ဒေါက်တာခင်နှင်းယု - ခရမ်းချဥ် အ၀ါရောင်ရွက်တွန့် ဗိုင်းရတ်(စ်) ရောဂါ
ခရမ်းချဉ်အဝါရောင် ရွက်တွန့် ဗိုင်းရက်ရောဂါ
နိဒါန်း
မြန်မာနိုင်ငံ နေရာဒေသအသီးသီးမှာရှိတဲ့ ခရမ်းချဉ်စိုက်ခင်းတွေမှာ ဒီရောဂါသိသိသာသာ ကျရောက် ဖြစ်ပွါးလာတာ ၃ နှစ်လောက်ရှိပါပြီ။ တစ်နှစ်ထက် တစ်နှစ်လည်း ပိုပိုဆိုးလာတယ်လို့ သိရပါတယ်။ လူတွေမှာ ဖြစ်တဲ့ တုပ်ကွေး အသဲရောင်အသားဝါး အိပ်(ချ)အိုင် စတဲ့ရောဂါတွေနဲ့ တိရစ္ဆာန်တွေမှာ ဖြစ်တဲ့ ကြက်၊ ငှက်တုပ်ကွေး ရောဂါတွေလို သူလည်းဗိုင်းရတ်(၈)ကြောင့်ဖြစ်တာပါပဲ။ ရောဂါနာအမည်က “ခရမ်းချဉ်အဝါ ရောင်ရွက်တွန့် ဗိုင်းရတ်ရောဂါ” လို့ခေါ်ပါတယ်။ ရောဂါဖြစ်စေတဲ့ ဗိုင်းရက် ကိုတော့ အင်္ဂလိပ် လို Tomato Yellow Leaf Curl Virus လို့ ခေါ်ပြီး အတိုကောက်ကတော့ TYLCV ပါ။ တစ်ခုကံကောင်းတာက လူနဲ့တိရစ္ဆာန် တွေမှာ ဖြစ်တဲ့ စိုင်းရတ်ရောဂါတွေဟာ အပင်တွေမှာဖြစ်သလို အပင်တွေမှာ ဖြစ်တဲ့ ဗိုင်းရတ်ရောဂါ တွေဟာလည်း လူနဲ့တိရစ္ဆာန်တွေမှာ မဖြစ်တာပါပဲ။
အခုအချိန်မှာ ဆိုရင်ဒီရောဂါဟာ အမေရိကန်ပြည်ထောင်စု၊ မြေထဲပင်လယ်ဒေသနဲ့ အရှေ့အလယ် ပိုင်းနိုင်ငံများ၊ အာဖရိကနိုင်ငံများ၊ ဂျပန်၊ တရုတ်၊ နီပေါ၊ အိန္ဒိယ၊ ထိုင်ဝမ် ထိုင်းစတဲ့ အာရှနိုင်ငံများအပါအဝင် ကမ္ဘာနဲ့အဝှမ်း ခရမ်းချဉ်စိုက်တဲ့ နိုင်ငံတိုင်းလိုလိုမှာ ကျရောက်ဖြစ်ပွါးနေပြီဆိုတာ နိုင်ငံခြားကသုတေသန ဂျာနယ်တွေနဲ့ အင်တာနက် စာမျက်နှာတွေပေါ်မှာ ကြည့်ရင်သိနိုင်ပါတယ်။ စီးပွါးရေးအရဆုံးရှုံးမှုများလို့ အရေးကြီးတဲ့ ရောဂါ အဖြစ်လည်း သတ်မှတ်ကြပါတယ်။ ဒီရောဂါကို ဆူဒန်နိုင်ငံမှာ ၁၉၆၅ခုနှစ် စတင်တွေ့ရှိပြီး၊ အစ္စရေးလ်မှာ ၁၉၆၆ခုနှစ်၊ ဆိုက်ပရတ်(စ)မှာ ၁၉၇၄ခုနှစ်၊ တန်ဇန်းနီယား မှာ ၁၉၉၀ခုနှစ် ဘင်္ဂလားဒက်(ရှ) မှာ၁၉၉၁ခုနှစ်မှာ စတင်တွေ့ရှိကြောင်း မှတ်တမ်းတွေမှာ
တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ ခရမ်းချဉ်စိုက် တဲ့တောင်သူတွေ ပြောပြချက်အရ ဒီရောဂါကို သိသိသာသာတွေ့လာရတာ ၃-နှစ် လောက်ရှိပြီလို့ဆိုပါတယ်။ စတွေ့တဲ့ နှစ်ရယ်လို့ တိတိကျမှတ်တမ်းနဲ့ ဖေါ်ပြထားတာတော့ မတွေ့သေးပါဘူး။
ရောဂါပြင်းထန်မှုကို ကြည့်မယ်ဆိုရင် ထိုင်ဝမ်မှာရှိတဲ့ အာရှဒေသဟင်းသီးဟင်းရွက် သုတေသန ဖွံ့ဖြိုးမှုဋ္ဌာနက ၂၀၀၄ ခုနှစ်မှာဖေါ်ပြတဲ့ စာတမ်းတစ်စောင်မှာ ရောဂါ ကျရောက်ဖြစ်ပွါးမှုက တချို့စိုက်ခင်းတွေမှာ ၁၀၀% အထိလျှင်လျှင်မြန်မြန်ရောက်သွား ပါတယ်တဲ့။ အပင် ၁၀၀ မှ ၁၀၀ စလုံး ရောဂါ ကျတယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်က စာတမ်းတစ်ခုမှာ ဖေါ်ပြချက်အရ နီပေါနိုင်ငံ အနောက်ဖက်တောင်တန်း တွေမှာ မိုးရာသီမှာ ရောဂါကျရောက်နှုန်း အမြင့်မားဆုံးဖြစ်ပြီး အပွင့်မပွင့်မီ ရောဂါကျတဲ့ စိုက်ခင်းမှာ အသီးထွက်နှုန်း ၉၅% လော့ကျကြောင်းသိရပါတယ်။ ဘင်္ဂလားဒက်(ရှ)နိုင်ငံမှာ ၂၀၀၄ ခုနှစ်ကမှတ်တမ်းအရ ခရမ်းချဉ်မှာ ဖြစ်ပွါးတဲ့ရောဂါတွေထဲမှာ ဒီရောဂါက ဖျက်ဆီးမှုအများဆုံးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ် အတွင်းက အာဖရိကနိုင်ငံအသီးအရေအတွက် နည်းသွားပေမဲ့ အသီးများပုံပျက်ခြင်း၊ ညိုမဲခြင်းတော့မရှိပါဘူး။ ခရမ်းချဉ်မှာ အခြားဗိုင်းရတ်ရောဂါတွေလည်း ကျတတ်တော့ အကယ်၍ မှိုစိတ် ရောဂါကျလျှင် အသီးပုံပျက်ပြီး အတွင်းသားမှာ ညိုမဲတဲ့အစင်းတွေ ဖြစ်နေတတ်ပါတယ်။
ဖေါ်ပြထားတဲ့ လက္ခဏာတွေထဲက တစ်ခု (သို့မဟုတ်) တစ်မျိုးထဲပဲမြင်ရမယ်ဆိုရင် ဒီရောဂါရယ်လို့ တိတိကျကျ မပြောနိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အခြားနိုင်းရတ် (ဥပမာ-ဆေးခိုစေ့ဗိုင်းရတ်၊ အာလူး ရွက်လိပ်ခိုင်းရတ် အာလူးဗိုင်းရတ် အာလူးစိုင်းရတ် % သခွါးမိုးစေ့ ဗိုင်းရတ်) များကလည်း ခရမ်းချဉ်ပင် မှာကျရောက်နိုင်ပြီး တချို့လက္ခဏာတွေက ဆင်တူကြတဲ့အတွက် အဲဒီရောဂါတွေနဲ့ မှားပြီးခွဲခြား သတ်မှတ်မိနိုင် လို့ပါပဲ။ ဒါပေမဲ့ အထက်ကပြောသွားတဲ့ လက္ခဏာတွေထဲက ၃၄ မျိုးလောက် တစ်ပြိုင်ထဲ ယှဉ်တွဲဖြစ်မယ် ဆိုရင်တော့ ဒီရောဂါပါပဲလို့ သတ်သတ်မှတ်မှတ် ပြောနိုင်ပါတယ်။ ဒီရောဂါဟာ အထက်မှာဖေါ်ပြခဲ့တဲ့ လက္ခဏာ တွေသာမကပဲ အသီးတွေမှာ ပျော့ပြောင်းမှု၊ အသားအထူအပါး၊ ပျော်ဝင်နိုင်တဲ့အာဟာရဓါတ်ပါဝင်မှုစတဲ့ အရည်အသွေးတွေလည်း ထိခိုက်လျော့ပါးစေကြောင်းသိရပါတယ်။
ကူးစကိပျံ့တဲ့နည်းလမ်းများ
ဒီရောဂါဖြစ်စေတဲ့ ဗိုင်းရတ်ကို အရွယ်အစားအလွန်သေးငယ်တဲ့ (အလျား ၂-မီလီမီတာ) အင်းဆက်ပိုး တစ်မျိုးဖြစ်တဲ့ ယင်ဖြူ (Whitefly) ကနေ အဓိကသယ်ဆောင် ကူးစက်စေပါတယ်။ သူ့ရဲ့သိပ္ပံနာမည်က Bermicka tahari ဖြစ်ပါတယ်။ ဒီယင် ဖြူရဲ့အတောင် ပေါ်မှာ ငွေရောင်တောက်နေလို့ ငွေရောင်ယင်ဖြူ (Silverleaf Whitefly) လို့လည်း ခေါ်ပါတယ်။ (ပုံ၅) မှာပြထားပါတယ်။ ရောဂါကူးစက်မှုအားလုံးရဲ့ (၁၀၀ %) အထိ သယ်ဆောင်ကောင် (Vector) ကနေ တစ်ဆင့်ကူးစက်နိုင်ပါတယ်။
ယင်ဖြူတွေဟာ ပူပြင်းခြောက်သွေ့တဲ့ ရာသီကိုကြိုက်နှစ်သက်ပြီး အဲဒီရာသီမှာ ပွါးများမှုနဲ့လှုပ်ရှားမှု မြန်ပါတယ်။ မိုးသည်းထန်စွာရွာရင်တော့ ယင်ဖြူဦးရေ လျော့နည်းသွား တတ်ပါတယ်။ သာမန်အခြေအနေမှာ ယင်ဖြူတွေဟာ နေ့အချိန်မှာ အပင်တွေပေါ်မှာ နားနေစားသောက်ပြီး လေတိုက်တဲ့အခါလေနဲ့တွေကို လွှင့်ပါ သွားတတ်ပါတယ်။ ညအချိန်မှာတော့ အရွက်အောက်မျက်နှာပြင်မှာ စုပြီး စတည်းချကြပါတယ်။ (ပုံ၆)မှာပြထားတဲ့အတိုင်းပါပဲ။
ယင်ဖြူက ရောဂါကျနေတဲ့ ခရမ်းချဉ်ပင်ရဲ့ အရွက်ပေါ်မှာစုတ်စားတဲ့အခါ အရွက်မှပင်စည် (Pat ap) နဲ့ အတူဗိုင်းရတ်ရုပ်မှုများက ယင်ဖြူရဲ့နှောကိုယ်ထဲမှာ ပါသွားပါတယ်။ ယင်ဖြူရဲ့ နှောကိုယ်ထဲကို ဗိုင်းရတ်များ ရောက်ရှိသွားဖို့ လိုအပ်တဲ့ အစာစားချိန်ကတော့ ၁၅-မိနစ်မှ၃၀-မိနစ်ဖြစ်ပြီး အများက အထီးများထက် စိုင်းရတ်ကို
ပိုမိုသယ်ဆောင် ပြန့်နှံ့စေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရတ်ပျိုးချိန်(Latent period) စ-နာရီ မှ ၁၀-နာရီကြာသွား ပြီးပြီဆိုရင် ဗိုင်းရတ်ပါတဲ့ယင်ဖြူက ရောဂါကင်းတဲ့အရွက်ပေါ်မှာ ပြန်စားသောက်တဲ့အခါ ယင်ဖြူရဲ့စတ်စားတဲ့ ပါးစပ် အစိတ်အပိုင်းကတစ်ဆင့် ဗိုင်းရတ်တွေက အရွက်ထဲကို ရောက်သွားပြီး ရောဂါကူးစက်စေပါတယ်။ ဒီလိုပုံစံမျိုးနဲ့ ကူးစက်တာကို ကြာရှည်တည်မြဲပုံစံ (Peritant artiative manam) ဖြင့်ကူးစက်ခြင်းလို့ ခေါ်ပါတယ်။ ဗိုင်းရတ်ဟာ သယ်ဆောင်ကောင်ရဲ့ နှောကိုယ်ထဲမှာပွါးများပြီး အချိန်ကြာကြာ ရှိနေလို့ပါပဲ။ အကယ်၍ ဗိုင်းရတ်က သယ်ဆောင်ကောင်ရဲ့ ပါးစပ်အစိတ်အပိုင်းမှာပဲ ကပ်ငြိပြီး ရောဂါကင်းတဲ့ အရွက်ပေါ်မှာ ပြန်စားလို့ စိုင်းရတ်တွေက အရွက်ထဲကို ချက်ချင်း ရောက်သွားပြီး ရောဂါကူးစက်စေမယ်ဆိုရင် အဲဒီကူးစက်ပုံစံကို ကြာရှည်မတည်မြဲတဲ့ပုံစံ (Non-persistant maner) လို့ခေါ်ပါတယ်။ ဗိုင်းရတ်(၈) အမျိုးအစား ကွာခြားပါတယ်။ ဒီရောဂါဖြစ်စေတဲ့ ဗိုင်းရတ်(၈) ကတော့ ကြာရှည်တည်မြဲပုံစံနဲ့ပဲ ကူးစက်ပါတယ်။)
ဗိုင်းရတ်(စ)ပါဝင်နေတဲ့ ယင်ဖြူကနေ အပင်ထဲကို ရောဂါကူးပြန်တက်နိုင်ဖို့ အပင်ပေါ်မှာ အစာစားရန် လိုအပ်တဲ့အချိန်က ၁၀-မိနစ်ကနေပြီး ၃၀-မိနစ်အထိ ဖြစ်ပါတယ်။ နိုင်ငံခြားက သုတေသနစာတမ်း တစ်စောင်မှာ ဖေါ်ပြချက်အရ ရောဂါကျနေတဲ့ အပင်မှာ အစာစားပြီး ၁၂နာရီကြာတဲ့အခါ ယင်ဖြူရဲ့ခန္ဒာကိုယ်ထဲမှာ ဗိုင်းရတ်ကောင်ရေ ၆ သန်းလောက်ပွါးများနေပြီ ဖြစ်ကြောင်းသိရပါတယ်။ ဗိုင်းရတ်(စ) တွေဟာ ယင်ဖြူ အဖို-အမမိတ်လိုက်မှုကြောင့် တစ်ကောင်တစ်ကောင်သို့ ကူးစက်သွား ပါတယ်။ ဒါ့ကြောင့်ယင်ဖြူအုပ်ထဲတွင် ဗိုင်းရတ်(စ)ပါတဲ့ အကောင်တွေ ပျံ့နှံ့သွားတာကြောင့် ရောဂါကျနေတဲ့ အပင်မရှိတဲ့နေရာမှာလည်း ဗိုင်းရတ်ပါတဲ့ ယင်ဖြူများ ရှိနေနိုင်ပါတယ်။ ဗိုင်းရတ်ဟာ ယင်ဖြူရဲ့ခန္ဒာကိုယ်ထဲမှာ ၁၂-ရက်အထိ ရှင်သန်နိုင်ပေမဲ့ ဥမှတစ်ဆင့် ဖြတ်သန်းကူးစက်ခြင်း မရှိပါဘူးလို့ တချို့ကဖေါ်ပြပေမဲ့ အခြားစာတမ်း တစ်စောင်မှာတော့ ဥကနေတစ်ဆင့် သားဆက်နှစ်ဆက်အထိ ကူးစက်နိုင်ကြောင်း ဖေါ်ပြထားပါတယ်။ ဒီဇိုင်းရတ်(စ)ဟာ ရောဂါကျအပင်က ပင်ရည်နဲ့သော်လည်းကောင်း၊ မျိုးစေ့မှသယ်ဆောင်၍ သော်လည်းကောင်း ကူးစက်နိုင်မှုရှိပါဘူး။ ကိုင်းကူးကိုင်းဆက် နည်းတွေနဲ့တော့ ကူးနိုင်တယ်လို့ သိရပါတယ်။
ကာကွယ်နှိမ်နင်းနည်းများ
ဒီရောဂါကို ကာကွယ်နှိမ်နင်းဖို့ နိုင်ငံအသီးသီးက တင်ပြထားတဲ့ နည်းလမ်းတွေကို ဖေါ်ပြပေးလိုက်ပါ တယ်။ အခြေအနေပေးမှု အပေါ်မူတည်ပြီး လုပ်နိုင်သမျှနည်းတွေကို ကြိုးစားလုပ်ဆောင်လျှင်တော့ ထိရောက် တဲ့ကာကွယ်နှိမ်နင်းမှုကို ရမှာပါ။ (၁) ဗိုင်းရတ်ရောဂါဆိုပေမဲ့ ဗိုင်းရတ်သတ်ဆေး ဖြန်းရမှာမဟုတ်ပါဘူး။ ရှိလည်မရှိပါဘူး။
၎င်းရော်ကို သယ်ဆောင် ကူးစက်စေတဲ့ အင်းဆက်သယ်ဆောင်ကောင်ဖြစ်တဲ့ ယင်ဖြူကိုပဲ ကာကွယ်နှိမ်နှင်းရမှာ ဖြစ်ပါတယ်။ ယင်ဖြူဦးရေများစွာ ကျရောက် နိုင်တယ်လို့ ခန့်မှန်းရရင် ခံနိုင်ရည်ရှိတဲ့ ခရမ်းချဉ်များ ကိုစိုက်ပျိုးရပါမယ်။
(၂) ခရမ်းချဉ် ပျိုးထောင်တာကို ခရမ်းချဉ်စိုက်ခင်း၊ ဖြုတ်စိုက်ခင်းများနဲ့ ဝေးတဲ့နေရာမှာ
ပြုလုပ်ရပါမယ်။ ဒါမှမဟုတ် ပျိုးပင်တွေကို ယင်ဖြူ မဝင်နိုင်တဲ့ ဇကာအခန်းအတွင်း စိုက်ရပါမယ်။ ယင်ဖြူအရွယ် အစား က ၁ မှ၂ မီလီမီတာ ရှည်တဲ့အတွက် နံပါတ် ၅၀ ဇကာ (တစ်လက္မှာအကွက် ၅၀ ပါတဲ့ဒကာ) နဲ့အဲဒီထက်အပေါက်ငယ်တဲ့ဇကာကို သုံးရပါမယ်။ အပင်ငယ်စဉ် ရောဂါစောစီးစွာ ဝင်ရောက်မှာကို တားဆီးဖို့ဖြစ်ပါတယ်။ အဲဒီလောက် အပေါက်သေးငယ်တဲ့ ဇကာကိုမရရင် ၊ ယင်ဖြူးဝင်နိုင်တဲ့
ဇကာကိုသုံးထားမယ်ဆိုလျှင် အဲဒီဒကာကို ပိုးသတ်ဆေးဖြန်းရပါမယ်။ (၃) ပျိုးပင်များကို ဂရုတစိုက်ကြည့်ရှုစစ်ဆေးပြီး ရောဂါလက္ခဏာ တွေ့တဲ့ အပင်တွေကို
ချက်ချင်းနှုတ်ယူဖျက်ဆီးရပါမယ်။ (၄) ယင်ဖြူတွေဟာ အပင်ငယ်ကို ပိုကြိုက်တဲ့အတွက် ပျိုးပင်ကို ၃၀-ရက်သားကျော်မှ
ရွှေ့ပြောင်းစိုက်ပျိုးသင့်ပါတယ်။ ။ ဗိုင်းရတ်ကင်းတဲ့ ပျိုးပင်များကိုသာ
ရွေးပြီးစိုက်ရပါမယ်။ (၅) ယင်ဖြူဦးရေ မြောက်များစွာ ကျနေကျအချိန်ကို ရှောင်ပြီးစိုက်လျှင်လည်း
ဒီရောဂါကျရောက်မှု သက်သာနိုင်ပါတယ်။ (၆) မှန်လုံအိမ်နှင့်စိုက်လျှင်တော့ ပြတင်းပေါက်နဲ့တံခါးတွေကို အင်းဆက်လုံတဲ့ဇကာ
တပ်ထားပေးရပါမယ်။ (၇) ယင်ဖြူဟာ အပင်မျိုးရင်းများစွာမှာပါတဲ့ အပင်တွေပေါ် ကျရောက်နိုင်ပါတယ်။
လက်ခံပင်တွေ အများကြီးရှိပါတယ်။ ဒါကြောင့် စိုက်ခင်းအနီးမှာ ယင်ဖြူ ခိုအောင်း ရှင်သန်နိုင်တဲ့ လက်ခံပင်များ (ဥပမာ ပဲပင်း ဆေးပင်၊ ခရမ်းပင်၊ တိပင်၊ ၀ါပင်၊ နှံပန်းပင်၊ မြေပဲ၊ ဘူး၊ ဖရုံ၊ သခွါး၊ ရုံးပတီ၊ ဟင်းနုနွယ်ပင်၊ ပန်းချဉ်ပေါင်၊ ဒေစီပန်းပင်၊ အာလူးပင်၊ ခလောက်ညိုပင် ခြံပင်များ) မရှိအောင် ရှင်းထား ရပါမယ်။
အဲဒီအပင်တွေကို စိုက်ချင်တယ်ဆိုလျှင် အချိန်နဲ့နေရာ ခွဲပြီးသီးခြား၍ စိုက်ရပါမယ်။ (၈) စိုက်ခင်းထဲမှာ ပေါင်းမြက်တွေမရှိရအောင် သန့်ရှင်းရေးကိုဂရုစိုက် ပြုလုပ်ရပါမယ်။ (၉) ခရမ်းချဉ်ကို တစ်သီး(တစ်ကြိမ်)စိုက်ပြီး ခူးဆွတ်၍မကုန်မီ နောက်တစ်ကြိမ်ထပ်စိုက်ခြင်း မပြုလုပ်သင့်ပါဘူး။ သယ်ဆောင်ကောင်ယင်ဖြူများ စဉ်ဆက်မပြတ် ကျရောက်နေနိုင်တဲ့အတွက် ဖြစ်ပါတယ်။ အပင်ဟောင်း(ခြံဟောင်း)နဲ့ အပင်သစ် (ခြံဟောင်း) နီးကပ်စွာစိုက်လျှင် ယင်ဖြူးရော ဗိုင်းရတ်ရောဂါပါ စဉ်ဆက်မပြတ် ကျရောက် နေပါလိမ့်မယ်။ အသီးခူးတော့တဲ့အပင်အိုး အပင်ဟောင်းများကိုအမြန်ဆုံးရှင်းလင်း (မီးရှို့ ဖျက်ဆီးပစ်ရပါမယ်။ (၁၀) ရောဂါလက္ခဏာတွေ့ပြီး ယင်းလည်းတွေ့မယ်ဆိုလျှင် အဲဒီအပင်ကို ပလပ်စတစ်
အိတ်အကြည် (သို့မဟုတ်) အမဲရောင်နဲ့ အပေါ်မှအုပ်ရွပ်ပြီး အပင်ခြေမှာ အဲဒီအိတ်ကို တင်းကြပ်စွာ စုစည်းပြီး ချည်ပါး အိတ်ရဲ့ အောက်နားကနေပြီး အပင်ကိုဖြတ်ပါ။ အိတ်နဲ့အပင်ကို ကွင်းထဲမှာ ၁ရက် ၂ ရက်မြေကြီးပေါ်မှာပဲ ထားလိုက် ရပါမယ်။ ယင်ဖြူတွေကို ထောင်ချောက်ဆင် ဖမ်းတာဖြစ်ပြီး အဲဒီအပင်ကို ဓါးနဲ့ခုတ်တာ မြေဆွေးပုံပေါ်သွားတင်တာမျိုး မလုပ်ရပါဘူး။ စိုက်ခင်းတွင်းကနေ ဖယ်ရှားပြီး
မီးရှို့ရပါမယ်။
ရောဂါလက္ခဏာပဲတွေ့ပြီး ယင်ဖြူမတွေ့လျှင်တော့အပင်ခြေကနေခုတ်ယူပြီး မြေဆွေးပုံထဲကို ထည့်လိုက်
ရပါမယ်။ (၁၁) အပင်ခြေမှာ ကောက်ရိုးဖုံးပါး အဝါရောင်ပလပ်စတစ်စ (သို့မဟုတ်) ခရမ်းလွန်
ရောင်ခြည်ရောင်ပြန်စနဲ့ ဖုံးအုပ်ပါ။ ယင်ဖြူကျရောက်မှု လျော့ပါးစေဖို့ဖြစ်ပါတယ်။ (၁၂)မြေထဲကို ဆီလီကွန်နဲ့ကယ်(လ)စီယမ် ပါတဲ့မြေသြဇာတွေထည့်ပေးလျှင် အရွက်ရဲ့အပေါ်ယံလွှာမှာရှိတဲ့ ဆဲလ်နံရံတွေထူလာမာလာပြီး အပင်တွေက ယင်ဖြူ
ဖျက်ဆီးမှုဒါဏ်က ခံနိုင်ရည်ရှိလာလို့ ရောဂါကျရောက်မှု နည်းသွား နိုင်ပါတယ်။ (၁၃) ယင်ဖြူကျရောက်မှု ကင်းထောက်စစ်ဆေးခြင်းကို ၁-ပတ်လျှင် ၂-ကြိမ်ပြုလုပ် ရပါမယ်။
ယင်ဖြူတွေ ကျရောက်တာကိုတွေ့လျှင် တမာပိုးသတ်ဆေး၊ တမာဆီ၊ ဆေးဂန္ဓမား အင်းဆက်ပိုးသတ်ဆပ်ပြာရည် တို့နဲ့ပက်ဖြန်းပေးပါ။ တစ်ကြိမ်ဖြန်းလျှင်ဆေး ၂ မျိုးကို အလှည့်ကျ ဖြန်းပါ။ ဆေးယဉ်ပါးမှုဖြစ် အောင်လို့ပါပဲ။ အသုံးပြုရမဲ့ ဆေးနှုန်းထား၊ ဆေးဖြန်းကြိမ်၊ ကြားကာလ။ သတိပြုရမည့်အချက်များကို လိုက်နာဆောင်ရွက် ရပါမယ်။ အရွက်အောက် မျက်နှာပြင်ကို စိုရွှဲနေအောင် ဂရုစိုက်ပြီး ဖြန်းရပါမယ်။ တမာပိုးသတ်ဆေးကို ရေ ၁-ဂါလံမှာ ၄၀ မှ ၆၀ စီစီ ဖျော်ပြီး (သို့မဟုတ်) အဘောမက်တင် ပိုးသတ်ဆေးကို ရေ ၁-ဂါလံ မှာ ၁ မှ၂၀ စီစီ ဖျော်ပြီး ၅-ရက်တစ်ကြိမ်
ပက်ဖြန်းပေးနိုင်ပါတယ်။ ။ (၁၄) ရောဂါ ဆိုးဆိုးရွားရွား ကျမယ်ဆိုလျှင် ဒိုင်မီသိုအိတ် (Ibikethale) ဆေးကို ရေ ၁
ဂါလံမှာ ၁၁ မှ ၂၀ စီစီ ၊ ဒယ်လ်တာမီသရင် Deltamethrin) ဆေးကို ရေ ၁-ဂါလံမှာ ၁၅ မှ ၂၅ စီစီ ၊ အီမီဒါကလိုပရစ် (Imidacloprid) ဆေးကို ရေ ၁-ဂါလံမှာ ၂ မှ ၃ ဂရမ်
နှုန်းနဲ့ ပက်ဖြန်းနိုင်ပါတယ်။ မှတ်ချက် သတိပြုရမည့်အရက် (၁) ကာကွယ်နှိမ်နင်းနည်း နံပါတ် (၁) ကနေ (၁၂)အထိ ပိုးသတ်ဆေးမပါတဲ့ နည်းတွေပါပဲ။
စိုက်ခင်းထဲမှာ ရောဂါကျတာနဲ့ ပိုးသတ်ဆေးကို ချက်ချင်းဖြန်းဖို့ စိတ်မကူးသင့်ပါဘူး။ ပိုးသတ်ဆေးသုံးတာက ပိုက်ဆံလည်းကုန်း နည်းစနစ် မကျရင် ဖြန်းတဲ့သူတွေ အဆိပ်သင့်ပြီး ပိုးကာကွယ်မှုလည်း မထိရောက်တာမျိုး ဖြစ်တတ်ပါတယ်။ အင်းလေးကန်ထဲမှာဆို ရေထဲက ငါး ပုဇွန်နဲ့ ရေနေသတ္တဝါ အသေးလေးတွေလည်း အဆိပ်သင့်ပြီးသေကြတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ လည်းဖြစ်ဦးမယ်။ ဒါ့ကြောင့်အန္တရယ်ကင်းပြီး ငွေကုန်သက်သာတဲ့ ဆေးမပါတဲ့ စိုက်ပျိုးရေး
အလေ့အကျင့်တွေကို ဦးစားပေး ဆောင်ရွက်သင့်ပါတယ်။ ။ (၂) နံပါတ် (၇) မှာ ယင်ဖြူရဲ့ အခြားလက်ခံပင်တွေကို ရှင်းဖို့ပါပါတယ်။ အဲဒီ အပင်တွေကို
စရိုက်ကတည်းက ရှင်းထားတာမဟုတ်ပဲ ယင်ဖြူတွေ တော်တော် ကျနေပြီဆိုမှ ခုတ်/ရှင်းလိုက်ရင် အဲဒီအပင်ပေါ်ကယင်ဖြူတွေ ခရမ်းချဉ်ပင်ပေါ် ရွှေ့ပြောင်းရောက်ရှိ
လာတတ်ပါတယ်။ ဒါ့ကြောင့် အခြားလက်ခံပင်တွေကို ရှင်းမယ်ဆိုရင်လည်း နံပါတ်
(၉)မှာပြောထားတဲ့ အတိုင်း လုပ်သင့်ပါတယ်။ (၃) နံပါတ် (၉) မှာဖေါ်ပြထားတဲ့ စိုက်ခင်းသစ်နဲ့ စိုက်ခင်းဟောင်း နီးနီးကပ်ကပ်
ဖြစ်နေတာက အင်းလေးကန်ထဲက ခြံတွေမှာ တွေ့ရတောအများဆုံးပါပဲ။
စောစိုက်တာ၊ နောက်ကျလိုက်တာ တစ်သီး ပြီးလို့ တစ်သီးပြန်စိုက်တာနဲ့ စိုက်ခင်းသစ်နဲ့ စိုက်ခင်းဟောင်း ကပ်ရက်ဖြစ်နေပြီး စိုက်ခင်းဟောင်း အပိုးတွေနဲ့ ရောဂါတွေက စိုက်ခင်းသစ်ကို ကူးစက်ပျံ့နှံ့ကြတော့တာပါပဲ။ တစ်ဦးတည်းပိုင်တဲ့ ခြံထဲမှာ ပဲဖြစ်ဖြစ်၊ တစ်ဦးပိုင်တဲ့ ခြံတွေပဲဖြစ်ဖြစ် ဒီလိုအနေအထားမျိုး မဖြစ်အောင် ဂရုစိုက်/ညှိနိုင်းလုပ်ဆောင် သင့်ကြပါတယ်။ အသီးမခူးတော့တဲ့ စိုက်ခင်းက ၀ါးတန်းတွေ၊ တိုင်တွေဖယ်ရှားပြီး အပင်ဟောင်းတွေကို အမြန်ဆုံး မီးရှို့ဖျက်ဆီးပစ်တာကတော့ ရောဂါပိုးမွှား ကာကွယ်နှိမ်နင်းမှုအတွက် အလွန် ထိရောက်တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။ ) နံပါတ် (၁၃) နဲ့ (၁၄) မှာ ပိုးသတ်ဆေးတွေ သုံးဖို့ဖေါ်ပြထားပေမဲ့ တစ်မျိုးထဲ အကြိမ်ကြိမ်သုံးရင် ဆေးယဉ်ပါးမှုဖြစ်ပြီး ပိုးတွေမသေတော့ပါဘူး။ ယင်ဖြူ တွေဟာ ပိုးသတ်ဆေးယဉ်ပါးမှု အဖြစ်မြန်ကြတာကို သတိပြုကြရပါမယ်။ ဆေးတစ်မျိုးကို ၂ *
ကြိမ်ထက် ပိုမဖြန်းပဲအလှည့်ကျ ဖြန်းရပါမယ်။ အင်းလေးမှာ အိန္ဒိယက စိုက်ပျိုးရေးပညာရှင်တွေ ပြောသွားတာကို မျှဝေရမယ်ဆိုရင်.. ဒီအပင်မှာ ကျတဲ့ ယင်ဖြူ ကိုနှိမ်နင်းဖို့ အီမီဒါကလိုပင် ဆေးဖြန်းတာ နောက်ပိုင်းမှာ မနှိမ်နင်းနိုင်တော့ အက်ဆီတာ မီပရစ်ကို ပြောင်းပြီးဖြန်းပါတယ်။ အဲဒါလည်း အစောပိုင်းမှာ နိုင်ပြီး နောက်ပိုင်းမှာ မနိုင်တော့ပါဘူးတဲ့။ ဒါ့ကြောင့် ဒိုင်နိုတီဖြူးရမ်ဆေး ကိုဖြန်းတော့လည်း နောက်ပိုင်းမှာ မနိုင်တော့ပါဘူးတဲ့။ ဒါနဲ့နောက်ဆုံး ဆီလီကွန်ပါတဲ့ မြေသြဇာကိုမြေကြီးထဲ ထည့်ပေးတော့မှ အပင်တွေမှာ ယင်ဖြူကျတာ လျော့သွားပြီး ရောဂါလည်း နည်းသွားပါတယ်တဲ့။ ဆီလီကွန်ဓါတ်ကြောင့် ဝါပင်ရဲ့ အရွက်ဆဲ(လ်)နံရံတွေ ထူလာ/မာလာပြီး ယင်ဖြူရဲ့ စုတ်စားမှုကို ခံနိုင်ရည်ရှိ သွားတဲ့သဘောပါပဲ။
ဒါ့ကြောင့်အပင်တွေမှာ ရောဂါ၊ ဖျက်ပိုးကျပြီဆိုရင် ပိုးသတ်ဆေးတွေ ကိုချည့်ပဲ အားမကိုးသင့် ဘူးဆိုတာ ထင်ရှားနေပါတယ်။ အပင်တွေရဲ့ ကိုယ်ခံအားစံနစ် ရောဂါနဲ့ဖျက်ပိုးတွေကို တွန်းလှန်တုံ့ပြန်နိုင်တဲ့ / ခံနိုင်ရည်တိုး လာစေတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ ရှိကြောင်းကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ ဆီလီကွန်လိုပဲ ထုံးဓါတ်၊ ကောပါး ၊ ဆာလ်ဖာ ၊ ပိုတက်စီယမ် ကားတွေကလည်းပဲ အပင်တွေခံနိုင်ရည်ရှိမှု တိုးလာစေတဲ့ သတ္တိတွေရှိပါတယ်။