Skip to product information
1 of 4

Other Websites

ဒဂုန်ရွှေမျှား - ၀ိညာဥ်လောက

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

မီးလင်းနေသောဖယောင်းတိုင်

          ၁၉၇၀ ခုနှစ်က စာအုပ်များ ပုံနှိပ်ထုတ်ဝေသူတစ်ဦးသည် ကျွန်တော့်ထံ လာရောက်၍ ပရုပ် စာပုံနှိပ်တိုက် ဦးခဆိုသူ ရေးသော “တပိုပြင်ဝတ္ထုများ” ကဲ့သို့၊ ဝတ္ထုညွန့်ပေါင်းတစ်အုပ်ကို ထုတ်ဝေလိုကြောင်း၊ ပုံပြင်များ မဟုတ် စေဘဲ ကိုယ်တိုင်တွေ့ဖူးသူများ၊ နှုတ်မှပြောဆိုသော ဝတ္ထုများ ဖြစ်စေရမည့် အပြင်၊ ထူးထူးဆန်းဆန်း အကြောင်းချင်းရာများ ပါရှိရမည်ဖြစ်ကြောင်း၊ အကယ်၍ တစ္ဆေပုံပြင် မဟုတ်စေကာမူ တစ္ဆေခြောက်ခြင်းနှင့် ဆက်သွယ်လျက် လျှို့ဝှက်နက်နဲသော အကြောင်းအရာများ ပါရှိက ယူမည်ဖြစ်ကြောင်း ပြောဆို သဖြင့် ကျွန်ုပ်လည်း ထိုအလုပ်ကို တာဝန်ယူ၍ လက်ခံပြီးလျှင် မြန်မာပြည် အရပ်ရပ်သို့ လှည့်လည်ခဲ့၏။

          တစ်နေ့တွင် မြန်မာပြည်သို့ ရောက်ပြီးနောက် မီးရထားဖြင့် ရန်ကုန်သို့ ပြန်ခဲ့ရာ မီးရထားပေါ်တွင် အမိန့်တော်ရ ဦးတင်မောင်ဆိုသူနှင့် တွေ့၍ ထိုသူထံမှ ယခု အောက်တွင်ရေးသားမည့် သူကိုယ်တိုင် တွေ့ကြုံခဲ့သော အတ္ထုပ္ပတ္တိတစ်ပုဒ်ကို ရရှိခဲ့ပါသည်။ အထက်ပါ ပုံနှိပ်ထုတ်ဝေသူသည် မြန်မာပြည်အရပ်ရပ်တွင် လှည့်လည်စုံစမ်း၍ ကျွန်တော် ရရှိခဲ့သော အလွန် လျှို့ဝှက်နက်နဲသည့် အတ္ထုပ္ပတ္တိများ၊ ထူးဆန်းသော တစ္ဆေခြောက်ပုံများမှစ၍ ကျွန်တော်၏ ဝတ္ထုများကို အကြောင်းမညီညွတ်သဖြင့် မထုတ်ဝေခဲ့ဘဲရှိရာ ကျွန်တော်သည် လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ခန့်က သိုမှီးထားခဲ့သည့် ဝတ္ထုများကို မည်သည့် သတင်းစာ၊ ဂျာနယ်၊ သတ္ထုတိုက်များကိုမျှ မပေးဘဲ ယခု အလျဉ်းသင့်သောအခါမှသာ ဆိုင်ရာသို့ ပေးအပ်ခြင်း ဖြစ်ပါသည်။

          အခါအခွင့်သင့်၍ အကြောင်းညီညွှတ်ခဲ့ပါမူ ကျွန်တော် စုဆောင်း ထားသော ဝတ္ထုများကို ဤမဂ္ဂဇင်းများ၌ပင် ဆက်လက်၍ ရေးသားသွားမည် ဖြစ်ပါကြောင်း။

စာရေးသူ

၁-၃ -၅၁

          ၁၉၂၇ ခုနှစ် ဇန်နဝါရီလဆန်းလောက်၌ ကျွန်ုပ်မှာ ရန်ကုန်သို့ သွားရန် ကိစ္စတစ်ခု ပေါ်ပေါက်ခဲ့၏။ ထိုအခါက မီးရထားများမှာ ယခုခေတ်ကဲ့သို့ လမ်းတွင် စိတ်တထင့်ထင့်စီးရသော ရထားများမဟုတ်၊ အေးချမ်းသာယာသော ခရီးသည်များဖြစ်သဖြင့် လက်မှတ်စစ်များကို လက်မှတ်ပြရသည်မှတစ်ပါး အခြားအနှောင့်အယှက် မရှိချေ။ အကယ်၍ ဒုတိယတန်းနှင့် လိုက်ပါနိုင်ခဲ့ပါမူ တစ်နည်းအားဖြင့် လွန်စွာပင် စည်းဂိမ်ရှိလှပေသည်။ ညဉ့်ဦးယံတွင် လယ်ကွင်း များမှတိုက်ခတ်သော လေညင်းကလေးများကို ခံစားရင်း ဆေးတံကို ပါးစောင်၌ ခဲလျက် သတင်းစာကို အေးဆေးစွာဖတ်ကာ တငြိမ့်ငြိမ့် လိုက်ပါသွားရသော ခရီးသွားခြင်းမှာ တစ်ခါတစ်ရံ ခရီးသွားသူများအတွက် မဆိုထားဘိဦး၊ အစဉ်အမြဲ သွားလာနေသူများအတွက်ပင် ကြည်နူးဖွယ် ကောင်းလှပေသည်။

          ရှေ့နေစာမေးပွဲမှာ မတ်လကုန် ဧပြီလဆန်းလောက်တွင် ကျင်းပမည် ဖြစ်သော်လည်း ကျွန်ုပ်မှာ အင်္ဂလိပ်ဘာသာဖြင့် ဝင်ရောက်ဖြေဆိုမည်ဖြစ်၍ ဥပဒေပါရဂူများ စု၍မေးသော နောက်ဆုံး တစ်လသင်တန်းကို တက်နိုင်ရန် လည်းကောင်း၊ ရန်ကုန်မြို့ အေးချမ်းသော နေရာတစ်ခုတွင် အခန်းကလေး တစ်ခု ငှားရမ်းကာ စာများကို တိတ်ဆိတ်ငြိမ်သက်စွာ လေ့ကျက်နိုင်ရန် တစ်ကြောင်း၊ ဤကဲ့သို့ ၃ လခန့်မှ တင်ကြို၍သွားရန် စီမံခဲ့ခြင်း ဖြစ်လေသည်။

          သို့နှင့် တစ်နေ့သော ညရထားနှင့် ဒုတိယတန်း လက်မှတ်တစ်စောင် ကို ဝယ်ယူကာ ရန်ကုန်မြို့သို့ လိုက်ပါလာခဲ့၏။ နံနက်(၆)နာရီတွင် ရန်ကုန် မြို့သို့ ရောက်ရှိ၍ ကျွန်ုပ်လည်း ကုန်သည်လမ်းရှိ သူငယ်ချင်းတစ်ယောက် နေအိမ်၌ တည်းခိုရန် မြင်းရထားတစ်စင်း ငှား၍လာခဲ့၏။ မြင်းရထားသည် ပန်းဆိုးတန်းတစ်လျှောက်မှ မောင်းခဲ့၍ “ရူမေနီးယား” ဆိုတယ်ထောင့်သို့ ရောက်သောအခါ လက်ဝဲဘက်သို့ ချိုးသွားလေ၏။ အဘယ့်ကြောင့်ဆိုသော်ကျွန်ုပ်တည်းခိုမည့် သူငယ်ချင်းအိမ်မှာ “ရှုမေးနီးယား”ဟိုတယ်နှင့် ၃-၄တိုက် မျှသာ ခြားလေသည်။

          တိုက်တစ်လုံးရှေ့သို့ ရောက်၍ နံပါတ်ကို ကြည့်ပြီးနောက် အပေါ် ထပ်သို့ တက်သွားရာ ဒုတိယ အထပ် တံခါးဝတွင် ယခင်က ချိတ်ထားနေကျ ဆိုင်းဘုတ်ကို မတွေ့ရတော့ဘဲ ထိုနေရာတွင် ဆန်ပွဲစားကုလားကုမ္ပဏီ ဟစ်ခုကိုသာ တွေ့ရတော့သဖြင့် ကျွန်ုပ်မှာ စိတ်ပျက်၍ သွားမိတော့၏။ ရဝမ်ကုလားကို မေးမြန်းကြည့်ရာ ယခင်က ဤအခန်းတွင် ရှေ့နေ တစ်ယောက် နေသွားဖူးရာ လွန်ခဲ့သော တစ်လလောက်ကပင် မည်သည့်နေရာ ၊ သို့မသီ၊ ပြောင်းသွားပြီဖြစ်ကြောင်း သိရသဖြင့် များစွာ စိတ်ပျက်မိပါတော့ သည်။ သို့သော် သူငယ်ချင်းရှေ့နေကိုတွေ့၍ တည်းခိုခွင့်ရစေကာမူ စာကိုကောင်းစွာကျက်နိုင်မည့်နေရာ မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်၏ သူငယ်ချင်းရှေ့မှာ သားသမီး ၅ ယောက်၊ ခယ်မ ၂ ယောက်၊ ယောက္ခမကြီး ၁ ယောက်ရှိနေသဖြင့် ကျဉ်းမြောင်းသောအခန်းကလေး တစ်ခန်း၌ ဤမျှလောက် အိမ်သူအိမ်သားများသည့် အိမ်ထောင်နှင့် အတူနေရသည်မှာ စာမေ ပွဲဝင်မည့်သူ တစ်ယောက်အတွက် သင့်လျှော်သည့်နေရာ မဟုတ်ချေ။

          သို့နှင့် ကျွန်ုပ်သည် စိတ်ပျက်ပျက်နှင့် တိုက်ပေါ်မှ ဆင်းခဲ့ပြီးလျှင် နံနက်စာ လက်ဖက်ရည်သောက်ရင်း အကြံထုတ်ရန် မြင်းရထားကို "ရှုမေ နီးယား” ဟိုတယ်သို့ လှည့်၍ မောင်းစေ၏။ အချိန်မှာ နံနက် ၆ နာရီခွဲမျှသာ ရှိသေး၍ ဟိုတယ်မှာ ဖွင့်ခါစရှိသေးရာ ကျွန်ုပ်လည်း “ရှိတာဟာဇရီ”ကို မှာယူလိုက်လေသည်။

          စားပွဲတစ်လုံးတွင် ထိုင်ကာ လက်ဖက်ရည်ကို အေးဆေးစွာ ဖျော်၍ သောက်ရင်း တည်းခိုမည့်နေရာကို အကြံထုတ်လျက် ရှိလေ၏။ ဗဟန်းရပ်၌ မိတ်ဆွေတစ်ယောက် ရှိဖူး၏။ သို့သော် ထိုသူမှာ ဆင်းရဲနွမ်းပါးသူတစ်ယောက် ဖြစ်သိဖြင့် ကျွန်ုပ် တည်းခို၍ သင့်လျှော်မည်မထင်းထို့ပြင် ဘိုင်စကုတ် စသော ပွဲလမ်းသဘင် ပျော်ရွှင်မှုများရှိရာ မြို့နှင့်လည်း ကွာဝေးလှသဖြင့် ကျွန်ုပ် တည်းခိုရန် မလိုလားချေ။

          ထိုအချိန်၌ ကျွန်ုပ်နှင့် စားပွဲတစ်လုံးခြားတွင် ထိုင်နေသော လူတစ် ယောက်သည် ကျွန်ုပ်ထံသို့ ထ၍လာပြီးလျှင် မီးခြစ်တောင်းလေ၏။ မီးခြစ် ပေးလိုက်သောအခါ သူ၏စီးကရက်ကို မီးညှိပြီးနောက် ဟိုတယ်အပြင်သို့ ထွက်သွားလေ၏။ ထိုသူမှာ မီးခိုးရောင် ဘလေဇာအကျီ၊ မီးခိုးရောင် ဘန်ကောက်လုံချည် တစ်ပတ်ရစ် နောက်ပိတ်ဖိနပ်အညီကို ဝတ်ထား၏။

          သားဖြူပြီးလျှင် မျက်နှာမှာလည်း သနားကမားရှိသဖြင့် ကျွန်ုပ် သတိထား လိုက်မိ၏။

          ဘွိုင်ကုလားကလေးသည် ကျွန်ုပ်၏လက်ဖက်ရည်အိုးထဲသို့ လက်ဖက် ရည်ကိုလည်းကောင်း၊ နို့ခရားထဲသို့ နို့အနည်းငယ်ကိုလည်းကောင်း၊ ဖြည့်စွက် လျှက်ရှိစဉ် ကုလားကလေးမှာ ဖျတ်လတ်သွက်လက်ဟန်ရှိသဖြင့် ကျွန်ုပ်က

          “ဘွိုင်... မင်းတို့ဟိုတယ်နားမှာ တိုက်ခန်းလွတ်တစ်ခုလောက် မရှိဘူး လားဟု

          “ရနိုင်ပါတယ် ဆ... ဆပ် အမြဲနေမှာလား”

          “အမြီတော့ မနေဘူးပေါ့ကွယ်။ တစ်လ နှစ်လ နေမှာပေါ့”

          “ကျွန်တော်တို့ ဟိုတယ်နဲ့ တစ်တိုက်ခြား သုံးထပ်တိုက်တစ်လုံး အပေါ်ဆုံးထပ်ကအခန်း အားနေတယ် ဆပ်။ အခန်းက ကျယ်လည်းကျယ် တယ်၊ သန့်ရှင်းလည်း သန့်ရှင်းတယ်၊ လေလည်း ကောင်းကောင်းရတယ်။ ၀ရန်တာလည်းရှိတယ်၊ ဓာတ်မီးလည်း ရှိတယ်၊ ရေရှိတယ် ဆပ်” .

          “အင်း အကောင်းသားဘဲ.. တိုက်ရှင်ကို မင်း သိသလား "

          “သိပါတယ် ဆပ်။ တိုက်ရှင်နေတာလည်း မဝေးပါဘူး။ ဆပ် ကြည့်ချင်ရင် ကျွန်တော် လိုက်ပြမယ်"

          ထိုအခါက အခန်းလွတ်များမှာ အလွန်ပေါသဖြင့် တိုက်ရှင်များသည် ပွဲစားများသာမက ဟိုတယ်အစေခံများကိုပင် အငှားနေမည့်သူများနှင့် ဆွယ် ပေးရန် အကြောင်းကြားထားတတ်ကြ၏။ ဤသို့ အိမ်ငှားများ ဆွယ်ဆေး၍ ဈေးသင့်မြတ်ဟာခါ ဆွယ်ပေးသူများမှာ ထိုက်သင့်သော ကော်မရှင်အခနှုန်း၊ များ ကြလေသည်။ ဤအကြောင်းများကို နောက်မှ ကျွန်ုပ် သိရှိရလေသည်။

          ကျွန်ုပ်သည် ဘိုင်ကုလားကလေးလက်ထဲသို့ ငွေတစ်ကျပ် ထည့်၍ လွတ်လိုက်ရာ ဘွိုင်ကုလားကလေးလည်း သူ့ဖခင်ထံမှ အခွင့်တောင်းပြီးလျှင် လျှင်မြန်စွာ ထွက်သွားလေသည်။ ၁၅ မိနစ်ခန့် ကြာလတ်သော် ပြန်ရောက်လာရာ ကျွန်ုပ်လည်း လက်ဖက်ရည်ဖိုး “ဘီလ်”ကို ရှင်းလင်းပေးခဲ့ပြီးနောက် ဘွိုင်ကုလားကလေးခေါ်ရာ တိုက်တန်းလျားသို့ လိုက်ပါသွားလေ၏။ များစွာ မဝေးလှသဖြင့် ခြေကျင်လျှောက်သွားရာ မြင်းရထားပေါ်မှ ပစ္စည်းများကိုမူ ဟိုတယ်မန်နေဂျာထံတွင် အပ်ထားခဲ့ရလေသည်။

          အခန်းလွတ်ရှိသော တိုက်မှာ တစ်ထပ်လျှင် အခန်းလေးခန်းစီ ဆောက် လုပ်ထားသော သုံးထပ်တိုက် တန်းလျားကြီးတစ်လုံးဖြစ်၍ အောက်ဆုံးထပ်တွင် ဘဏ်တိုက်များ၊ သက္ကလပ်နှင့် ပိုးထည်ရောင်းသောဆိုင်များ၊ ဖိနပ်ဆိုင်များ၊ ဘီလပ်ကုန်ရောင်းသောဆိုင်များ ဖြစ်ပြီးလျှင် အတော်ပင် သားနားသပ်ရပ်စွာ ရှိပေ၏။ ဒုတိယအထပ်များ၌လည်း အလုပ်တိုက်များ၊ ဗိုလ်ကပြားများနေသော အခန်းများဖြစ်၍ သပ်သပ်ရပ်ရပ် ရှိလှပေ၏။ တတိယအထပ်များမှာလည်း လူကုံထံများပင် နေဟန်တူလေသည်။

          ကျွန်ုပ်တို့သည် သမံတလင်း ခင်းထား၍ သံတိုင်လက်ရမ်းများရှိသည့် လှေခါးမှ တက်ခဲ့ကြရာ လှေခါးအကွေ့တိုင်း၌ ဓာတ်မီးလုံးများကို တွေ့ရသည့် အပြင် ကပ်လျက်ရှိသော အခန်းများမှာလည်း သံတိုင်ခေါက်တံခါးများဖြင့် တပ်ဆင်ထားရှိ၏။ တတီယထ ရောက်လတ်သော် လက်ဝဲဘက်ရှိ အခန်း ကြီးမှာ သော့ခတ်ထားသဖြင့် ဘွိုင်ကုလားကလေးသည် သူ့အိတ်ထဲတွင်ပါလာသော သော့ဖြင့် ဖွင့်လိုက်လေ၏။ အခန်းတွင်း၌ အိမ်ရှေ့ ဧည့်ခန်းကြီးနှင့်တကွ ခေါင်းရင်းဘက်တွင် အိပ်ခန်း ၁ ခု ခြေရင်း၌ အိပ်ခန်း ၁ ခု ရှိ၏။ ခြေရင်းအိပ်ခန်းမှ နောက်ဖေးဘက်သို့ လျှောက်သွားသော် ထမင်းစားခန်း” ၁ ခန်း၊ အစေခံနေသော အခန်း ၁ ခန်း၊ ခေါင်းရင်းဘက် အိပ်ခန်းနောက်၌ ရေချိုးခန်း၊ ထိုနောက်၌ မီးဖို ရှိ၏။ အိမ်ရှေ့ ဧည့်ခန်းတွင် လေးထောင့်စားပွဲကြီး ၁ လုံး ကုလားထိုင် ၄ လုံး၊ အိပ်ခန်း၌ နှစ်ယောက်အိပ်ကုတင် ၁ လုံး၊ မှန်တင်ခုံ ၁ ခု၊ ဘီရို ၁ ခု၊ ထမင်းစားခန်းတွင် စားပွဲ ၁ လုံးနှင့် ကုလား ထိုင် ၆ လုံး၊ အစေခံခန်းတွင် ကွပ်ပျစ် ၁ လုံး၊ ကုလားထိုင် ၁ လုံးနှင့် ၊ စားပွဲဟောင်းကလေး ၁ လုံး ရှိ၏။ ဓာတ်မီး ၄ ပွင့်၊ ရေဘုံဘိုင် ၂ ခု၊ အိမ်သာမှစ၍ သပ်ရပ်စွာ ရှိ၏။ အနံ- ပေ ၃၀၊ အလျား ပေ ၅ဝ ရှိသော အခန်းကြီးဖြစ်၍ ယခုခေတ်၌မူ တစ်လလျှင် အိမ်လခ ကျပ် ၂၀၀ ထက် * နည်းမည် မဟုတ်ပေ။

 

          “ဘယ့်နဲ့လဲ ဆပ်၊ အခန်းကို ကြိုက်ပြီမဟုတ်လား"

          “အေးကွယ်... ကြိုက်ပါပြီ။ တိုက်လခက ဘယ်လောက် ပေးရမှာလဲ”

          “မများပါဘူး ဆပ်။ အင်မတန် အဖိုးချိုပါတယ်။ တစ်လ ခြောက်ဆယ် ပါပဲ။ ဓာတ်မီးလုံး အသုံးပြုတဲ့ အတွက်တော့ မီတာမှာ ကျသလောက် ဆပ် ကပေးရမယ်”

          “အေးကွယ် ငါနားလည်ပါတယ်”

          “အိမ်ရှင်မိန်းမကြီးနဲ့ တိုက်ရိုက်စကားပြောရအောင် ... ဆိပ် လိုက်ခဲ့ပေါ့”

          တိုက်ရှင်သူဌေးမှာ ရဟူဒီလူမျိုး မုဆိုးမကြီးဖြစ်၍ ထိုတိုက်နှင့် တိုက်နှစ်လုံးကျော်တွင် နေထိုင်ရာ ဘွိုင်ကုလားသည် ကျွန်ုပ်အား တိုက်ရှင်ထံ ခေါ်သွားပြီးလျှင် မိတ်ဆက်ပေးလေ၏။ တိုက်လခမှာ ဘွိုင်လား ပြောသည့် အတိုင်း G8/- က မလျော့နိုင်ကြောင်း၊ ယခင် ၇3/-နှင့်ငှားသော တိုက်ခန်း ဖြစ်သော်လည်း ငွေကြေး ကျပ်တည်းရှားပါးသည့်အတွက် အဖိုးနှုန်းကိုလျှော့ထားကြောင်း၊ မီးရေ အပြည့်အစုံရှိသည့်အတိုင်း မီးခကို မီတာတွင် ကြသလောက် ခံရမည်ဖြစ်ကြောင်း၊ စားပွဲ၊ ကုလားထိုင်၊ ဘီရိုများကို တိုက် ငှားနေသည့်အတွင်း သဘောအတိုင်းသုံးစွဲနိုင်ကြောင်း၊ တိုက်လခကိုမူ တစ်လ အတွက် တင်ကြို၍ ပေးထားရမည်ဖြစ်ကြောင်းနှင့် ပြောဆိုလေ၏။ ကုန်သည် လမ်းကြီးမှာ အခါများတွင် ဟွန်းသံများ၊ လူသံများဖြင့် တဂီဂီတဂေါ်ဒေါ် ဆူညံလျက် ရှိနေသော်လည်း ဆိုင်နှင့် အလုပ်တိုက်များက များသဖြင့် ညဉ့်အခါ များ၌မူ နေ့တွင် ဆူညံသလောက် တိတ်ဆိတ်နေတတ်ရကား ကျွန်ုပ်အတွက် အသင့်လျော်ဆုံးနေရာ ဖြစ်ပေလိမ့်မည်။ ထို့ပြင် “ရူမေးနီးယား” ဟိုတယ်မှာ လည်း အနီးတွင်ရှိနေရကား အစားအသောက်အတွက်လည်း လွယ်ကူပေမည်။ သို့နှင့် ကျွန်ုပ်သည် တိုက်ရှင်နှင့် ဈေးတည့်ပြီးလျှင် တစ်လအတွက် ငွေ ၆8/- ကို ပေးလိုက်လေ၏။

          ထိုနေ့ နံနက်စာကို “ရူမေးနီးယား” ဟိုတယ်၌ စားပြီးလျှင် ချိုင် ကုလားကလေးကိုပင် ကူလီတစ်ယောက် ငှားစေ၍ အခန်းကို အမှိုက်သရိုက် ရှင်းလင်းသုတ်သင်ပြီးနောက် ကျွန်ုပ်နှင့်ပါလာသော အိပ်ရာလိပ်၊ သံသေတ္တာ အဝတ်ဖား စာအုပ်ထုပ် စသည့်ပစ္စည်းများကို နေသားတကျ ထားသို့ ပြင်ဆင်စေ၏။ ဤသို့ဖြင့် ကျွန်ုပ်မှာ အမြဲနေထိုင်သော အိမ်ငှားတစ်ယောက်ကဲ့သို့ ခံ့ညားစွာ ရှိနေတော့၏။

          ကျွန်ုပ်မှာ မိဘနှစ်ပါး သေဆုံးပြီးနောက် အမွေအဖြစ်ဖြင့် ပစ္စည်းစု အမြောက်အမြား ရရှိခဲ့ရာ၊ ယခုကဲ့သို့ ရှေ့နေစာမေးပွဲကို ဝင်ရောက် ဖြေဆိုမည် ကြံခြင်းမှာလည်း အပျော်သက်သက်သာ ဖြစ်၍ စာမေးပွဲအောင်သည်ဖြစ်စေ၊ မအောင်သည် ဖြစ်စေ ကျွန်ုပ်အဖို့၌ အရေးမကြီးလှချေ။ သို့ဖြစ်၍ ရန်ကုန်၌ အပို ၁ လ၊ ၂ လခန့် အေးဆေးစွာ နေပြီးနောက်မှ ကြည်လင် အေးဆေးသော ဦးနှောက်ဖြင့် ဖြေဆိုတော့မည်ဟု စိတ်ကူးမိလေသည်။

          ထိုနေ့ နေ့လည်၌ ကျွန်ုပ်သည် ဈေးနှင့် လမ်းမတော်ဘက်သို့ သွား၍ ရွက်ဖျင် ကုလားထိုင် တစ်လုံးနှင့် စားစရာများ၊ သစ်သီးနှင့် မုန့်သေတ္တာများ၊ချောကလက်များ၊ ဖရောင်းတိုင်နှင့် မီးခြစ်ထုပ်များမှစ၍ လိုအပ်သော ပစ္စည်း အချို့ကို ဝယ်ယူခဲ့၏။ သို့နှင့် တိုက်ခန်းသို့ ပြန်ရောက်သောအခါ ရွက်ဖျင် ပက်လက်ကုလားထိုင်ကို ဖြန့်၍ ထိုင်ကာ ဆေးတံကို ဆေးထည့်၍ သောက်ရင်း ဤမျှ လောက် ကျယ်ဝန်းသော ခန်းကြီး၌ တစ်ယောက်တည်း နေရမည့် အဖြစ်ကိုပင် တွေး၍ ပျင်းရိငြီးငွေ့မိ၏။ အစားအစာများအတွက် ဟိုတယ် မန်နေဂျာနှင့် စီစဉ်လျှင် တိုက်ခန်းသို့ အချိန်မှန်လာ၍ ပို့မည် ဖြစ်သော်လည်း လက်တိုလက်တောင်းခိုင်းစေရန် သူငယ်တစ်ယောက်လို၏။ အစေခံချွတ်ကရား ထားလျှင် မြန်မာသူငယ်များမှာ အများအားဖြင့် ဆောင့်ကြွားကြွားသူငယ် များသာ ပေါပြီးလျှင် ရိုးဖြောင့်တည်တံ့သူများ ရှားပါးလှ၏။ သို့ဖြစ်၍ အလုပ်ကိုလည်းကောင်း၊ ငွေကိုလည်းကောင်း၊ သခင်ကိုလည်းကောင်း ကျိုးနွံ ရိုသေလေ့ရှိသည့် ကုလားကလေးများကိုသာငှားလို၏။

          သို့ဖြစ်၍ ကျွန်ုပ်လည်း ဤကိစ္စကို ကျွန်ုပ်၏ မိတ်ဆွေ တွိင်ကုလား နှင့်ပင်စီစဉ်ရရာ နောက်တစ်နေ့၌ ရပါစေမည်ဟု ဝန်ခံ၏။ ထိုနေ့ ညနေစောင်း နေဝင်ရီတရော အချိန်သို့ ရောက်လတ်သော် ကျွန်ုပ်လည်း အပြင်သို့ မထွက်မီ ကျွန်ုပ်နေရမည့် အိမ်ခန်းကို သေချာစွာ လှည့်လည်ကြည့်ရှုမိ၏။ အိမ်ရှေ့ ဧည့်ခန်းမှာ ဆိုအပ်ခဲ့ပြီး ဖြစ်သည့်အတိုင်း လေးထောင့်စားပွဲကြီး ၁ လုံး၊ ကုလားထိုင် ၄ လုံးဖြင့် အသင့် ရှိနေ၏။ ကျွန်ုပ်၏ အိပ်ခန်းမှာ နှစ်ယောက်အိပ် ခုတင်ရှိရာ ထိုအပေါ်တွင် ကျွန်ုပ်၏ မွေ့ရာ၊ ခေါင်းအုံး၊ ခြင်ထောင်တို့က - ပြင်ဆင်ပြီး ဖြစ်လေသည်။ မှန်တင်ခုံပေါ်တွင် ကျွန်ုပ်၏ ဘီး၊ ခေါင်းလိမ်းဆီ၊ရေမွှေးပုလင်းတို့မှာ သူ့နေရာနှင့်သူ ရှိနေကြ၏။ ရေချိုးခန်းတွင် စည်ပိုင်း ၁ လုံးရှိသည့်အတိုင်း ရေများပြည့်နေပြီးလျှင် စင်ကလေးပေါ်တွင် ဆပ်ပြာခဲ၊ . သွားတိုက်ဘူး၊ သွားတိုက်ဆေး အဆင်သင့် တင်ထားဖြစ်၏။ ရေအိမ်၌လည်းရေခွက်နှင့် “ဘရိုမိုပေးပါး” ခေါ် စက္ကူလိပ် အသင့်ရှိ၏။ ထမင်းစားခန်းသို့ ဝင်၍ကြည့်ရာ ကျွန်ုပ်ယူခဲ့သော ဒိန်ချိုင့်၊ လက်သုတ်ပုဝါ၊ လက်ဖက်ရည် ပန်းကန်စုံ၊ ယိုဘူး။ မုန့်သတ္တား ဇွန်း၊ ဓား၊ ခက်ရင်းထည့်သော သေတ္တာနှင့် - ထမင်းစားပန်းကန်ပြားကြီး ၂ ချပ် ရှိနေကြ၏။ ထိုနောက် ကျွန်ုပ်သည် ။

          နောက်ဖေးဘက်ရှိ အစေခံအိပ်သည့် အခန်းသို့ ဝင်ခဲ့ရာ ကုလားများသည် * ထိုအခန်းသို့ ဝင်၍ပြင်ဆင်ဟန် မတူချေ။ အဘယ့်ကြောင့်ဆိုသော် သစ်သား ကွပ်ပျစ်ကလေးပေါ်၌ပင် ပုံများ ထူထပ်စွာရှိနေပြီးလျှင် စားပွဲဝိုင်းလေးနှင့် ကုလားထိုင်၌ ထိုနည်းတူ ရှိနေ၏။ စားပွဲဝိုင်း အဟောင်းကလေးပေါ်၌ကား ဖယောင်းတိုင် စိုက်၍ထွန်းသော ကြေးဝါဖြင့် ပြုလုပ်ထားသည့် “ဖယောင်းတိုင် စိုက်"တစ်ခုရှိ၏။ ထိုဖယောင်းတိုင် စိုက်ရာတွင် အသစ်စက်စက် ဖယောင်းတိုင် တစ်ခု ရှိ၏။ အနီး၌ကား ဖယောင်းတိုင် ၁၀ တိုင်နှင့် သစ်သားမီးခြစ်တစ်လုံး မီးခြစ်ဆံအပြည့်နှင့် ရှိ၏။

          ထိုအစေခံ အခန်းအတွင်း၌ ဓာတ်မီးမရှိသည့်ပြင် အချိန်မှာလည်း မှောင်စပြုနေပြီဖြစ်၍ ကျွန်ုပ်သည် “ဖယောင်းတိုင်စိုက်ခုံ” ပေါ်တွင် စိုက်၍ ထားသော ဖယောင်းတိုင်ကို သစ်သားမီးခြစ်ဖြင့် အမှတ်မဲ့ မီးထွန်းလိုက်မိ၏။ ထိုနောက် ဖယောင်းတိုင်မီးရောင်နှင့်ပင် အခန်းအတွင်းတွင် လျှောက်၍ကြည့်မိ ၏။ လူမနေသည်မှာ အတော်ကြာပြီဖြစ်၍ မျက်နှာကြက်တွင် ကျပ်ခိုးများနှင့် အခန်းထောင့်များတွင် ပင့်ကူအိမ်များ ရှိနေသည်မှတစ်ပါး တစ်စုံတစ်ရာ ထူးခြားခြင်း မတွေ့ရချေ။ သို့နှင့် ကျွန်ုပ်လည်း အပြင်သို့ ထွက်တော့မည်ဖြစ်၍ ဖယောင်းတိုင်မီးကို ငြိမ်းပစ်လိုက်၏။

          ထို့နောက် အားလုံး ဓာတ်မီးများကိုငြိမ်း၍ ကျွန်ုပ်လည်း အခန်းတံခါး မကြီးကို အပြင်မှ သော့ခတ်ပြီးသော် တိုက်အောက်သို့ ဆင်းခဲ့လေ၏။ - “ရူမေးနီးယား” ဟိုတယ်တွင် ညစာစား၍ ကျွန်ုပ်သည် တစ်ယောက်တည်း တိုက်ခန်း၌ရန် ပျင်းရိလှသဖြင့် “ဂလုပ်”ရုပ်ရှင်ရုံသို့ သွားရောက်ကာ ၆ နာရီခွဲကို ကြည့်ရှုလျက် ပွဲပြီးမှ ပြန်ခဲ့လေ၏။ တိုက်ပေါ်သို့ တက်မိသောအ ခါ လှေခါးမှ ဓာတ်မီးပွင့်များ အားလုံး မီးငြိမ်းထားသည် ဖြစ်၍ ကျွန်ုပ်သည်။

          အိတ်ထဲမှ မီးခြစ်ဖြင့်ခြစ်ကာ တက်ခဲ့ရ၏။ သို့သော် ရုပ်ရှင်ရုံထဲတွင် ဆေးတံ ကို အတော်သောက်မိခဲ့သဖြင့် မီးခြစ်ဆံမှာ နှစ်ချောင်းမျှသာ ကျန်တော့ရာ တတိယလှေခါးငွေ့သို့ ရောက်သောအခါ နောက်ဆုံးမီးခြစ်ဆံ ကုန်သွားသဖြင့် သမံတလင်းလှေခါးကို စမ်း၍ တက်ခဲ့ရ၏။ - တံခါးမကြီးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်သည် အံ့အား " သင့်၍ သွားမိ၏။ အဘယ်ကြောင့်ဆိုသော် အစေခံ အိပ်သောအခန်း ပြတင်းပေါက်မှ မီးရောင်ထွက်နေသည်ကို မြင်ရသောကြောင့်တည်း။ ကျွန်ုပ်သည်  အိမ်ရှေ့ဧည့်ခန်း ဓာတ်မီးခလုတ်ကို မဖွင့်နိုင်မီ ၂ မိနစ်ခန့် ကြက်သေသေကာရပ်နေမိ၏။ ကျွန်ုပ်၏ စိတ်သည် ကျွန်ုပ်ကို မလှည့်စားခဲ့သော် အောက်သို့ | မဆင်းမီ ကျွန်ုပ်သည် ဖယောင်းတိုင်ကို အသေအချာ မီးမှုတ်ခဲ့၏။ မည်သူသည် ဤမီးကို လာ၍ထွန်းနိုင်အံ့နည်း။

          သို့နှင့် ကျွန်ုပ်သည် ခါးထဲတွင်ထိုးထားသော ဓားမြှောင်ကို နှုတ်ပြီးလျှင် အစေခံအခန်းဆီသို့ သွားလေ၏။ အခန်းတွင်းသို့ရောက်သောအခါ ဖယောင်း တိုင်မှာ စွပ်၍ထားသော အပေါက်ထဲသို့ ဝင်လုနီးပါး တောက်လောင်လျက် ရှိသည်ကို အံ့အားသင့်စွာ တွေ့ရှိရတော့၏။ အခန်းများကို လိုက်လံရှာဖွေရာ မည်သူကိုမျှ မတွေ့ရသည့်အပြင် ကျွန်ုပ်၏ ပစ္စည်းများမှာလည်း ခြေရာလက်ရာ မပျက် ရှိနေသည်ကို တွေ့ရလေ၏။

          စဉ်းစာ၊ ရန်တစ်ချက်မှာ အိမ်ရှင်ဖြစ်စေ၊ အိမ်ရှင်က လွှတ်လိုက်သူဖြစ်စေ၊ ကျွန်ုပ်မရှိခိုက် အခန်းတွင်းသို့ ဝင်ပြီးလျှင် အစေခံအခန်းတွင်း၌ အလွယ်တကူတွေ့ရသော ဖယောင်းတိုင်ကို မီးညှိကွန်းထားပြီးလျှင် အပြန်ဘက် မေ့ကောင်း မေ့၍သွားပေလိမ့်မည်။ ကျွန်ုပ်ကိုယ်တိုင်ပင် ထိုဖယောင်းတိုင်ကို မီးထွန်းညှိခဲ့ ဖူးသဖြင့် မီးကိုမငြိမ်းသတ်ဘဲ ထားမိကောင်း ထားမိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လူများမှာ သတိချို့ယွင်းမှုများ ရှိတတ်သဖြင့် တစ်ခါတစ်ရံ မိမိလုပ်သောအလုပ်ကို လုပ်မိသည်ဟူ၍လည်းကောင်း အမှားမှားအယွင်းယွင်း ထင်တတ်ကြသည်။ ကျွန်ုပ်ကိုယ်တိုင်ပင် မီးမငြိမ်းနိုင်ဘဲ ထားခဲ့ဟန်ရှိသည်ဟုဤထင်မြင်ချက်နှင့်ပင် စိတ်ကျေနပ်ရပြီးလျှင် ထိုညအဖို့ အချိန်ကုန်ပြီးလျှင်  အိပ်ရာသို့ ဝင်ရလေ၏။ ညဉ့်အိပ်ရာ၌လည်း တစ်စုံတစ်ရာ အနှောင့်အယှက် မရှိဘဲ ကောင်းစွာအိပ်စက်ရ၏။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)