Skip to product information
1 of 2

Other Websites

တက္ကသိုလ်နေ၀င်း - ဗိုလ်ချုပ်အောင်ဆန်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ပထမပင်လုံညီလာခံ

          ဗမာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင်လည်းကောင်း၊ “ယူနီယံ ခေါ်”ပြည်ထောင်စု ပုံစံဖြင့် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် ဗမာနိုင်ငံတော်ကို ၁၉၄၈-ခုနှစ်က ကုလသမဂ္ဂဌာနချုပ်ရှိ လွတ်လပ်သောတည်ဆောက်ခဲ့ရာ၌လည်းကောင်း အထူးအရေးပါသော နေရာသို့ အ ခါယာရစကားလုံးတစ်ခွကားပင်လိုပင်ဖြစ်ပါသည်။

          “ ပင်လုံ”ဟူသည်ကား ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားနယ်ရှိ တောင်ပေါ်မြို့ကလေး၏ အမည် - ကျွန်တော်တို့ ကိုယ်တိုင်ပင်လျှင် ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီက “ပင်လုံ ဟူသောမြို့အမည်ကို မကြားဖူးခဲ့ပါ။ တောင်ကြီး၊ ညောင်ရွှေ၊ ရွှေညောင်၊ ပင်းတယ၊ ဟိုပုံး၊ နမ်းဆမ်တို့ကဲ့သို့ ထင်ရှားသောမြို့ တစ်မြို့ မဟုတ်သော ကြောင့် ဖြစ်ဟန်တူပါသည်။

          မည်သို့ပင်ဖြစ်စေ ၁၅-ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့က အမျိုးသားခေါင်းဆောင်ကြီး ဆောက်လုပ်ထားသော မဏ္ဍပ်ကြီး အတွင်းဝယ် “တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးစာချုပ်ကြီးကို တစ်ခံနက်တော်များ အပါအဝင်အောက်ခံကိုယ်စားလှယ်များနှင့်ရင်သားကိုယ်စားဗြိတိသျှအစိုးရ နုသဟာယနိုင်ငံများဆိုင်ရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး မစ္စတာဘော်တွမ်လေ”ကိုယ်တိုင် ထိုနေ့က ပင်လုံတွင် ရှိခဲ့ပါသည်။

စာရေးသူ

 

          စင့်စစ်အားဖြင့် ၁၉၄၇-ခုနှစ် ဖေဖော်ဝါရီလက “ပင်လုံညီလာခံ သည် တိယမြောက်ပင်လုံညီလာခံ ဖြစ်ပါသည်။ ၁၉၄၇-ခုနှစ်က ကျင်းပခဲ့သော ပထမပင်လုံညီလာခံ ဟူ၍ရှိခဲ့ပါသေးသည်။ သို့သော် ယင်းပထမပင်လုံညီလာခံအကြောင်း သိသူနည်းပါးသည်။ လွန်ခဲ့သော ၁၀-နှစ်ကျော်က ကျွန်တော်သည်အချို့ကပင် မသိလိုက်ကြဟုပြောပါသည်။

          တကယ်တော့လည်း ၁၆၄၆ ခုနှစ်က ပင်လုံအစည်းအဝေးမှာ “ကွန်ဖရင့် သို့မဟုတ်”ညီလာခံ”ဟု အတိအကျ မဆိုနိုင်ပါ။ နှီးနှောဖလှယ်ပွဲ SEMINAသဘောသာဖြစ်သည်ဟု ဆိုနိုင်ပါသည်။

 

          ဗြိတိသျှ နယ်ချဲ့လက်ပါးစေ ဘုရင်ခံ ဆာဒေါ်မန်စမစ် နှင့် သူ၏လက်ပါးစေ ( ဆာပေါ်ထွန်း)အစိုးရအဖွဲ့တို့သည်၁၉၄၂ ခုနှစ်ဆန်းက ရန်ကုန်မြို့မှ ကစဥ်ကလျှား ဆုတ်ခွာထွက်ပြေးသွားပြီး အိန္ဒိယပြည် ဆင်းမလားမြို့တွင် သုံးနှစ် သုံးမိုး စစ်ပြေးအစိုးရအဖြစ် နားခိုခဲ့ပါသည်။ ထိုအတောအတွင်း စစ်ကြီးပြီးသွားပါက ဗမာနိုင်ငံသို့ ပြန်လာကာ နောက်ထပ် တ‌စ်ကျော့ ကျေးကျွန်ပြုရန် စီမံကိန်း အမျိုးမျိုးကို စက္ကူဖြူ စာတမ်းအဖြစ် ရေးဆွဲခဲ့ ပါသည်။ ယင်းစီမံကိန်းများ အနက် စီးပွားရေးလုပ်ငန်း၊ သယံဇာတများ အမြတ်ထုတ်ခေါင်းပုံဖြတ်ယူရေး စသည်တို့ အပြင် တောင်တန်းဒေသနေ တိုင်းရင်းသားလူမျိုးများအား နည်းမျိုးစုံဖြင့် သွေးခွဲအုပ်ချုပ်ရန် သီးသန့်စီမံချက်များလည်း ပါရှိခဲ့သည်။

          သို့ရာတွင် ဗမာနိုင်ငံတော်နှင့် သုံးနှစ်ကျော် ကင်းကွာနေခဲ့သူ ဘွရင်ခံနှင့်တကွ သူ၏ ရုပ်သေးအစိုးရတို့သည် ကြွလာသော တိုင်းရင်းသားပြည်သူများ (လူမျိုးစုများအပါအဝင် အတွေးအခေါ်၊ အဆင့်အတန်း မည်မျှမြင့်လာ သည်ကို ကောင်းစွာသဘောမပေါက်မိကြချေ။ ထို့ကြောင့် သူတို့၏သမားရိုးကျသွေးခွဲအုပ်ချုပ်နည်း ( Divide And Rule )စနစ်အတိုင်းပင် စစ်ပြီးခေတ်တိုင်းရင်းသားလူမျိုးစုများ သွေးခွဲအုပ်ချုပ်ရန် ကြိုးစားခဲ့ကြပါသည်။

          ယင်းအခြေအနေတွင် နှစ်ပတ်လုံး သွေးခွဲအုပ်ချုပ်ရန် ကြိုးစားခဲ့ကြပါသည်။ ဩဇာရှိနေသေးသူ ပဒေသရာဇ်နယ်ရှင် စော်ဘွားများအား အဓိက စည်း၍ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ဗမာနိုင်ငံရေးခေါင်းဆောင်များနှင့် သွေးခွဲရန် ကြံစည်ချက်ပင်ဖြစ်ပါသည်။

          အဆိုပါ ပထမပင်လုံညီလာခံ အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို လဲချား၊ မိုင်းကိုင်၊ မိုင်းနောင်၊ သထုံနယ်ရှင် စသော စော်ဘွားများအမည်ဖြင့် ဖြန့်ချီဆင့်သော်လည်း စင်စစ် သူတို့နောက်မှ ကြိုးကိုင်ဒေသအုပ်ချုပ်ရေးနဲ့ Frontier Areas Administration မှ နယ်ချဲ့လက်ပါး စေ ဘုရင်ခံ၏ ဩဇာခံမျက်နှာဖြူ အရာရှိများဖြစ်သည်။

          ယင်းပထမ ပင်လုံညီလာခံ အစည်းအဝေးသို့ ဗြိတိသျှ ဘုရင်ခံမင်းကြီး ဆာဒေါ်မန်စမစ် ကိုယ်တိုင် တက်ရောက်ဦးမည် ဟူ၍ သတင်းများလွှင့်ထားပြီးဖြစ်သည်။

 

          ထိုမျှမကသေး အခြားအရေးကြီးသော သတင်းများလည်း ထွက်ပေါ်လာပြန်သည်။ ညီလာခံသို့ မဖြစ်မနေတက်ရောက်ရန် ကြိုတင် စည်းဝါနှိုက်ထားသူ ဗမာနိုင်ငံရေးသမားများမှာ ဂဠုန်ဦးစောနဲ့ သူ၏ပညာရေးဝန်ကြီးဟောင်တင် ဖြစ်သည်။

          နယ်ချဲ့တို့၏ အကြံကား ရှမ်း၊ ကချင်သော တိုင်းရင်းသားလူမျိုးစုများ စုပေါင်းပါဝင်သည့် “တောင်တန်း ဒေသ စည်းလုံးညီညွတ်ရေးအဖွဲ့ချုပ်” UNITED HILL PEOPLE'S ORGANIZATION အမည်ဖြင့်အဖွဲ့ကြီး တည်ထောင် ဖွဲ့စည်းမည်။ သို့သော် အဓိကနေရာြဖစ်သော ဥက္ကဌအဖြစ် ဗြိတိသျှ ဘုရင်ခံကြီးကိုယ်တိုင်လုပ်မည်။ အထွေထွေအတွင်းရေးမူးအဖြစ် ဂဠုန်ဦးစော ကိုတာဝန်ပေးမည် ။

          ဤသို့ လျှို့ဝှက်ကြိုတင်ကြံစည်ထားကြောင်းသတင်းများထွက်ပေါ်လာပြီး ရန်ကုန်ထုတ် “နယူးတိုင်းနှင့် ဘားမင်း " အင်္ဂလိပ်သတင်းစာများက အကျယ်တဝင့် ဖွင့်ချရေးသားလိုက်ကြသည်။

          ဤတွင် ဗမာ့နိုင်ငံရေးလောကတွင်...

          “အင်း ကောင်းကြရောပေါ့။ တောင်တန်းသားတွေရဲ့ အဖွဲ့ကြီးမှာ ဥက္ကဌက မျက်နှာဖြူဘုရင်ခံကြီး ၊ အထွေထွေအတွင်းရေးမူးကျတော့ သာယာဝတီနယ်သားဆိုသော်လည်း အာဖရိကတိုက် ယူဂန္တာနိုင်ငံက နီဂရိုး (ကပ္ပလီ)နဲ့ တူတဲ့ အသားမည်းမည်း ဂဠုန်စော ဆိုပါကလား၊ အံ့ပါကွာ”

           ဟူ၍ ပြတ်ရယ်ပြု့ သရော်သည့် ဟာသပြတ်လုံးများဖြစ်ပေါ်ခဲ့သည်။

          သို့ရာတွင် အိန္ဒိယပြည်တွင် သုံးနှစ်သုံးမိုး နားခိုရင်း ကျိတ်ကြံခဲ့သော  နယ်ချဲ့ ဆရာတို့၏အကြံကား လုံးဝ မအောင်မြင်ခဲ့ပါချေ။

         

ပင်လုံရှုခင်း(၁၉၄၇)

          ထို့နေ့ကား ၁၉၄၇-ခုနှစ် ဖေဖော်ဝါရီလ ၁၂-ရက်နေ့တည်း။

          ဖေဖော်ဝါရီလ ၁၃-ရက် နေ့ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းအသက်(၁၂)နှစ်တင်းတင်းပြည့်မွေးနေ့ဖြစ်သည်။

          သို့သော် သူ့အဖို့ ၁၉၄၇-ခုနှစ် ဖေဖော်ဝါရီလ ၁၂-ရက်နေ့သည်လည်း သူ၏ဘဝတွင် အရေးကြီးဆုံး နေ့တစ်နေ့ ဖြစ်နေသည်။ အကြောင်းမူကား ထိုနေ့သည် UNIONခေါ် ပြည်ထောင်စုပုံစံဖြင့် လွတ်လပ်သော ဗမာနိုင်ငံတော်ဖြစ်ပေါ်စေသည့် သမိုင်းဝင် ပင်လုံညီညွတ်ရေးစာချုပ်ကြီး လက်မှတ်ရေးထိုးကြရမည့်နေ့ ပင်ဖြစ် သောကြောင့်ပေတည်း။

          ထိုနေ့ (၁၂.၂.၁၉၄၇)နေ့နံနက်ခင်းက ပင်လုံမြို့ ကလေး၏ ရှုခင်းမှာ အထက်တွင်ဖော်ပြခဲ့သည့် အတိုင်း

ကြေးမုံ ၁၂-၂-၁၉၉၅

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)