Other Websites
ဒေါက်တာမင်းတင်မွန် - မှန်ကန်သောဘ၀အမြင်
ဒေါက်တာမင်းတင်မွန် - မှန်ကန်သောဘ၀အမြင်
ထုတ်ယူရရှိနိုင်မှုကို မတင်နိုင်ခဲ့ပါ။
:: ဤ အီးဘွခ်(အခမဲ့) ကို ဒေါင်းလုပ်ဆွဲယူရန် (Buy it now) ခလုတ် ကိုနှိပ်ကာ ရှေ့ဆက်လုပ်ဆောင်၍ ၀ယ်ယူပေးပါ၊ အခမဲ့ အမှာစာ (Order) တင်ပြီးသည့်နောက်တွင် အီးဘွခ်ပီဒီအက်ဖ်ဖိုင် ဒေါင်းလုပ်ဆွဲရန်လင့်ကို စာဖတ်သူ၏ အီးမေလ်ထဲသို့ ပို့လိုက်မည်ဖြစ်ပါသည်၊
:: mgyoe.com ရှိ အီးဘွခ်စာအုပ်များသည် အင်တာနက်ပေါ်၌ အချိန်ကြာမြင့်စွာကပင် ပြန့်နှံ့နေပြီးသား စာအုပ်များသာဖြစ်ပါသည်၊
:: စာဖတ်သူများ ဖတ်ချင်၍ရှာသည့်အခါတွင် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ရန် စုစည်းထားပေးခြင်းမျှသာဖြစ်ပါသည်၊
:: စာအုပ်တိုက်များမှ ပြန်လည်ရိုက်နှိပ်ထုတ်ေ၀လျှင် ၄င်းအီးဘွခ်ဒေါင်းလုပ်လင့်များကို ပြန်လည်ဖြုတ်ချသွားမည်သာဖြစ်ပါသည်။
-----------------------------------
သိဒ္ဓိတ္ထမင်းသားကို လုမ္ဗိနီဥယျာဉ်၌ မွေးဖွားစဉ်ဘဝမှာ အရေးအကြီးဆုံး အသိပညာဟာ ဘဝရဲ့ သဘော သဘာဝအမှန်ကို သိတဲ့ပညာဖြစ်တယ်။ ဒီပညာက အောက်ပါမေး ခွန်းများကို ယုတ္တိတန်စွာ ဖြေဆိုနိုင်ရမယ်။ ။
ကျွန်ုပ်တို့ ဘာကြောင့် မွေးဖွားလာရသလဲ၊
လက်ရှိဘဝသို့ ဘယ်လိုရောက်လာရသလဲ၊
အသက်ရှင်နေခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ၊
ဘဝမှာ လုပ်သင့်တဲ့ အရေးအကြီးဆုံးအလုပ်က ဘာလဲ၊
သေခြင်းဆိုတာ ဘာလဲ၊ သေပြီးတော့ ဘာဖြစ်မလဲ။ .
ကျွန်တော်ဟာ သိပ္ပံပညာရှင်တစ်ဦးဖြစ်ပါတယ်၊ ဘာသာရေး ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ ဒဿနပညာ, စိတ်ပညာ, သိပ္ပံ ပညာနှင့် ရသစာပေတို့ကို ဖတ်ရှုပါတယ်။ ဒါပေမယ့် အထက်ပါ မေးခွန်းများကို အကြောင်းအကျိုး ညီညွှတ်စွာ ဖြေဆိုထားတဲ့ အဖြေ များကို ကျွန်တော် မတွေ့ခဲ့ရပါဘူး။
ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆင့်မြင့်တရားတော်ဖြစ်တဲ့ အဘိဓမ္မာ ကို ၁၉၈၀ ခုနှစ်မှာ ကျွန်တော်လေ့လာခွင့်ရတယ်။ သာသနာရေးဝန်ကြီးဌာနက နှစ်စဉ်ကျင်းပပေးနေတဲ့ အဘိဓမ္မာရိုးရိုးတန်းစာမေးပွဲ သုံးဆင့်ကို ၁၉၈၁ ခုနှစ်မှာ ကျွန်တော်အောင်မြင်ပြီးတော့ အဘိဓမ္မာ ဂုဏ်ထူးဆောင်စာမေးပွဲသုံးဆင့်ကို ၁၉၈၃ ခုနှစ်မှာ ကျွန်တော်အောင် ပါတယ်။ အဆိုပါစာမေးပွဲနှစ်ရပ်လုံးမှာပဲ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ကျွန်တော် ပထမ ရခဲ့ပါတယ်။
အဲဒီနောက် ၁၉၈၃ ခုနှစ်က စပြီးတော့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများကိုရော၊ အများပြည်သူတို့ကိုရော အဘိဓမ္မာကို လွယ်လွယ်ရှင်းရှင်းနဲ့ မြန်မြန်ထက်ထက် သိနားလည်အောင် ကနေ့ အထိ ကျွန်တော်သင်ပြပေးနေခဲ့တယ်။ သင်ပြရင်းနဲ့ အဘိဓမ္မာနဲ့ အလင်းရောင်အောက်မှာ အထက်ပါမေးခွန်းများရဲ့ အဖြေများဟာ ကျွန်တော့စိတ်မှာ ပေါ်လွင်ထင်ရှားလာကြပါတယ်။
အမှန်တကယ်ပဲ သဗ္ဗညုတဉာဏ်ရှင်မြတ်စွာဘုရားဟာ သူ့ရဲ့ အဘိဓမ္မာဒေသနာတော်မှာ ဒီဘဝဆိုင်ရာမေးခွန်းများကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ဖြေကြားတော်မူခဲ့ပါတယ်။ ဘဝတစ်ခုမှာ အဘိဓမ္မာပညာဟာ အဖိုးတန်ဆုံးပညာပဲလို့ ကျွန်တော် သိမြင်လာ ပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်းဟာ ဘဝတစ်သက်တာမှာ အကျိုးအများဆုံး ရရှိဖို့အတွက် အဘိဓမ္မာရဲ့ အခြေခံသဘောတရား များကို သင်ယူသင့်တယ်လို့ ကျွန်တော် ရိုးသားစွာ ခံစားမိပါတယ်။
အဘိဓမ္မာဟာ မြတ်စွာဘုရားရဲ့ သဗ္ဗညုတဉာဏ်တော်နဲ့ ရှင်း ရှင်းလင်းလင်း တိုက်ရိုက်ထိုးထွင်းမြင်သိခဲ့တဲ့ ကြောင်းကျိုး ညီညွတ် ပြီး ယုတ္တိတန်တဲ့ သိပ္ပံနည်းလည်းကျတဲ့ အသိပညာဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အချိန်နဲ့ စမ်းသပ်စစ်ကြောခြင်းကို ကြံ့ကြံ့ခံ နိုင်ရုံသာမက ခေတ်သစ်သိပ္ပံပညာ၊ ခေတ်သစ်စိတ်ပညာတို့နှင့် လည်း ယှဉ်နိုင်တဲ့ အသိပညာ ဖြစ်ပါတယ်။ ဒါကြောင့် အဘိဓမ္မာကို မြတ်ဗုဒ္ဓရဲ့ ထိပ်သီးသိပ္ပံပညာ၊ ထိပ်သီးစိတ်ပညာ၊ ထိပ်သီးဒဿန ပညာရယ်လို့ မှန်မှန်ကန်ကန် သတ်မှတ်နိုင်ပါတယ်။
' " အဘိဓမ္မတ္ထသင်္ဂဟ' ခေါ် အဘိဓမ္မာသင်္ဂြိုဟ်ကျမ်းမှာ ရေးသား ထားတာကို ကျွန်တော်ရိုးရိုးရှင်းရှင်း ဘာသာပြန်ဆိုရေးသားထားတဲ့ ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ်” နှင့် “တက္ကသိုလ်အဘိဓမ္မာပေါင်းချုပ်" စာအုပ်တို့ကို လေ့လာကြည့်ရင် အဘိဓမ္မာအခြေခံသဘောတရား များကို သိနားလည်တာနဲ့ပဲ ဖတ်ရှုလေ့လာသူတို့ဟာ ဘဝရဲ့ အမှန် သဘော၊ ဘဝရဲ့ ရည်ရွယ်ချက် အကောင်းဆုံးနည်းဖြင့် အသက်ရှင် သန်ခြင်းနှင့် သေဆုံးခြင်း စတဲ့ ဘဝဆိုင်ရာ ပြဿနာအားလုံးရဲ့ အဖြေများကို ကျေကျေနပ်နပ် သိမြင်လာမှာ ဖြစ်ပါတယ်။ ။
ထို့အပြင် စိတ်နှင့်ခန္ဓာကိုယ်တို့ကို အပြည့်အစုံ ခွဲခြမ်းပြထား တဲ့ ပရမတ် ရုပ်နာမ်တရားများ ဘဝသံသရာကို ရှင်းပြထားတဲ့ ပဋိစ္စ သမုပ္ပါဒ်တရားတော်ရဲ့ အကြောင်းအကျိုးဆက်နွှယ်မှုများ၊ စကြ ၀ဠာအတိုင်းအတာအထိမှန်ကန်တဲ့ အရိယသစ္စာလေးပါးစသည်တို့ ကို ဖော်ပြထားတဲ့ အဘိဓမ္မာအချက်အလက်များကို ဝိပဿနာရှုပွား ရာမှာ မှန်ကန်ကြောင်း ကိုယ်တွေ့ဉာဏ်ဖြင့် ရှုမြင်နိုင်တဲ့အပြင် ခေတ် အဆက်ဆက် ဘာဝနာရှုပွားသူ သန်းပေါင်းများစွာတို့ကလည်း မှန် ကန်ကြောင်း သက်သေပြခဲ့ကြပြီး ဖြစ်ပါတယ်။
ဒါကြောင့် အဘိဓမ္မာပညာဟာ မှန်ကန်ကြောင်း သက်သေပြခဲ့ ပြီးတဲ့ မှန်ကန်တဲ့ သဘာဝအဆင့်မြင့်ပညာ ဖြစ်ပါတယ်။ ထာဝရ ငြိမ်းအေး ချမ်းသာခြင်းဆိုတဲ့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင် တဲ့ မဂ်ဉာဏ်ခေါ် အဆင့်အမြင့်ဆုံး ဉာဏ်ပညာကို ရရှိအောင် ၊ လမ်း ညွှန် ပို့ဆောင်ပေးတဲ့ပညာလည်း ဖြစ်ပါတယ်။
မြတ်ဗုဒ္ဓရဲ ထာဝရသဝဏ်လွှာ
မြတ်ဗုဒ္ဓဟာ ဘာသာအယူဝါဒအားလုံးနဲ့ တရားသေ ဝါဒ အားလုံးတို့ထက် ပိုကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ သူ့ရဲ့ သဝဏ်လွှာဟာ လူသားတို့ကို ခေတ် အဆက်ဆက် ပီတိဝေဖြာစေခဲ့တယ်။ သူ့ရဲ့ ငြိမ်းချမ်းရေး သဝဏ်လွှာကို ဆင်းရဲပင်ပန်းပြီး အာရုံပျံ့လွင့်နေကြတဲ့ လူသားများက အတိတ်သမိုင်းတစ်လျှောက်လုံးမှာ အခု အချိန်မှာလောက် ဘယ်အခါကမှ ပိုပြီး မလိုအပ်ခဲ့ပါဘူး။
(ယခုအခါ အလိုအပ်ဆုံးဖြစ်ပါတယ်)
ဂျဝါဟာလားလ်နေရူး၊ ယခင်အိန္ဒိယဝန်ကြီးချုပ်
သိပ္ပံပညာနှင့် ယှဉ်စပ်နိုင်တဲ့ ဗုဒ္ဓဘာသာ
ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနဲ့ ယှဉ်စပ်နိုင် တဲ့ ဘာသာတရားတစ်စုံတစ်ခု ရှိမယ်ဆိုရင် အဲဒီဘာသာ ဟာ ဗုဒ္ဓဘာသာ ဖြစ်လိမ့်မယ်။ အဲလ်ဘတ်အိုင်းစတိုင်း၊ ကမ္ဘာ့သိပ္ပံပညာရှင်ကြီး
စိတ်ပိုင်းဆိုင်ရာ သိပ္ပံပညာ
ဗုဒ္ဓဘာသာဟာ အကြောင်းအကျိုးသင့်လျော်တဲ့ လက်တွေ့ကျတဲ့ အလုံးစုံကို ထွေးပိုက်ထားတဲ့ ဘာသာ တရား၊ စိတ်ပိုင်းသိပ္ပံပညာနဲ့ ဘဝနေနည်းပညာ ဖြစ် တယ်။ ဗုဒ္ဓဘာသာဟာ ကမ္ဘာ့လူသားသုံးပုံတစ်ပုံနီးပါး တို့ရဲ့ စိတ်ပိုင်းလိုအပ်ချက်များကို နှစ်ပေါင်း ၂၅၀၀ကျော် ကြာအောင် ကျေနပ်စွာ ဖြည့်ဆည်းပေးခဲ့တယ်။ ဒီဘာသာဟာ အနောက်တိုင်းသားများကို ကျေနပ် နှစ် သိမ့်စေတယ် မိမိကိုယ်ကို အားကိုးဖို့နဲ့ သူတစ်ပါးတို့ရဲ့ အမြင်ကို ထောက်ထားစာနာဖို့ အလေးအနက် တိုက် တွန်းတယ်၊ သိပ္ပံပညာ, ဘာသာတရား, ဒဿနပညာ, စိတ်ပညာ, ကိုယ်ကျင့်ပညာနှင့် အနုပညာတို့ကို ခြုံငုံ ထွေးပိုက်ထားတယ်၊ လူသားကလျှင် သူ့လက်ရှိ ဘဝရဲ့ ဖန်ဆင်းရှင်ဖြစ်ပြီး သူ့ဘဝကံကြမ္မာရဲ့ ဖန်တီးသူ ဖြစ်တာကို တိတိကျကျ ညွှန်ပြတယ်။
ခရစ္စမတ်ဟမ်းဖရီး၊
လန်ဒန်ပါဠိကျမ်းစာ အသင်းဥက္ကဋ္ဌ
ဤစာအုပ်ဖြစ်ပေါ်လာပုံ
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာတည်ရှိတဲ့ 'မလေးရှား ဗုဒ္ဓဘာသာအသင်း ဥက္ကဌရဲ့မေတ္တာရပ်ခံချက်အရ “အသက်ရှင်ခြင်း နှင့် သေခြင်းဆိုင်ရာအဘိဓမ္မာအမြင်” The Abbhdihanna Perspective of Living and Dying coléroege coreggae ရပ်ကို ကွာလာလမ်ပူမြို့၊ ဗုဒ္ဓမဟာဝိဟာရကျောင်းတော်မှာ ၂၀၀၄ ခုနှစ်က အင်္ဂလိပ်ဘာသာဖြင့် ကျွန်တော်ဟောပြောခဲ့ပါတယ်။ တစ်ခါ ဒီခေါင်းစဉ်နဲ့ပဲ အကြောင်းအရာအချို့ကို ပြုပြင်မွမ်းမံဖြည့်စွက်ပြီးတော့ ဒုတိယအကြိမ် ဟောပြောပွဲကို စင်္ကာပူမြို့၊ ရွှေတိဂုံအသင်းရဲ့ ဘုရားဓာတ်တော်ကျောင်းတော်မှာ ၂၀၀၆ ခုနှစ်က အင်္ဂလိပ်ဘာသာ ဖြင့် ကျွန်တော်ဟောပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း 'ဘဝဆိုင်ရာအဘိဓမ္မာအမြင်' 'အဘိဓမ္မာ ပေးသော ဘ၀အမြင်" ခေါင်းစဉ်တို့ဖြင့် ရန်ကုန်မြို့နှင့် နယ်မြို့များမှာ ကျွန်တော်ဟောပြောခဲ့ပါတယ်။
အထက်ပါ ဟောပြောချက်များမှာ ပါတဲ့ လိုရင်းအချက်အလက် များကို ထုတ်နုတ်ပေါင်းစုပြီးတော့ ဤမှန်ကန်သော ဘဝအမြင်အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း” စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ကျွန်တော်ဦးစွာ ရေးသားပါတယ်။ ပြီးတော့ မြန်မာဘာသာဖြင့်ပြန်ဆိုရေးသားပါတယ်။
ဤစာအုပ်ကို လေ့လာဖတ်ရှုသူများက ဘဝဆိုင်ရာ မှန်ကန်တဲ့ အမြင်ကို ရရှိပြီးတော့မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာတိုးတက်ရေးအတွက် အကျိုးကျေးဇူးကြီးမားစွာ ရရှိကြမယ်လို့ ကျွန်တော်မျှော်လင့်ပါ တယ်။
ဘဝအမြင်မှန်ဖြင့် မှန်ကန်တဲ့ ဘဝလမ်းခရီးပေါ်မှာ ငြိမ်းချမ်း ရာသို့ ဦးတည်လျက် ချမ်းသာစွာ လျှောက်လှမ်းနိုင်ကြပါစေ။
ဒေါက်တာမင်းတင်မွန်
၁
မွေးဖွားပြီးနောက် မြောက်အရပ်သို့ ခုနစ်လှမ်းကြွလှမ်းစဉ်
ဘဝအဓိပ္ပာယ်နှင့် ဘဝ၏သဘာဝ
၁ ရှေးဦးဒဿနပညာရှင်များ -
ဓာတ်ကြီးလေးပါးမှ ဘဝဖြစ်ပေါ်ခြင်း
သမိုင်းတစ်လျှောက်လုံးမှာပဲ ဒဿနပညာရှင်များဟာ ဘဝရဲ့ သဘာဝအမှန်ကို သိချင်ကြတယ်။ စကြဝဠာကြီးကို ဖြစ်လာစေတဲ့ အခြေခံဓာတ်များကိုလည်း သိလိုကြတယ်။
ရှေးဦးဒဿနပညာရှင်များဟာ စကြဝဠာကို ဖွဲ့စည်းထားတဲ့ အခြေခံဓာတ်လေးပါးပဲ ရှိတယ်လို့ ယုံကြည်ကြတယ်။ ဒီဓာတ်တွေက မြေ၊ ရေ၊ မီးနှင့် လေတို့ ဖြစ်ကြတယ်။ ဘဝဆိုတာလည်း ဒီဓာတ်ကြီး လေးပါးက ဖြစ်လာပြီးတော့ သေဆုံးတဲ့အခါ ဒီဓာတ်ကြီးများအဖြစ် သို့ တစ်ဖန်ကူးပြောင်းသွားတယ်လို့ ယုံကြည်ကြတယ်။ နောက် ကာလမှာ ဒီယူဆချက်ဟာ ကျေနပ်စရာမရှိဘူးဆိုတာကို ပညာရှင် တို့ သိလာကြတယ်။
၂ လီယိုတော်စတွိုင် - ဘဝမှာ သေခြင်းကို
စောင့်မျှော်ခြင်းမှအပအခြားအဓိပ္ပာယ်မရှိ
လီယိုတော်စတွိုင်(၁၈၂၈-၁၉၁၀)ဟာ ရုရှားစာရေးဆရာ နှင့် ဘာသာရေးဒဿနပညာရှင်တစ်ဦး ဖြစ်တယ်။ 'စစ်နှင့် ငြိမ်းချမ်းရေး " အမည်ရှိတဲ့ ဝတ္ထုရှည်စာအုပ်ဖြင့် နိုဘယ်ဆုကြီးကို ရရှိခဲ့သူဖြစ် တယ်။ သူအသက်ကြီးလာတဲ့အခါ ဘဝအကြောင်းကို အလေးအနက် စဉ်းစားတယ်။ ။
“ကျွန်ုပ်တို့ ဘာကြောင့် မွေးဖွားလာရသလဲ။ ဒီဘဝကို ကျွန်ုပ် တို့ ဘယ်လိုရလာသလဲ။ ကျွန်ုပ်တို့ ဘာကြောင့် အသက်ရှင်နေကြတာ လဲ။ အသက်ရှင်နေခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။ သေဆုံးတဲ့အခါ ဘာဖြစ်မလဲ။ ဒီမေးခွန်းတွေဟာ အရေးကြီးတဲ့မေးခွန်းတွေပဲ။ ဒါပေ မယ့် ဒီမေးခွန်းများရဲ့ အဖြေများကို ကျွန်တော်ရှာမရလို့ ကျွန်တော် ရပ်တည်နေတဲ့နေရာ ပြိုကျသွားတယ်လို့ ခံစားမိတယ်” လို့ သူ မိန့်ဆို ခဲ့ပါတယ်။
သုက ဘဝကို ဝက်ဝံအလိုက်ခံနေရတဲ့လူတစ်ယောက်နဲ့ နှိုင်းပြ တယ်။ လူက သေရေးရှင်ရေး ထွက်ပြေးတယ်၊ ပြေးရင်း ရေတွင်း ပျက်တစ်ခုကို သူတွေ့ရတယ်၊ အနီးကပ်လာတော့ ရေတွင်းနံရံက သစ်ကိုင်းတစ်ခု ထိုးထွက်နေတာကို သူတွေ့ရတယ်။ သူချက်ချင်း ခုန်ဆင်းပြီး သစ်ကိုင်းကို တွယ်နေလိုက်တယ်။
ဝက်ဝံက ရေတွင်းပေါ်က စောင့်နေတယ်။ သူတက်လာရင် သူ ကို သတ်မှာပေါ့။ သူ အောက်ငုံ့ကြည့်တော့ ဧရာမစပါးကြီးမြွေတစ်ကောင်က မျက်လုံးစိမ်းစိမ်းနဲ့ သူ့ကို စိုက်ကြည့်နေတယ်၊ သူပြုတ်ကျ လာရင် သူ့ကို မျိုးမှာပေါ့။ ' သူထွက်ပေါက် မရှိဘူး။ တစ်ခါ နေ့နှင့် ညဉ်ကို ကိုယ်စားပြုကြ တဲ့ ကြွက်ဖြူနှင့် ကြွက်မည်းနှစ်ကောင်တို့က သူတွယ်နေတဲ့ သစ်ကိုင်းအရင်းကို ကိုက်ဖြတ်နေကြပြန်တယ်။ သစ်ကိုင်းကို သူ တယ် လောက်ကြာအောင် တွယ်ထားနိုင်မလဲ။ သူတွယ်ထားနိုင်ရင်တောင် သစ်ကိုင်းပြတ်တဲ့အခါ သူပြုတ်ကျမှာပဲ။
အဲဒီအချိန်မှာပဲ သူ့ဇောချွေးတွေပြန်ပြီး ဆာလောင်မွတ်သိပ်လာ တယ်။ သစ်ကိုင်းရဲ့ သစ်ရွက်များပေါ်မှာ ပျားရည်စက်တွေ ကပ်တင် နေတာကိုမြင်ရတော့ သူမရှက်နိုင်တော့ဘဲ ပျားရည်စက်များကိုလက် စားမိတယ်။ ဘဝဆိုတာ ဒါပါပဲ။ ဘဝမှာပျားရည်စက်များလိုပဲ ပျော် ပါးစရာဆိုလို့ ကာမဂုဏ်ပျော်ပါးမှု အနည်းအကျဉ်းပဲရှိတာပါ။
ဒါကြောင့် သေခြင်းတရားကို စောင့်မျှော်နေခြင်းမှတစ်ပါး ဘဝ မှာ အဓိပ္ပာယ်မရှိပါဘူးလို့ လီယိုတော်စတွိုင် ခံစားမိတယ်။
၃ ခရစ္စမတ်ဟမ်းဖရီး - ကမ္ဘာကြီးက
စားသောက်ဆိုင်နှင့်တူတယ်
လန်ဒန် ပါဠိကျမ်းစာအသင်းရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ခရစ္စမတ်ဟမ်း ဖရီးဟာ ကမ္ဘာကြီးကို စားသောက်ဆိုင်တစ်ခုနှင့် နှိုင်းတယ်။ စားသောက်ဆိုင်ထဲမှာ ဝင်လာသူတွေကလည်း မစ်၊ ထွက်ခွာသွားသူ တွေကလည်း မစဲဖြစ်နေသလို ကမ္ဘာကြီးမှာလည်း ကလေးငယ်များ က အသစ်မွေးဖွားနေကြပြီးတော့ အသက်ကြီးသူတွေက သေဆုံးပြီး ကမ္ဘာကြီးမှ ထွက်ခွာသွားနေကြတယ်။
၄ ဝီလျံရှိတ်စပီးယား - ကမ္ဘာကြီးဟာ ဇာတ်ခုံတစ်ခုပဲကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာ ဝီလျံရှိတ်စပီးယား က ကမ္ဘာကြီးဟာ ဇာတ်ခုံတစ်ခုပါပဲတဲ့။ လူတွေက ဇာတ်ခုံပေါ်ကို အလှည့်ကျ တက်လာကြပြီးတော့ မိမိတို့ဆိုင်ရာ အခန်းကဏ္ဍကို ကပြကြ သရုပ်ဆောင်ကြတယ်။ အချို့က မင်းသားတွေလို အချို့က မင်းသမီးတွေလို အချို့က လူရွှင်တော်များလို အချို့က ဂီတပညာရှင် များလို၊ အဆိုတော်များလို စသည်ဖြင့် သရုပ်ဆောင်ကြတယ်။ ကိုယ့်
Share







