တင်ထွေး - တတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့သူအလောင်းမင်းတရားဦးအောင်ဇေယျ
စာရေးသူ၏ အမှာစာ
ဦးအောင်ဇေယျခေါ် အလောင်းမင်းတရားအကြောင်းနှင့် စပ်လျဉ်း၍ စာအုပ်အများအပြားပင်ရေးသားထုတ်၀ေခဲ့ပြီးဖြစ်ပါသည်။ ယင်းစာအုပ်များကို သမိုင်းပညာရှင်များ၊ စာပေပညာရှင်များက သူတို့ခေတ်၊ သူတို့အချိန်၏ အမြင်၊ အတွေး၊ ခံစားမှု၊ ယူဆမှု၊ သုံးသပ်မှုများ စသည်တို့ဖြင့် ရေးသားခဲ့ကြခြင်းဖြစ်ပါ သည်။ တနည်းအားဖြင့်လည်း လွန်ခဲ့သော နှစ်များစွာ ကြပြီဖြစ်သောကများ က ရေးသားခဲ့သည့် အလောင်းမင်းတရားနှင့် စပ်လျဉ်းသောစာအုပ်များသာ ဖြစ် ခဲ့ပါသည်။
အလောင်းမင်းတရားကို ယခုခေတ်၊ ယခုချိန်၊ ယခု ယူဆသုံးသပ်မှု များဖြင့် ရေးသားထားသည့်စာအုပ်များမှာမူ ယနေ့ကာလတွင် တစ်အုပ်မျှ မရှိ သေးပါ။ အလောင်းမင်းတရားမှာမြန်မာနိုင်ငံတွင်ထင်ရှားကြော်ကြားပြီး စံနမူနာ ယူထိုက်သည့် နိုင်ငံ၏ အကြီးအကဲ၊ နိုင်ငံ၏ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ခဲ့သည်။ထို့ကြောင့် သူ့အကြောင်းကို ရေးသားခြင်းမှာ မြန်မာနိုင်ငံ၏ သမိုင်း ကြောင်းကို ရေးသားခြင်းလည်း ဖြစ်သည်။
ဤနေရာတွင် သမိုင်းရေးသမှုနှင့်ပတ်သက်၍ သမိုင်းပါမောက္ခ ဟောင်းဆရာဦးတင်အုန်း၏သဘောထားတစ်ရပ်ကို တင်ပြလိုပါသည်။ ။
ဦးတင်အုန်းက “သမိုင်းရေးသားမှုသည်ခေတ်တစ်ခေတ်နှင့်တစ်ခေတ် မတူ အစဉ်တိုးတက် ပြောင်းလဲနေသည်။ ယင်းသို့သမိုင်းရေးသား ခေတ်နှင့် အညီ ပြောင်းလဲနေသည့် အစဉ်လာမှုကို (Historio zapy)ဟုခေါ်သည်။ သမိုင်းအမြင်ချဉ်းကပ်ပုံနှင့် ခံယူချက်ပြေင်းလဲပုံကို အင်္ဂလိပ်သမိုင်းသုတေသီ များ၏ အိန္ဒိယနိုင်ငံ မြန်မာနိုင်ငံအကြောင်း ရေးသားရတွင် တွေ့ရသည်။ ဒုတိယ ကမ္ဘာစစ်မဖြစ်မီကလနှင့်စစ်ပြီးကတွင် ပြုစုသည့်သမိုင်းကို နှိုင်းယှဉ်ကြည့် လျှင် ပြောင်းလဲချက်များသည် လွန်စွာထင်ရှားသည်”ဟု ဖွင့်ဆိုခဲ့သည်။
ယင်းဖွင့်ဆိုချက်ကို ခံယူရင်း ကျွန်တော်က “မြန်မသူရဲကောင်း အလောင်းမင်းတရား”ကို ရေးသားခဲ့သည်။
ကျွန်တော်သည် သမိုင်းပညာရှင်တစ်ယောက် မဟုတ်ပါ၊ စာရေးသူသာ ဖြစ်ပါသည်။ သို့သော် အထက်တွင် တင်ပြခဲ့သည့်အတိုင်း အလောင်းမင်းတရား အကြောင်းမှာ သမိုင်းဖြစ်နေသည်။ ထို့ကြောင့် သူ့အကြောင်းရေးခြင်းသည် သမိုင်းကို ရေးသားခြင်းပင်ဖြစ်သည်။
အရေးအသားတွင်လည်းကောင်း၊ တင်ပြပုံတွင်လည်းကောင်း အတတ် နိုင်ဆုံး ရှင်းရှင်းနှင့် ကွက်ကွက်ကွင်းကွင်း မြင်သာစေရန် ကြိုးစားရေးသားထား ပါသည်။ သမိုင်းကို စကားပြေအရေးအသားဖြင့် ရေးသားနိုင်ရန်ကိုလည်း ကြိုးပမ်း ထားပါသည်။ သို့သော် အခြင်းအရာနှင့်အချက်အလက်တို့ကိုမူပြုပြင်ပြောင်း လဲခြင်း မပြုပါ။ ပြုပြင်ပြောင်းလဲရန်လည်း မသင့်ပါ။ သမိုင်းကို လိမ်ညာ၍ မရေး သင့်ပါ။
အလောင်းမင်းတရားကဲ့သို့သော တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့ သည့်ပုဂ္ဂိုလ်ကြီးအကြောင်းကို ရေးသားရာတွင် အကြောင်းအရာများ၊ အချက်အ လက်များ ရာခိုင်နှုန်းပြည့်မှန်ကန်၊ တိကျရန် အထူးလိုအပ်ပါသည်။
အလောင်းမင်းတရားအကြောင်းကို ရေးသားရာ၌ ကျွန်တော့်တွင် အဓိကအကြောင်းနှစ်ကြောင်း၊ အချက်နှစ်ချက် ရှိနေပါသည်။
တစ်ကြောင်းမှာ မြန်မာမင်းများတွင် အလောင်းမင်းတရားကို ကျွန်တော် စိတ်၀င်စားဆုံး ဖြစ်၍တည်း။ ။
ငယ်စဉ်သမိုင်းဘာသာရပ်ကို စတင်သင်ကြားခဲ့ရစဉ်က အလောင်းမင်း တရားကို စိတ်ဝင်စားခဲ့သည်။ ဘယ်အတွက်ကြောင့် အလောင်းမင်းတရားဟု အ မည်ပေးရသနည်းဆိုသည်ကအစ စိတ်ဝင်စားခဲ့သည်။ စင်စစ် သူ့အမည်ကပင် ခပ်ဆန်းဆန်းဖြစ်သည်။
ထို့ကြောင့် မင်းတရားကြောင်းကို ဆက်တိုက်လေ့လာခဲ့သည်။ သမိုင်း စာအုပ်၊ စာတမ်းများတွေ့သည်နှင့် အလောင်းမင်းတရားနှင့်ပတ်သက်သည်များကို ဦးစွာ ရှာဖွေခဲ့သည်။ ဖတ်ရှုခဲ့သည်။ မှတ်သားခဲ့သည်။ သို့ဖြင့် နောက် ဆုံးတွင် သူ့အကြောင်းကို စာတစ်အုပ်အနေဖြင့် ရေးသားဖြစ်လာရသည်။ ။
ဒုတိယင်းမှာ အတော်မင်းတရား၏ နိုင်ငံတွက် စွမ်းစွမ်းတ မံဆောင်ရွက်ချက်များ ဖြစ်သည်။
သူသည် တတိယမြန်မာနိုင်ငံကို တည်ဆောက်ခဲ့သူဖြစ်သည်။
သူသည် တစ်ကွဲတစ်ပြားစီ ဖြစ်နေသည့်တိုင်းရင်းသားတို့အား ပြန်လည် စုစည်းပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို တည်ဆောက်ခဲ့သူ ဖြစ်သည်။
သူသည်သာသနာတော်ကြီး နေပမာထွန်းလင်းတောက်ပရန် တွက် အစွမ်းကုန် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ။
သူသည် နိုင်ငံတော်အား ဖြိုခွဲမည့် ရန်သူများအား နေ့ညမရွေး၊ နေရာ ဒေသမရွေးတိုက်ခိုက်ဖြိုခွင်းခဲ့သူ ဖြစ်သည်။
သူသည် နိုင်ငံတော်၏ တည်ဆောက်ရေးလုပ်ငန်းများကို ရုပ်လုံးဖော်ခဲ့ သူ ဖြစ်သည်။
ထို့ကြောင့် သူ့အကြောင်းကို ကျွန်တော် ရေးသားခြင်းဖြစ်ပါသည်။ သူ့ အကြောင်းရေးခြင်းသည် သမိုင်းကို ရေးခြင်းဖြစ်ကြောင်းကို ခံယူပါသည်။ စင် စစ်အားဖြင့်လည်း သမိုင်းကိုကောင်းစွာသိမှ အမျိုးကိုချစ်သူတို့ ဆပွားတိုးတက် လာမည်ဖြစ်ပါသည်။
တင်ထွေး
၁-၁၂-၉၁
မောင်အောင်ယျမှ ဦးအောင်ဇေယျသို့
မောင်အောင်ဇေယျဆိုသူမှာ နေက်တစ်ချိန်တွင် အလောင်းတော်မင်းတရား ကြီးအမည်ဖြင့် တတိယမြန်မာနိုင်ငံကို ထူထောင်မည့်သူ၊ ကုန်းဘောင်မင်းဆက် ကို ထူထောင်မည့်သူ၊ ပြောင်မြောက်သောစစ်ပွဲများ၊ တိုက်ပွဲများ အများအပြားကို ဆင်နွှဲပြီး မြန်မာ့သူရဲကောင်းတစ်ဦးအဖြစ် ထင်ရှားလာမည့်သူ ဖြစ်သည်။ မြန်မာ့ သမိုင်းတွင် လွန်ထင်ရှားမည့်ပုဂ္ဂိုလ်လည်း ဖြစ်သည်။ ။
ယင်းသို့ထင်ရှားကျော်ကြားမည့် အောင်ဇေယျ၏ မိဘများမှာ မု ဆိုးဘိုအလယ်ရှိမုဆိုးဘိုသူကြီး သီရိမဟအမ္မရာဇာဘွဲ့ခံ မင်းညိုစံနှင့်ကြင်ယာ စောငြိမ်းဦးတို့ ဖြစ်သည်။
မဟာဒေဝီစောငြိမ်းဦးတွင်မောင်အောင်ဇေယျလောင်းလေးသန္ဓေရှိစဥ် အချိန်က ထူးခြားသောအတိတ်နိမိတ်များ ပြသခဲ့သည်ဆို၏။ ဘုရား-တရားကို ကြည်ညိုဖူးမြော်လိုစိတ်များလည်း မိခင်တွင် ပိုမိုပေါ်ပေါက်ခဲ့သည် ဆို၏ ။ ထို့
ကြောင့် ဖခင်က ကိုးကွယ်ရာ ဆရာတော်၊ သံတော်ကြီးများအား လျောက်ထား မေးမြန်းခဲ့ရာ ဆရာတော် သံဃာတော်ကြီးများက ရင်သွေးသည် ဧကရက်တစ်ဆူ ဟူဟူ စလောက် ထွန်းပေါက် သာသနပြုမည့်မင်းတစ်ပါး ဖြစ်ပေလိမ့် မည်။ ခြင်္သေ့မင်းကဲ့သို့ ရဲရင့်ခြင်းနှင့်နှိမ်နင်းအောင်မြင်မည့်ဘုန်းလက်ရုံးနှင့်လည်း ပြည့်စုံသော ယောကျာ်းမြတ် အာဇာနည် ဖြစ်လိမ့်မည်ဟု မိန့်ကြားတော်မူခဲ့ကြ သည်။
သို့ဖြင့် ချိန်ခါ ကျရောက်လာသည့် ၁၀၇၆ ခုနှစ် တော်သလင်းလ ပြည့်ကျော်(၁)ရက်နေ့ သောကြာနေ့ ညဉ့်တစ်ချက်တီးကျော်အချိန်တွင် မောင်အောင်ဇေယျလောင်းကို ကောင်းမွန်စွာ ဖွားမြင်ခဲ့သည်။ ဆရာတော်၊ သံဃာတော်တို့က “သြောင်း နမောအဋ္ဌေယျမင်္ဂလံ”ဟု ရွတ်ဖတ်စဉ် ဖွားမြင်သော သားယောက်ျားဖြစ်သဖြင့် အမည်ကို မောင်အောင် ယျဟု ပေးခဲ့ကြသည်။ ဖခင်သူကြီးကလည်း ယင်းအမည်ကို နှစ်ခြိုက်ခဲ့သည် ဖြစ် သောကြောင့် မောင်အောင်ဇေယျဟုတွင်ခဲ့သည်။ ။
မောင်အောင်ဇေယျသည် မိဘ ဆွေမျိုးများ၏ယုယချစ်ခင်မှုဖြင့် တစ် ဖြည်းဖြည်း ကြီးပြင်းလာခဲ့သည်။ ကျောင်းသို့ပို့ကာစာသင်ကြားစေသည့် ခုနစ်နှစ်
အရွယ်သို့ ရောက်လာခဲ့သည်။ ထိုအချိန်သို့ ရောက်လာလျှင်ပင် ကလေး၏ ရုပ်ရည်မှာတစ်မျိုး ထူးခြားလာသည်။ အခြားကလေးသူငယ်တို့တော် ထူးခြားသော အသွင်များကို ဆောင်လာသည်။ ယင်းသို့ ထူးခြားမှုများကို ကောင်းစွာ တွေ့ မြင်လာခဲ့သည်။
မောင်အောင်ဇေယျတွင် ကိုယ်လက်အင်္ဂါပြေပြစ်ခြင်း၊ လှပရှုချင်စဖွယ် ရှိခြင်း၊ မပြုံးမရယ် တည်ကြည်သော မျက်နှာရှိခြင်း၊ နဖူးကျယ်၍ တိဝန်းစွာ ရှိ ခြင်း၊ မည်းနက်သော ဆံပင်ရှိခြင်း၊ မျက်လုံးမျက်အိမ်ရှည်၍ မည်းနက်ခြင်း၊ အ သံကျယ်၍ နက်ခြင်း၊ နားရွက်ရှည်၍ ကြီးမြင့်ခြင်း၊ နှာသီးနှာတံမကောက်နိမ့်ဘဲ ရှည်ခြင်း၊ လက်ရိုးလက်မောင်း ပြေပြစ်၍ ရှည်သွယ်ခြင်း၊ လည်တိုင်လည်း ရှည် ၍ သေးသွယ်ခြင်း၊ လက်ဖဝါးခြေဖဝါး နီမြန်းခြင်း၊ လက်ဖမိုး ခြေဖမိုးပြည့်ဖြိုး ခြင်း၊ အအိပ်အနေ နည်းပါးခြင်း၊ အစား အသောက်၊ အသွား၊ အပြော အဆို၊ ခြားနားခြင်းစသည့်ဂုဏ်အင်္ဂါတို့ ရှိခဲ့သည်။ ။
မောင်အောင်ဇေယျ ခုနစ်နှစ်သားအရွယ်သို့ ရောက်သောအခါ မိဘနှစ် ပါးက ထူးခြားသောသားအား သူတို့ကိုးကွယ်သည့် သာထွန်းကျောင်း ဆရာ တော်ဘုရားထံ အပ်နှံ၍ စာပေများကို သင်ကြားစေခဲ့သည်။
ယင်းသို့ သင်ကြရာတွင်လည်း မောင်အောင်ဇေယျမှာထူးခြားစွာ စာ သင် တတ်မြက်ကြောင်း တွေ့ရပြန်သည်။ သင်ပုန်းကြီး၊ မင်္ဂလသုတ်၊ ရတနာရွှေ ချိုင့်ဆုံးမ၊ ပရိတ်ကြီး၊ အစိန္တေယျအကျယ်၊ လောကနီတိ၊ ရဇနီတိတို့ကို သုံးနှစ် အတွင်း ကောင်းစွာ တတ်မြောက်ခဲ့သည်။ (၁၁)နှစ်သားအရွယ်သို့ ရောက်သောအခါဇတ်ကြီးဆယ်ဘွဲ့၊ သဒ္ဒါရှစ်စင်၊ ဗျာကရိုဏ်းကျမ်းနှင့်တကူ သင်္ဂြိုဟ်ဋီကာ၊ အဋ္ဌကထာကို (၁၄)နှစ်သား အရွယ်တွင် သင်ကြား တတ်မြောက်ခဲ့သည်။
(၁၅)နှစ်သား အရွယ်ရောက်သောခါ ဗုဒ္ဓဘာသာတို့ ထုံးစံအတိုင်း မောင်အောင်ဇေယျအား မိဘများက သသနာ့ဘောင်းသို့ သွတ်သွင်းပေးခဲ့ကြ သည်။ မောင်အောင်ဇေယျသည် ရှင်သိဒ္ဓိ (ဝါ) ကိုရင်သိဒ္ဓိအမည်ဘွဲ့ကို ရရှိခဲ့သည်။ ရှင်သိဒ္ဓိ သမဏေဘောင်၀င်ရာကျောင်းမှာဆရာတော်သာထွန်းကျောင်း ဆရာ
တော်၏ကျောင်းဖြစ်သည်။ ဆရာတော်မှာမောင်အောင်ဇေယျပဋိသန္ဓေရှိစဉ် အ ချိန်မှစတင်၍ သိကျွမ်းထားပြီးဖြစ်ရာ ရှင်သိဒ္ဓိ အား အင်္ဂ၀ိဇ္ဇာကျမ်း၊ သာမုန္ဒြကကျမ်း၊ ယတြာကျမ်း၊ အင်ရုံခေါ် ဗျူဟာကျမ်း၊ နေမိတ္တကကျမ်း၊ အာကာသသျှတ္တရ ကျမ်းနှင့်ဘုမ္မိသျှတ္တရကျမ်းကို ကျနစွာ သင်ကြားပေးခဲ့သည်။
အသက်(၁၈)နှစ်တွင် ရှင်သိဒ္ဓိ လူထွက်သည်။ လူထွက်ပြီးသော် မောင် အောင်ဇေယျသည် မိဘများနှင့်အတူ နေထိုင်ခဲ့သည်။ အထူးသဖြင့် အိမ်ဦးခန်း တွင် အနေများပြီး ကျမ်းစာများကို ကြည့်ရှုခြင်းဖြင့် အချိန်ကုန်စေခဲ့ သည်။
သား၏ရုပ်ရည်ကို အရိပ်တကြည့်ကြည့်ဖြင့် ရှိနေကြသည့်မိဘများက အ ရွယ်ရောက်လာသေသားအတွက် အိမ်ထောင်ချထားရန် စဉ်းစားလာခဲ့ကြသည်။
သားအနေဖြင့် လက်ထပ်ထိမ်းမြားခြင်းပြုရန် အချိန်တန်ပြီဟုလည်း သတ်မှတ် ခဲ့ကြသည်။ ထို့ကြောင့် သားနှင့်သင့်လျော်မည့်ကြင်ယာကို မိဘတို့ကပင်ရွေးချယ် ရန် ဆောင်ရွက်ခဲ့ကြသည်။
မိခင်စောငြိမ်းဦး၏ မောင်အရင်း ဦးဖိုးမြနှင့်ဇနီးမယ်ပလောင်တို့တွင် ခင်ကောင်းစံ၊ ခင်ယွန်းစံ၊ ခင်နှင်းစံ ညီအစ်မသုံးယောက်ရှိသည်။ ယင်းညီအစ်မ သုံးဦးအနက် ခင်ယွန်းစံ(နောင်တွင် မိဖုရားခေါင်ကြီး ဖြစ်မည့်သူ)မှာ သားနှင့်အ သင့်လျော်ဆုံး ဖြစ်မည်ဟု မိဘတို့က ဆုံးဖြတ်ရွေးချယ်ခဲ့ကြသည်။
သို့ဖြင့်လက်ထပ်ထိမ်းမြားခြင်းကိစ္စကို ဆောင်ရွက်ခဲ့ကြသည်။ဆွေကြီး မျိုးကြီး ဖြစ်ကြသည့်အတိုင်း လက်ထပ်မည့်ကို ကြီးကျယ်ခမ်းနားစွာ ကျင်း ပခဲ့ကြသည်။ ၁၀၉၅ခုနှစ်၊ နတ်တော်လဆန်း(၅)ရက်၊ ကြသပတေးနေ့တွင် လက် ထပ်မလာအခမ်းအနားကို ကျင်းပခဲ့သည်။
ခင်ယွန်းစံနှင့်လက်ထပ်ပြီးသောအခါ မောင်အောင်ဇေယျမှာသြဇာ အ ရှိန်ဝါ ပိုမိုကြီးမားလာခဲ့သည်။ မုဆိုးဘိုတွင် ရောက်နေထိုင်လိုသူတို့လည်း များပြားလာခဲ့သည်။ မုဆိုးဘိုမှာ တစ်နေ့တခြား ပြောင်းရွှေ့လာသူများဖြင့် စည်း ကလာခဲ့သည်။ လူနေထူထပ်သောဒေသလည်း ဖြစ်လာခဲ့သည်။ ။
မောင်အောင်ဇေယျ အသက်(၂၀)၊ ခင်ယွန်းစံ သက်(၁၇)နှစ်၊ ၁၉၉၆ နှစ်၊ ဝါခေါင်လဆန်း(၁၁)ရက်၊ အင်္ဂါနေ့ကူး နံနက်(၂)နာရီတွင် သားဦးလေးကို
မြင်ခဲ့သည်။ သားလေး ခုနစ်ရက်တွင် ပိုးလောက်တက်နေသည်ကို တွေ့ရ သဖြင့်'မောက်လောက် ဟု အမည်ပေးခဲ့သည်။ (နောင်အခါတော်နေင်တော်ကြီးဟုအမည်တွင်သော မင်းတစ်ပါး ဖြစ်လာခဲ့သည်။)
သားဦးအပြီး နှစ်နှစ်ခန့်အကြာ မောင်အောင်ဇေယျနှင့် ခင်ယွန်းစံ တို့ ဒုတိယသားယောကျ်ားလေးရခဲ့သည်။ ၁၉၉၈ ခုနှစ်၊ ဝါခေါင်လဆန်း (၁၃) ရက်၊ တနင်္ဂနွေနေ့နံနက်လေးနာရီတွင်မွေးဖွားခဲ့ခြင်းဖြစ်သည်။ ၎င်းကလေးကို ပုခက်နှင့်ထားစဉ်ပိုးရွများတက်လာသည်ကို တွေ့ရသောကြောင့် 'မောင်ရွဟု အ မည် ပေးခဲ့သည်။ (နောင်အခါတွင် ဆင်ဖြူရှင်မည်သော မင်းတစ်ပါးဖြစ်လာခဲ့ သည်။)
သို့ဖြင့် ၁၁ဝ၆ ခုနှစ်သို့ ရောက်လာခဲ့သည်။ ထိုအချိန်တွင်မောင်အောင်ဇေယျ
နှင့်ခင်ယွန်းစံတို့၌ သားသုံးယောက်၊ သမီးနှစ်ယောက် ဖွားမြင်ပြန်သည်။
သားတစ်ဦးကို မြင်ပြန်သည်။ ထိုသားကို 'ခင်ဝိုင်း”ဟု အမည်ပေးခဲ့သည်။ (နောင်အခါတွင် ဘိုးတော်ဘုရဟု ထင်ရှားသော မင်းတစ်ပါးဖြစ်လာမည့်ကလေး ဖြစ်သည်။
ဤနေရာတွင် မောင်အောင်ဇေယျ၏ ကိုယ်ရေးအကြောင်းများကို ခေတ္တရပ်နားပြီး နိုင်ငံ့အရေးကို ရေးသားလိုသည်။ စင်စစ် မောင်အောင်ဇေယျ၏ ကိုယ်ရေးမှာ နိုင်ငံ၏ အရေးနှင့်လည်း ဆက်စပ်လျက်ရှိခဲ့သည်။ အထူးသဖြင့် နိုင်ငံ ၏အောက်ပိုင်းတွင် ဟံသာဝတီသားတို့ ထူထောင်ပုံကို သိထားရန်လိုပေသည်။ ထို့သို့ သိထားမှ မောင်အောင်ယျအကြောင်းနှင့် ဆက်စပ်ဖတ်ရှုနိုင်မည်ဖြစ် သည်။
မောင်အောင်နှင့်ဆက်စပ်နေသည့် ရာဇဝင်ကြောင်းကို တင်ပြရ လျှင် ညောင်ရမ်းမင်းဆက်မှ စတင်၍ တင်ပြရန်ဖြစ်သည်။ပျက်ပြားခဲ့သည့် နိုင်ငံ ကို အနောက်ဘက်လွန်မင်းတရားကြီးက ပြန်လည်စုစည်းကာ ထူထောင်ခဲ့သည်။ နိုင်ငံတော် တပေါင်းတစည်းတည်း ရှိစေရန် ဆောင်ရွက်တော်မူခဲ့သည်။ ယင်းအ ခြေအနေကို သာလွန်မင်းတရားကြီး လက်ထက်တိုင်အောင် ထိန်းသိမ်းနိုင်ခဲ့သည်။ သို့သော် သာလွန်မင်းတရားကြီး ပဲခူးမှအင်းဝသို့ မင်းနေပြည်တော် ပြောင်းရွှေ့ အပြီး သန်မင်းတရးကြီးက်ပိုင်း ဆက်ခံသော မင်းအဆက်ဆက်မှာ ဘုန်း တန်ခိုးပျက်ပြားသောကြောင့်အင်းဝပျက်ချိန် တဖြည်းဖြည်း နီးလာပြီး ဟံသာဝတီသားတို့ ထောင်ထား ပုန်ကန်မှုတို့မှာလည်း ကြီးထွားသည်ထက် ကြီးထွားလာ ခဲ့သည်။
အင်းဝမင်းဆက်၏ နေခက်ဆုံးမင်းဆက်ဖြစ်သည့် သက္ကရက် ၁၀၉၅ ခု နှစ်၊ မဟာဓမ္မရာဓိပတိ အုပ်စိုးသောကာလသို့ ရောက်လာခဲ့သည်။ ထိုမင်းကို ဟံသာဝတီသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းလည်း ခံရသဖြင့် ထိုမင်းမှာ ဟံသာဝတီရောက် မင်းတရားဟုလည်း နာမည်ကြီးခဲ့သည်။
မြန်မာမင်းဆက်တို့ အားနည်းလာသည့်အကြောင်းအရင်းများကြောင့် ဟံသာဝတီသားတို့ အားတက်လာခဲ့ကြသည်။ ဟံသာဝတီပါ မင်းလက်ထက် တိုင်အောင် ဟံသာဝတီသားတို့မှာ မြန်မာမင်းများလက်အောက်တွင် နေထိုင်ခဲ့ကြသူ များ ဖြစ်သည်။ ထို့ကြောင့် မြန်မာမင်းဆက် အားနည်းမှုကို အကြောင်းပြု၍ ဟံသာဝတီသားတို့က ပုန်ကန်ထကြွစေရန် စီစဉ်လာခဲ့ကြသည်။ ဟံသာဝတီသားတို့ ပုန်ကန်ထကြွစေရန် အောက်ပါအခြေအနေတို့လည်း ထိုစဉ်က တွန်းအားပေးခဲ့ သည်ဟု ဆိုရမည်။