Skip to product information
1 of 3

Other Websites

ထင်လင်း - တစ်ကျွန်းစံ၏အပြန်လမ်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အခန်း -၁

          ဗုဒ္ဓဟူးနေ့ ညနေဆိုလျှင် ပေါလ်၏အမေသည် သူအလုပ်လုပ်ရာ မြို့တော်ခန်းမ မှ ဓာတ်ရထားစီး၍ မာရီယန်ဝတ်ကျောင်း သီတင်းလယ်ဝတ်တက်" သို့ လာပြီ ဖြစ်သည်။ ထိုအချိန်၌ ပေါလ်ကလည်း တက္ကသိုလ်မှ ၅ နာရီ ဒဿနိကသင်တန်း အပြီး လမ်းလျှောက်လာကာ သူ့အမေ ဝက်ကျောင်းမှအထွက်ကို စောင့်လေ့ရှိ၏ ။သို့ရာတွင် ဗုဒ္ဓဟူးနေ့မှာတော့ သူ့အား ပါမောကူစလေဒီက ခေါ်တွေ့၍နောက်ကျသွားသည်။ ပေါလ်သည် သူ၏ နာရီကိုကြည့်လိုက်ပြီး အိမ်သို့ တန်းပြန်ရန် ဆုံးဖြတ်လိုက်၏။

          သူသည် တိတ်ဆိတ်ငြိမ်သက်သောလမ်းသွယ်ကလေးတစ်ခုထဲသို့ ချိုးဝင် ခဲ့ပြီး သူ့ အမေနှင့် သူတို့နေသည့် အိမ်အမှတ်၂၉ အောက်ထပ်သို့ ရောက်သော် သူ့မှာ စိတ်ထဲတွင် အလိုလိုပျော်မြူးသွားသည်။ သူသည် သူ၏ဘဝ သာယာဖြောင့်ဖြူးပုံကို တွေးမိက ဝမ်းသာလျက်ရှိ၏ ။ သူ့မှာ ဦးထုပ်လည်း မပါ။ သူ၏ အ၀တ်အစားများမှာ ဟောင်းနွမ်းကြသော်လည်း သူသည် ရိုးသားသောလူငယ်ကလေးဖြစ်သည်။ သူသည် အိတ်ထဲက အခန်းသော့ကိုထုတ်ယူကာ တံခါးကိုဖွင့်လိုက်သည်။ အိမ်ထဲတွင် ထားသော ကနေရီတေးဆိုငှက်ကလေးက မီးဖိုဘက်မှာ သားယာညင်းပျောင်း ဆိုလျက်ရှိ၏။ သူက ငှက်ကလေးအား လေချွန်သံပေးလိုက်ပြီး အပေါ်အင်္ကျီကို  ချွတ်ကာ ချိတ်၌ချိတ်ထားလိုက်၏။ ထိုနောက် မီးဖိုဘက်သို့သွားကာ မီးဖိုချောင်ပေါ်သို့ ရေနွေးအိုးတင်လိုက်ပြီး ညစာအကွက်ချက်ပြုတ်ရန် ပြင်ဆင်လေ၏။ မိနစ်အနည်းငယ်ကြာသော် မီးဖိုစင်ပေါ်ရှိ ဒန်ရောင်နှိုးစက်နာရီကလေးက ၇ နာရီ တီးသည်။ ရှေးမနှောင်းပင် အပြင်ဘက်ဆင်စင်ဆီမှ သူ့အမေ၏ခြေသံကို ကြားလိုက်ရသည်။ သူက လှမ်း၍အသုံးပြလိုက်သည်။ သူ့အမေမှာ အသားအရေပါးလျားကျစ်လစ်သူဖြစ် ပြီး ဣန္ဒြေရသောအနက်ရောင်ဆင်ထားသည်။ သူ့မှာ သွားလေရာပါ ရသည့် စျေးအိတ်၏ အလေးချိန်ဖြင့် တစ်ဘက်သို့ အနည်းငယ်ကိုင်းနေ၏။

          ပေါလ်က “ကျွန်တော် ဒီနေ့နောက်ကျနေလို့ အမေ့ဆီ မလာနိုင်အမေ။ ဒါပေမယ့် ပါမောက္ခက ကျွန်တော့်ကို ဒီနေ့ပဲ အလုပ်ပေးလိုက်ပြီ။ မသေချာပြီဆို ပါတော့” ဟု ပြုံးရွှင်စွာပြောသည်။

          သူ့ အမေ မစ္စက်ဘားဂျက်က သူ့ သားအား အကဲခတ်သလိုကြည့်နေလိုက် သည်။ သူ၏ဟောင်းနွမ်းသောခေါင်းဆောင်းအောက် လွတ်နေသည့်နေရာမှ ဆံပင်ကြိုးကြားကို လည်းကောင်း, ပါးရေနားရေလျော့စပြုနေပြီဖြစ်သော မျက်နှာကို လည်းကောင်း၊ သီဝေနေပြီဖြစ်သောမျက်လုံးများကို လည်းကောင်း ကြည့်ရှု၍ သူ့မှာ ဖြစ်သမျှအကြောင်း အကောင်းမည်ဟု တရားနှင့်ခဲ့ရသည့်အသွင်၊ သူ့ဘဝ ပင်ပန်းခဲ့သည့်အသွင်ကို မြင်နိုင်သည်။ သူ့သားက အပြုံးနှင့် ဆီး၍စိုက်ကြည့်နေလိုက် သည့်အခါတွင်မူ သူ၏ပန်းလျသောအသွင်အပြင်တို့သည် တဖြည်းဖြည်းချင်း ပျောက် ကွယ်သွားကြလေသည်။ သူ့သား၏မျက်နှာမှာ ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကြောင့် ကြည်လင်သည်။ အန္တရာယ်များလောက်အောင်များလွန်းသူမဟုတ်သည့် အတွက်လည်း သမ္မာဒေဝနတ်ကောင်းနတ်မြတ်များကို ကျေးဇူးဟင်ရပြန်သည်။ ပွင့်လင်းသည်။ ဖြောင့်စင်းသည်။ အသားအရေအနည်းငယ်ပါသည်။ စာကျက် လွန်း၍ ဖြစ်ပါလိမ့်မည်။ မေးရိုးကြီးများ ထင်ရှားလွန်းသော်လည်း အသားအရေသန့် စင်၍ မျက်လုံးများမှာလည်း ကြည်လင်သည်။ ဆံပင်ပါးပါးညှပ်ထား၍ နဖူးကျယ်ကြီး မှာလည်း ပေါ်လွင်လှသည်။ ကိုယ်ခန္ဓာတောင့်တင်းခိုင်မာလျက် ဘောလုံးကန်စဉ်က ခြေတစ်ဖက်ကိုခိုက်မိထား၍ လမ်းလျှောက်သည့်အခါ ခြေတစ်ဖက် မသိမသာခွင် သည်မှအပ အားလုံးအဆင်ပြေသည်။

          “အေးအေး။ အားလုံးပြီးသွားတာ တော်သေးတာပေါ့ကွယ်။ သားမလာတာ အကြောင်းရှိလို့ပဲလို့ အမေသိပါရဲ့၊ အယ်လာတို့ မစ္စဘာဖလ်မင်းတို့ကတောင် သားကို မေးကြသေးတယ်”

          သူ့ချည်လက်အိတ်ကို လုံးလိုက်ပြီး စားပွဲပေါ်မှကျော်၍ ကြည့်နေကျအတိုင်း တစ်ချက်ကြည့်လိုက်တာ သူ့အိတ်ထဲက ဆီစိမ်စက္ကူဖြင့်ထုပ်ထားသော ရေခဲစိမ် ဝက်ပေါင်ခြောက်တစ်ထုပ်နှင့် သူ့သားကြိုက်တတ်သော မုန့်တစ်ထုပ်ကို ထုတ်ယူလိုက် ၏။ ထိုနောက် စားပွဲတွင်ထိုင်ကာ ဘုရားဆု တောင်းပြီး ညစာ စားကြလေ၏။ သူ့အမေသည် ဟန်လုပ်၍ထားရသော်လည်း အလွန်သဘောကျလျက်ရှိသည်ကို ပေါလ်တွေ့ရ၏။

          "ကံကောင်းတယ်ဆိုရမယ် အမေရဲ့ ။ တစ်ပတ်ကို ၃ဂီနီနှင့် ကျွန်တော်မှာအားရက် ၉ ပတ်စလုံးအတွက် လခ ရမယ်” 

          "သား စာမေးပွဲနှင့်ဘာနှင့် ပင်ပန်းနေတာ အပြောင်းအလဲရတာပေါ့ကွယ်”

          “ဟုတ်တယ်။ နွေရာသီမှာစာသင်ရတာကတော့ အပျင်းပြေလောက်ပဲ ရှိပါတယ်” ဟု သူက ခေါင်းညိတ်ရင်းပြောသည်။

          “ဘုရားသခင်စောင်မတော်မူတာပဲ သားရဲ့”

          ပေါလ်က အပြုံးကိုချိုထားလိုက်ပြီး နေ့ည ကျွန်တော့်မွေးစားရင်းလက် မှတ်ကို ပါမောက္ခစလေဒီဆီ ပို့ရမယ်အမေ” ဟု ဆိုလိုက်၏ ။

          ခဏမျှငြိမ်သက်တိတ်ဆိတ်သွားပြီး အမေက ခေါင်းကိုငုံ့ရင်း ဇွန်းကလေး ကိုယူ၍ သူ့လက်ဖက်ရည်ပန်းကန်ထဲက ပေါလောမျောနေသောလက်ဖက်ခြောက် ဖတ်ကလေးကို ဆယ်ပစ်နေ၏။ သူ့အသံမှာ သဲ့သဲ့ကလေး

         “မွေးစာရင်းက ဘာလုပ်ဖို့တဲ့လဲ”

          ပေါလ်က “အို၊ ဒါက လုပ်ရိုးလုပ်စဉ်သက်သက်ပါအမေရယ်။ အသက် ၂၁ နှစ်အောက်ကို အလုပ်မခန့်ဘူး။ ကျွန်တော် အရင်လကတည်းက ၂၁ နှစ်ပြည့်ပါပြီး ဆိုတာ အတော်ပြောရတယ်” 

          “သားပြောတာကို သူက မယုံဘူးတဲ့လား” ပေါလ်က ပိုအားသင့်သွားသလို သူ့အမေကို တစ်ချက်လှမ်းကြည့်လိုက်၏။

          “ဟာ၊ အမေကလဲ အဲသလိုမဟုတ်ပါဘူး။ ယုံတယ်, မယုံဘူးလို့ မဟုတ်ပါဘူး။ သူကတော့ စည်းကမ်းရှိတဲ့အတိုင်း လုပ်ရတာပါ။ ကျွန်တော့်လျှောက်လွှာ နှင့် မွေးစားရင်းလက်မှတ်နှင့်တွဲပြီး အဖွဲ့ ကိုတင်ရမှာ”

          သူ့အမေက ဘာမှပြန်မပြော။ ခဏမျှတိတ်ဆိတ်နေကြပြီး ပေါလ်က ပေါ်ထရေးမြို့နွေရာသီသင်တန်းကျောင်းအတွက် ကျောင်းအုပ်ကြီးလည်းဖြစ်သော ပါမောက္ခနှင့် တွေ့ခဲ့ပုံကို ရယ်ကာမောကာ ပြောပြလေတော့သည်။ သူသည် တတိယမြောက် လက်ဖက်ရည်ပန်းကန်ကိုသောက်ပြီးသောအခါ ထိုင်ရာမှထသည်။ ဤတွင်မှ သူ့အမေလည်း လှုပ်ရှားလာသည်။ ..

          “နေပါဦးသားရယ်” ဟု သူက ကားထားလိုက်ပြီ။

          “သား ပေါ်ထရေးကို သွားဖို့ အမေ-အမေ စိတ်ထဲကမရှင်းဘူးသားရယ်” ဟု ဆိုလိုက်သည်။

          " ပေါလ်က အံ့အားသင့်စွာပင် “ဘာဖြစ်လို့လဲ အမေ။ ကျွန်တော်ရော အမေရော ဒါကို စိတ်စောနေခဲ့ကြတာမဟုတ်လား” ဟု မေးလိုက်သည်။

          အတန်ဆုတ်ဆိုင်းနေပြီးမှ “သားထွက်သွားမှာဆိုတော့ အမေကသိပ် မလွှတ်ချင်တော့ဘူး။ ပြီးတော့ ဖလဲမင်းမိသားစုနှင့် တစ်ပတ်ခရီးထွက်ရင်လည်း သားမလိုက်ရဘဲနေမယ်။ အယ်လာကဆို သားမပါရင် ဘယ်စိတ်ကောင်းရှာမလဲ၊ သားအဖို့လည်း ဒါ အလွတ်ခံလို့ဘယ်ဖြစ်မလဲ” ဟု ပြောနေပြန်၏ ။

          “ဟာ၊ မဟုတ်တာ၊ အမေကလဲ။ မဟုတ်တာကို အလကားပူပန်နေတယ်” ဟု ခပ်ပေါ့ပေါ့ ပင်ပြောကာ သူ့အမေ၏သံသယများကို ဖျောက်ဖျက်ပစ်လိုက်၏။ ပြီးတော့ သူ့ အမေက မလိုက်နိုင်မီ သူ့အခန်းထဲသို့ သွားကာ လျှောက်လွှာပုံစံကို ဖြည့်နေလေ၏။

          သူ့အခန်းကား အိမ်ရှေ့ဘက်တွင်ရှိသည့် အိပ်ခန်းနှင့် စာကြည့်ခန်းတွဲလျက် မန်းကလေးဖြစ်ပြီး အရောင်လွင်သော နံရံကပ်စက္ကူများကပ်လျက် ဘော်လုံးအသင်း, ဟော်ကီသင်း စု၍ရိုက်ထားသည့်ဓာတ်ပုံများ ချိတ်ဆွဲထားသည်။ မီးလင်းဖိုနဖူးစည်း ပေါ်တွင်ကားတက္ကသိုလ်အားကစားပွဲများတွင် သူ မကြာခဏ ရရှိတက်သည့် ဆုဖလားများ အရုပ်များ တင်ထားသည်။ ပြတင်း၏ အောက်တွင်မူ သူသည် အကောင်းကြိုက်တတ်သော စာတတ်ပေတတ်တစ်ယောက်ဖြစ်ကြောင်း ဖော်ပြသည့် ဝတ္တုစာအုပ်များ, ကျမ်းကြီးကျမ်းခိုင်များ၊ စာကြီးကြီးများကို ဘီရိုတစ်ခုဖြင့်ထည့်ထား၏။ ယင်း၏မျက်နှာချင်းဆိုင်ဘက်မှ ကန့်လန့်ကာအစိမ်းဖြင့်ကာထားသော သူ့ အိပ်ရာကုတင်ကျဉ်းကလေးရှိသည်။ နိမ့်ကပ်ထားသော သစ်သားစားပွဲပေါ်တွင် ကားသူ၏ တက္ကသိုလ်မှစာပို့ချချက်များနှင့် သူစာကျက်ရမည့်အစီအစဉ်များကို သေသပ်စွာ စီ၍ချထားသည်။ အခန်းတွင်း၌ ရှိသမျှအရာအားလုံးက ပေါလ်၏စရိုက် ပေါလ်၏ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှုနှင့် ထက်မြက်စူးရှသောသူ၏စိတ်ဓာတ်တို့ကို ဖော်ပြလျက်ရှိကြပေသည်။ သူ့အခန်းအတွင်း၌ အပြစ်အနာအဆာကို လိုက်၍ရှာပါက ဘာတစ်ခုမျှ ဖရိုဖရဲမရှိဘဲ သေသပ်လွန်းနေခြင်းကိုသာ တွေ့ရပေလိမ့်မည်။ ဤ သေသပ်နေခြင်းမှာလည်း သူ့ အမေက အမြဲတစေသွန်သင်ပြသပေးနေသော စည်းကမ်းသေဝပ်မှု အပြစ်ကင်းစင်မှုအဆုံးအမများ၏ ဩဇာပင် ဖြစ်လေသလော မသိ။

          သူသည် စားပွဲ၌ထိုင်ကာ ဖောင်တိန်အဖုံးကိုဖွင့်ပြီး စားပွဲပေါ်တွင် တံတောင် ကွေးတင်လျက် ပုံစံကို ကျင်လျင်စွာဖြည့်လေ၏။ ပြီးလျှင် သေချာအောင်တစ်ခါပြန် ဖတ်ပြီး ခေါင်းညိတ်ကာ ဧည့်ခန်းဘက်သို့ပြန်ထွက်လာခဲ့လေ၏။

          “နက်ဖြန် ရအောင်ရှာပေးနော် အမေ။ မွေးစားရင်းလက်မှတ်လေ။ ကျွန်တော် မနက် ၉ နာရီ စာသိမ်းချိန်မီအောင် ထည့်ချင်တယ်”

          သူ့အမေက ခေါင်းမော်ကြည့်လိုက်သည်။ သူထွက်သွားစဉ်ကအတိုင်းပင် မလှုပ်မယှက်ထိုင်လျက်သာရှိသဖြင့် စားပွဲကိုပင် မသိမ်းရသေ။ သူ၏မျက်နှာမှာနီမြန်းလျက်။ အသံမှာလည်း ခါတိုင်းနှင့်မတူချေ။

          "ဘယ်ဆီထားမိမှန်းတောင် မသိပါဘူးသားရယ်။ ဒါမျိုးက အခုလို ချင်မှ အခုထရှာလို့ ရတာမျိုးမှ မဟုတ်ဘဲပဲ”

          “ဪ၊ အမေရယ်" ပေါလ်က သူ့အမေ၏ စာရွက်စာတမ်းများ၊ မိသားစု လက်ဝတ်လက်စားတောက်တိုမယ်ရများ ကျမ်းစာအုပ်နှင့် မျက်မှန်အပြင် အခြား ကိုလီမိုလီတို့ထားရာအံဆွဲဘီရိုဆီသို့ လှမ်းကြည့်လိုက်ပြီး အမေ့ဘီရိုပေါ် အံဆွဲထဲမှာ ရှိမှာပါ" ဟုဆိုလိုက်၏။

          ပေါလ်၏အမေက သူ့ကိုပြန်စိုက်ကြည့်ရင်း သူ၏ခနော်ခန့်သွားအတုများပေါ်သည်အထိ ပါးစပ်ကို မပွင့်တပွင့်ဟလိုက်မိ၏။ သူ့မျက်နှာမှာ သွေးရောင်မရှိတော့။ သူ၏ပါးပြင်များမှာ ခါတိုင်းထက်ပင် ဖြူရော်လျက်ရှိ၏။ ထို့နောက် ပေါလ်အားကျောပေးကာ အံဆွဲဘီရိုမှ အပေါ်ဆုံးအံဆွဲကို သော့ဖြင့်ဖွင့်လိုက်ကာ ၅ မိနစ် စနစ်တကျရှာလေသည်။ ပြီးလျှင် အံဆွဲကိုပြန်ပိတ်ပြီး ပြန်လှည့်လာ၏။

          "မတွေ့ဘူး” ဟု သူကဆိုလိုက်တော့ သူ့မျက်နှာမှာ အသေလို ဖြစ်နေ၏။ “မတွေ့ပါဘူး။ ဒီအထဲမှာတော့မရှိဘူး” ဟု ဆိုလိုက်သည်။

          ပေါလ်သည် စိတ်အနှောင့် အယှက်ဖြစ်လျက် သူ့နှုတ်ခမ်းကို သူ ကိုက်ထားသည်။ သူသည် စည်းနှင့်ကမ်းနှင့်ကြီးပြင်းခဲ့ရပြီး အမေ့ကိုချစ်တတ်သောတာဝန်သိသားကောင်းတစ်ယောက် ဖြစ်လာခဲ့သော်လည်း ယခုကိစ္စတွင်မူ သူ့အမေ၏ သဘောထားကို နားမလည်နိုင်အောင်ရှိလေ၏။ သူသည် စိတ်ကိုထိန်းချုပ်လျက် "တကယ်ပါ အမေ။ ဒါ အရေးကြီးတဲ့စာရွက်ပါ။ ကျွန်တော် လိုလို့တောင်း တာပါ” ဟု ပြောလိုက်သည်။

          “မင်း လိုလာမယ်ဆိုတာ အမေက ဘယ့်နှယ်လုပ်ပြီးသိနိုင်ပါ့မလဲ” ဟု ဆိုလိုက်သည်။ သူ့ အသံမှာ ရုတ်တရက်ဖြစ်လာသောမခံချင်စိတ်ဖြင့် တုန်နေပြီး ဒီလိုဟာတွေဟာ နောက်တတ်တာပဲ။ အမှုမှာ ဘယ်လောက် ဒုက္ခတွေများခဲ့ရတယ် ဆိုတာ မင်းသိပါတယ်။ မင်းကို ပညာသင်ပေးဖို့ဆိုတာကို ထည့်မစဉ်းစားနှင့်ဦး။ စားဖို့ ပူမှ ဝတ်ဖို့ပူရ နေဖို့ရနှင့် ဒီမုဆိုးမကြီးရဲ့ ဒုက္ခတွေက တစ်သိန်းလောက်နှင့် ဘယ်မိန်းမမှ အမေလောက် ဝန်လေးလေးမထမ်းခဲ့ ရဘူး အမေ့ဘ၀က စာရွက်ကလေး ၁ ရွက် ၂ ရွက်ကို ဂရုစိုက်သိမ်းဆည်းနေနိုင်လောက်အောင် မအားပါ ဘူး။ ဘ၀တစ်ဝက်လောက်မှာက စာရွက်စာတမ်းကို သိမ်းထားစရာနေရာတောင် ရှိခဲ့တာမဟုတ်ဘူး” ဟု ဒေါသဖြင့် ပြောနေလေ၏။

          သူ့ အမေ ဤသို့ တစ်ခါမျှ မဖြစ်စဖူးဒေါသများအန်ထွက်နေသောအခါပေါလ်မှာ အံ့အားကြီးသင့်လျက် သူ့ အမေ ဘယ်လိုဖြစ်နေပါလိမ့်ဟု နားမလည်နိုင်ဘဲ ရှိလေ၏။ သို့ရာတွင် သူ့အမေမျက်နှာထားတင်းမာလာလျှင် ဘာမျှဆက်ပြောနေလို့ မရတော့ဘူးဆိုသည်ကို သူ ကောင်းစွာသိသည်။

          လန်ဒန်ကို စာရေးပြီး မိတ္တူတောင်းရင် ရနိုင်ပါတယ်လေ။ တော်သေးတာပေါ့။ ကျွန်တော် ဒီည ရေးလိုက်မယ်”

          “သားရယ်။ စာရေးတာ မင့်အလုပ်မဟုတ်ပါဘူး” ဟု ဆိုကာ၊ သူ့သားက မယုံသင်္ကာမျက်နှာထားဖြင့်ကြည့်နေသည်ကို အကဲခတ်လိုက်ပြီး “အလကားနေရင်းရေးကြီးခွင်ကျယ် လုပ်မနေနှင့် အမေလည်း တစ်နေ့လုံးပင်ပန်းတယ်။ နက်ဖြန်ကျမှ မြို့တော်ခန်းမရာစာရေးစက္ကူနှင့် အမေရေးပြီး တောင်းလိုက်မယ်” ဟု ပြောလိုက်၏။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)