Skip to product information
1 of 3

Other Websites

နန္ဒာသိန်းဇံ - အသွင်သဏ္ဌာန်တို့နောက်ကွယ်၌

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

“မိုးပြာ'တွင်ထိုင်၍ “မိုးပေါ်သို့ လိမ့်ကျလာသူအကြောင်း ကို ကျွန်တော်တို့ စကားစပ်မိကြပါသည်။

“မိုးပြာတွင် ထိုင်၍..'ဆိုသည်မှာ ပုသိမ်ဒီဂရီကောလိပ် ခင်းအတွင်းက “မိုးပြာစားသောက်ဆိုင်တွင် စားရင်းသောက်ရင်းကျွန်တော်တို့ ဆရာတစ်စု စကားဝိုင်းဖွဲ့၍ ထိုင်ကြခြင်းကို ဆိုလိုပါသည်။

ရူပဗေဒဆရာက ကမ္ဘာမြေ၏ ဆွဲအားကြောင့် အရာဝတ္ထု တို့သည် မြေပေါ်သို့ ကျ ကြခြင်းဖြစ်ကြောင်း ကမ္ဘာ၏ လည်မှု အပေါ် မူတည်၍ “ဗဟိုခွာအား” ဖြစ်ပေါ်လာကြောင်း၊ အကယ်၍ ကမ္ဘာလည်နှုန်းပေါ်မူတည်၍ ဗဟိုခွာအားသည် ကမ္ဘာမြေဆွဲအား ထက် ပိုသွားပါက အပေါ်မှ လိမ့်ကျသည်ဆိုသောလူသည် ကမ္ဘာမြေပေါ်သို့ ကျခြင်း မဖြစ်နိုင်တော့ဘဲ မိုးပေါ်သို့ လိမ့်ကျ သွားခြင်းသာ ဖြစ်နိုင်ကြောင်းကို ရှုပဗေဒသဘောတရားများဖြင့် ရှင်းပြသည်။

ထို့နောက် ရူပဗေဒဆရာက ကွမ်တမ်မက္ကင်းနစ် အကြောင်း ၊ အိုင်းစတိုင်း၏ 'ရီလေးတစ်ဗီတီ" သဘောတရား အကြောင်းများ ကို ဆက်ပြောပြန်သည်။

ကန်သုံးဆင့်ဘက်မှ ကသီကရီ ဝင်လာသောလေက ထိုရူပဗေဒဆရာ၏ အဖြူအနက် ရောထွေးနေသော ဆံပင်များကို ထိုးဖွသွားသည်။ ထိုအခါမှ ကပိုကရိုဖြစ်နေသော ဆံပင်နှင့် သူ၏မျက်နှာက လိုက်ဖက်သွားပြီး အတွေးအမြင် ရင့်ကျက်သူ ကစ်ဦး၏ အသွင်ကို ဆောင်သွားသည်ဟု ထင်မိပါသည်။

နောက်တစ်ချီ တိုးဝင်လာသော လေဘက်သို့ မျက်နှာမူ လိုက်မိရာမှ ကျွန်တော်မျက်စိများက ကန်စောင်းတွင် စွန့်လွှတ် နေကြသော လူငယ်တစ်သိုက်ထံ ရောက်သွားသည်။

ရစ်လုံးက ကြိုးကိုလျှော့၍ လျှော့၍ပေးရာမှ ပြန်၍ပြန်၍ တင်းရင်း စွန်ကိုတက်အောင် ကြိုးစားနေသော အရပ်မြင့်မြင့် သွယ်သွယ် လူငယ်၏လှုပ်ရှားပုံက အချိုးအကျဆုံးဖြစ်သည်။

“တစ်ခါမှာ နက္ခတ္တပညာရှင်တစ်ဦးနဲ့ အိုင်းစတိုင်းတို့ ဆုံကြတယ်။ လူဟာစကြဝဠာကြီးနဲ့ နှိုင်းစာရင် ဘာမျှ မပြောပလောက်တဲ့ အရာဝတ္ထုကလေး ဖြစ်တဲ့အကြောင်း၊ ချွန်ထက်လှတဲ့ ခဲတံဖျားနဲ့ စာရွက်ပေါ် ထောက်လိုက်လို့ ဖြစ်ပေါ်လာတဲ့ အစက်အပြောက်ကလေးလောက်တောင် မထင်ရှားတဲ့အကြောင်း၊ ဒါကြောင့် လူ့အဖြစ် လူ့ဘဝဟာ အားငယ်စရာ ကောင်းလှကြောင်းပြောတော့ အိုင်းစတိုင်းက အဲဒီ ဘာမျှမပြောပလောက်တဲ့ လူကပဲ စကြဝဠာကြီးအကြောင်းကို သိနေတာလို့ ပြောလိုက်ဖူးတယ်။ ဟုတ်တယ်၊ လူဟာသေးငယ်ပေမယ့် သဘာဝလောကကြီးရဲ့ လျှို့ဝှက်နက်နဲမှုတွေကို သိနိုင်စွမ်းတယ်။ လူဟာအသိအမြင် စွမ်းပကားရှိသူဖြစ်လို့ စကြဝဠာမှာ ဂုဏ်သိက္ခာ အမြင့်ဆုံးသူ ဖြစ်နေတာပဲ။ လောက အလယ်မှာ လူဟာဘာမျှ အားငယ်စရာ မလိုဘူး" 

အထက်ပါ ရူပဗေဒဆရာ၏ ထင်မြင်ချက်ကို အခြားသူ တစ်ဦးက ထပ်ဆင့်ဆွေးနွေးသည်။ အခြားသူတစ်ဦးက လူမှု ပြဿနာတွေ ၊ လူမှုပဋိပက္ခတွေကိုတော့ သဘောတရားဆိုင်ရာ ရူပဗေဒအသိ၊ သဘာဝသိပ္ပံကအသံ၊ သင်္ချာပညာက အသိမျှလောက်ဖြင့် မဖြေရှင်းနိုင်သေးကြောင်း၊ လူမှုပြဿနာများကို ဖြေရှင်းရာမှာတော့ အခြေအနေတွေကို သုံးသပ်ရှုမြင် ပိုင်းခြား နိုင်သည့် အသိအမြင်မျိုး လိုအပ်ကြောင်း ပြောနေပါသည်။

အခြားသူတစ်ဦးက ကန်တော်မင်းကျောင်းဆရာတော်၏

“မတင်းမလျှော်၊ လှေဖောင်ဖော့သို့ ၊ မလျှော့ပညာ၊ တံငါလုလင် ၊ မျှားကြိုးငင်သို့”ဟူသော မေတ္တာစာ တစ်ပိုဒ်ကို ရွတ်ဆိုပါသည်။ ထိုသို့ရွတ်ဆိုပြီးနောက် 'လူမှုပြဿနာတွေကို ဖြေရှင်းတဲ့ နေရာမှာ ဘယ်လောက်အထိတင်းပြီး ဘယ်လောက် အထိ လျှော့ရမယ်ဆိုတာကို သင်္ချာနည်းနဲ့ တွက်လို့မရဘူး။ ပုံသေနည်းတွေနဲ့လည်း လူမှုပြဿနာတွေကို ဖြေရှင်းလို့ မရဘူး။ အခြေအနေတွေကို သိမ်သိမ်မွေ့မွေ ချိန်ချိန်ဆဆနဲ့ ရှုမြင်သုံးသပ်တဲ့ နည်းကိုပဲ သုံးရမှာပဲ”ဟု ဆိုသည်။

“အခြေအနေတွေကို မသုံးသပ်နိုင်ဘူးဆိုရင်..."

“ကြိုးမငင်တတ်ရင်တော့ ကြိုးလည်းပြတ်၊ ငါးလည်းဆုံး ဖြစ်မှာလိုပဲပေါ့”.

“လေှလည်း မြုပ်ရောလား”

“မြုပ်ချင်မှတော့ မြုပ်မယ်။ ဒါမယ့် လိုရာကို မြန်မြန်မရောက်ဘူးပေါ့ဗျာ”

သူတို့က တစ်ယောက်တစ်ပေါက် ဝင်ပြောရင်း ရယ်နေကြသည်။

'မျှားကြိုးငင်'နှင့် 'စွန်ကြိုးငင်”ဟူသော အသုံးအနှုန်းများ အကြောင်းကို မရေမရာကွေးရင်း ကျွန်တော့်အာရုံများက ကန်စောင်းသို့ ရောက်သွားပြန်သည်။

သူတို့က ပျားကောင်တွေအကြောင်း ဆက်ပြောကြ ပြန်သည်။

ဆရာတစ်ဦးက

“ ပျားကောင်တွေလို ဝတ်ရည်သယ်တတ်ရင် ကောင်းမယ် ဗျာ။ ပျားကောင်တွေမှာ ဝတ်ရည်လည်း ရသွားတယ်၊ သူတို့က ဒီလိုဝတ်ရည်လာသယ်လို့ ပန်းပင်တွေကို ဘာမျှမထိခိုက်ရုံသာမက ပန်းပွင့်တွေမှာ ဝတ်မှုန်တွေကူးပြီး ပန်းခင်းကြီး တစ်ခုလုံးလည်း တလှတပ ပွင့်သွားတယ်။ အဲဒီလိုပေါ့ ဗျာ လူမှုပြဿနာတွေကို အသိအမြင်တွေနဲ့ ဖြေရှင်းတတ်ရင် သူ့ကိုလည်း မထိခိုက်၊ ကိုယ့်ကိုလည်း မထိခိုက်ဘူး။ သူလည်းအကျိုးရှိ၊ ကိုယ်လည်း အကျိုးရှိဖြစ်ပြီး လူမှုပဋိပက္ခတွေ လျှော့နည်းသွားမှာပါ"ဟု ဆိုပါသည်။

နဖူးကျယ်ကျယ်၊ နှုတ်ခမ်းမွှေးကားကားနှင့် ဆရာတစ်ဦး က ဦးခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေရာမှ

“ခင်ဗျားက ပျားအကြောင်းပြောတော့ ကျွန်တော်က ဓားအကြောင်း ပြောရဦးမယ်ဗျ”ဟု အစချီလိုက်ပြီးနောက် ရှေးခေတ်ဂျပန်က ဓားသမား ညီအစ်ကိုသုံးယောက်အကြောင်းကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောပါလေသည်။ သူ့အဖွဲ့အနွဲ့များကို ဖယ်လိုက်ပါက အောက်ပါကဲ့သို့ ဖြစ်ပါလိမ့်မည်။ ။

ဓားသိုင်းပညာ၌ကျွမ်းကျင်လှသော ဖခင်သိုင်းဆရာကြီးက သူ၏သားသုံးယောက်ကို နှစ်ရှည်လများ ဓားသိုင်းအတတ်ပညာ သင်ပေးသည်။ ထိုသို့သင်ပေးပြီးနောက် ဖခင်သိုင်းဆရာကြီးက သားသုံးယောက်၏ အရည်အသွေးကို စစ်ဆေးကြည့်လိုသော ဆန္ဒများ ဖြစ်နေသည်။

သို့နှင့် ဖခင်သိုင်းဆရာကြီးက အဝေး၌ရောက်နေကြသော သားသုံးယောက်ထံသို့ “မည်သည့်နေ့၊ မည်သည့်အချိန်၊ မည်သည့် နေရာ၌ တပည့်များ စုံညီစွာ တက်ရောက်မည့် အစည်းအဝေး တစ်ခုရှိကြောင်း၊ ထိုအစည်းအဝေးသို့ သားသုံးယောက်စလုံး မပျက်မကွက် တက်ရောက်ရမည်ဖြစ်ကြောင်း အကြောင်းကြား လိုက်သည်။

အစည်းအဝေးခန်းမထဲသို့ ဝင်လာမည့် သားများကို စမ်းသပ်ရန်အတွက် ဖခင်သိုင်းဆရာကြီးက အစီအစဉ်တစ်ခု လုပ်ထားသည်။ အစည်းအဝေး ခန်းမထဲသို့ ဝင်ရမည့် တံခါးကို မပွင့်တပွင့် ဟထားပြီး ထိုတံခါး၏အထက် တံခါးဘောင်ပေါ်တွင်

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)