Skip to product information
1 of 4

Other Websites

ဒဂုန်ရွှေမျှား - ဖယောင်းပြတိုက် ဆန်းဆန်းကြယ်ကြယ်၀တ္ထုတိုများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဖယောင်းပြတိုက်

          ၁၉၃၇ ခုနှစ်က ကျွန်တော်သည် တောမြို့နယ်တစ်နယ်တွင်(၇)တန်း စာမေးပွဲ အောင်မြင်ခဲ့ပြီးနောက် အလုပ်အကိုင်ကလေးများရှာဖွေရန် ရန်ကုန်မြို့သို့ ရောက်လာခဲ့ပါသည်။ မီးရထားပေါ်တွင် ဦးပဉ္စင်းတစ်ပါးနှင့် ကုသိအကျွမ်းဖြစ်ခဲ့ရာမှ ဦးပဉ္စင်းသီတင်းသုံးသောသရက်တောကျောင်းတိုက်၌ ၊ ပင် တည်းခိုကာ မြို့ပေါ်တွင် အလုပ်အကိုင်ရှာဖွေလျက်ရှိ၏။ ရန်ကုန်မြို့ကြီးမှာ အလုပ်အလွန်မပါသောမြို့ဖြစ်၍သူ့နေရာနှင့်သူစာရေးစာချီများ၊ အစိုးရအရာရှိ ကြီးများဖြင့်ပြည့်နှက်လျက်ရှိသော်လည်းကျွန်တော်ကဲ့သို့(၇)တန်းမျှသာအောင် သည့်အောက်တန်းစားဆင်းရဲသားတစ်ယောက်မှာမူအလုပ်ရရန်ခဲယဉ်းကြောင်း လက်တွေ့စုံစမ်းရှာဖွေသောအခါမှ သိရှိရတော့၏။ ထို့ပြင် ကျွန်တော် တစ်ခု သဘောပေါက်မိသည်မှာ ယုတ်စွအဆုံး မြူနီစီပယ် တံမြက်လှည်းအလုပ်ပင် ဖြစ်စေကာမူ အဆက်အသွယ်မရှိဘဲအလုပ်မရနိုင်ချေ။

          လူစုစုမြင်တိုင်း ကျွန်တော်သည် အလုပ်အကိုင်ရှာဖွေရေးအတွက် သတင်းအစအနရရန် မယောင်မလည် သွားရောက်နားထောင်မိ၏။ သို့သော်စိတ်ပျက်ဖွယ်များကိုသာ တွေ့ရလေသည်။ တစ်နေ့သာနံနက် ကမ်းနားလမ်း ဘက်သို့ လျှောက်ခဲ့ရာအဆောက်အအုံတစ်ခုရှေ့တွင် လူနှစ်ဆယ်သုံးဆယ်ခန့် စုရုံးလျက် အချို့ခုံတန်းလျားများပေါ်၌လည်းကောင်း၊ အချို့ကွမ်းယာဆိုင်ကလေး များဘေး၌လည်းကောင်း၊ အချို့သစ်ပင်ရိပ်တစ်ခုအောက်၌လည်းကောင်း ၃ယောက်တစ်တွဲ၊၄ယောက်တစ်တွဲ စကားပြောဆိုနေကြသည်ကို တွေ့ရ၏။ သို့နှင့် ကျွန်တော်လည်း သစ်ပင်ရိပ်အောက်တွင် ဝိုင်းဖွဲ့၍စကားစမြည်ပြောဆို နေကြသောလူစုရှိရာသို့ မယောင်မလည် သွားရောက်နားထောင်မိ၏ ။

          (တစ်ယောက်)           "အားလုံး ဘယ်လောက်ရှိသတဲ့လ် ကိုကျင်မောင်၊ ကျွန်တော်ကြားတော့ ၂၅၀တောင်ကျော်တယ်ဆိုပါကလား”

          (ကျင်)           “ခင်ဗျားပြောတာတောင်မကဘူး ဆရာရေ ၃ဝဝကိုနည်းနည်း ပဲလျော့သတဲ့၊ ကျုပ်တော့မျှော်လင့်စရာမရှိပါဘူးဗျာ၊ အိမ်ကိုတောင် ပြန်ချင်ပြီ”

          (အခြားလူ)           “ဆယ်တန်းအောင်တဲ့လူတောင်လေးငါးယောက်ပါတယ် ။ ကြားတယ်” ။

          (ပထမလူ)           " ဟုတ်မှာပေါ့”

          (ကျင်)           " ဒီတော့ ခင်ဗျားတို့ကျုပ်တို့ကို၇တန်းငတိတွေ ဘာမျှော်လင့် စရာ ရှိဦးမှာလဲ ။

          (ပထမ)           “နို့ပေမဲ့ကံက ရှိပါသေးတယ်ဗျာ” ..

          (ကျင်)           ”ကံဆိုတာအလကားပါမိတ်ဆွေ၊ဆယ်တန်းလည်အောင်မယ်၊ အကပ်လည်းကောင်းမယ်ဆိုရင် ကျိန်းသေတာပဲ” ။ (ပထမလူ) “ဟုတ်တာပေါ့ဗျာ၊ အဲဒီအကပ်က အရေးကြီးတာပေါ့။

          ကျုပ်တို့မှာဘာအကပ်မှုမရှိလို့ခက်နေတာပါ။ မောင်ပြုံးဟာရတန်းမအောင်ဘဲ နဲ့ ရိုး (Rowe) တိုက်မှာအလုပ်ရသွားတာ ဘာကြောင့် ထင်သလဲ”

          (အခြားတစ်ယောက်)           ဘာကြောင့်လဲ ပြောစမ်းပါဦး” -

           (ပထမလူ)           "သူ့အစ်ကိုကပိုလ်ဆီမှာထမင်းချက်လုပ်နေတာကြာပြီ။ ' ဒီတော့သူ့ညီကိုစာရေးဖြစ်အောင်ပြောင်းတော့ရတာပေါ့”

          ကျွန်တော်သည် ထိုနေရာမှထွက်ခဲ့ပြီးကွမ်းယာဆိုင်ကလေးသို့ဝင်၍ စီးကရက်တစ်လိပ် ဝယ်သောက်ကာ အနီးတွင် ရပ်နေသူနှစ်ယောက် စကား ပြောနေသည်ကို နားစွင့်၍ထောင့်မိလေသည်။

          ထိုသူနှစ်ယောက် ပြောသောစကားများမှာလည်း မိမိတို့လျှောက်ထား သောအလုပ်ကိုရလိမ့်မည်မထင်ကြောင်း၊လျှောက်ထားသူများထဲတွင်ဆယ်တန်း အောင်သူနှစ်ယောက်သုံးယောက်ပါရှိသဖြင့် ထိုအထဲမှပင် ခန့်ထားလိမ့်မည် ထင်ကြောင်း၊ အလုပ်မှာအောက်တန်းစာရေးအလုပ်ပင်ဖြစ်သော်လည်း ယခုအခါ ဆယ်တန်းအောင်သူများပင် လျှောက်ထားနေပြီဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိ ကိုယ်တိုင်စိတ်ပျက်ကြောင်းဖြင့်တစ်ယောက်ကပြောဆိုရာအခြားတစ်ယောက်က ” ၎င်းစကားများကို ထောက်ခံသည်းပြူးလျက်ရှိလေသည်။

          အဆောက်အအုံကြီးမှာမည်သည့်ရုံး၊ မည်သည့်အဆောက်အအုံဟူ၍ ကျွန်တော်သတိမပြုမိခဲ့ပေးထိုလူရွယ်လူတယ်များမှာထိုရုံးမှအောက်တန်းစား နှစ်ယောက်အလိုရှိကြောင်း ကြော်ငြာရာတွင် လျှောက်ထားသူများ ဖြစ်ဟန် " တူ၏။ သူတို့၏အဆိုအရအရည်အချင်းမှာရတန်းအောင်ရမည်ဟု ဆိုသော်လည်း ဆယ်တန်းအောင်သူ ၃-၄ယောက်ပင်ဝင်၍လျှောက်ထားသဖြင့် စိတ်ပျက် ညည်းညူနေကြခြင်းဖြစ်လေသည်။ ဤသို့ဆိုက ယခုမှရောက်လာသော ကျွန် တော်ကဲ့သို့ သူစိမ်းတစ်ယောက်မှာအလုပ်တစ်ခုကိုမည်ကဲ့သို့ ရနိုင်ပါမည်နည်း။ ။ ကျွန်တော်သည် စိတ်အပျက်ကြီးပျက်ကာထိုနေရာမှထွက်ခဲ့၏။

          ရန်ကုန်သို့ရောက်သည်မှာ ဆယ်ရန်ခန့် ကြာပြီဖြစ်၍ ကျွန်တော်၏ ' အိတ်ထဲတွင်ပါရှိသောငွေ့ကလေးများမှာလည်းတစ်စတစ်စအပါးစပြုလာပြီ။ တစ်ဝါတစ်ရံ ဦးပဉ္စင်းက တိုက်တွန်းသဖြင့် နံနက်စာကို ကျောင်းတွင် စားရ၏။ သို့သော်ပြီတကိုမည်သည့်အခါမျှ ကျောင်းတွင်မစားဘဲ အသက်သာဆုံး လမ်းဘေးဆိုင်ကလေးများတွင်ဝယ်၍စား၏။မော်တော်ကား ၂ပြား၊တစ်ပါးကိုပင် နှမြောသဖြင့် ခြေကျင်လျှောက်သည်ကများ၏။ အလွန်ဝေးသောခရီးများကိုသာ ဘတ်စ်ကားများ စီးမိလေသည်။

          အချိန်များသည် တရွေ့ရွေ့ ကုန်လွန်ခံ့ရာ တစ်လမျှပင် ကြာခဲ့လေပြီ။ သို့သော် အလုပ်အကိုင်ဟူ၍ကား အစအနမျှပင်မတွေ့သေး။ တစ်ချိန်တွင် ရုပ်ရှင်ရုံတစ်ရုံ၌ညည့်ပွဲများတွင် ငါးမူးတန်း၌ လက်မှတ်စစ်ရန် လက်မှတ်စစ် တစ်ယောက်လိုကြောင်း သိရသဖြင့် လျှောက်ထားရာ နောက်တစ်နေ့၌ မြို့ခပ်မှ ၇တန်းအောင်သော သူငယ်တစ်ယောက်ကို ခန့်ထားလိုက်ပြီဖြစ်ကြောင်း သိရ သဖြင့်ဘုန်းကြီးကျောင်းသို့ဝမ်းနည်းပက်လက်ပြန်ခဲ့ရ၏။ဤသို့လျှင်ကျွန်တော်၏ ဘဝသံသရာမှာရန်ကုန်တွင် တစ်လကျော်ကျော်ခန့်မျှလည်၍နေလေပြီ။

          တစ်နေ့သောနံနက်ခင်း၉နာရီကျော်ကျော်ခန့်အချိန်၌ကျွန်တော်သည် ဘုရင်မပန်းခြံ (ယခုဗန္ဓုလပန်းခြံ)မှ ထွက်ခဲ့ပြီးလျှင် ကုန်သည်လမ်းအတိုင်း အရှေ့ဘက်သို့လျှောက်ခဲ့ရာအဆောက်အအုံကြီးတစ်ခုတွင် လူအများတိုက် ထဲသို့ ဝင်ထွက်သွားလာနေသည်ကို တွေ့ရသဖြင့် ခတ္တရပ်၍ကြည့်နေမိ၏။ တိုက်အတွင်းသို့ ဝင်ထွက်သွားလာနေသော ပရိသတ်မှာ ဥရာပတိုက်သား မျက်နှာဖြူယောက်ျားမိန်းမများကများပြီးလျှင်တရုတ်ကုလားနှင့်မြန်မာအနည်း။ ငယ်မျှသာတွေ့ရ၏။ တိုက်အတွင်းသို့ဝင်ရောက်သူများမှာ တိုက်ရှေ့တွင်ရထားသာ“ကောင်တာ”တစ်စုမှလက်မှတ်ဝယ်ယူပြီးလျှင်အတွပ်ရ အနီးသို့ ချဉ်းကပ်ကြည့်သောအခါ အတွင်းသို့ လက်မှတ်နှင့်ဝင်ရသဖြင့် လက်မှတ်တစ် - မစောင်လျှင် မလေးပ်ယူပေး၍ဝင်ရလေသည်။ ထိုအခါမှ ကျွန်တော်သည် တိုက် အပေါက်ဝတွင် အင်္ဂလိပ်ဘာသာဖြင့် (Wax House)"ဖယောင်းပြတိုက်”ဟု ရေးသားထားသည်ကိုတွေ့ရ၏။ရန်ကုန်မြို့ပေါ်တွင်ယခင်ကကဲ့သို့ ဆိုင်းဘုတ် မျိုးကို မတွေ့ မြင်ဖူးသဖြင့် ကျွန်တော်၏စိတ်တွင် ထူးထူးဆန်းဆန်းဖြစ်သဖြင့် ဝင်ရောက်ကြည့်ရှုလိုသော စိတ်များပေါ်၍လာကာ လက်မှတ်တစ်စောင်ကို လေးပဲပေး၍ဝယ်ယူပြီးနောက် အတွင်းသို့ ဝင်သွားလေ၏။

          အတွင်း၌ကား အလျား ပေ ၆၀၊ အနံ ပေ၃၀ခန့်ရှိ ကျောက်ပြားများ ခင်းထားသော ခန်းမဆောင်ကြီးတွင် ဓာတ်မီးလုံးများဖြင့် ထိန်ထိန်လင်းလျက် ရှိလေရာဓာတ်မီးရောင်အောက်၌ကား စင်များ၊ ခုံများပေါ်တွင် တင်ထားသည့် လှပစွာထုလုပ်ထားသော ဖယောင်းရုပ်အမျိုးမျိုးကိုတွေ့မြင်ရ၏။ အလှပြမှန်ပီရိုကြီးငါး လုံးခန့်ရှိရာမှန်ဗီရိုများအတွင်း၌ဖယောင်းရုပ်အမျိုးမျိုးကိုအလှပြထားသ၏။ အခန်းထောင့်တစ်နေရာတွင် အသက် ၃၀ခန့်ရှိ ရုပ်ဆင်းအင်္ဂါနှင့် ပြည့်စုံသည့် လှပသောမိန်းမတစ်ယောက်သည်မကြာခဏနေရာမှထကာအရုပ်ကြည့်သူ များအား အရုပ်များ၏ အကြောင်းကို ရှင်းလင်းပြောပြလျက်ရှိသည်ကို တွေ့ရ လေသည်။

          ကျွန်တော်သည် အခြားသူများနှင့် ရောနှောတိုးဝှေ့ကာ တစ်မနရာမှ တစ်နေရာသို့ ပြောင်းရွှေ့၍အရုပ်များကို ကြည့်ရှုလျက်ရှိ၏။ ထိုအရုပ်များမှာ မြန်မာရှင်ဘုရင်များ၊ ဝန်ကြီး တံတိုင်းကြီးများ၊ စစ်သူကြီးများ၊ စစ်ဗိုလ်၊ စစ်မှူး စပ်ကြပ်၊ စစ်သားရုပ်များ၊ ဂီတဘက်မှလည်း မင်းသားရုပ်၊ မင်းသမီးရုပ်များ အပြစ်မြန်မာရုပ်သေးပွဲများတွင်ပြသလေ့ရှိသည့်ဝန်ကြီးချုပ်၊ ဘီလူးရုပ်တိုးနယား " ရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်၊ ကျားရုပ်၊ သမင်ရုပ် အစရှိသော တိရစ္ဆာန်ရုပ်များလည်း အနည်းငယ်ပါဝင်၏။ ဝင်များ၊ ခုံများနှင့် တပ်ထားသော အရုပ်များကို လက်ဖြင့်ကိုင်တွယ်မကြည့်နိုင်စေရန် ရှေ့မှ အတားအဆီးများ ကာထားပြီးလျှင် မကိုင်ရန် - အကြောင်း၊ မေတ္တာရပ်ခံသည့်စာများကိုလည်း အနှံ့အပြား ထားလေသည်။

          ထို့ပြင် မင်နီဖြင့်ရိုက်ထားသော ဆေးလိပ်မသောက်ရဟူသော စာတန်းများကို လည်း နေရာအနှံ့အများ ဆွဲချိတ်ထားလေသည်။ အရုပ်များမှာ အမှန်အားဖြင့် ၁၈ပေ) ၂၄ပေပုံပေ၃၀ခန့်အထိရှိ၍အကယ်၍ဝယ်ယူသူများကလည်း ရောင်းကြောင်း အဖိုးစားနားပါသော “လေဘယ်”ကလေးများကိုလည်း အရုပ်တိုင်း ၌ဆွဲချိတ်ထားလေသည်။

`          ကျွန်တော်သည်အရုပ်များကိုလှည့်လည်ကြည့်ရှုလျက်ရှိရာပရိသတ် များမှာလည်း မြန်မာနှင့်ကုလားလူမျိုးများ အလွန်နည်းပါးသည်ကိုတွေ့ရ၏။

          အရုပ်များမှာ အလွန်နယ်ညက်ညာသော ဖယောင်းဖြင့်ပြုလုပ် ထား၍ ထုလုပ်ပုံလက်ရာများမှာလည်း အလွန်ပဲသသပ်လှပ၏။ သို့သော် တစ်ခု ဆိုရန်ရှိသည်မှာ ထိုဖယောင်းရုပ်များတွင် သဘာဝကျခြင်းထက် အလှအပကို ပို၍ဂရုစိုက်ကာထုလုပ်ထားသည့်ဟန်ဖြင့်အတွန့်အချိတ်များနှင့်အဝတ်အစားများ - ကိုအမျိုးမျိုးသောဓရာင်တို့ဖြင့်ထောက်ပစွာမွမ်းမံခြယ်လှယ်ထား၏။ သို့ဖြစ်ရကာဖယောင်းရုပ်များသည်နိုင်ငံခြားမှလာသောအရုပ်များမဟုတ်ဘဲမြန်မာပြည်ဖြစ်အရုပ်များဖြစ်ဟန်လက္ခဏာရှိသည်ဟု ကျွန်တော်ယူဆမိ၏။

          ကျွန်တော်သည် အခန်း၏အလယ်၌ ပန်းများထုလုပ်ထားသည့် နံမြင့် တစ်ဝုဓပေါ်တွင် အထူးတလည်တင်၍ပြထားသော မြန်မာမင်းသားဆန်ဆန် ခွန်အားဗလနှင့် ပြည့်စုံဟန်ရှိ၍ ကိုယ်လုံးကိုယ်ပေါက်ကောင်းသောလူတစ် ယောက်၏အရုပ်ကိုလည်းကြည့်ရှုလျက်ရှိ၏။အရုပ်မှာ ၂၅ပေခန့်အမြင့်ရှိပြီးလျှင် နောက်ခံတိုင်မှာသစ်ပင်တစ်ပင်ဖြစ်၍ထိုမင်းသားနှင့တူသည့်သူအားကြိုးများဖြင့် တုပ်နှောင်ကာ နောက်ခံသစ်ပင်တွင် ရည်နှောင်ထား၏။ အရုပ်၏ဦးခေါင်အပေါ်၌ ကားနောက်ခံသစ်ရွက်စိမ်းများအုပ်ဖုံးလျက်ရှိရာအောက်၌မူမီးတောက်လျက် ရှိသောထင်းတုံးများ၏ ပုံသဏ္ဌာန်ထုလုပ်ထား၏။

          ထိုအရုပ်ကို ကြည့်ရှုလျက်ရှိစဉ် ကျွန်တော်၏အနီး၌ မျက်နှာဖြူ မိန်းကလေးတစ်ယောက်နှင့် ဗိုလ်ကပြားကြီးတစ်ယောက်သည်လည်း ထိုအရုပ် ကလေးကိုပင် စိတ်ဝင်စားစွာကြည့်ရှုလျက်ရှိလေသည်။ ,

          သို့ရှိစဉ် စားပွဲတွင်ထိုင်၍နေသောမိန်းမပျိုသည်ကျွန်တော်တို့အနီးသို့ ရောက်ကာအရုပ်ကို စိတ်ဝင်စားစွာကြည့်နေသောဥရာပတိုက်သူမိန်းကလေး အား အရုပ်တွင်ဝတ်ထားသော အဝတ်အစားများအကြောင်းနှင့်တကွ အရုပ်၏ ရာဇဝင်ကိုပါ ပြောဆိုလျက်ရှိသဖြင့် ကျွန်တော်လည်း ခေတ္တမျှနားစိုက်၍ထောင်နေမိ၏။ ဆိုင်မှ မိန်းမပျိုသည် အင်္ဂလိပ်ကလေးအား အောက်ပါအတိုင်း ရှင်းလင်းပြောပြလျက်ရှိ၏။

          “ဟုတ်တယ်ရှင့်၊ ကျွန်မတို့ အရုပ်တွေက မြန်မာလုပ်မတွပါပဲ။ ရှင်တို့ နိုင်ငံခြားကလာတာတွေလောက်တော့လက်ရာမကောင်းပဘူးပေါ့ရှင်”

          “ နို့ပေမဲ့ရှင်ဒီလက်ရာတွေလိမညံ့ပါဘူး။ကျွန်မတို့နိုင်ငံခြားကလုပ်တဲ့ အရုပ်တွေကတော့ အရုပ်တစ်ရုပ်ဆိုရင် ပုံစံကို ပထမသေသေချာချာသွန်းပြီး အရုပ်ပေါင်းတစ်သိန်းနှစ်သိန်းတစ်ခါတည်းလုပ်ယူတာကိုးရှင့်။ ဒီတော့ကောင်း လည်းကောင်းတယ် မြန်မြန်လည်းပြီးတယ်ပေါ့ရှင်။ နို့ပေမဲ့တစ်စုလက်နဲ့ထုတဲ့ အရုပ်ဆိုတော့ ရှင်တို့အရုပ်တွေရဲ့လက်ရာဟာ မညံ့ပါဘူး။ ကျွန်မ အနေနဲ့တော့ ချီးကျူးပါတယ်”

          “ အဲဒီလိုကြားရတာဝမ်းသာပါတယ်ရှင်”

          “ ဒါထက်လုပ်တဲ့ဆရာကဘယ်ကလဲရှင့် “

          " မန္တလေးမြို့ကပါ "

          “ဗမာလုပ်တဲ့အရုပ်တွေပို့ထင်ပါရဲ့၊ အတွန့်အတက်တွေသိပ်များတာပဲ နော်။ ကျွန်မတော့ ဗမာပြည်မှာ အနေကြာလို့လား မပြောတတ်ဘူး။ အဲဒီလို အတွန်းအရိတ်အတွများတာအရောင်တွေစုံတာကို သိပ်ကြိုက်တာပဲ”

          “ကျွန်မ ဒီမင်းသားရဲ့ရာဇဝင်ကိုနည်းနည်းပြောပြမယ်လေ”

           "ဟုတ်ကဲ့၊ ပြောတာပေါ့နေပါဦး”

          (အခြားအရုပ်တစ်ရုပ်ဘက်သို့ အတန်ငယ်ရွှေ့သွားပြီးနောက်)

          “အဲဒီအကောင်ကြီးက ဘာကောင်ကြီးလဲဟင်”

          “တိုးနယားလို့ခေါ်တယ်”

          “တိုးနယား ဟုတ်လား။ အတွန့်အချိတ်တွေများလှည့်ကလား” “ဟုတ်ပါတယ်”

          "တကယ်ရှိသလား၊ ကျွန်မတော့ ကြားလည်း မကြားဖူးဘူး။ ကမ္ဘာ့ ရာဇဝင်သမိုင်းစာအုပ်တွေထဲမှာလည်း မပါပါဘူး ”

          "ကျွန်မလည်း မသိဘူး။ ရာဇဝင်မှာတော့ရှိတယ်လို့ ပြောကြတာပဲ”

          အင်္ဂလိပ်ကလေးသည် သစ်ပင်တစ်ပင်တွင် ကြိုးများဖြင့် တုပ်နှောင် ' ထားသည့် မင်းသားရုပ်ဘက်သို့ ပြန်၍လာကာ -

          “ကဲလေ ဒီမင်းသားရဲ့ ရာဇဝင်ကိုပြောမယ်ဆို ပြောပါဦး၊ ကျွန်မ နားထောင်ပါမယ်။ ဘာဖြစ်လို့သစ်ပင်မှာချည်ပြီးထားတာလေ။ အောက်ကလည်။ ထင်းတွေပုံလို့ မီးနဲ့ရှို့မလို့ထင်ပါရဲ့။ အရုပ်ကဖြင့် အတော်အမျိုးအစားကျတယ်”

          “ဟုတ်ပါတယ်၊ သူ့ကို ပန်းပဲမောင်တင့်တယ်လို့ခေါ်တယ်။ ကျွန်မတို့ ဗမာရာဇ၀င်မှာတော့ အင်မတန်ထင်ရှားတဲ့မင်းသားတစ်ပါးပေါ့”

          “ပြောပါ ကျွန်မရာဇဝင်ဆိုရင် သိပ်နားထောင်ချင်တယ်။ ကျောင်းမှာ နေစဉ်ကာရာဇဝင်ကိုကောင်းကောင်းလေ့လာခဲ့တယ်ရှင့်။ နို့မပခဲ့ရာတွင်တော့ မဟုတ်ဘူးပေါ့ရှင်။ ကျွန်မတို့ အင်္ဂလိပ်ရာဇ၀င်ကိုပဲ လေ့လာခဲ့ရပါတယ်”

          “သူ့အကြောင်းကျွန်မအစချီပြီးပြောရမယ်ဆိုရင်ကျွန်မတို့ဗုဒ္ဓဘာသာ သာသနာသက္ကရာဇ် ၈၈၈ ခုနှစ်မှာ အထက်မြန်မာပြည်တကောင်းမြို့က မျောပါ လာတဲ့ စံကားပင်တစ်ပင်ဟာ ပုဂံပြည်ရောက်လာပြီး မြစ်ကွေ့တစ်ခုမှာ တင်နေတယ်။ ဒီတော့ ပုဂံပြည်မှာလည်ကြောင်မင်းဆိုတာ စိုးမိုးအုပ်ချုပ်နေ တယ် ဒီတော့ကာ စကားပင်နဲ့အတူပါလာတဲ့ နတ်မောင်နှမက ဘုရင်မင်းကြီးဆီ 'ဝင်ပြီး သူတို့ဟာ ဒီစကားပင်ကို အမှီပြုပြီးနေရတဲ့ နတ်မောင်နှမပါဆိုတဲ့ - , အကြောင်း ပြောတာကိုး၊ ဒါနဲ့ ဘုရင်ကြီးက ယုံကြည်တာနဲ့ ဒီစကားပင်ကို ပြန်စိုက်ပြီး သူတို့အတွက် နတ်ကွန်းတွေဘာတွေဆောက်ပြီး ကိုးကွယ်ခဲ့တယ်”

          “နတ်ဆိုတာသပြီးမှနုတ်ဖြစ်တယ်မဟုတ်လား”

           “ဟုတ်ပါတယ်၊ လူသေပြီးမှ နတ်ဖြစ်တာပေါ့  "

           “သူတို့ကဘာဖြစ်လို့သေတာလဲ၊ အဲဒီအစကိုပြောစမ်းပါဦး ”

          “ ဒီလိုရှင့်၊ ရာဇဝင်က အိန္ဒိယပြည်နဲ့ ဆက်သွယ်နေတယ်။ သူတို့ဟာ အိန္ဒိယပြည်က ပြေးလာတဲ့ အဆက်အနွယ်တွေပါ။ ဒီအခါမှာ တကောင်းမြို့မှာ ဦးတင့်တော်ဆိုတဲ့ပန်းပဲဆရာကြီးရှိတယ်။ အဲဒီပန်းပဲဆရာကြီးကဘုရင်မင်းမြတ် ခန့်အပ်မတော်ကိုပန်းပဲဝန်ပါ၊ သူ့မှာသားတစ်ယောက်၊ သမီးနှစ်ယောက်ရှိတယ်။ အဲဒီသားနာမည်က မောင်တင့်တယ်လို့ခေါ်တယ်။ အဲဒီ မောင်တင့်တယ်ဟာ အင်မတန် ခွန်အားဗလကောင်းပြီး ဆင်ကိုတောင် သတ်နိုင်တဲ့ အရည်အချင်းရှိ တယ်။သူဟာဘယ်ဘက်ညာဘက်တူနှစ်လက်ကိုင်ပြီးပေပါမှာထုလိုက်ရင်သူ့ရဲ့ တူသံကို အခ၀ကြီးကကြားရတယ်။ ညာဘက်ကတူက ပီယာအချိန် ၅၀စီးပြီး၊ ဘယ်ဘက်ကကိုင်တဲ့တူက ၂၅ပ်သားအလေးချိန်ရှိတယ်လို့ ဆိုတယ်၊ ဘုရင် မင်းတရားကြီးဟာ သူထုလိုက်တဲ့ တူသံကိုကြားရတိုင်း မှာမသက်သာ အင်မတန်ထိတ်လန့်ပြီး ဒီအကောင်ကို ဖမ်းလေမှပဲဆိုပြီး ရန်ငြိုးထားခဲ့တယ်။ သူ့ထီးနန်းကို လုယူလိမ့်မယ် ထင်ခဲ့တယ်။ ဒီဟာတင် မကသေးဘူး ဘုရင်ကဥပါယ်တံမျဉ်နဲ့ သူ့ရဲ့နှမမြတ်လှကို မိဖုရားမြှောက်တယ်။ မြောက်ပြီး မောင်တင့်တယ်ကိုမြို့ကွပ်ရာထူးပေးမယ်ဆိုပြီး သူ့နှမကိုအခိုင်းတာပေါ့။ ဒါနဲ့ မောင်တင့်တယ်ဟာဘုရင်ကသူ့နှမကိုလှည့်ဖြားပေါ်စတဲ့အတိုင်းရောက်လာတဲ့ အခါ လူအများနဲ့ တစ်ခါတည်းဝိုင်းဝန်းပြီး ကားပင်မှာကြိုးနဲ့ချည်၊ မီးရှို့သတ် တော့တာပါပဲရှင်။ သူ့နှမလည်း သူ့အစ်ကိုမောင်တင့်တယ်ကို သတ်တာမြင်ရတော့ မီးပုံထဲ အတင်းခုန်ချတာနဲ့ နှစ်ယောက်စလုံး သေတဲ့အခါ နတ်မောင်နှမ ဖြစ်နေတယ်လို့ဆိုတာပါပဲ”

          "အတော်စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းကလပ်၊ ကျွန်မ ယုံတာမယုံတာဟာ အပထားပြီး ရှင်ပြောတဲ့ ဒီအရုပ်နဲ့ ဇာတ်လမ်းကလေး ကတော့ ကြေကွဲဖွယ်ဇာတ်လမ်းကလေးပဲနော်”

           “ဟုတ်ပါတယ်။

          "ဒီဟာတွေရှင်ကောယုံရဲ့လား”

          “ယုံတယ်လို့တော့ မဟုတ်ပါဘူးရှင်၊ ကျွန်မတို့ မိရိုးဖလာကြားဖူးလို့ ပြောရတာပါး ရှင်ကောယုံလား”

          “ကျွန်မတော့ မယုံပေါင်း၊ ကျွန်မတို့က မျက်မြင်ဒိဋ္ဌမြင်ရမှု ဒါမှမဟုတ် , လည်း လောကဓာတ်ပညာနဲ့ စမ်းသပ်ပြီးကြည့်ရမှယုံတယ်။ ရှင်တို့ ဗမာတွေလိုစုန်းတွဲ၊ နတ်တွေ၊ တစ္ဆေတို့ သရဲတို့ဆိုတာတွေ ဘယ်တော့မျှ မယုံဘူး။ ဒါနဲ့ နတ်ရုပ်မှာဆွဲထားတဲ့စာကအဖိုး၁၅၀ဆိုမတူမများဘူးလား”

          “မများပါဘူးရှင်၊ ရှင်ကလိုချင်လို့လား”

           ”လိုတော့မလိုချင်ပါဘူး၊ သိရအောင် မေးကြည့်တာပါ”

          “မယူတာပဲ ကောင်းပါတယ်လေ”

          “ဘာဖြစ်လို့လဲဟင်”

          “ ဒီအရုပ် အိမ်မှာထားရင် မီးလောင်တတ်သတဲ့ရှင်။ ကျွန်မတို့တောင် ဒီအရုပ်ကိုပြတိုက်ထဲမှာတယ်မထားချင်ဘူး။ ကျွန်မဦးလေးကအယုံအကြည်မရှိ လို့ထားတာ ကျွန်မအလိုတော့ မထားရင်ဘူး၊ ဒီအရုပ်ကို ရတဲ့ဈေးနဲ့ မြန်မြန် ထုတ်ရောင်းပစ်ချင်တယ်”

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)