Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဒိုဂျေဆန်း - မှန်ကန်သောဆုံးဖြတ်ချက်များချမှတ်ရေး

Regular price 800 MMK
Regular price Sale price 800 MMK
Sale Sold out
[]
ဆုံးဖြတ်ချက်ချမှတ်ခြင်း၏ အရေးပါပုံ

          တစ်ခုခုကို ဆုံးဖြတ်ပေးရသည်မှာ ရွေးစရာလမ်းများထဲမှ သုံးမည့်လမ်းများ ကို ရွေးချယ်ဆုံးဖြတ်ပေးရခြင်း ဖြစ်နိုင်သလို အဆုံးသတ်ကောက်ချက်ချကာ မည်သို့မည်ပုံ ဆောင်ရွက်ကြပေအံ့ဟု ဆုံးဖြတ်ရခြင်းလည်း ဖြစ်နိုင်သည်။ ထိုနှစ်ခု စလုံးသည် မလွယ်ကူကြချေ။ တစ်ခါတလေ၌ အလွန်ခက်ခဲသော ဆုံးဖြတ်ချက် များကို ချရသည်။ ဥပမာအားဖြင့် လူအင်အား လျှော့ချရန် ဆုံးဖြတ်ပေးရခြင်း၊လူ ကြိုက်နည်းမှာ သေချာနေသည့် လုပ်ထုံးလုပ်နည်းကို သုံးစွဲဖို့ ဆုံးဖြတ်ပေးရခြင်း။

          မန်နေဂျာတစ်ဦးအနေဖြင့် ထိရောက်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်သူ ဖြစ်ရန် အလွန်အမင်း အရေးကြီးပေသည်။ သို့မှသာ အလုပ်၌ ဆက်မြဲနေနိုင်မည် ဖြစ်သည်။ အဖွဲ့အစည်းတစ်ခုအနေဖြင့် မားမားမတ်မတ် လုပ်ကိုင်နိုင်ဖို့ ဆိုသည်မှာ ဆုံးဖြတ်ချက်ချမှတ်ရန် လုပ်ကိုင်ရသည့် လုပ်ငန်းစဉ်၏ အရည်အသွေးပေါ်တွင် လုံးလုံးလျားလျားနီးပါး တည်မှီနေရပေသည်။

          ယခုအခန်း၌ ဆုံးဖြတ်ချက်များဆိုသည်မှာ အဘယ်နည်းဆိုသည်နှင့် ဆုံးဖြတ် ချက်တစ်ခုကိုချမှတ်ရာ၌ မည်သို့မည်ပုံအဆင့်ဆင့် လုပ်ကိုင်ရသည်တို့ကို ရှင်းလင်း တင်ပြထားပါသည်။ ဆုံးဖြတ်ချက်အမျိုးအစား အမျိုးမျိုးတို့ကိုလည်း တင်ပြထား ပေရာ ဆုံးဖြတ်ချက်များသည် မည်ရွေ့မည်မျှ ထိရောက်မှုရှိကြောင်း ဆန်းစစ်ရန် အတွက်လည်း အထောက်အကူပြုမည် ဖြစ်သည်။

ဆုံးဖြတ်ခြင်းဆိုတာ ဘာလဲ

          ကျွန်ုပ်တို့၏ ဆုံးဖြတ်ခြင်း အများစုသည် ဆုံးဖြတ်ချက်ချခြင်းနှင့် လုပ်ကိုင် ဆောင်ရွက်ခြင်းတို့ကို တစ်စက္ကန့်မျှပင် မခြားသောအချိန်အတွင်း ဆောင်ရွက် ထားပေသည်။ တစ်ခါတစ်ရံ၌ မြန်ဆန်လွန်းလှပေရာ သတိမမူမိဖို့ ခဲယဉ်းနေစေသည်။ သို့သော် မည်သို့မည်ပုံ ဖြစ်ပျက်သွားသည်ကို ဆန်းစစ်ခြင်းသည် အရေးပါ သည့်ကိစ္စဖြစ်နေပြီး ထိုသို့ဆန်းစစ်ခြင်းဖြင့် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်ကို တိုးတက်ကောင်းမွန်အောင် လုပ်ပေးနိုင်မည် ဖြစ်သည်။ သင် ချမှတ်လိုက်သော ဆုံးဖြတ်ချက်များသည် သင့်အလုပ်များနှင့် ပန်းတိုင်များရရှိအောင် လုပ်ပေးကြ သောကြောင့် အရေးပါသောကိစ္စဟု ဆိုရခြင်းဖြစ်သည်။ ထို့အပြင် ဆုံးဖြတ်ခြင်းပြု ရာ၌ သုံးစွဲသည့်နည်းလမ်းအပေါ် မူတည်ပြီး ဆုံးဖြတ်ချက်များတွင် ပါဝင်သည့် အချက်တို့ကို တာဝန်ရယူသူတို့ လုပ်ကိုင်ပေးကြရမည့် အတိုင်းအတာကို ဆုံးဖြတ် ပေးနေပေသည်။

          ရွေးစရာနည်းလမ်းများရှိနေကြသည့်အနက် ဘယ်လမ်းကိုရွေးရမည်နည်းဟု အဆုံးအဖြတ်ပြုရသူအဖို့ လမ်းဆုံလမ်းခွတွင် ရှေ့ဆက်ရမည့်လမ်းကို ရွေးချယ်ရ မည့်သူကဲ့သို့ ဖြစ်နေသည်။ ရွေးစရာနှစ်လမ်းရှိနေသည်ကို တစ်လမ်းရွေးချယ်ရ ခြင်း ဖြစ်နိုင်သလို နှစ်လမ်းထက်မကရှိနေသည်ကို ရွေးချယ်ရခြင်းလည်း ဖြစ်နေ နိုင်ပေသည်။ ထိုသို့ ရွေးချယ်ရာ၌ ကန့်သတ်ချုပ်ချယ်ထားခြင်းများလည်း ရှိနေ တတ်ပေသည်။ ဥပမာအားဖြင့် -

  • လက်ရှိ ပစ္စုပ္ပန်အခြေအနေ
  • အနာဂတ်၌ မိမိရောက်ရှိလိုသည့် အခြေအနေ
  • အရင်းအမြစ်များ ရရှိနိုင်မှု
  • အခြားသူများက မည်သည်ကို လက်ခံမည် ဆိုသည့်အချက်
  • ဖြစ်မြောက်အောင် လုပ်ကိုင်နိုင်သော နည်းလမ်းအမျိုးမျိုး
  • အချိန်နှင့် ပတ်သက်သော အကြောင်းရင်းများ

          ဤသို့ အကန့်အသတ်ဖြစ်နေသော အကြောင်းရင်းများကို အမှန်အတိုင်း ဖော်ထုတ်သတ်မှတ်ပေးခြင်းသည် ဆုံးဖြတ်ချက်ကောင်းကောင်းတစ်ခု ချမှတ် နိုင်ရန်အတွက် လုပ်ဆောင်ရာ၌ အရေးအကြီးဆုံး ကဏ္ဍတစ်ခုဖြစ်သည်ဟု မှတ်ယူပါလေ။

ပြဿနာလား။ ဆုံးဖြတ်ချက်လား၊

          ဆုံးဖြတ်ချက်များကို စစ်ဆေးခြင်းမပြုမီ ပြဿနာဖြေရှင်းခြင်းနှင့် ဆုံးဖြတ် ခြင်းတို့ မည်သို့ကွာခြားနေသည်ကို အကြမ်းအားဖြင့် လေ့လာထားရမည် ဖြစ်သည်။ ဤလုပ်ကိုင်မှု နှစ်ရပ်သည် အလွန်အမင်းနီးနီးကပ်ကပ် ဆက်စပ်နေသော် ငြားလည်း အဓိပ္ပာယ် မတူကြချေ။

  • နံနက်စာ ဘာစားရင်ကောင်းမလဲဟုစဉ်းစားဆုံးဖြတ်ရခြင်းကဲ့သို့သော အရေး မပါ အရာမရောက်သော ဆုံးဖြတ်ခြင်းများသည် ပြဿနာ အထွေအထူး မရှိသော ကိစ္စရပ်များ ဖြစ်ကြသည်။
  • ပြဿနာအားလုံးနီးပါးသည် ဆုံးဖြတ်ချက်ချရခြင်းများ ပါဝင်ပတ်သက်နေကြသည်။ သင့်တော်မည့်နည်းလမ်းကို ရွေးချယ်ခြင်းထက် ပြဿနာဖြေရှင်းရခြင်း က ပိုများနေမည်ဖြစ်သည်။

          နေ့စဉ်နှင့် အပတ်စဉ်ပုံမှန်လုပ်ကိုင်မှုများတွင် ပြဿနာအမျိုးအမည်အများ အပြားကို ရင်ဆိုင်ရစမြဲဖြစ်သည်။ ဥပမာအားဖြင့် ဘေးကင်းလုံခြုံရေး၊ လူအချင်း ချင်း မသင့်မြတ်ခြင်း၊ ထုတ်လုပ်မှု ကျဆင်းခြင်း၊ စိတ်ဓာတ်ပျက်ပြားခြင်း၊ ခွင့်ယူပြီး ပျက်ကွက်သူများနေခြင်း၊ အရင်းအမြစ် မလောက်ငခြင်း စသည့် ပြဿနာများ ရှိနေတတ်ပေသည်။

         ပြဿနာတစ်ရပ်ကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်မှာ ပြဿနာသည် မည်မျှအရေးတကြီးဖြစ်နေသည်၊ မည်မျှအရေးပါသည်တို့အပေါ် တည်မှီနေပေ သည်။ စက်ကိရိယာ ရုတ်တရက်ပျက်သဖြင့် အလုပ်များ ရပ်ထားရခြင်း၊ မတော် တဆထိခိုက်မှုဖြစ်ပွားခြင်းကဲ့သို့သော အရေးပေါ် အခြေအနေ ကြုံကြိုက်သောအခါ ဆုံးဖြတ်ချက်များကို အလျင်အမြန်ချမှတ်ရသည်။ ပြဿနာသည် အရေးကြီးမှန်သော်လည်း ချက်ချင်းလုပ်ကိုင်ရန် မလိုအပ်ပါက မည်သို့ ဆောင်ရွက်သင့်သည်ကို မဆုံးဖြတ်ခင် အခြားသူများနှင့် တိုင်ပင်မည်ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ပြဿနာသည်အရေးတကြီးဖြစ်လာသော်လည်း အရေးပါမှုလျော့ကျသွားပေမည်။ သို့ဖြစ်ရာ အရေးပါသည့်ပြဿနာများကို ချက်ချင်းကိုင်တွယ်ဖြေရှင်းရန် အရေး ကြီးပြီး ထိုသို့မဖြေရှင်းပါက အကြီးအကျယ်ဒုက္ခပေးသည့် အဖြစ်ဆီသို့ ဆိုက်ရောက် သွားမည် ဖြစ်သည်။

          နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ရွေးချယ်စရာများကို ရွေးချယ်ပေးရ ခြင်းသည် အဆုံးအဖြတ်ပြုခြင်း မည်ပေသည်။ ပြဿနာသည် လုပ်ကိုင်ရန် ဖြစ်စေ၊ ဖြေရှင်းရန်ဖြစ်စေ အခက်အခဲ ဖြစ်နေရခြင်း ဖြစ်သည်။ များသော အားဖြင့် ပြဿနာများကို ဆုံးဖြတ်ချက်ချပြီး ဖြေရှင်းကြရပေသည်။