Skip to product information
1 of 4

Other Websites

တက္ကသိုလ်လှကြွယ် - အမေ့ရဲ့ဆန္ဒနှင့် ဘာသာပြန်ဆောင်းပါးများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ပြန်လည်ရှင်သန်ထမြောက်ကြသူများ

          နှလုံးအားနည်းသော ဝေဒနာရှင်များနှင့် ဦးနှောက်အတွင်း အမီးဘားပိုးဝင်၍ ဖျက်ဆီးခြင်းခံရသူတို့သည် များသောအားဖြင့် အဆိုပါဝေဒနာများကြောင့် အသက်ဆုံးရှုံးမှုကို ကြုံရတတ်လေ့ရှိပေသည်။ သို့သော်အောက်ဖော်ပြပါ ၅ဦးတို့မှာ အံ့စရာ ကောင်းလောက်အောင် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြလေသည်။

 

၁၅မိနစ်ခန့်အသက်ရှူရပ်သွားသူ

          အသက်၄၀အရွယ် ရူဘီကက်သရင်း သားဖွားမီးယပ်ကု ဆေးရုံရှိ မွေးဖွားခန်း တွင် သမီးကလေးကို ချောမောစွာ မွေးဖွားခဲ့၏။ ဤသမီးငယ်ကလေးကို မွေးဖွားချိန်မှာ ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၂၃ရက်နေ့တွင် ဖြစ်ပေသည်။ ဤသမီးငယ်လေးကို မွေးဖွားပြီး၍ မကြာမီပင် ရူဘီကက်သရင်းသည် သတိလွတ် မေ့မျောကာ လဲကျသွားခဲ့ လေသည်။ ယခုသမီးငယ်ကလေးကို မမွေးဖွားမီကပင် ရူဘီကက်သရင်းသည် ကလေးနှစ်ယောက်ကို မွေးဖွားပြီးပြီ ဖြစ်သည်။ ယခုဤ သမီးငယ်ကို မွေးဖွားပြီး နောက်မှ နှလုံးသွေးရပ်၍ မူးဝေလဲကျသွား ခြင်းဖြစ် ပေသည်။ ဒေါက်တာဂျော်ဒန်နာဝါသည်၊ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ)ပြည်နယ်၊ ကိုကာရာတန် ဒေသရှိဆေးရုံမှ မေ့ဆေးသမားတော်ကြီး ဖြစ်ပေသည်။ ဆရာဝန်ကြီးက ရူဘီကက်သရင်းကို အသက်ရှူပေးသည့် အသက်ကိရိယာအတွင်းသို့ ထည့်သွင်းပေးလိုက်၏။ စက်ကအသက်ရှူးလာအောင်လုပ်ပေးနေ၏။ ဆရာဝန်ကြီးဂျော်ဒန်နူးဂါး ကသင်္ကေတတွေဖော်ပြထားသည့် ခလုတ်ကိုနှိပ်လိုက်သောအခါ အခြား ဆရာဝန်များ၊ သူနာပြုများပါ အလျင်အမြန် ရောက်ရှိလာကြ၏။ သူတို့က နှလုံး အားပေးစက်ကိုဖွင့်၍ ရူဘီကက်သရင်း ပုံမှန်အသက်ရှူးစေအောင်ပြုလုပ်ပေးကြ၏။ ဒေါက်တာ ဂျော်ဒန်နူဂါး က ၂နာရီကျော်ကျော် ကြာအောင် သေမလား ရှင်မလား မသိနိုင်တဲ့ အခြေအနေ ရှိနေပါတယ် ဟုပြောပြလေသည်။ ရူဘီကက်သရင်း၏ နှလုံးသည်ပုံမှန်ခုန်နေသော် လည်း အားနည်းသဖြင့် သွေးကိုလိုအပ်ရာသို့ တွန်းပို့နိုင်စွမ်း မရှိဖြစ်နေ၏။ ခန္ဓာကိုယ် တစ်လျှောက် သွေးမလျှောက်နိုင်သဖြင့် သွေးတိုးစမ်း၍မရနိုင်လောက်အောင် အားနည်း နေ၏။ ဆရာဝန်တို့က နှလုံးခုန်နှုန်းမြန်စေသည့် စက်ကိရိယာဖြင့်တပ်ဆင်ကာမပြတ်ဖိအား ပေးနေရ၏။ စက်၏အကူအညီဖြင့် ၄၅ မိနစ်ကြာမျှ နှလုံးခုန်နှုန်းပုံမှန်ရရေး စက် ကို မောင်းပေးနေ၏။ [ ၂နာရီခန့်ကြာပြီးနောက် အခြေအနေမှာ ပုံမှန်ပြန်ဖြစ်မလာသဖြင့် ရူဘီကက် | သလင်း အသက်ပြန်လည်ရှင်သန်ရေးမှာမျှော်လင့်ချက် ကုန်ဆုံးတော့မည့် အနေ အထားသို့ ရောက်ရှိသွားခဲ့လေသည်။ ဆရာဝန်များက ရူဘီကက်သရင်း၏ မျှော်လင့်ချက်ကုန်ဆုံးသည့် အနေအထားသို့ရောက်ရှိသွားခဲ့လေသည်။ ဆရာဝန်များကရူဘီကက်သရင်း၏ မိသားစုတို့ကို အခန်းတွင်းသို့ ခေါ်ယူကာ သူ့အတွက် နောက်ဆုံးနှုတ်ဆက်ခြင်းပြုရန်အတွက် ဖြစ် ပေသည်။ မိသားစုဝင်တို့ကလည်း ရူဘီကက်သရင်း၏ မျှော်လင့်ချက် ကုန်ဆုံးသည့် အဖြစ်ကို မျက်မြင်ကိုယ်တွေ့ သိမြင်သွားကြ၏။ ထိုမိသားစုတို့ကို အပြင်ဘက်စောင့်ခန်း သို့ မိသားစုဝင်တွေအပြင် သူနာပြုတွေပါ ဒူးထောက်ကာ ရူဘီကက်သရင်းအတွက် ကောင်းရာသုဂတိသို့ လားရေးအတွက် ဆုတောင်းကြ၏။ ဆရာဝန်တို့ကလည်း ရူဘီကက်သရင်း၏ ရင်ဘတ်ကို ဖိခြင်းဖွေခြင်းဖြင့် အသက်ရှူပါ စေရန် ကြိုးပမ်းမှုကိုလည်း လက်လျှော့ကာ ရပ်ဆိုင်းလိုက်တော့၏။ သူတို့က ရူဘီ ကက်သရင်း နောက်ဆုံးအသက်ထွက်မည့် အချိန်ကိုသာ မှတ်ယူရန်စောင့်ဆိုင်းနေကြ၏။

          နှလုံးသို့လေရှူသွင်း ထုတ်မှုကိုပြုလုပ်ပေးသည့် စက်ခလုတ်ကို ပိတ်လိုက်ရန် စက္ကန့် ပိုင်းအလိုမှာ သူနာပြုဆရာမက အသက်ရှူစက်ကိုမပိတ်နဲ့ဟု လှမ်း၍အော်လိုက်ပါသည်။

          ဆေးဝါးရောအသက်ရှူး ကိရိယာမပါတော့ဘဲ ရူဘီကက်သလင်း၏ နှလုံးသည် သူ့ဘာသာ သူစတင်၍ ခုန်လာပြီဖြစ်သည်။ အချိန် ၂နာရီ အတွင်းသူ့နှလုံးက ရပ်နေရာမှ စတင်၍ ခုန်လာပြီဖြစ်သည်။ ယုံကြည်ရခက် လောက်အောင် အံ့ဩစရာ အကောင်းဆုံးသော ဖြစ်ရပ်တစ်ခုပင် ဖြစ်ပါပေ၏။

          ရူဘီကက်သရင်းဖြစ်ရပ်အပေါ် ဆရာဝန်များကသုံးသပ်ကြရာတွင် ကလေးမွေးဖွား စဉ် သန္ဓေသားမှအရည်တို့သည် သားအိမ်အတွင်းသို့ စိမ့်ဝင်ခဲ့၏။ သားအိမ်မှတစ်ဆင့် ရူဘီကက်သရင်း၏ သွေးလှည့်ပတ်သည့်စနစ်အတွင်းသို့ ရောက်သွား၏။ သွေးလှည့်ပတ် မှုစနစ်က သယ်ဆောင်မှုကြောင့် နှလုံးဆီသို့အဆိုပါသန္ဓေသားမှစစ်ထုတ်ရေတို့ရောက်ရှိ သွား၏။ ဤအခါတွင် နှလုံးတွင် လေစီပေါင်းဖြစ်ကာပိတ်ဆို့ သောကြောင့် သွေး လှည့်ပတ်မှုစနစ်ရပ်ဆိုင်းသွား၏။ ဒေါက်တာဂျော်ဒန်နူဂါးက ဤဖြစ်စဉ်မျိုးသည် လွန်စွာဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ်မျိုးကိုဆေးပညာလောကတွင် ကြုံဖူးသူရှားပါကြောင်း၊ ဤသို့ဖြစ်ပြီဆိုလျှင် လူနာသည် အသက်ဆက်လက်ရှင်သန်ဖို့ရန် အခွင့်အလမ်း လွန်စွာ

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)