Skip to product information
1 of 2

Other Websites

ညိုမြ-- နန်းကြာညို

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

နိဒါန်း

ကျွန်ုပ်တို့၏မိတ်ဆွေ၊ ဆောင်းပါးရှင် ညိုမြသည် အစိုးရ ပညာတော်သင်အဖြစ် ဖြင့် အနောက်နိုင်ငံသို့ သွားရတော့မည်။ ဤသို့ သွားခါနီးတွင် သူ့အား နှုတ်ဆက်ရန် လိုပေ၏။ နှုတ်အားဖြင့် နှုတ်ဆက်ရန်ထက် လက်ဆောင်ကလေး တစ်မျိုးမျိုးနှင့် နှုတ်ဆက်က ပိုမို၍ ကောင်းပေလိမ့်မည်ဟု သူ၏မိတ်ဆွေ ကျွန်ုပ်တို့တစ်တွေက အောက်မေ့ကြလေသည်။ ဤသို့ အောက်မေ့သည့်အတိုင်း အကောင်းဆုံးသော လက်ဆောင်ကို ရှာကြသောအခါ သူ၏ စာများကို စုပေါင်း ပုံနှိပ်၍ ထိုစာအုပ်ကို လက်ဆောင်ပေးရလျှင် အကောင်းဆုံးသော လက်ဆောင် ပင် ဖြစ်ပေလိမ့်မည်ဟု ဆုံးဖြတ်ကြကုန်၏။ ဤသို့ ဆုံးဖြတ်သည့်အတိုင်း မိတ်ဆွေ ညိုမြ ရေးသားနဲ့သမျှသော ဆောင်းပါးများကို စုပေါင်းကာ ဤ စာအုပ်ငယ်ကို ရိုက်နှိပ်ခြင်း ဖြစ်လေသည်။ ။

ဤကဲ့သို့ ယခုအခါတွင် စုပေါင်း ပုံနှိပ်ခြင်း မပြုပါလျှင် နောင် နှစ်ပေါင်း အတော်ကြာအောင်ပင် ထိုဆောင်းပါးများ စာအုပ်ဘဝသို့ ရောက် ကြရဦးမည် မဟုတ်ပေ။ မဂ္ဂဇင်းများ အကြားတွင် မြုပ်ကွယ်သွားကြစရာ အကြောင်း ရှိလေသည်။ ။

ဤစာအုပ်ငယ်ကို ညိုမြအား လက်ဆောင်ပေးရန်နှင့် ညိုမြ၏ မိတ်ဆွေ များအား ၀၄ရန်သာ ရည်ရွယ်ထားသည် ဖြစ်သောကြောင့် ဤစာအုပ်ငယ် ကို ရသောသူတိုင်း ညိုမြ၏အကြောင်း သိပြီးသား ဖြစ်ပေလိမ့်မည်။ သို့ဖြစ် သောကြောင့် ညိုမြ၏ အကြောင်းကို ဗာရာဏသီ ဖွဲ့ ကာ ရေးသားနေရန် လိုမည် မထင်။ ဤနိဒါန်းကို ရေးသားသူကိုယ်တိုင်ကား ညိုမြနှင့် တစ် မျှသာ စကားကောင်းကောင်း ပြောဖူး၏။ သူ၏ စာများကိုကား အားလုံး လိုလိုကိုပင် ဖတ်ဖူး၏။ အားလုံးလိုလိုကိုပင် ကြိုက်လေသည်။ ထိုစဉ်အခါ ညိုမြ

စွမ်းသမျှ စာပေ အမ်လိုက်မိခဲ့သည်။ သို့ဖြင့် ဤစာအုပ် ဖြစ်ပေါ်လာခဲ့ပါတော့သည်။ သတင်းစာဆရာ၊ ဂျာနယ်လစ်၊ သမိုင်းပညာရှင်၊ ဘာသာပြန်ဆရာ ခေတ်ပြောင် သရော်စာ ရေးဖွဲ့သူ၊ လွတ်လပ်ရေးမော်ကွန်းဝင်... စသည့် ညိုပြ၏ ဂုဏ်ထူးဝိသေသ များ အပြင် ဝတ္ထုတိုသမား၊ ပြဇာတ်ရေးသူ ကဗျာဆရာ၊ ရုပ်ပုံလွှာနဲ့သူ၊ ယဉ်

ကျေးမှု သုတေသီ၊ အင်္ဂလိပ်လို ရသမြောက် ရေးဖွဲ့သူ ++ စသည် စသည်တို့အတွက် ဤစာအုပ်က အဓိပ္ပာယ် တစ်စုံတစ်ရာအထိ အနက်ဖွင့်ပေးလိမ့်မည်ဟု ယူမှတ်ပါသည်။

ယခုစာအုပ်ကို ညိုမြ၏ ပထမဆုံး လုံးချင်းစာအုပ် ဖြစ်သည့် “နမ်းကြာညို (၁၉၃၈)” အမည် ပေးထားပါသည်။ ညိုမြ၏ ညိုမြ၊ Nyo Mya (၁၉၃၉)” လက်ရင်းထား၍ ထိုထို မဂ္ဂဇင်းများရှိ စာများကို ဦးစားပေး ရွေးပါသည်။ ညိုမြ၏ စာရေးဆရာဘဝကို ကိုယ်စားပြုသည်ဟု ယူသော စားအချို့ကိုလည်း ထည့်သွင်းထား ပါသည်။ ညိုမြ ရုပ်ပုံလွှာကို တို့ထိကျီစယ်ထားသည့် ညိုမြ အပေါင်းအသင်းများ၏ လက်ရာ “အနောက်သွားသိမြ နှုတ်ဆက်စာတမ်း” ကိုလည်း ပူးတွဲတင်ပြထားပါသည်။ ဂျာနယ်၊ မဂ္ဂဇင်း အချို့တွင် ပါရှိသော စာတချို့ကိုမူ စာအုပ်ထူလွန်းပြီး၊ စာအုပ်ဈေး ကြီးမြင့်မညီကို ကွက်၍ ချန်လှပ်ခဲ့ရသည်။

ယခုစာများကို ပုံနှိပ်ရာတွင် မူရင်း စာနယ်ဇင်းပါ စာများနှင့် ညှိနှိုင်းထားပါ သည်။ အကြိမ်ကြိမ် ပြန်ရိုက်မူများတွင် ကွဲလွဲချက်များ တွေ့ရသည်။ စာရေးသူ ကိုယ်တိုင်ပင် ထပ်မံ ပြုပြင်ခဲ့သလော၊ သို့မဟုတ် အခြား အကြောင်းများကြောင့်လော။ ဝေခွဲမရပါ။ သုတေသန ပြုဖွယ်ပင်၊

ဤမျှ ပြည့်စုံစွာ စုစည်းရာတွင် ကူညီခဲ့ကြသည့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) နှင့် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ရှိ ဝန်ထမ်းများကို လည်းကောင်း၊ ဆရာညီ စာစုစာရင်း (အောက်တိုဘာ ၁၉၉၅) ပြုစုသူ မနုနုအောင် (ဝိဇ္ဇာဘွဲ့၊ သမိုင်း) ကို လည်းကောင်း၊ ဆိုးဝဦးညီ အစနှင့်စာပေ (စက်တင်ဘာ ၂၀၁၁) ပြုစုသူ တက္ကသိုလ်စိန်တင်ကို လည်းကောင်း၊ အထူး ကျေးဇူးတင်ကြောင်း မှတ်တမ်း တင်အပ်ပါသည်။

မည်သို့ဆိုစေ၊ ယခုစာအုပ်သည် စာရေးဆရာကြီး ညိုမြ၏ စာပေဂုဏ်ကျေးဇူး ကို တစ်ထောင့်တစ်နေရာမှ ထပ်မံ ထုတ်ဖော်ခွင့် ရမည် ဆိုအံ့။ စီစဉ်ထုတ်ဝေသူ အနေနှင့် မိမိအပေါ် တင်ရှိနေသော ဆရာကြီး၏ စာပေကျေးဇူးကို အနည်းငယ်မျှ ဆပ်ခွင့်ရသည် ဟူသော ပီတိဖြင့် များစွာ ကျေနပ် ဝမ်းမြောက်နေမည်သာ ဖြစ်ပါ သည်။ အကယ်၍ အမှားတစ်စုံတစ်ရာ တွေ့ခဲ့လျှင်မူ စာရေးဆရာကြီး ညိုမြနှင့် မပတ်သက်ဘဲ စီစဉ်ထုတ်ဝေသူနှင့်သာ သက်ဆိုင်ပါကြောင်း လေးစားစွာ တင်ပြအပ် ပါသည်။

နှင့် တွေ့ဆုံကြတုန်းက ညိုမြသည် ဣန္ဒြေကြီးစွာနှင့် စကားဆို၏။ တိတ် တိတ်နေ ထောင်တန် ဟူသော စကားကို လက်ကိုင်ထားသော ပုဂ္ဂိုလ်နှင့် တူလေရဲ့ဟု တွေးတောမိခဲ့လေသည်။ သူနှင့် တွေ့စဉ်က သူ ဣနြေကောင်း၊ စကားနည်းသလောက် သူ၏ ဆောင်းပါးများသည် ရွှန်းရွှန်းဝေနေလေတော့ သည်။ ဤမျှ ဣနြေကောင်းသော ပုဂ္ဂိုလ်သည် ဤမျှ ရွှန်းရွှန်းဝေသော စာ များကို ရေးစွမ်းသည်ကို အံ့သြမိ၏။ ချီးမွမ်းမိ၏။ အားကျမိ၏။ သို့သော် ညိုမြနှင့် အလွန်ရင်းနှီးသော မိတ်ဆွေ တစ်ယောက်ကမူကား ညိုမြသည် သူနှင့် အကျွမ်းဝင်သော မိတ်ဆွေများ၏ ရှေ့တွင်ကား အလွန် အရွှန်းအသော တို့ကို ပြောတတ်ကြောင်း၊ မိတ်ဆွေများ၏ နှမများကို တောင်းတတ်ကြောင်း တစ်ဆင့် ဖောက်သည်ချ၍ သိရှိရလေသည်။ မည်သည့်ပုဂ္ဂိုလ်သည် မိမိနှင့် ရင်းနှီးသော မိတ်ဆွေများ၏ ရှေ့တွင် ရယ်ရွှင်ဖွယ် အသောများကို မပြော ကြားဘဲ နေအံ့နည်း။

ညိုမြ၏ ဆောင်းပါးများတွင် ထူးခြားသော အချက်နှစ်ချက်တို့ကို တွေ့မြင်ရလေသည်။ ။

ပထမ ထူးခြားသော အချက်ကား သရော်စာ ရေးသားရာတွင် မိမိရရ ရေးသားနိုင်ခြင်း ဖြစ်၏။ သူ၏ ဆောင်းပါးများသည် အများအားဖြင့် သရော် စာများ ဖြစ်လေသည်။ “နွားနှင့်သပိတ်” “မီးတုတ် မီးတုတ်”တို့မှာ ဧရာမ သရော်စာကြီးများ ဖြစ်လေသည်။ သရော်သည့် နေရာတွင် မည်သူ့ကိုမျှ ချမ်းသာပေးသောသူ မဟုတ်။ နွားနှင့်သပိတ်” တွင် ကြည့်လော့။ ညိုမြသည် သရော်အရာတွင် မဟော်သဓာ ဟူ၍ ခေါ်ဆိုလောက်သော သခင်ကိုယ်တော် မှိုင်းကြီးအား အလွန်လေးစားကြည်ညိုသူ တစ်ယောက် ဖြစ်သောကြောင့် သူ သရော်စာအရေး ဝါသနာပါသည်ကို အံ့သြစရာ မရှိချေ။

ဒုတိယ ထူးခြားသော အချက်ကား ယခုခေတ်မှ ပေါ်သော ရွှေကြာပင် ခေတ်စမ်းသမားတို့၏ အသွားမျိုးကို ရေးသားသော်လည်း ရှေးခေတ်က သုံးနှုန်းလေ့၊ သုံးနှုန်းထရှိသော ဝါကျများ၊ စကားများကို ထည့်သွင်းရေးသား

လေ့ရှိခြင်း ဖြစ်လေသည်။ “ဤမည်သော” “ထိုမည်သော” အစရှိသည့် စကား မျိုးကို ခပ်များများ သုံးလေ့ရှိ၏။ ဤနေရာတွင်လည်း သခင်ကိုယ်တော်မှိုင်း ၏ အငွေ့အသက် မကင်းပေ။ ညိုမြ သုံးလေ့ရှိသော အခြား ရှေးဆန်ဆန် စကားတို့ကား- “ဘယ်နံရောအခါမဆို။ အတိတ်ကို ဆောင်သည်ရှိသော်၊ လွန်လေပြီးသော ကာလ” အစရှိသည်တို့တည်း။

တစ်ခါက ဒဂုန်မဂ္ဂဇင်းတွင် သူ၏ ရည်းစားဟောင်းတွေ အကြောင်း စားမြုံ့ပြန်ကာ “ရှေးဖြစ်ဟောင်း” ခေါ် ဆောင်းပါးတစ်စောင်ကို ရေးလိုက်

လေသည်။ ထိုဆောင်းပါးကား စာဖတ်သူတို့အား ရွှင်ပြုံးစေ၏။ စာဖတ်သူ တို့၏ စိတ်ကို ထိခိုက်စေ၏။ စာဖတ်သူတို့အား စဉ်းစားစေ၏။ သူ၏ တကယ့်အဖြစ်အပျက်ကိုပင် ရေးသားထားသည်၊ လုပ်ကြံကာပင် ရေးသား ထားသည် ဟူ၍ကား မသိ။ ဖတ်၍ကောင်းသော ဆောင်းပါးကား ဖြစ်လေသည်။

ထိုနောက် “နန်းကြာညို” အမည်နှင့် စာအုပ်ကလေး တစ်အုပ်ကို ထုတ်ဝေပြန်၏။ နန်းတော်အကြောင်း မဟုတ်ပါ။ ရှေးသီချင်းအကြောင်း မဟုတ်ပါ။ သမီးရည်းစား နှစ်ယောက် ကျောက်တုံးကလေး တစ်လုံးပေါ်မှာ နမ်းကြသောအကြောင်း ဖြစ်ပါသည်။ တကယ့် ညိုမြ ဖြစ်၏။

မကြာမီကလေးပင် ဂန္တလောကတွင် “နှင်းနု” အကြောင်းကို ရေးပြန် လေသည်။ မြန်မာဆောင်းပါး မဟုတ်။ အင်္ဂလိပ်ဆောင်းပါး ဖြစ်၏။ နှင်းနု နှင့် ညိုမြတို့ မည်သို့ဖြစ်ပျက်ကြသည်မှာ အရေးမကြီးလှ။ နောက်ဆုံး ဆောင်းပါး အပြီးသတ်သောအခါ စာဖတ်သူ၏ စိတ်ထဲတွင် ဘာလိုလိုဖြစ်ကာ ကျန်ရစ် လေသည်။ ဤကား ဆောင်းပါးကောင်း၊ စားကောင်းတို့၏ သဘောတစ်ရပ် ပေတည်း။ ။

ညိုမြ၏ ဆောင်းပါးကို ခြုံကာ သူ၏ ရေးသားပုံကို ဝေဖန်ကြည့် မည် ဆိုသော် သူ၏စာသည် စာဖတ်သူတို့အား ရွှင်ပြီးစေ၏။ စာဖတ်သူတို့ စာမဆုံးမချင်း လက်မလွှတ်ချင်အောင် ဆွဲငင်နိုင်သော သတ္တိရှိ၏။

ယခု ဖော်ပြပြီးဖြစ်သော သတ္တိထူးများ ပါသည့် ဆောင်းပါးများကို ဖန်တီးခဲ့သော ညိုမြသည် အနောက်သို့ ပညာသင်သွားတော့မည်။ အနောက် နိုင်ငံသို့ ချောချောမောမော ကျန်းကျန်းမာမာနှင့် ရောက်ပါစေသတည်းဟု ကျွန်ုပ်တို့ မိတ်ဆွေတစ်စုက ဆုတောင်း၏။ အနောက်နိုင်ငံတွင် ကျန်းကျန်း မာမာနှင့် လိုအပ်သော ပညာရပ်များကို တတ်မြောက်ပြီးလျှင် ချောချောမော မောနှင့် မြန်မာပြည်သို့ ပြန်ရောက်ပါစေသတည်းဟုလည်း ဆုတောင်း၏။ မြန်မာပြည်သို့ ပြန်ရောက်သောအခါ သားကောင်းတစ်ယောက်ပီပီ အမိမြန်မာ ပြည်၏ အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်စေသတည်း ဟူ၍လည်း ဆုတောင်း၏။

သိပ္ပံမောင်ဝ ပြည် ရွှေဘို ၁-၅=၃၉

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)