တက္ကသိုလ်နန္ဒမိတ် - ချင်းတွင်းကျော်လျှင်
[၁]
မဏိပူရတောင်ကြားလမ်းမှ မြန်မာပြည်သို့ ရှေးရှုချီတက်ခဲ့သော ကျွန်တော်တို့ စစ်ကြောင်းသည် ညအချိန်တွင်သာ ခရီးတွင်အောင် နှင်ခဲ့ ကြ၏။
နေ့ဘက်တွင် မော်တော် လော်လီများ ဥဒဟိုသွားလာနေသောကြောင့် တစ်ကြောင်း၊ ကျွန်တော်တို့စစ်ကြောင်းမှူးက ကျွန်တော်တို့ချီတက်မှုကို လျှို့ဝှက်နိုင်သမျှ လျှို့ဝှက်ထားလိုသည်က တစ်ကြောင်းတို့ကြောင့် ကျွန်တော်တို့သည် ညမှ ထွက်၍ ကျက်စားလေ့ရှိသော ဇီးကွက်ကဲ့သို့ ကျင့်သုံးခဲ့သည်။
နေဝင်သွားသည်နှင့် တစ်ပြိုင်နက် ကျွန်တော်တို့ ချီတက်ရပြီး နောက် တစ်နေ့ အရုဏ်တက်လာသည်နှင့် တစ်ချိန်တည်း၊ ကျွန်တော်တို့ အနားယူ အိပ်စက်ကြရသည်။ သို့ချီတက်စဉ် တစ်ညလုံး တစ်နာရီခန့်သာ ရပ်နား ရသည်။
လမ်းဆိုးလျှင် ဆိုးသလို၊ လမ်းကောင်းလျှင် ကောင်းသလောက် ခရီးပေါက်ခဲ့သည်။ တစ်ခါတစ်ခါ တစ်ညလုံး ချီတက်မှ ၇ မိုင်ခန့် ခရီးရောက်ပြီး တစ်ခါတစ်ရံ ၁၈ မိုင်မျှ ခရီးဆန့်နိုင်သည်။
မဏိပူရတောင်ကြားလမ်းမှ ကျွန်တော်တို့ စတင်ချီတက်ခဲ့သောနေ့ ကား ၁၉၄၃ ခု၊ ဇန်နဝါရီလ ၁၂ ရက်နေ့ပင် ဖြစ်၏။ ဤအချိန်တွင် မြန်မာပြည်မြောက်ဘက်အစွန်နှင့် အနောက်မြောက်ဘက်ဒေသတို့မှအပ မြန်မာပြည် တစ်ပြည်လုံး ဂျပန်လက်အောက်သို့ ရောက်နေပေပြီ။
ကျွန်တော်တို့သည် ဗိုလ်မှူးချုပ်ဝင်းဂိတ်၏ စီစဉ်ညွှန်ကြားချက်အရ ဂျပန်စစ်ကြောင်းနောက်ကျောမှနေ၍ တိုက်ခိုက်ဖျက်ဆီး နှောင့်ယှက်မှုများ ပြုလုပ်ရန် 'ခရီးဖောက်ထွင်းရေးတပ်”အဖြစ် ချီတက်ခဲ့ကြရသည်။
ကျွန်တော်တို့၏ စစ်ကြောင်းမှူးကား ဗိုလ်မှူးချုပ်ဝင်းဂိတ်ပင်ဖြစ်၏။
အလွန်အေးမြသော ဇန်နဝါရီလပင် ဖြစ်လင့်ကစား မဏိပူရတောင် ကြားလမ်းတစ်လျှောက်တွင် ရာသီဥတုမှာ မလိုတမာနိုင်လှသည်။ မိုးရွာ သည့်အခါ သဲကြီးမဲကြီးရွာပြီး နေပူပြန်သောအခါ ကျောကော့အောင် ပူသည်။ အများအားဖြင့် ညဆိုလျှင် အရိုးကွဲမတတ်အေးသည်။ သို့ဖြစ်၍ ကျွန်တော်တို့စစ်ကြောင်း၏ ရှေ့ပြေးလော်လီကားများပေါ်တွင် စစ်သား တစ်ယောက်အတွက် အပိုစောင် တစ်ထည်စီနှင့် ရိက္ခာများကိုတင်၍ ကျွန်တော်တို့ စခန်းရပ်နားမည့်နေရာတွင် စောင့်နေစေရသည်။
ကျွန်တော်တို့သည် တစ်နာရီချီတက်ပြီးတိုင်း ၁၅ မိနစ်စီ အမောဖြေ ကြပြီး သန်းခေါင်ကျော်တွင် ၁ နာရီတိတိ အနားယူကြသည်။ ထို ၁ နာရီအတွင်း မည်မျှပင်မိုးရွာရွာ၊ နှင်းထူထူ လက်ဖက်ရည်အိုးတည်ဖြစ်အောင် တည်သည်။ လက်ဖက်ရည်သောက်ပြီး နာရီဝက်ခန့် အိပ်ကြရ သည်။ ခရီးဆက်ရန် ခရာတုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကျောပိုးအိတ် ကိုယ်စီဖြင့် အသင့်ဖြစ်နေပြီး ၃ ယောက်တစ်တန်း စီတန်း၍ ချီတက်ခဲ့ သည်။
ဤသို့ ၃ ယောက်တစ်တွဲစီ တွဲ၍ ချီတက်ရသည်မှာ တစ်ယောက်ချင်း လျှောက်ရသည်ထက် အမောပြေစေသည်။ အပျင်းပြေစေသည်။ တစ်ယောက်နှင့်တစ်ယောက် မယားအကြောင်း၊ သားအကြောင်း၊ ရည်းစား အကြောင်း၊ ရုပ်ရှင်အကြောင်းကို “ဟာဝါး'ပန်းနိုင်ကြသဖြင့် အိပ်ချင် ရုံမက ခရီးသွားရသည်ကိုလည်း သွားရမှန်းမသိခဲ့။
လမ်းတစ်လျှောက်လုံးတွင် ကျွန်တော်တို့ကဲ့သို့ ညကျမှ အလုပ်လုပ် သော လမ်းဖောက်လုပ်ရေး အင်ဂျင်နီယာ အဖွဲ့များကို တွေ့ရသည်။ သူတို့သည် အားကောင်းသော မီးမောင်းကြီးများဖြင့် ပြိုကျလာသော မြေများကို ဖယ်ခြင်း၊ ကျိုးသွားသော တံတားကို ပြင်ခြင်း၊ ကားသွားရန် မဖြစ်နိုင်တော့သော နေရာများ၌ လမ်းသစ်ဖောက်ခြင်းဖြင့် အလုပ်များနေ ကြ၏။ သူတို့သည် ကျွန်တော်တို့လိုပင် မော်တော်ကား အသွားအလာ ရပ်သွားသည့် ညအချိန်များ၌သာ အလုပ်လုပ်ကြရသည်။
ကျွန်တော်တို့သည် ၉ ညအတွင်း မိုင် ၁၂ဝ ခန့် ခရီးပေါက်ခဲ့ပြီး နောက် ၁ဝ ရက်မြောက်သည့် နံနက်တွင် “အင်ဖား"သို့ ရောက်လာကြ၏။
“ အင်ဖား”သည် တောင်ပေါ်တွင်ရှိသော လွင်မြင်ကြီးဖြစ်လေသည်။ ထိုလွင်ပြင်ကြီးအစွန်တွင် ကျွန်တော်တို့တပ်ဖွဲ့ စခန်းချရန်အတွက် တ်များ ထိုးထားသည်။
ဝါးလုံးကို တိုင်ထူ၊ ဝါးခြမ်းကိုခင်း၊ မြက်ခြောက်ကို ကာပြီး အပေါ် တွင် ငှက်ပျောရွက်များ မိုးထားသည်။ | လမ်းတစ်လျှောက်လုံး မြေကြီးကိုကျောခင်းကာ ကောင်းကင်ကို မျက်နှာကြက်လုပ်လာခဲ့ရသော ကျွန်တော်တို့မှာ အစီအရီ ထိုးထားသော တဲများအတွင်း ကိုယ့်အစုနှင့်ကိုယ် နေကြရသောအခါ နတ်ဘုံခြောက်ထပ် တွင် ခံစားနေရသလို ပီတိဖြစ်မိသည်။ ။ | သို့သော် ထိုနေ့ နေ့လယ်တွင်ပင် မိုးက မဆုံးနိုင်၊ မတုံးနိုင်အောင်သဲသဲမဲမဲ ရွာချလိုက်သဖြင့် ကျွန်တော်တို့မှာ ကြွက်စုတ်ကလေးတွေလို ဖြစ်သွားကြ၏။ ထိုနေ့ညနေဘက်တွင် ဗိုလ်မှူးချုပ်ဝင်းဂိတ်ကိုယ်တိုင် ကျွန်တော်တို့စခန်းသို့ ရောက်လာပြီး “အင်ဖား'မြို့တွင်းသို့ ပြောင်းရွှေ့ နေလိုက နေနိုင်ကြောင်း ပြောကြားသည်။ ကျွန်တော်တို့က ကျွန်တော်တို့ ရောက်နေသည့် “ရွာကလေးတွင်ပင် နေပါတော့မည်ဟု အကြောင်းပြန် သဖြင့် ဗိုလ်မှူးချုပ်သည် ကျွန်တော်တို့ အခြေအနေကို အကဲခတ်ပြီး ညနေတိုင်း “ရမ်”ထုတ်ပေးရန် ညွှန်ကြားသွားသည်။
ကျွန်တော်တို့သည် ဆက်လက်ချီတက်ရန် အမိန့်မရသေးသဖြင့် ကျွန်တော်တို့ ရွာ”တွင် တစ်လတိုင်တိုင် နေထိုင်ခဲ့ကြရ၏။
မိုးကလေးက အဆက်မပြတ် ရွာနေသဖြင့် ကျွန်တော်တို့သည် စွတ်စွတ်စိုစို ဖြစ်နေကြသော်လည်း 'ရမ်”တန်ခိုးကြောင့် ခပ်ပျော်ပျော်ပင် နေထိုင်ခဲ့ကြသည်။ မနက်တိုင်း လူရော လားများပါ ခရီးခပ်ဝေးဝေးသို့ အသွားအပြန်လျှောက်ရင်း လေ့ကျင့်ခန်းယူရသည်။ ညနေဆိုလျှင် “ရမ်” ကလေး ခပ်ထွေထွေဖြင့် သီချင်းဆိုကြ၊ ကကြရင်း အချိန်ကုန်ခဲ့သည်။
ဤရက်များအတွင်း ဗိုလ်မှူးချုပ်ဝင်းဂိတ်သည် အင်ဖားတွင် ယာယီ ဖွင့်လှဇ်ထားသော ဌာနချုပ်ရုံးခန်း၌ အိပ်ခန်းတစ်ခန်းစာမျှရှိသော မြေပုံကြီး ကို ကြမ်းပြင်ပေါ်တွင် ချ၍ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရှေ့သို့ ဆက်လက်ချီတက်မည့် အစီအစဉ်ကို တိုင်ပင်ဆွေးနွေးလျက် ရှိသည်။
ဌာနဆိုင်ရာ အကြီးအကဲများသည် အခန်းဝတွင် ဖိနပ်ချွတ်ထား ခဲ့ပြီး မြေပုံပေါ်တွင် လေးဘက်တွား၍ မိမိတို့ ထင်မြင်ယူဆချက်များကိုထောက်၍ ထောက်၍ ရှင်းပြကြရသည်။ ထိုသို့ ရှင်းလင်းပြရချိန်၌ ဗိုလ်မှူးချုပ်က ကျွန်တော့်အား သီးသန့်တာဝန်တစ်ရပ် ပေးလိုက်သည်။
ထိုတာဝန်ကား မန္တလေး-မြစ်ကြီးနားလမ်းရှိ
“ဘုံချောင်းတံတား”
ကို ဖောက်ခွဲဖျက်ဆီးရန် ဖြစ်သည်။
ကျွန်တော်တို့သည် ကျွန်တော်တို့ရွာတွင် တပျင်းတကြီးနေရခိုက် ဗိုလ်ချုပ်ကြီး'ဝေဗဲလ်” ရောက်လာမည်ဟူသော သတင်းကို ကြားရ၏။ ထိုသတင်းနှင့် ပတ်သက်၍ ကျွန်တော်တို့တပ်ထဲတွင် ဝေဖန်ချက်အမျိုးမျိုး၊ ထင်မြင်ချက်အမျိုးမျိုး၊ ကောလာဟလအမျိုးမျိုး ပေါ်ပေါက်နေသည်။
အချို့က “ခရီးဝေး ဖောက်ထွင်း တိုက်ခိုက်ရေးတပ်' ဆိုသည်မှာ ဗိုလ်မှူးချုပ်ဝင်းဂိတ်၏ စိတ်ကူးယဉ်ချက်အရ ဖွဲ့စည်းထားခြင်းသာဖြစ်ကြောင်း၊ ဂျပန်စစ်ကြောင်း နောက်ကျောမှ တိုက်ခိုက်ဖျက်ဆီးရမည့် လုပ်ငန်းများလည်း မလွယ်ကူကြောင်း၊ ထို့ကြောင့် ဗိုလ်ချုပ်ကြီး 'ဆဗဲလ်" က ကျွန်တော်တို့တပ် ချီတက်သင့်၊ မသင့် စစ်ဆေးရန် လာကြောင်းဖြင့် ပြောဆိုကြ၏။
ဗိုလ်မှူးချုပ်ဝင်းဂိတ်နှင့် ဗိုလ်ချုပ်ကြီးဗဲလ်တို့ ၂ ရက်မျှ ဆွေးနွေး ပြီးနောက် မြန်မာပြည်သို့ ဆက်လက်ချီတက်ရန် ဆုံးဖြတ်ချက်မှာ အတည် ဖြစ်သွားသည်။ - ဗိုလ်ချုပ်ကြီး'ဝေဗဲလ်'သည် ကျွန်တော်တို့တပ်ဖွဲ့များကို စစ်မထွက်မီ တစ်နေ့တွင် စစ်ဆေးပြီး သြဝါဒမိန့်ခွန်းစကား ပြောပါသည်။ ကျွန်တော် တို့သည် တပ်စခန်းချနေသည့်ရွာတွင် တစ်လနီးပါး အချိန်ကုန်ခဲ့ရပြီးနောက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မြန်မာပြည်သို့ စစ်ထွက်ခဲ့ကြရလေသည်။
၂
နေက ချစ်ချစ်တောက်ပူနေသည်။ ကတ္တရာစေးများက နေပူရှိန် ကြောင့် ပျော့အိနေ၏။ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး နောက်ခြေကို ကြွလိုက်သောအခါ ကတ္တရာစေးများ အတုံးလိုက် ကပ်၍ပါလာသည်။ကြာတော့ ကျွန်တော်တို့ စစ်ဖိနပ်များသည် နဂိုထက် ၂ ဆမျှကြီးကာ ၃ ဆမျှ လေးလာသည်။
ကျွန်တော်တို့ အင်ဖားမှ စ၍ထွက်လာခဲ့သော ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျွန်တော်တို့သည် ကျွန်တော်တို့၏ ဆင်ခြေထောက်ကြီး များကို သယ်ကာ ၂၂ မိုင် ခရီးပေါက်အောင် လျှောက်ခဲ့ရ၏။
နောက်တစ်နေ့တွင် မိုင် ၂၀ ကျော်ကျော် ထပ်၍လျှောက်လိုက်သော အခါ “ပုလဲသို့ ရောက်လာကြ၏။
အင်ဖားနှင့် ပုလဲကြားရှိ လမ်းမှာ ကောင်းမွန်သည်။ လူသွားလမ်း နှင့် မော်တော်ကားလမ်းကို ယှဉ်၍ ဖောက်လုပ်ထားသည်။ ထို့ကြောင့် နေ့လယ်ဘက်တွင် ကျွန်တော်တို့ တပ်ဖွဲ့များ ချီတက်နေစဉ် မော်တော်ကား များကလည်း ဥဒဟို ပြေးလျက်ရှိသည်။
“ ပုလဲ”တွင် တပ်ဖွဲ့တစ်ခုအား ၂၄ နာရီ ရပ်နားရန် အခွင့်ပေးသည်။ ကျွန်တော်တို့တပ်ဖွဲ့ “ပုလ်သို့ ရောက်သွားသော ညနေတွင် “ပုလဲ”သို့ ကျွန်တော်တို့ထက် စောစွာရောက်နေပြီး ၂၄ နာရီ အနားယူပြီးဖြစ်သော စကော့ ခေါင်းဆောင်သည့် စစ်ကြောင်းသည် “ပုလဲ'မှ “မြင်းကုန်းနှီး" စခန်းသို့ ချီတက်ရန် အသင့်ဖြစ်နေသည်ကို တွေ့ရ၏။
ကျွန်တော်တို့သည် မြန်မာပြည် နယ်နိမိတ်ထဲသို့ ဝင်လာခဲ့ပြီဖြစ်၍ လှုပ်ရှားမှုဟူသရွေ့ ညအချိန်တွင်သာ ပြုလုပ်ကြရတော့သည်။
“ပုလဲ'တွင် ကျွန်တော်တပ်မှ အရာရှိဖြစ်သူ ဂျွန်ဖရေဇာ၏ အသိများ နှင့် သွားတွေ့သဖြင့် ကျွန်တော်တို့အား ညစာထမင်း ဖိတ်၍ကျွေးသည်။
“ပုလဲ'တွင် ၂၄ နာရီ ရပ်နားပြီး နောက်တစ်နေ့ညနေဘက်တွင် ကွေ့ကာဝိုက်ကာ ပတ်ကာ တည်ရှိနေသော တောလမ်းများအတိုင်း ချီတက် ခဲ့ကြ၏။ ၂ ရက်မျှဆက်၍ ခရီးဆန့်လိုက်သောအခါ ကျွန်တော်တို့သည် 'ကဘော်ချောင်"ရှိသော တောင်တန်းများနှင့် ချင်းတွင်းမြစ် ဖြတ်၍စီးဆင်း ရာ တောင်တန်း၊ တောင်ထွတ်များကို လှမ်းမြင်ရသည့် တောင်တစ်လုံး ပေါ်သို့ ရောက်လာကြသည်။
ထိုမှနေ၍ “တမူးသို့ အရောက်ချီတက်လာခဲ့ကြပြီး ချင်းတွင်းမြစ် ကို ဖြတ်ကျော်ရန် အတွင်း စစ်ပရိယာယ် ဆင်ကြ၏။
ဗိုလ်မှူးချုပ်ဝင်းဂိတ်၏ ယူဆချက်အရ ကျွန်တော်တို့၏ ခရီး ဖောက်ထွင်း တိုက်ခိုက်ရေးတပ်၊ ချင်းတွင်းမြစ်ကို ဖြတ်ကျော်ရန် ကြံစည် နေသည် ဆိုသည်ကို ဂျပန်များ မသိအောင် ဖုံးကွယ်၍ ရမည်မဟုတ်။
သို့သော် ချင်းတွင်းကို ဖြတ်ကူးလာသော ကျွန်တော်တို့တပ်ဖွဲ့များ၏ လက်နက်နှင့် လူအင်အားကို ဂျပန်များ အထင်မှားစေရန် စစ်ပရိယာယ် ဆင်ရန် ဖြစ်ပါသည်။ ။
ဗိုလ်မှူးချုပ် ဝင်းဂိတ်သည် ဒု-ဗိုလ်မှူးကြီး အလက်ဇန္ဒားအား အမှတ်(၁)နှင့် (၂) တပ်ဖွဲ့များဖြင့် “အောက်တောင်"ဆိုသောနေရာများမှ စွယ်ယောင် ဖြတ်ကူးရန် အမိန့်ပေးပြီး သူကိုယ်တိုင်မှာမူ ကျန်တပ်ဖွဲ့ များနှင့် “တုန်ဟဲ”မှ ဖြတ်ကူးရန် ဆုံးဖြတ်လိုက်သည်။
ဂျပန်များ တစ်လိမ်မှ နှစ်လိမ်အထိ ထပ်ဆင့်အလိမ်မိစေရန် နောက် ထပ်၍ ပရိယာယ်ဆင်ပြန်သည်။ ။
ထိုပရိယာယ်မှာ ဗိုလ်မှူးဂျက်ဖရီအား ဗိုလ်မှူးချုပ်ဝတ်စုံကို ဝတ်ဆင် စေလျက် ဗိုလ်မှူးချုပ်အဆောင်အယောင် နောက်လိုက်နောက်ပါတို့ဖြင့် “တုန်ဟဲထက် တောင်ဘက်ကျသောနေရာသို့ သွားရောက်ကာ ဂျပန်တို့၏ အခြေအနေကို စုံစမ်းရင်း ထိုဒေသတစ်ဝိုက်ရှိ ရွာများမှ ဆန်၊ ဆီ၊ ဆား စသော ရိက္ခာများကို အလွန်အင်အားကြီးမားသော တပ်ကြီးတစ်ခု ရောက် လာမည့်အတွက် စုဆောင်းရမည်ဖြစ်ကြောင်း ဝါဒဖြန့်ရန် ညွှန်ကြားခြင်းပင်ဖြစ်သည်။
ဤညွှန်ကြားချက်များအရ ဒု-ဗိုလ်မှူးကြီး အလက်ဇန္ဒား ခေါင်းဆောင် သော တပ်ဖွဲ့များနှင့် ဗိုလ်မှူးချုပ်ယောင်ဆောင်ထားသော ဗိုလ်မှူးဂျက်ဖရီတို့ တပ်များသည် “တမူး'မှနေ၍ တောင်ဘက်သို့ မြင်မြင်ထင်ထင်ပင် ဆင်း လာကြပြီး ဗိုလ်မှူးချုပ်ဝင်းဂိတ်နှင့် ကျန်တပ်ဖွဲ့များမှာမူ ညအရိပ်ကိုခိုကာ ကိုယ်ယောင်ဖျောက်၍ တောများတောင်များကိုဖြတ်၍ ချီတက်ခဲ့ကြသည်။
ကျွန်တော့်တပ်ဖွဲ့မှာ ဗိုလ်မှူးချုပ်နှင့်အတူ လိုက်ပါခဲ့ရသည်ဖြစ်၍ ကျွန်တော်တို့သည် နေ့အချိန်တွင်နားပြီး ညမှ ခရီးဆက်ရပြန်သည်။ ကျွန်တော်တပ်ဖွဲ့မှာ 'တမူး ́တစ်ဝိုက်တွင် လေယာဉ်ဖြင့် ပထမဦးဆုံး လာရောက် ချပေးသော ရိက္ခာများကို ကောက်နေရသဖြင့် အချိန်အတော်လင့်သွားသည်။ ကျွန်တော့်တပ်ဖွဲ့ "တမူးမှထွက်လာသည့်အချိန်တွင် အင်္ဂလိပ်စစ်ဗိုလ် သုံးယောက် ခေါင်းဆောင်သော ကရင်၊ ကချင်နှင့် ချင်းတပ်သား ၁၀၀ ခန့်ပါသော အဖွဲ့တစ်ဖွဲ့က ချင်းတွင်းမြစ်ကို “တုန်ဟဲ”မှနေ၍ ဖြတ်ကူးပြီး နောက် 'အောက်တောင်တွင် ဖြတ်ကူးသူများ၏ အခြေအနေကို စုံစမ်းရန် ဆင်းသွားပြီဖြစ်ကြောင်း သတင်းရသည်။
'တမူးမှချီတက်ခဲ့သော ကျွန်တော်တို့တပ်သည် နှစ်ညကြာပြီးနောက် လော်ရီကားလမ်းအဆုံး စခန်းဖြစ်သော “သန်နန်'သို့ ရောက်လာကြ၏။
'သန်နန်'နှင့် ချင်းတွင်းမြစ်အကြားတွင် တောင်တစ်လုံးသာ ကာဆီး လျက်ရှိတော့သည်။ 'သန်နန် ́မှ ကျွန်တော်တို့ထွက်လာသောနေ့တွင် ဗိုလ် မှူးချုပ် ဝင်းဂိတ်မှာ ချင်းတွင်းမြစ်တစ်ဖက်ကမ်းသို့ ရောက်ရှိနေပေပြီ။
ချင်းတွင်းမြစ် တစ်ဖက်ကမ်းသို့ ရောက်ပြီးနောက် မည်သည့်အချိန်၊ မည်သည့်နေရာတွင် နောက်ထပ်၍ ရိက္ခာရမည်ကို မခန့်မှန်းနိုင်သဖြင့် ကျွန်တော်တို့သည် ငါးရက်စာအတွက် ရိက္ခာခြောက်များကို ထည့်ယူလာခဲ့ကြ၏။
လက်နက်ကြီးများနှင့် အခြားရိက္ခာများကိုမူ လားများပေါ်တွင်တင်၍ မတ်စောက်သောတောင်ကို စတက်ကာ ချင်းတွင်းသို့ ရှေးရှုလာခဲ့ကြ၏။
ညနေစောင်းမှ ခရီးထွက်ခဲ့သော ကျွန်တော်တို့သည် ညရှစ်နာရီ မတိုင်မီ ကျွန်တော်တို့ရှေ့မှချီနှင့်သော စစ်ကြောင်းနောက်စွယ်ကို တွေ့ ရ၏။
လမ်းမှာ မတ်စောက်ပြီး အကွေ့အကောက်များလှရာ ရှေ့မှချီနှင့် သော တပ်ဖွဲ့တွင်ပါသည့် လားများပေါ်မှ ပစ္စည်းအထုပ်များ လျှောကျ ကာ မြေကြီးပေါ်တွင် စုပုံနေသည်။ ကျွန်တော်သည် ရှေ့မှချီနှင့်သော စစ်ကြောင်းတပ်ဦးဆီသို့တက်၍ အခြေအနေကို ကြည့်ရှုသည်။ ကိုက် ၅၀ အကွာတွင် ဝန်ထုပ်ဝန်ပိုး လျှောကျနေသော လားတစ်ကောင်ကျစီ တွေ့ရ သည်။ တပ်သားများမှာ ဝန်ထုပ်ဝန်ပိုးများကို ပြန်ချည်၍ လားပေါ်တွင် မြဲမြံအောင် တင်နေရခြင်းဖြင့် အလုပ်ရှုပ်နေသည်။
ကျွန်တော်ခေါင်းဆောင်လာသော အမှတ်(၅)စစ်ကြောင်း၌ တောင် အတက်တွင် လား ၄ ကောင်မျှသာ အထုပ်လျှော၍ကျခဲ့သဖြင့် ကျွန်တော် က ဂုဏ်ယူမိနေ၏။
ရှေ့မှချီနှင့်သော စစ်ကြောင်းခေါင်းဆောင်ကိုလည်း အမှန်ဆိုတော့ အပြစ်မတင်သင့်။ လမ်းများမှာ မကြာမီက ရွာချထားသော မိုးကြောင့် ဗွက်ထကာ ချောကျိနေပြီး မြေကြီးများ တဖွဲ့ဖွဲ့ပြီကျနေသည်။
နံနက်လေးနာရီခန့်တွင် “သန်နန်'နှင့် ချင်းတွင်းအကြား တစ်ခုတည်း သာရှိသော စမ်းကလေးဘေး၌ ကျွန်တော်တို့ စခန်းချ ရပ်နားကြ၏။
လားအမြီးများက ကျန်တော်တို့မျက်နှာကို မကြာခဏ လာ၍ရိုက် ခတ်သဖြင့် ကျွန်တော်တို့ ခဏခဏ အိပ်ရာမှနိုးကြသည်။
နောက်တစ်နေ့ နံနက်ရှစ်နာရီတွင် ဆမ်၊ ကွတ်၊ ကင်ဂလိုက်နှင့် ကျွန်တော်တို့သည် အခြားစစ်ကြောင်းများရှေ့သို့ ရောက်အောင် လားများ ဖြင့် သွားကြသည်။ လမ်းမှာ လားပေါ်တွင်ထိုင်၍ လိုက်သွားနိုင်အောင် မကောင်းလှ။ သို့သော် မကြာမီ လမ်းကောင်းကိုတွေ့မည်ဟူသော မျှော် လင့်ချက်ဖြင့် လားများကိုဆွဲ၍ အားခဲကာ လာခဲ့ကြ၏။
နှစ်မိုင်ကျော်ကျော်မျှ သွားမိသောအခါ လမ်းလက်ယာဘက်တွင် ကုန်းမြင့်ကျယ်ကလေးတစ်ခု တွေ့သဖြင့် လားများကို အထိန်းများနှင့် ထားခဲ့ကာ ကုန်းမြင့်ပေါ်သို့တက်၍ ရှေ့သွားရမည့်လမ်းကို လျှောက်ကြည့် ကြသည်။ - ကိုက်နှစ်ဆယ်ခန့်မျှ မြင့်သော ကုန်းမြင့်ကလေးပေါ်မှ လှမ်းမျှော်၍ ကြည့်လိုက်သောအခါ ကျွန်တော်တို့ရောက်နေသော တောင်ခြေရင်းအောက် ဘက်၌ မြောက်မှတောင်သို့ စီးဆင်းနေသော ချင်းတွင်းမြစ်ကို တွေ့ရ သည်။
ကျွန်တော်တို့ရှိနေသော နေရာမှ တောင်သည် အောက်သို့ ပြေ၍ ပြေ၍ ဆင်းသွားသည်။ သို့သော် ကွေ့ကောက်သောလမ်းကြောင့် ကျွန်တော်တို့သည် ချင်းတွင်းရောက်အောင် ၅ မိုင်မျှ ခရီးနှင်ကြရလိမ့်ဦးမည်ဟု ခန့်မှန်းရသည်။ ကျွန်တော်တို့ခရီးဆက်မည့် အရှေ့ဘက်တည့်တည့်တွင် တောတောင်များသည် တစ်ခုနှင့်တစ်ခု ထပ်ကာ ဆင့်ကာ ရှိချေသည်ကို မျက်စိတစ်ဆုံး မြင်ရသည်။ အရှေ့မြောက် မိုင် ၈၀ ခန့်အကွာတွင်ကား မီးတောင်ပုံသဏ္ဍာန်ရှိသော “တောင်သုံးလုံး” တောင်တန်းကြီးသည် မိုးအထိ ထိုးထွက်နေသည်ကို တွေ့ရှိ၏။
ကျွန်တော်တို့၏ လက်ဝဲဘက်နှင့် မြောက်ဘက်တွင်လည်း ကျွန်တော် တို့ရပ်နေသောကောင်နှင့် ကျောရိုးတစ်ဆက်တည်းရှိနေသော တောင်တန်းများကို မြင်ရသည်။
ထိုတောင်များမှာ “ဟုမ္မလင်း'နောက်ဘက်တွင်ရှိသော တောင်များပင် ဖြစ်သည်။
ကျွန်တော်တို့ရပ်လျက်ရှိနေသော နေရာနှင့် မျက်နှာချင်းဆိုင်တွင် တောတန်း တောင်တန်းများ ပြတ်နေပြီး ထိုလျှိုအကြားမှ ကြည့်လိုက် သောအခါ တစ်ဖက်ကမ်းပေါ်ရှိ ရွာကလေးတစ်ရွာကို မြင်ရသည်။ ကျွန် တော်တို့မြောက်ဘက် ၈ မိုင်ခန့်အကွာတွင် ချင်းတွင်းမြစ်ကမ်းပါး၌ ပေါက်ရောက်နေသော စိမ်းညို့သို့ တောတန်းအဆုံးတွင် “မြေနီ" ရှိမည်ဟု ခန့်မှန်းရသည်။
ကျွန်တော်တို့အထဲတွင် ကင်ဂလိုက်တစ်ဦးတည်းသာ မှန်ပြောင်းပါ ရာ ကျွန်တော်တို့သည် တစ်ယောက်တစ်လှည့်ကြည့်ရင်း ကျွန်တော်တို့၏ “တကယ့်စွန့်စားခန်းသည် ယခုမှ အစရှိပါသေးကလားဟု တွေးမိ၏။
မှန်ပြောင်းနှင့် ထပ်ကြည့်လိုက်သောအခါ ဟိုအဝေးကြီးဆီတွင် မြူများ အုံ့ဆိုင်းနေသော တောင်တန်းကြီးကို တွေ့ရ၏။ ကျွန်တော်တို့သွားရမည့် နေရာကား ဟိုအဝေးကြီးဆီတွင်မြင်ရသော တောင်တန်းကြီး၏ ခရီး နှစ်ပြန်လောက်ပင် ဖြစ်သည်။
ဤမျှဝေးသော ခရီးရှည်ကြီးသို့ တောအထပ်ထပ် ရန်အသွယ်သွယ် ကို ဖြတ်ကျော်သွားရမည်ဆိုသောအခါ ကျွန်တော်သည် စိတ်ရောလူပါ မောသွားလေသည်။
ကျွန်တော်တို့သည် ကုန်းမြင့်ကလေးပေါ်မှ ဆင်းပြီး ချင်းတွင်းရှိရာသို့ လာခဲ့ကြရာ မကြာမီ လက်ဝဲ လက်ယာ ဖြာ၍ထွက်သွားသော လမ်းခွဲ ကလေးတစ်ခုကို တွေ့ရ၏။ မည်သည့်လမ်း လိုက်ရမည်ကို လမ်းခွဆုံ တွင် ရပ်၍ စဉ်းစားနေစဉ် အိန္ဒိယ စစ်တပ်မှ ကင်းထောက်အဖွဲ့ရောက်လာပြီး လက်ဝဲလမ်းချိုးအတိုင်း လိုက်သွားသည်ကို တွေ့ရသည်။
လက်ယာဘက်လမ်းသို့ ကြည့်လိုက်သောအခါ မကြာမီက လျှောက် သွားကြသော ခြေရာများကို တစ်ဝက်တစ်ပျက် တွေ့ရ၏။ ကျွန်တော်တို့ သည် အိန္ဒိယ ကင်းထောက်အဖွဲ့ နောက်သို့ မလိုက်ကြတော့ဘဲ လက်ယာ လမ်းချိုးကလေးအတိုင်း လာခဲ့ကြရာ မကြာမီ ကင်းသမားတစ်ယောက်ကို လမ်းပေါ်၌ တွေ့ရ၏။
သူက တပ်မဟာဌာနချုပ်၊ လမ်း၏လက်ယာဘက်တွင်ရှိသည်ဟု လမ်းညွှန်သဖြင့် ကျွန်တော်တို့ ညွှန်ကြားချက်အတိုင်း လာခဲ့ကြရာ ဌာနချုပ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားကြ၏။
ဌာနချုပ်တွင် ချင်းတွင်းတစ်ဖက်ကမ်းသို့ ရောက်ပြီးနောက် တပ်ဖွဲ့ အားလုံး ကျော်ဖြတ်နိုင်ရေးကို စီစဉ်ရန်ဖြင့် ရောက်နေသော ဗိုလ်မှူးချုပ် ဝင်းဂိတ်ကို တွေ့ရ၏။
ဗိုလ်မှူးချုပ်က “ဂျပန်များ နှောင့်ယှက်မှုမရှိသော်လည်း မြစ်မှာ ကျယ်ပြီး ရေစီးက မြန်သဖြင့် ဖြတ်ကူးရာတွင် မလွယ်ကူကြောင်း”ပြောပြ သည်။