Skip to product information
1 of 4

Other Websites

ဒဂုန်ရွှေမျှား - ပင်ကိုရေး၀တ္ထုတိုများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ပတ္တမြားဒေဝီစောမဲကျီ

           - မြန်မာသက္ကရာဇ် ၈၇ဝ မှ ၈၉ဝ ကျော်ခန့်အတွင်း ဗုဒ္ဓသာသနာတော်မြတ် အကျိုးကိုသည် ရွက်ဆောင်ခဲ့သည့် မြန်မာပြည်ရှိ အမျိုးသမီးများအနက်မှ ကျွန်ုပ်တို့ရေးသားဖေါ် ပြအံ့သော ရခိုင်အမျိုးသမီးကြီး မိဖုရား“စောမဲကျီသည်ရခိုင် သမိုင်းတွင် ထိပ်တန်းမှ ပါဝင်ခဲ့သူတစ်ဦးဖြစ်လေသည်။ •

           အနော်ရထာဘုရင်ကြီး၏ ရှမ်းအမျိုးသမီး မိဖုရား “စောမွန်လှ”သည် မြန်မာပြည်ရှိ စေတီပုထိုးတော်များ သမိုင်း တွင် ရှမ်းမိဖုရားတစ်ဦးအနေဖြင့်၊ ထင်ရှားကျော်ကြားခဲ့ဘိသကဲ့ သို့ မိဖုရား“စောမဲကျီ” သည်လည်းရခိုင်တိုင်း၏ စေတီပုထိုးတော်များ သမိုင်းတွင် ထင်ရှားကျော်ကြားခဲ့ရုံမျှမက သူ၏ အတ္ထုပ္ပတ္တိမှာလည်း အလွန်စိတ်ဝင်စားဖွယ် ကောင်းလှပေ သည်။ သူ၏ အဖြစ်အပျက်မှာ နှစ်ပေါင်းငါးရာခန့်မျှပင် ကြာရှိ ခဲ့ပြီဖြစ်သော်လည်း ရခိုင်တိုင်းသူ တိုင်းရင်းသားများအနေဖြင့် သူတို့၏ စိတ်ထဲတွင် မေ့လျော့ပျောက်ပျက်ခြင်း မရှိခဲ့သေးပေ။

           အထက်ဖေါ်ပြပါ သက္ကရာဇ် အတွင်းခန့်လောက်က ရခိုင်ဘုရင်များ ထီးနန်းစိုက်ထူရာ ယခု မြို့ဟောင်း ခေါ် “မြောက်ဦးရွှေမြို့တော်မှ မိုင်ပေါင်း ၃၀၀ ကျော်မျှကွာသည့်

.            “ရမ္မာဝတီ” ရမ်းဗြဲမြို့နှင့် ၁၀ မိုင်ခန့်ဝေးသော “ကန်တိုင်း” တိုက်နယ်“အတွင်းပြင်”ခေါ်တောရွာကလေး တစ်ရွာတွင် မထင်ရှားသော ယာသမားဇနီးမောင်နှံ၌ “မမဲကျီ”ခေါ်သမီးတစ် ယောက်ကို ဖွားမြင်လေသည်။

           မမဲကျီငါးနှစ်သမီးအရွယ်သို့ရောက်သောအခါ ဖခင် ဖြစ်သူ ဦးဖြူသီးကွယ်လွန်သွား၍ အခြားမွေးချင်းပေါက်ဖေါ် - မရှိရှာဘဲ၊ မိခင်ဖြစ်သူ မုဆိုးမဒေါ်မဲတူ လက်ထဲတွင် တောင်သူ “ လယ်သမားတို့ ဘာသာဘာဝ ဆင်းရဲငြိုငြင်စွာ လုပ်ရင်းကိုင် - ရင်းဖြင့် ကြီးပြင်းခဲ့ရရှာသည်။ မိုးအခါတွင် ယာတောထဲ၌ ဆူး ' ထိုးပြောင်းခင်းများကို မဖြစ်စလောက်စိုက်ပျိုးခြင်း၊ နွေအခါတွင် မိခင်ကြီးနှင့်အတူ သပေါ့ဗျာများ ယက်လုပ်ခြင်းစသည့် - လက်လုပ်လက်စား အလုပ်ကလေးများဖြင့် ဆင်းရဲပင်ပန်းစွာ အသက်မွေးဝမ်းကျောင်း ရခဲ့ရ၏။

           - မိခင်မှာ ဒေါ်မဲတူဖြစ်သဖြင့် သမီးအား မမဲကျီဟု မှည့် ခေါ်အမည်ပေးခဲ့၏ ။ မမဲကျီဟူသောအမည်မှာ ရင့်သီးကြမ်း `တမ်း သောအမည်ဖြစ်သော်လည်း မိန်းကလေးမှာမူ အမည်နှင့် လိုက်အောင် ရုပ်သွင်ဆိုးသော အမျိုးသမီးတစ်ယောက်ကား မဟုတ်ပါပေ။ မဖြူလွန်း၊ မညိုလွန်းဘဲ၊ ညက်ညော ချောမွေ့သော ကိုယ်သွေးကိုယ်ရည် ရှိလျက် ပေါ်လွင်ထင်ရှားသော နှာတံ၊ မည်းနက်ရှည်လျားသောဆံပင်၊ ကြည်လွင်ရွင်ပျသော မျက်လုံး၊ စသော မိန်းချော မိန်းမလှတို့၏ အင်္ဂါလက္ခဏာတို့ နှင့်ပြည့်စုံ၏။ ကြော့ရှင်းသောကိုယ်ဟန်ရှိပြီးလျှင် အချိုးအဆစ် ပြေပြစ်သော ကိုယ်လုံးကိုယ်ပေါက်လည်း ရှိလေသည်။ အလုံး စုံခြုံ၍ ဆိုရသော် တောနှင့်မတန် မြို့ဟန်ပေါက်၍နေသောမိန်းကလေးတစ်ယောက် ဖြစ်လေသည်။

           အရွယ်ရောက်၍ ကြီးပြင်းလာသော်အခါ၊ မမဲကျီ ကလေး၏ အလှဂုဏ်သတင်းသည် မွေးရပ်ဇာတိ ဖြစ်သော “အတွင်းပြင်”ရွာကလေးသာမက ရွာနီးချုပ်စပ်ဖြစ်သည့်တောင် ရွာ၊ မိကျောင်းတက်၊ ကုန်းဘောင်၊ အချိန်ပြင်၊ သပြေးကျွန်း၊ ကညင်ကောက် စသော တောလက်ကျေးရွာများသို့တိုင်အောင် မွှေးပျံ့ကြိုင်လှိုင်လေရကား၊ မမဲကျီ၏ မေတ္တာကို ခံယူရရှိလိုသော ကာလသားလုလင်ပျိုတို့သည် သူ့ထက်ငါလာရောက် ပိုးပန်းကြကုန်၏။ သပေါ့ဗျာ ယက်သော အလုပ်ကိုမျက်နှာ လိုမျက်နှာရ လာရောက်ကူညီကြ၏။ မိုးရာသီကျ၍ ပြောင်းခင်း အလုပ်သို့ကူးပြောင်းလုပ်ကိုင်ရသော အခါ၌လည်း၊ အထက်ပါ အတိုင်း ကူညီသူ မရှားလှပေ။ ဤသို့ဖြင့် မိန်းမချောလေး မမ်မှာ ပိုးသူပန်းသူတို့၏ ဝိုင်းဝန်းကူညီခြင်းအားဖြင့် အလွန် ပင်ခရီးတွင်လျက်ရှိလေသည်။ နှစ်ဦးချင်းတွေ့ဆုံ၍ ရင်းနှီးစွာ ပြောဆိုရန် အခွင့်သာသောအချိန်များ၌ အချို့က အချစ်စကား ဖြင့် စ,လာလျှင် မမဲကျီသည် ပြောသူလည်း စိတ်မဆိုးရ၊ မိမိ အလိုကျလည်းဖြစ်အောင် မိမိမှာ အသက်အားဖြင့် ငယ်သေးကြောင်း၊ မုဆိုးမကြီးအားလုပ်ကိုင်ကျွေးမွေးနေရသည့် တာဝန် ကြီးလေးသဖြင့် လင်သားယူရန် စိတ်မကူးနိုင်သေးကြောင်း၊ စသည်တို့ကို စိတ်ဆိုးသည့် အမူအယာ တစုံတရာမပါဘဲ။ သွက်လက်ချက်ချာစွာ အဖြေပေးတက်လေသည်။

           ယင်းကဲ့သို့ မမဲကျီအား ချစ်ရေးငင်သူများ အနက် ၆၀ ၎င်း၏မျက်နှာသာပေးခြင်းခံရသူမှာ “မောင်ရွှေသီးဆိုသူလုလင် ပျိုတစ်ယောက်ဖြစ်လေသည်။ မောင်ရွှေသီးမှာ အတော်အတန်ရုပ်ရည်ရူပကာအားဖြင့်လည်းကောင်း၊ ဥပဓိရုပ်အားဖြင့်လည်းကောင်း၊ ပြည့်စုံသူတစ်ယောက်ဖြစ်လေသည်။ သူသည်အခြား လုလင်ပျို ကာလသားများကဲ့သို့ ဣနြေမဲ့လောက်အောင် အပြောအဆို အမူအယာမရှိဘဲ၊ စကားလည်းနည်းလှ၏။ သို့သော် မမဲကျီကလေး၏ အိမ်၌ လုပ်ကိုင်ရန်ရှိသော အလုပ် များကို စိတ်ရောကိုပါ လုပ်ကိုင်ဆောင်ရွက်ပေးတက်လေ သည်။ တခါတရံ၌ သူသည် သပေါ့ဗျာယက်ရန် အတွက် သပေါ့စာပင်များကို တပင်တပန်းခုတ်ဖြတ်စုဆောင်းကာ တချီ တပိုး သယ်ဆောင် ယူလာတက်လေသည်။ သို့နှင့် မမဲကျီသည်မောင်ရွှေသီးအပေါ်၌ တစ်နေ့ထက်တစ်နေ့ မေတ္တာပို၍ လာမိ ခဲ့၏။ မိခင်ဖြစ်သူ ဒေါ်မဲတူကလည်း သမီး၏ ချစ်ရေးကိစ္စတွင် - တစ်စုံတစ်ရာ ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ၊ လစ်လျူရှု၍ထားခဲ့လေသည်။ သို့နှင့် မောင်ရွှေသီးသည် ချစ်သူမမဲကျီထံ အခြား ကာလသားလုလင်ပျိုတို့ လာလေရှိသည့် ညဉ့်ဦးယံ - အချိန်တွင် လာလေ့မရှိဘဲ၊ အခြားသူများပြန်သွားပြီးနောက်သက်ကြီးခေါင်းချ လူခြေတိတ်အချိန်လောက်မှသာ လာရောက် လေ့ရှိရှိ၏ ၊

           လသာသော ညများ၌ ချစ်သူနှစ်ဦးတို့သည် လရောင် အောက် အိမ်ရှေ့ဥပစာတွင် သပေါ့ဗျာရက်ရင်း တစ်ဦးနှင့်တစ် ဦးချစ်တင်းနှီးနှောကာ အချိန်ကို ကုန်လွန်စေခဲ့၏။ ထိုနှစ်နွေရာ သီကုန်၍ မိုးဦးကျလျှင် ဝါမဝင်မီ တော့ဓလေ့အတိုင်း လူကြီးစုံ ရာဖြင့် တောင်းရမ်းပြောဆိုကာ လက်ထပ်ထိမ်းမြားရန် ကိစ္စ အထိ ချစ်သူနှစ်ဦးတို့မှာ တိုင်ပင်ဆုံးဖြတ်၍ ထားကြလေပြီ။

           ဤသို့ဖြင့် မိမိတို့သည် တောသူတောင်သား ဆင်းရဲသားတို့ဘာ၀ အေးအတူ ပူအမျှလုပ်ကိုင်စားသောက်ရန် မိမိ တို့ရှေးရေးကို မျှော်တွေးစဉ်းစား၍နေခိုက် သူတို့၏ အချစ်ဇာတ် လမ်းကို တစ်မျိုးတစ်ဖုံ ပြုပြင်ပြောင်းလဲစေမည့် အောက်ပါထူး ဆန်းသောအဖြစ်အပျက်သည် မမျှော်လင့်ဘဲ ဘွားကန် ပေါ် ပေါက်လာခဲ့လေသည်။

           ဆင်းရဲသူမ မမဲကျီကလေးကား ရတနာသုံးပါးကို | လွန်စွာ ကိုင်းရှိုင်းသူဖြစ်၏။ မိဘ ဆရာသမားနှင့် သက်ကြီး ဝါကြီးတို့အား ကျိုးနွံရိုသေ၏ တောသူပင်ဖြစ်သော်လည်း မိခင်ဒေါ်မဲတူ၏မောင် ဦးကြီးဖြစ်သူက စာပေများကိုသင်ပေး သဖြင့် စာရေးစာဖတ်တတ်သူဖြစ်၏။ အလှူဒါနပြုခြင်း၊ သီ တင်းသီလ ဆောက်တည်ခြင်းတို့၌ ဝါသနာထုံ၏။ ရပ်ရေးရွာ ရေးနှင့်တကွ လှူရေးတန်းရေးကိစ္စကိုပါ အထူးစိတ်ဝင်စားသူ တစ်ဦးဖြစ်လေသည်။

           ရပ်ရွာရှိ ရွာသူရွာသားတို့မှာ တောသူတောင်သားတို့ ဘာဝ သားငါးတို့ကို ကိုယ်တိုင်ရှာဖွေ ဖမ်းဆီးစားသောက် တက်ကြသော်လည်း၊ မမဲကျီမှာ ထိုအလုပ်မျိုးတွင် လုံးဝ ဝါသနာမပါချေ။ အိမ်တိုင်းလိုလို၌ပင် ငါးဖမ်းကိရိယာများကို ထားလေ့ရှိရာ ယောက်ျားများက ကွန်ပစ်၍လည်းကောင်း၊ မိန်းမများက “ယက်သဲ့” ဖြင့်လည်းကောင်း၊ ဖမ်းဆီးလေ့ရှိကြ သဖြင့် အိမ်တိုင်းလိုလိုပင် ကွန်နှင့်ယက်သဲ့များထားရှိသော် လည်း၊ မမဲကျီတို့အိမ်၌မူ ငါးဖမ်းကိရိယာဟူ၍ တစ်စုံတစ်ရာ ထားရှိခြင်း မရှိချေ။ မမဲကျီကိုယ်တိုင်ကပင် ဖား၊ ငါးများကို သတ်ဖြတ်ဖမ်းဆီးရသော အလုပ်မှာ အကုသိုလ်အလုပ်တစ် ဖြစ်သည်ဟု ယူဆကာ မည်သည့်အခါမျှ ဖမ်းဆီးသတ်ဖြတ်ခြင်းမရှိဘဲ၊ အလွန်စားသောက်လိုစိတ်ရှိသောအခါမှသာ မိမိ တက်နိုင်သမျှ ငွေကြေးပေးပြီးလျှင် ငါးသေားသောကလေးများ ကိုဝယ်ယူ စားသောက်လေ့ရှိ၏။ မမဲကျီ အကြောင်းကိုကား တစ်ရွာလုံး သိကြလေသည်။

           တစ်နေသော် မမဲကျီသည် သူငယ်ချင်း အပေါင်း အဖေါ်တစ်စုနှင့်အတူ ထင်းခွေရန် တောထဲသို့ လိုက်ပါသွား လေ၏။ အတန်ကြာမျှ ထင်းခွေကြပြီးလျှင် အိမ်သို့ပြန်လာကြ ရာ ချောင်းငယ်ကလေးတစ်ခုအနီးသို့ အရောက်တွင် မိန်းကလေး များသည် ခေါင်းပေါ်မှ ထင်းစည်းများကိုချ၍ အမောအပန်းဖြေ နေကြလေသည်။ သူတို့နားနေကြသော မနီးမဝေးချောင်းစပ် တွင်သူတို့ရွာမှ မိန်းကလေးအချို့သည် ငါးများကို ယက်သို့ဖြင့် ' ဖမ်းယူလျက်ရှိ၏။ မမဲကျီသည် ငါးမဲ့လျက်ရှိသော အေးလှ 'ဆိုသူ သူငယ်ချင်းမထံ သွားရောက်ပြီးလျှင် -

           “ဟု မိအေးလှ၊ ညည်း ယက်သဲ့ကို ငါ့ ခဏပေးစမ်း ပါအေ၊ ငါတစ်ခါမှ ငါးမယုံဘူးလို့ တစ်ဆိတ်လောက် သုံးကြည့် စမ်းပါရစေ”

           “အောင်မယ်၊ ညည်းတို့စာတက်မတွေ၊ ငရဲကြောက်မ တွေနဲ့ ဒီယက်ယုံနဲ့ မတန်ပါဘူးအေ၊ ညည်းတို့ ငရဲအုံတွေ ကြီးကုန်ပါဦးမယ်။ မသယ်ချင်စမ်းပါနဲ့”

           “ပေးသာပေးစမ်းပါအေ၊ မယုံဘူးလို့တစ်ခါ တစ်လေ သုံးကြည့်ရအောင် တောင်းတာပေါ့၊ ငါးမရရင်လည်း မယူပါ | ဘူးအေ့၊ ရကဲ့ငါးကို ပြန်လွတ်မှာပါ"

           “  ဒီကောင်မက ဆန်းလဲဆန်းသဟေ့၊ ရတဲ့ ငါးတောင် ပြန်လွတ်မတဲ့၊ ရော့ပါတော့ ရော့ ရော့၊ ဒီလောက်တောင် မှဲ့ကြည့်ချင်တာ ယုံကြည့်၊ နို့ပေမယ့် ငါးရရင်တော့ လွတ်မပစ်ပါ။ နဲ့အေ၊ ခြင်းတောင်းထဲ့ကို ထည့်လိုက်ပါ”

           “အင်း ထည့်လိုက်မယ်စောင့်နေ ”

           သို့နှင့် မမဲကျီသည် မိအေးလှလက်ထဲမှ ယက်သဲ့ကို | လှမ်း၍ ယူလိုက်လေ၏။

“ဖွတဲ့ ငါးကြီး ငါးငယ် အသွယ်အသွယ်တို့ ဆီကို လည်း ဝင်မလာနဲ့၊ မိအေးလှဆီလည်း မဝင်ကြနဲ့ ဝေးရာကို ရှောင်ကြ ရှားကြ” ၊

           စောမဲကျီသည် နောက်သလို ပြောင်သလိုနှင့် ပါးစပ်မှ ရေရွတ်ရင်းယက်ယုံဖြင့် တစ်ချက်၍သုံးလိုက်၏။ ယက်သဲ့ ထဲ၌ကားငါးတစ်ကောင်မျှ မပါလာချေ။ သို့သော် အခွံချွတ်၍ ထားသော ကွမ်းသီးလုံးခန့် ပမာဏရှိသော နီရဲတောက်ပြောင် သည့် အလုံးကလေးတစ်လုံးသာ ပါ၍လာသည်ကို ထူးဆန်းစွာ တွေ့မြင်ကြရလေသည်။

           “ ဟာ ဟင် ဘာကြီးလဲ မသိဘူးတဲ့ မိမဲကျီ၊ ထူးထူး ဆန်းဆန်းပါလားတဲ့ အကောင်မရဲ”

           “ အလားပါဟယ်၊ အသုံးမကျမဲ့ဟာ မဟုတ်ပါဘူး ”

           မမဲကျီသည် ပြောပြောဆိုဆိုနှင့် နီရဲတောက်ပြောင် သော အလုံးကလေးကိုယက်သဲ့မှခါ၍ ရေထဲသို့ပစ်ချလိုက်လေ ဒီတစ်ခါတော့ ဘာများပါဦးမလဲ မသိဘူး၊ ကြည့်နေ စမ်းဖော့ အကောင်မ”

           ဒုတိယအကြိမ် သုံးလိုက်ပြန်ရာ ထိုနီရဲသော အလုံး ကလေးပင်”ပါ၍လာသည်ကို တွေ့ရသဖြင့် ..

 

           “အို ဒါချည်းပဲ ပြန်ပါလာပြန်ပြီ ”

          ဟု ပြောကာ ရေထဲ သို့ခါ၍ ချလိုက်ပြန်၏။

           ယင်းကဲ့သို့ သုံးကြိမ်တိုင်တိုင် ယက်သဲ့ဖြင့်သဲ့ယူလိုက် တိုင်းသုံးကြိမ်စလုံးပင် ထိုနီရဲသော အလုံးကြီးပါလာသည်နှင့် သုံးကြိမ်စလုံးပင် ခါ၍ချလိုက်လေသည်။ ထိုအခါ အနီးတွင် ရဗ်၍ ကြည့်နေသော မိအေးလှသည် စိတ်ထဲတွင်တစ်မျိုးတစ် မည်အတွေးပေါက်လာ၍ ခပ်လှမ်းလှမ်းတွင် ငါးသုံးနေကြသော သူငယ်ချင်းမများအား...

           “ဟေ့ ဟေ့ အကောင်မတွေ ဒီကိုလာကြဦးဟု ငါ တစ်ခုပြောစရာရှိလို့”

           “ ဘာတုံးအေ၊ ညည်းဟာက အလန့်ထညက်နဲ့ ဘာကြောင့်များ ဒီလောက်တောင် အလော သုံးဆယ်ခေါ်နေရတာ

             " ဒီလိုအေ၊ ဟောဒီ သူတော်ကောင်းမှ မိမဲကျီက ငါ့ ယက်ယူကိုယူပြီး မယုံစဖူး သုံးကြည့်တော့ ဘာမှန်းမသိပါဘူး အေ  နီနီရဲရဲ အလုံးကလေးတစ်လုံးပါလားတယ်အေ့၊ လှက လှသန့်ရဲလို့ ဒါကို ဒီကောင်မက အလကားဟာပါ အသုံးမကျ ဘူးဆိုပြီးတော့ လွှင့်လွှင့်ပစ်တာသုံးခါတောင်ရှိပြီ၊ ဒီအကောင်မ က ဒို့ လိုငါးဖမ်းနေတာ မဟုတ်ဘူး၊ ဘုရားနဲ့တရားနဲ့ ဥပုသ် တွေစောင့် သူ့အမေကို လုပ်ကျွေးတော့ ဖြင့် မဟုတ်ခါမှလွဲ ရော နတ်တွေသိကြားတွေက မ,တာများလားမဆိုနိုင်ဘူး”

           “ အေးတဲ့ ဟုတ်ချင် ဟုတ်မယ် ဒို့များဒီချောင်းထဲနေ တိုင်းလိုလာမဲ့နေတာ တစ်ခါမှ မကြားဘူးဘူး၊ ဒီကောင်မကျမှ ထူးထူးဆန်းဆန်း ပါတက်ပလေတယ်တော်၊ ဒီတော့သူလွှင့်ပစ်တဲ့နေရာမှာ ဒို့များအားလုံး သွားပြီး သဲ့ ကြည့်ကြရအောင်၊ ဘယ် နေရာလဲ့နွဲ့ မိအေးလှရဲ့”

           (မိမအလှက မမဲကျီခါလွှင့်ပစ်သော နေရာကို ညွှန့် ပြလျက်)

           “ဟောဒီနေရာဘဲတော့ ညည်းပြောသလို ဒို့များအား | လုံးသုံးကြည့်ကြမယ်""

           သို့နှင့် မိအေးလှ အပါအဝင် ငါးမဲ့နေ မိန်းကလေးများသည် မမဲကျီနောက်ဆုံး ခါ၍ချလိုက်သော နေရာတစ်ဝိုက်တွင် သူထက်ငါ ရလိုရငြား ယက်သဲ့များဖြင့် အနှံ့အပြား သုံးလျက် ရှိကြကုန်၏။ သို့သော် နီရဲသောအလုံး ကလေးကား မည်သူ့ယက်သဲ့တွင်မျှ ပါ၍မလာချေ။

           ထိုအခါမိအေးလှသည် မမဲကျီအား ...

           “ဟေ့ အကောင်မ မိမဲကျီးညည်းဟာကို ညည်းပြန်သုံး ပြစမ်းပါဦး ”

           ဟုလှမ်း၍ ခေါ်လိုက်လေ၏။ ,

           “ညည်းကလည်းအေ၊ ဒီဟာကြီးကိုဘာလုပ်ဖို့လဲအေ၊ ပြန်ရရင်လည်း ငါမလိုချင်ပါဘူး။ ကိုင်းယက်သဲ့ပေး ညည်းတို့ က ပြန်သုံးပါဆိုလိုသာ ယုံရမှာ”

           သို့ပြောပြောဆိုဆိုနှင့်ပင် မမဲကျီသည် မိအေးလှထံမှ | ယက်သဲ့ကိုယူ၍ တစ်ကြိမ်ပြန်၍ည့်လိုက်ရာ ယခင်ကအလုံးကြီး ပါလာသည်ကို ထူးဆန်းစွာ တွေ့ကြရလေသည်။ ' ' တဲ့ အခါ အားလုံးကပင်ဝိုင်း၍ မမဲကျီအား ••• ဝါ

           “ ဟေ့ အကောင်မ၊ ဒီတစ်ခါတော့ ပြန်မလွတ်ပါနဲ့ တော့အေ၊ ညည်းနဲ့ထိုက်လို့ ညည်းရတဲ့ပစ္စည်းကို အင်္ကျီအိပ်ထဲ ထဲ့ပြီးယူသွားစမ်းပါ ကောင်မရယ် ဒို့တောင်းပန်ပါတယ်”

           ဤသို့ဖြင့်မမဲကျီသည် နီရဲတောက်ပြောင်သော အလုံး ကြီးကို အိတ်တွင်းထည့်၍ အိမ်သို့ ယူဆောင်လာခဲ့လေသည်။

           ထိုသတင်းမှာ ရွာထဲတွင် တမဟုတ်ခြင်း ပြန့်ပွားသွား - လျက် မမဲကျီလက်ထဲတွင် နီရဲသောကျောက်လုံးကလေးတစ်လုံးရှိနေကြောင်း၊ တစ်ရွာလုံးသိ၍နေတော့၏။ . ထိုအခါက ယခုရမ်းဗြဲမြို့နှင့် ၁၀ မိုင်ခန့်ဝေးကွာသည့် ကန်တိုင်းအချိန်ပြင်ရွာတွင် တိုက်နယ်တစ်ခုလုံး လေးစားကြည် ညိုခံရသော ဦးမြတ်ကျော်ဦးဆိုသူ ပုဂ္ဂိုလ်ကြီးရှိခဲ့၏။ ထိုပုဂ္ဂိုလ် ကြီးသည် ဆေးဝါး၊ ဟူးရားပညာ၊ ဗေဒပညာ၊ နက္ခတ်ပညာ၊ အဂ္ဂိရတ်ပညာများကိုလည်း အတော်နှံ့စပ်စွာပင် လေ့လာဘူး သဖြင့် ကျောက်သံပတ္တမြားအမျိုးမျိုး အကြောင်းကိုတက် မြောက် သိကျွမ်းသူလည်း ဖြစ်လေသည်။ ။

           သို့နှင့် တစ်နေ့တွင် အထက်ပါ သတင်းကြောင့် ဦးမြတ်ကျော်ဦးသည် မမဲကျီတို့အိမ်ကလေးသို့ ဆိုက်ရောက် လာလေသည်။ မိခင်ဒေါ်မဲတူနှင့် သမီးမမဲကျီတို့သည် ဆရာ ကြီးအား ဧည့်ဝတ်ကျေပွန်စွာလက်ခံလျှက် နောက်ဆုံးတွင် ဆရာကြီးကြည့်လိုသော ကျောက်လုံးကလေးကို ပြသကြလေ သည်။ ထို့အခါ ကျောက်မျက်ရတနာများ၏ အကဲ့ကိုကောင်း စွာခတ်နိုင်သော ဆရာကြီးက ထိုပစ္စည်းမှာ သာမန်ပစ္စည်း မဟုတ်ကြောင်း၊ နီရဲသောကျောက်လုံးကလေးသည် အဖိုး မပြတ်နိုင်သော ပတ္တမြားအစစ်ဖြစ်ကြောင်း။ မည်သူကမည်မျှ ပင်ပေးစေကာမူ ရောင်းရန်မသင့်ကြောင်း။ ဤပတ္တမြားအား သန့်ပြန့်သောနေရာတွင် ရိုရိုသေသေ သိမ်းဆည်းထားပါက ဥစ္စာရှင်အား မုချအကျိုးပေးမည်ဖြစ်ကြောင်း ရိုးသားစွာပြောပြလေ၏။ထိုနောက် ဆရာကြီးက ဤပစ္စည်းရပြီးနောက် ထူးခြားသော အိပ်မက်များမြင်မက်ပါသလောဟု မေးမြန်းရာ မမဲကျီက မိမိသည်အိပ်မက်ထဲတွင် အလွန်ခမ်းနားကြီးကျယ်သော အိမ်ကြီးတစ်ဆောင်၌ အခြွေအရံများခြံရံလျှက် ချမ်းသာ စွာနေထိုင်ရပြီးလျှင် အလှူအတန်းဒါနကုသိုလ်ကောင်းမှုကြီး များကိုလည်း လှူဒါန်းရသည်ဟု မြင်မက်ပါကြောင်းနှင့် ဆရာ။ ကြီးအား ပြောပြလေ၏။

           ဆရာကြီးသည် မမဲကျီ၏လက္ခဏာနှင့်တကွ၊ ဇာတာ စန်းလဂ်တို့ကို စစ်ဆေးကြည့်ရှုပြီးလျှင် အချိန်များစွာမကြာမီ ၊ အတွင်း မမဲကျီသည် ကြီးကျယ်မြင့်မြတ်သော စည်းစိမ်ရှင်ဘဝ သို့ မုချရောက်ရမည် ဖြစ်ကြောင်း၊ သူတကာတို့ထက် ထူးကဲသောကုသိုလ်ကောင်းမှုများကိုလည်း ပြုရလိမ့်မည်ဖြစ်ကြောင်း၊ သို့သော် တစ်နေ့တွင် မိမိထက်အရွယ်ကြီးသော ယောက်ျား တစ်ဦးကြောင့် စိတ်နှလုံးမချမ်းမသာဖြစ်ရန်မြင်ကြောင်း၊ ထို့ ၊ကြောင့် ယောက်ျားများနှင့် ဆက်ဆံရာတွင် အစဉ်အမြဲ သတိ၊ ဝီရိယ ထားရန်လိုကြောင်း၊ ဟောပြောဆုံးမခဲ့ပြီးလျှင် ပြန်သွား လေ၏။

           မမဲကျီသားအမိ လက်တွင်ရှိသော အဖိုးတန်ပတ္တမြား ကြီးသတင်းသည်'ကံတိုင်း နယ်သာမက လေးတောင်းကျောက် ၊ ချောင်း၊ ရမ်းပေါက်၊ သင်းမကိုင်း စသော တိုက်နယ်များအထိ ဟိုးလေးတကျော် ဖြစ်သွားတော့၏။ သို့ဖြင့်လည်း ယင်း ပတ္တမြားကြီးကို ကြည့်လိုမြင်လိုကြသဖြင့် ထိုနယ်များနှင့်တကွ အခြားရွာနီးချုပ်စများကပင် တကူးတကန့်လာရောက်ကြည့်ရှု ကြရာပွဲတော်ကလေးတမျှ စည်ကား၍နေတော့၏။ ကြည့်ရှုရန်လာရောက်ကြသူ ရွာသူရွာသားတိုင်း လိုလိုပင် မိမိတို့တက်နိုင် ၊ သမျှ ဆီ၊ ဆန်၊ ငါးပိ၊ ငါးခြောက် စသည်တို့ကို မမဲကျီတို့သား အမိအား လက်ဆောင်ပဏ္ဏာအဖြစ်ပေးရန် ယူဆောင်လာကြ၏။

           သို့နှင့် မမဲကျီသားအမိတို့မှာ လာဘ်သပ်ပကာ ပေါများ _လျက်ရှိတော့၏။

           ထိုအခါ၌ ပတ္တမြားကြီးကို အိမ်တွင်သိုဝှက်၍ မထား တော့ဘဲ ရွာဦးဆရာဘုန်းတော်ကြီးကျောင်း၌ ကျောက်စီရွှေချ ကလပ်တစ်ခုပေါ်တွင် ဝါဂွမ်းဖြင့်ရစ်ပတ်လျှက် မဏ္ဍပ်၏ အလယ်တွင် အစောင့်အရှောက်များဖြင့် ထားရ၏။

           ထိုအခါတွင် “ကန်တိုင်းတိုက်နယ်သူကြီး၏ သံတော် ဦးတင်လျှောက်ချက်အရ၊ ရမ္မဝတီမြို့ (ဝါ) ရမ်းဗြဲမြို့(ထိုအခါ က 'တန်းမြို့ - ဟူ၍လည်းခေါ်တွင်သည်)တွင်အုပ်ချုပ်စိုးစံနေ သူ ဘုရင်ခံ “နေမျိုးသူရိယ” ၏ရွှေနားတော်သို့ ပေါက်ရောက် သွားလေ၏။

  • မှတ်ချက် ။ ။ ယခု “ရမ်းဗြဲမြို့ “ဟုခေါ်သော မြို့ကလေ၊ ကို ထိုအခါက "ရမ္မာဝတီ” ဟူ၍လည်းကောင်း၊ “တန်းမြို့” ဟူ၍လည်းကောင်း ခေါ်တွင်ခဲ့လေ၏။ ထိုစဉ်က ရမ္မဝတီမြို့မှာ ယခုကဲ့သို့ အိမ်ခြေ ၁၀၀၀ ကျော်မျှသာရှိသော မြို့သိမ် မြို့ငယ် ကလေးတစ်ခုမဟုတ်ခဲ့ဘဲအိမ်သုံးသောင်းကျော်မျှနှင့် အလွန် စည်ကားသော မြို့ကြီးတစ်မြို့ ဖြစ်ခဲ့၏။ မြို့သူမြို့သားများမှာ ဘင်္ဂလား၊ မဒရတ် သီဟိုဠ်၊ မာလာယု၊ မလေး စသော မြို့ကြီး ပြည်ကြီးများနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ကြသော လှေကြီး၊ သမ္မာန်ကြီးစီး ခရီးသည်။ ကုန်သည်ကြီးများ ဖြစ်ခဲ့ကြလေသည်။ ထိုစဉ်က ချမ်းသာကြွယ်ဝခဲ့ပုံကို ယခုတိုင်တည်ရှိနေသေးသော စေတီပုထိုးကြီးများ၊ ရေကန်ကြီးများကို ကြည့်ခြင်းအားဖြင့် ကောင်း စွာ သိသာနိုင်လေသည်။

          ဘုရင်ခံ ‘နေမျိုးသူရိယ”သည် ဆင်းရဲသူဆင်းရဲသား နှင့်မထိုက်တန် မင်းတို့နှင့်သာထိုက်တန်သော ဤပြည်တန် ပတ္တမြားကို မမဲကျီတို့သားအမိလက်ထဲမှ သိမ်းယူ၍ မြောက်ဦး ရွှေမြို့တော်ရှိဘုရင် `မင်းဗာကြီး”ထံဆက်သမည်ဟု ရည်ရွယ် ကာနောက်လိုက် အခြွေအရံများစွာနှင့် အတွင်းအပြင်ရွာက လေးသို့ ချီတက်ရောက် ရှိလာသည်။ ထိုနောက် ကလပ်တွင်းမှ ပတ္တမြားကြီးကို ရှုစားသည်တွင် အလွန်ပင်ထူးခြားပြီး ဘုရင် နန်းတော်၌တွင်ပင် မရှိသော ပတ္တမြားမျိုးဖြစ်သည်ကို ကောင်း စွာသိရှိရ၏။ဤသို့ သိရှိရပြီးနောက် မမဲကျီတို့သားအမိနှစ်ယောက်အား ၎င်းထံခေါ်စေပြီးလျှင် ဤပတ္တမြားသည် ဆင်းရဲ သူ ဆင်းရဲသားတို့နှင့်မထိုက် “မင်းတို့နှင့်သာထိုက်တန်သည့် ပတ္တမြားကြီးဖြစ်ကြောင်း။ ဤပတ္တမြားကို ရခိုင်ဘုရင်ထံဆက် သရန် ယခုပင်ယူသွားရလိမ့်မည်ဖြစ်ကြောင်း အမိန့်ရှိတော် မူလေသည်။

          သို့နှင့် ဘုရင်ခံနေမျိုးသူရိယသည် မမဲကျီဆင်းရဲသူမ သားအမိတို့အား အသပြာငွေငါးထောင်ကျပ် ပေးကမ်းခဲ့ပြီး လျှင် အဖိုးတန် ပတ္တမြားရတနာကြီးကို ယူဆောင်သွားလေ သည်။

          ယင်းကဲ့သို့ ဘုရင်ခံနေသူရိယ ယူဆောင်သွား၍ ရွှေမြို့တော်သို့မရောက်မီပင် ပတ္တမြားကြီးသည် မဏ္ဍပ်အလယ် ရှိ ကလပ်ထဲ့သို့ရောက်၍နေတော့၏။ နေမျိုးသူရိယ မှာမူကား မိမိယူဆောင်ခဲ့သော ကတ္တီပါကြုတ်ထဲတွင် ပတ္တမြားကြီးပါလာ သည်အထင်နှင့် ဘုရင်ကြီးထံ အမြန်ဆက်သနိုင်ရန် ညတွင်း.............

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)