်ဆိုင်သို့ သွားကြပါသည် ။

တစ်ရက်တွင် ကျွန်တော် ပိုက်ဆံအနည်းငယ် ရှာဖွေ၍ ရရှိသည်။ ကျွန်တော် က ဂီတာဝယ်ရန်အာသီသဖြစ်မိသည် ။သို့သော် ဂီတာဝယ်လောက်သည်အထိ ပိုက်ဆံ က မပြည့် ကိုစိုးတင့်က ပိုက်ဆံပိုပိုလျှံလေ့ ရှိတတ်ပြီး သူကိုယ်တိုင်လည်း (၃၇)လမ်းရှိ ဂီတာသင်တန်းတစ်ခုသို့တက်၍ ဂီတာတီးသင်နေသဖြင့် ကျွန်တော်က

“ကိုစိုးတင့် ဂီတာတစ်လက်လောက် ပိုက်ဆံစပ်ပြီး ဝယ်ရအောင်ဗျာ” ဟု အဖော်စပ်ရာ သူ့ထုံးစံအတိုင်း အေးစက်စက်ဖြင့် -

“ဝယ်လေ”ဟု တုံးတိတိ ပြောပါသည်။

ကျွန်တော်က “ကဲ ဒါဆို သွားမယ်” ဟုဆိုကာ သူငယ်ချင်းတစ်သိုက် ဂီတဆိုင်ရှိရာ (၇၈)လမ်းသို့ စက်ဘီးစီး၍ ချီတက်ခဲ့ကြပါသည် ဂီတာဆိုင်တွင် ကိုစိုးတင့်ရော ကျွန်တော်ပါ နှစ်သက်သည့် ရှစ်ကြိုးတပ်ဂီတာတစ်လက်အား ကျပ် ငွေ (၂၃၀)ပေး၍ဝယ်ယူခဲ့ကြသည် ။

ကျွန်တော်က ကိုစိုးတင့် စိတ်ချမ်းသာစေရန် ဂီတာကို ကိုစိုးတင့်အခန်းမှာ တစ်ပတ် ကျွန်တော့်အခန်းမှာ တစ်ပတ်ထားတာပေါ့ဟု ပြောရာ” ရပါတယ်” ဟု ထုံးစံအတိုင်း တုံးတိတိ ပြန်ဖြေသည်။

ကိုစိုးတင့်မှာ ကောလိပ်ကျောင်းသားဖြစ်မှ ဂီတာတီးသင်သူဖြစ်ပြီး ကျွန်တော်က ၁၉၇၉-ခုနှစ်ကုန် ၆-တန်းကျောင်းသားလောက်ကစပြီး ဂီတာနှင့် ခန္ဓာအချိုးမမျှခင်ကတည်းက စတင်သင်ကြားတီးခတ်ခဲ့ခြင်း ဖြစ်ပါသည် ။

ကျွန်တော်တို့သည် ဂီတာဝယ်ပြီးချိန်မှစ၍ အဆောင်တွင် အတန် အသင့် မြဲလာခဲ့ပါသည် ဂီတာတီးရတာကြောင့်လား မသီး မျက်စိဖွင့်သည်နှင့် ဂီတာကို

ကောက်ကိုင်မိတတ်ခဲ့သည်။ ဂီတာကလည်း ရှစ်ကြိုးတပ်ဂီတာဖြစ်၍ Rhythm တီးရသည်မှာ အတော်ပင် “လွင်” လှသည်။

သည်ဂီတာကလေးဖြင့်ပင် ကျွန်တော့်အခန်းကို အလည်ရောက်လာသော ရွှေဘိုဆူးငှက်

လက်ဖက်ရည်ဆိုင်မှ သူငယ်ချင်း ကိုအောင်မိုးကိုလည်းကောင်း၊ အခန်း ပတ်ဝန်းကျင်ရှိ သူငယ်ချင်းများကို လည်းကောင်း၊ ပျော်ရွှင်စေခဲ့ပါသည်။

 ဂီတာကလေးသည် ကျွန်တော်တို့ကို အထီးကျန်ခြင်းမှ ကယ်တင်ခဲ့ပါသည်။ အုပ်စုငယ် ကလေးအဖြစ် အထီးတည်းနေခဲ့ရသော အခြေအနေကို ပြောင်းလဲစေခဲ့ပါသည်။

ကျွန်တော်တို့ဂီတာကလေးသည် ရတနာပုံဆောင် (ဘီ-၂)တွင်ရှိသော ကိုအောင်မြင့်တို့ ကိုမွှေးတို့၏ရင်ခွင်တွင်လည်းကောင်း မိတ္ထီလာသားများဖြစ်ကြ သည့် အခန်းနံပါတ် (ဘီ-၁၂ )ရှိ ကိုသန်းမြင့် ကိုဇော်လင်းတို့၏ရင်ခွင်တွင် လည်းကောင်း၊ လယ်ဝေးသား(အပ်) ( အေ-၉)ကိုခင်မောင်ဦးအခန်းတွင်လည်းကောင်း၊ အိုင်အာရ် ကိုစို၀င်းအောင်အခန်းတွင် လည်းကောင်း၊ မုံရွာသား ကဗျာဆရာမောင်ယဉ်နိုင်၏ ခင်ဝမ်းသီချင်းများသီကြူးရန်အတွက်လည်းကောင်း ကျွန်တော်တို့ဂီတာကလေးသည် ရတနာပုံဆောင်တွင် စကားမပြောတတ်သော သံတမန်ကလေးဖြစ်ခဲ့ပါသည်။

ကျောင်းဖွင့်စဖြစ်သဖြင့် Fresher Welcome ခေါ် မောင်မယ်သစ်လွင်ကြိုဆိုပွဲများ ကျင်းပရန် ဘာသာရပ် အလိုက် ကျောင်းသားအသီး'သီး ပြင်ဆင်နေသော ကာလာလည်းဖြစ်သည်။

 

 

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)