Skip to product information
1 of 2

Other Websites

တင်ထွန်း(တောင်ကုတ်) - ဆက်ဒမ်၏ဘ၀နှင့်မလှသောနိဂုံး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

စာရေးသူ၏ အမှာ

သဘာဝတွင် အကောင်းနှင့် အဆိုးဟူ၍ အစဉ် ဒွန်တွဲနေလေ့ ရှိ၏။ မနုဿလူသားမှာလည်း ယင်းတို့ အလားတူ အမြဲဒွန်တွဲနေ လေ့ရှိသည်ပင်။

လူသူလေးပါးက အကောင်းများသူကို လူကောင်းဟု အသိအမှတ်ပြု၍ အဆိုလွှမ်းမိုးသူကို လူဆိုးဟု ခေါ်ဝေါ်သမုတ် ကြသည်။

လူကောင်းမှာလူအပေါင်းတို့ ချီးကျူး ထောမနာ သြဘာ ပေးစရာတွေ ဂုဏ်ယူတုပစရာတွေ အစီအရီ တသီတတန်းကြီး ရှိနိုင်သလို လူဆိုးမှာ အများသူငါ ကဲ့ရဲ့ သဂြိုဟ် စကားတင်းဆို စရာတွေ သင်ခန်းစာယူစရာတွေ အစီအရီ တသီတတန်းကြီး ရှိနိုင်သည်။

လူပုဂ္ဂိုလ်တစ်ဦး၏ ပြောဆိုပြုမူမှုများကို လိုလားနှစ်သက် သူတို့က သူ့ကို အနည်းနည်း ချီးကျူးကြ၏။ ယင်းတို့ကို မလိုလား မနှစ်မြို့ သူတို့က သူ့ကို အမျိုးမျိုး ပြစ်တင်ရှုတ်ချကြသည်။ ဤ ကား လူ့ဘောင်လူ့ရွာမှာ ဖြစ်မြဲစဉ်လာ ဓမ္မတာတည်း။

သို့သော် သူသည် ကောင်း၏သို့မဟုတ်ဆိုး၏ဟူ၍ ကံသေ ကံမ မည်သူမျှ ဆုံးဖြတ်မှု မပြုနိုင်ပေ။

စင်စစ် လူ့သမိုင်းကသာ ကောင်းသူ၏ဘဝဖြစ်စဉ်ကိုရော ဆိုးသူ၏ဘဝဖြစ်စဉ်ကိုပါ စဉ်ဆက်မပြတ် စေ့စပ်သေချာ မှန်ကန် ပြည့်စုံစွာ မှတ်တမ်းတင်မည်မုချ။ ယင်းက စိုးစဉ်းမျှ မျက်နှာ မလိုက်၊ ဘက်လည်းမလိုက်ချေ။

ဆက်ဒမ်ဟူစိန်ကို ကမ္ဘာတစ်လွှားက ထူးထူးခြားခြား စိတ်ဝင်စားကြ၏။ သူ့ ကို သည်လူ့လောကကြီးထဲ၌ တကယ့် မဟာသူရဲကောင်းကြီးတစ်ဦးနှယ် သဘောထားသူ အမြောက် အမြား ရှိနိုင်သကဲ့သို့ တကယ့် ဧရာမလူဆိုးကြီးတစ်ဦးသဖွယ် သတ်မှတ်သူများလည်း အနမတဂ္ဂ ရှိနိုင်သည်ပင်။

တကယ်တော့ ဆက်ဒမ်ဟူစိန်သည် မည်သို့သော ပုဂ္ဂိုလ် မျိုး ဖြစ်သည်ဟု သမာသမတ်ရှိသော တရားသူကြီးနှင့်ပမာတူလှ သည့် 'အနာဂတ်လူ့သမိုင်းကသာ အတိအကျ ယတိပြတ်အဆုံး အဖြတ်ပေးမည် မလွဲဧကန် ဖြစ်ပါသတည်း။

သွားလေသူ အီရတ်သမ္မတဟောင်း ဆက်ဒမ်ဟူစိန်၏ ဘဝ ဖြစ်စဉ်ကို ကြီး ငယ် ရွယ် လတ် စာဖတ်ပရိသတ်များ စိတ်ဝင် တစား အားထုတ် လေ့လာကြရာဝယ် ပို၍ ပြည့်စုံစေရန်၊ ပို၍ ပို ၍ ဗဟုသုတ တိုးပွားစေရန် ရည်သန်လျက် ဆက်ဒမ်၏ ဘဝနှင့် နီးကပ်နှီးနွယ်ဆက်စပ်နေသည့် အကြောင်းအရာ အချက်အလက် များကို လက်လှမ်းမီသမျှ တကူးတက နှိုက်နှိုက်ချွတ်ချွတ် မွှေ နှောက် ရှာဖွေပြီး သူ့ဘဝဖြစ်စဉ်၏ နောက်ဆက်တွဲ အထူးဆောင်းပါးများအဖြစ် ဤစာအုပ်၌ အမှတ်တရ ဖော်ပြလိုက်ပါ သည်။

ယင်းမှာ စာရေးသူ၏ တွေးရင်း ရေးရင်း ပေါ်ပေါက် ပွားများလာသော တကယ့်စေတနာဟုသာ စာရှုသူတို့ မှတ်ယူကြ ပါကုန်။

ဤစာအုပ် ဖြစ်မြောက်ရေးအတွက် အဘက်ဘက်က အကြံဉာဏ်နှင့် အကူအညီပေးကြသူ အားလုံးကိုလည်း အထူးကျေးဇူးဥပကာရ တင်ရှိကြောင်း အလေးအမြတ် မှတ်တမ်းတင် အပ်ပါသတည်း။ ။

တင်ထွန်း(တောင်ကုတ်)

၇.၇.၂၀၀၈

 

ဆက်ဒမ်၏ နောက်ဆုံးနှုတ်ဆက်စာ

ထင်ရှားတဲ့ အီရတ်နိုင်ငံတော်၊ အီရတ်ပြည်သူတွေနဲ့ လူသား | အပေါင်းတို့ ခင်ဗျာ..

ဒီနောက်ဆုံး နှုတ်ဆက်စာလွှာကို ရေးတဲ့လူဟာ အီရတ် နိုင်ငံတော်နဲ့ အီရတ်ပြည်သူတွေအပေါ်မှာ အင်မတန်ကို သစ္စာရှိ

တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ် ဆိုတာ ခင်ဗျားတို့ အထဲက အများ အပြားသိကြမှာပါ။

ဒီပုဂ္ဂိုလ်ဟာ ဘယ်လောက် ရိုးဖြောင့်တယ်၊ ပြည်သူတွေ  ကို ဂရုတစိုက် ဘယ်လို စောင့်ရှောက်ခဲ့တယ်၊ ဘယ်လောက် အမြော်အမြင် ရှိတယ်၊ ကျိုးကြောင်းခိုင်လုံတဲ့ ဝေဖန်ပိုင်းခြားနိုင် စွမ်း ရှိတယ်၊ တရားမျှတမှုကိုဘယ်လောက်မြတ်နိုးတယ်၊ ယထာဘူတ ကျကျ ဆုံးဖြတ်နိုင်စွမ်း ရှိတယ်၊ အီရတ်နိုင်ငံတော်နဲ့ အီရတ် ပြည်သူတွေရဲ့ ဓနဥစ္စာ အကျိုးစီးပွားတွေအတွက် ဘယ်နည်း ဘယ်ပုံ စဉ်းစားတွေးခေါ်ပြီး ကိုယ်ကျိုးမဖက်ဘဲ ဘယ်လောက် အနစ်နာခံကာ လုပ်ဆောင်ခဲ့တယ် ဆိုတာတွေကိုလည်း ခင်ဗျား တို့ သိကြပါတယ်။ ။

ဒါတွေအပြင် ဒီပုဂ္ဂိုလ်ဟာ လှည်းနေလှေအောင်း မြင်း ဇောင်းမကျန် အီရတ် ပြည်သူတစ်ရပ်လုံးအပေါ်မှာ ခွဲခွဲခြားခြား ဆက်ဆံသမှု လုံးဝမပြုဘဲ တစ်သားတည်း တစ်သွေးတည်း နွေးထွေးစွာ ဆက်ဆံခဲ့တဲ့ အဆမတန်ကြီးမားတဲ့ နှလုံးသား ပိုင်ရှင်စစ်စစ် ဖြစ်တယ် ဆိုတာကိုလည်း ခင်ဗျားတို့သိကြပါတယ်။

ခင်ဗျားတို့ အစ်ကို၊ ခင်ဗျားတို့ ခေါင်းဆောင်ဟာ သက်ဦး ဆံပိုင်ဘုရင်တွေကိုလည်း ဘယ်တုန်းကမှ ဦးမညွှတ် ဒူးမထောက် လက်မမြှောက်ခဲ့ဘူးဆိုတာ ခင်ဗျားတို့ကောင်းကောင်း သဘော ပေါက်ကြပါတယ်။ နောက်ဆုံးမှာ သူ့ကို ခင်မင်လေးစားကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ နိုင်ငံတော်အတွက် ဆက်လက်တိုက်ပွဲ ဝင်ကြဖို့ အထိမ်းအမှတ်အဖြစ် ဓားတစ်လက် (a sword) နဲ့ အောင်လံတံခွန်တစ်ခု (a banner) ကို သူ ထားခဲ့မှာပါ။

ဒါတွေဟာ ခင်ဗျားတို့ အစ်ကို၊ ခင်ဗျားတို့ သား၊ ခင်ဗျား တို့ ခေါင်းဆောင်မှာ ရှိတဲ့ ခေတ်အဆက်ဆက်မှာ မှတ်ကျောက် တင်ခံပြီးဖြစ်တဲ့အရည်အချင်းကောင်းတွေပါပဲ။ သိပ်မကြာတော့ တဲ့ကာလမှာ မလွှဲမရှောင်သာဘဲ ဝမ်းနည်းကြေကွဲစွာနဲ့ ခင်ဗျားတို့ကို ရာသက်ပန် ကျုပ် ခွဲခွာသွားရပါတော့မယ်။ အနာဂတ် ပြည်သူတွေရဲ့ ဓနဥစ္စာ အကျိုးစီးပွားတွေအတွက် ဘယ်နည်း ဘယ်ပုံ စဉ်းစားတွေးခေါ်ပြီး ကိုယ်ကျိုးမဖက်ဘဲ ဘယ်လောက် အနစ်နာခံကာ လုပ်ဆောင်ခဲ့တယ် ဆိုတာတွေကိုလည်း ခင်ဗျား တို့ သိကြပါတယ်။ ။

ဒါတွေအပြင် ဒီပုဂ္ဂိုလ်ဟာ လှည်းနေလှေအောင်း မြင်း ဇောင်းမကျန် အီရတ် ပြည်သူတစ်ရပ်လုံးအပေါ်မှာ ခွဲခွဲခြားခြား ဆက်ဆံသမှု လုံးဝမပြုဘဲ တစ်သားတည်း တစ်သွေးတည်း နွေးထွေးစွာ ဆက်ဆံခဲ့တဲ့ အဆမတန်ကြီးမားတဲ့ နှလုံးသား ပိုင်ရှင်စစ်စစ် ဖြစ်တယ် ဆိုတာကိုလည်း ခင်ဗျားတို့သိကြပါတယ်။

ခင်ဗျားတို့ အစ်ကို၊ ခင်ဗျားတို့ ခေါင်းဆောင်ဟာ သက်ဦး ဆံပိုင်ဘုရင်တွေကိုလည်း ဘယ်တုန်းကမှ ဦးမညွှတ် ဒူးမထောက် လက်မမြှောက်ခဲ့ဘူးဆိုတာ ခင်ဗျားတို့ကောင်းကောင်း သဘော ပေါက်ကြပါတယ်။ နောက်ဆုံးမှာ သူ့ကို ခင်မင်လေးစားကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ နိုင်ငံတော်အတွက် ဆက်လက်တိုက်ပွဲ ဝင်ကြဖို့ အထိမ်းအမှတ်အဖြစ် ဓားတစ်လက် (a sword) နဲ့ အောင်လံတံခွန်တစ်ခု (a banner) ကို သူ ထားခဲ့မှာပါ။

ဒါတွေဟာ ခင်ဗျားတို့ အစ်ကို၊ ခင်ဗျားတို့ သား၊ ခင်ဗျား တို့ ခေါင်းဆောင်မှာ ရှိတဲ့ ခေတ်အဆက်ဆက်မှာ မှတ်ကျောက် တင်ခံပြီးဖြစ်တဲ့အရည်အချင်းကောင်းတွေပါပဲ။ သိပ်မကြာတော့ တဲ့ကာလမှာ မလွှဲမရှောင်သာဘဲ ဝမ်းနည်းကြေကွဲစွာနဲ့ ခင်ဗျားတို့ကို ရာသက်ပန် ကျုပ် ခွဲခွာသွားရပါတော့မယ်။ အနာဂတ် မုန်းတီးမှု (hatred) ကို ရှောင်ကြဉ်ကြဖို့ ကျုပ် မေတ္တာရပ်ခံလိုပါ တယ်။ ဘာ့ကြောင့်ဆိုရင် မုန်းတီးလို့ တရားမျှတမှု (fairness) ရှိဖို့ မလွယ်။ မုန်းတီးမှုကြောင့် ကြောင်းကျိုးဆင်ခြင်မှုကို ထိခိုက် နိုင်တယ်။ စဉ်းစားတွေးတောမှုတံခါးအားလုံးလည်း ပိတ်သွားမှာပဲ (Closes all doors of thinking.) တည်ငြိမ်တဲ့စဥ်းစား ဆင်ခြင်မှုကို မရတဲ့အတွက် မှန်ကန်တဲ့ ရွေးချယ်မှု (the right choice) ဆိုတာလည်း ဘယ်နည်းနဲ့မှ ဖြစ်လာနိုင်တော့မှာ မဟုတ်။

ကျုပ်တို့ နိုင်ငံကို မတရားကျူးကျော်တိုက်ခိုက်တဲ့ နိုင်ငံ တွေက ပြည်သူတွေကိုလည်း မမုန်းကြဖို့ ကျုပ် ပန်ကြားလိုပါ တယ်။ ပြီး.. အဲဒီနိုင်ငံတွေက အဆုံးအဖြတ်ပေးနိုင်သူတွေ (decision-makers) နဲ့ ပြည်သူပြည်သားတွေ (people) ကို ကွဲကွဲ ပြားပြား ခွဲခြားသိမြင်ဖို့လည်း အရေးကြီးလှပါတယ်။ ဒီလိုမှ ခွဲခြား ပြီး မသိရင် မှန်မလိုလိုနဲ့လွဲမှားသွားတတ်ပါတယ်။ ပြီးတော့ ကျုပ် တို့ အီရတ်နိုင်ငံက ဖြစ်စေ၊ အခြားနိုင်ငံတွေက ဖြစ်စေ နောင်တ (repentance) ရတဲ့ ဘယ်သူ့ကိုမဆို အနူးအညွတ် ခွင့်လွှတ်ဖို့ ရာလည်း ခင်ဗျားတို့ ဝန်မလေးကြပါနဲ့။

ဒီနောက် အထူးမှတ်သားဖွယ်ကောင်းတာ တစ်ခုက ကျူးကျော်သူတွေထဲမှာပင်လျှင် ခင်ဗျားတို့ရဲ့ အနိုင်မခံ အရှုံး မပေးတဲ့ စိတ်ဓာတ်နဲ့ကျူးကျော်ရေး ဆန့်ကျင်လှုပ်ရှားမှုတွေကို အားပေး ထောက်ခံတဲ့ လူတွေ ရှိတယ် ဆိုတဲ့ အချက်ကို ခင်ဗျား တို့ သိထားသင့်ပါတယ်။

အဲဒီလူတွေအထဲက တချို့ဟာ ကျုပ်(ဆက်ဒမ်ဟူစိန်) အပါအဝင် အကျဉ်းသားတွေ တရားဥပဒေနဲ့အညီ ခုခံကာကွယ်နိုင်ရေးအတွက် (for the legal defence of prisoners including Suddam Hussein) ကျုပ်တို့ဘက်က စေတနာ့ဝန်ထမ်း ကူညီဆောင်ရွက်ပေးခဲ့ကြတယ်။ အဲသလို အကူအညီပေးသူတွေ အနက် အချို့ဟာ ခွဲခွာခါနီးမှာ ကျုပ်ကို နှုတ်ဆက်ကြတဲ့အခါ ကိုယ်ချင်းစာတရားနဲ့ စိတ်ထိခိုက်လွန်းလို့မထိန်းချုပ်နိုင် မျက်ရည် မဆည်နိုင်ဘဲ ငိုကြရှာတယ်ဗျာ။ ကျုပ်အနေနဲ့လည်း ဘယ်စိတ် ကောင်းနိုင်တော့မလဲ။ ခင်ဗျားတို့လည်း စဉ်းစားကြည့်ကြပေါ့။

ချစ်လှစွာသော သစ္စာရှိ ပြည်သူအပေါင်းတို့ ခင်ဗျား (Dear faithful people)

ခင်ဗျားတို့အားလုံးကို ကျုပ်ဘဝရဲ့ နောက်ဆုံးအနေနဲ့ ဝမ်းနည်းကြေကွဲစွာဖြင့် ကျုပ် နှုတ်ဆက်ခဲ့ပါတယ်ဗျာ (I say goodbye to you.)။ သို့ပေမဲ့ ဘုရားရှင်နဲ့အတူ ကျုပ် ရှိနေမှာ ပါ။ သူ့ဆီမှာ ခိုလှုံနေကြတဲ့ လူတွေကို အစဉ် ကူညီစောင့်ရှောက် တဲ့.. သစ္စာရှိပြီး ရိုးသားစွာ အစ္စလာမ်ဘာသာတရား၌ သက်ဝင် ယုံကြည်သူတွေကို စိတ်ပျက်အောင် ပြုမူလေ့မရှိတဲ့ မေတ္တာ ကရုဏာရှင် အလ္လာအရှင်မြတ်နဲ့ အတူ ကျုပ်(ဆက်ဒမ်ဟူစိန်) ရှိ နေမှာပါဗျာ။ - အလ္လာအရှင်သခင်ဟာ ကြီးမြတ်တော်မူတယ် (Allah is great.) ။ကျုပ်တို့ရဲ့ ကျော်ကြားတဲ့ အီရတ်နိုင်ငံတော် အဓွန့်ရှည်

ပါစေ။ ကျုပ်တို့ရဲ့ တော်လှန်ရေးအင်အားစုတွေ အောင်ပွဲဆင်နိုင် ပါစေ..။ ပါလက်စတိုင်း တော်လှန်ရေး အောင်ပွဲဆင်နိုင်ပါစေ..။

ဆက်ဒမ်ဟူစိန် 

နိုင်ငံတော်သမ္မတ

ကာကွယ်ရေးဦးစီးချုပ် 

အီရတ်မူဂျာဟေဒင်လက်နက်ကိုင်တပ်ဖွဲ့များ

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)