ဆန်းလွင် - အိုင်းစတိုင်း
စာရေးသူ၏ဆန္ဒ
ဤစာအုပ်ကို ပြုစုရသူ၏ ရည်ရွယ်ချက်ဆန္ဒကို ရှေ့ကကာဆီးပြီး ကြိုတင် တရား ဟောစရာ
လိုမည်မထင်ပါ။
စာဖတ်သူသည် ဤစာအုပ်ကို စဖတ်သည်ကစ၍ ဆုံးသွားသည်အထိ ဖတ်မိ သမျှ စာလုံးတွေက ထိုစာရေးသူ၏ စေတနာဆန္ဒကို ပြောပြကြပါလိမ့်မည်။
ယင်းစေတနာ၏ အောင်မြင်ထမြောက်မှုသည်ကား စာရေးသူအပေါ်တွင် မတည် ပါ။ ဤစာအုပ်သည် ခေတ်တစ်ခေတ်က တောင်းဆိုနေသည့် လိုအပ်ချက်များနှင့်ဖြစ်စေ၊ လိုအပ်ချက်တစ်ခုနှင့်ဖြစ်စေ မည်ရွေ့မည်မျှ ထိတွေ့နိုင်သလဲ ဆိုသည်မှာ အကဲဖြတ်ချက် ပေါ်တွင်သာ တည်ပါလိမ့်မည်။ ဤစာအုပ်ကို ဖတ်ပြီးသောအခါ တန်ဖိုးကို သိလိမ့်မည် ထင်ပါသည်။ ယင်းသို့ သိပြီးဆိုပါက စာရေးသူ၏ဆန္ဒ ပြည့်ဝပါပြီး အိုင်စတိုင်းကား သိပ္ပံဒဿန၏ ပြယုဂ်သာ ဖြစ်ပါသတည်း။
ဆန်းလွင်
ဒုတိယတွဲ အမှာစကား
ဤစာအုပ်ကို ပြုစုရှာမှီး တင်ပြသူသည် အိုင်စတိုင်းပထမတွဲတွင် သူ၏အမှာစာကို မရေးခဲ့ပါ။ စာအုပ်ပြုစုရခြင်းဆန္ဒနှင့် စေတနာလောက်ကိုသာ အမြွက်မျှ ဆိုခဲ့သည်။
ယခု အိုင်စတိုင်းဒုတိယတွဲမှာကား စာရေးသူက အိုင်စတိုင်းအကြောင်း၊ ကမ္ဘာ့ သိပ္ပံပညာအကြောင်း ပထမအဆင့် ကြိုးပမ်းမှုအနေနှင့် မြန်မာစာပေလောကမှ စာပေ၊ သုတေသီများ ကျောင်းသူကျောင်းသားများသို့ တင်ပြချက်တစ်ရပ် ပြည့်စုံပြီဖြစ်၍ သူ၏အမှာစာကို ရေးလိုက်ပေသည်။ ။
ယခုလို မြန်မာနိုင်ငံ၏ သိပ္ပံစာပေ ထွန်းကားစ ခေတ်ဦးမှာ ကမ္ဘာပေါ်၌ ပြိုင်စံရှားကျော်ကြားသော သိပ္ပံပညာရှင်ကြီး အိုင်စတိုင်းအကြောင်းကို ရေးသားပြုစုမိ ခြင်းအတွက် စာရေးသူအနေနှင့် ဂုဏ်ယူကျေနပ်ရပါသည်။ နောင်တစ်ခေတ်တွင် သိပ္ပံ စာပေတွေ အမြောက်အမြား ထွက်ပေါ်လာရေးအတွက် ပထမခြေလှမ်း ပထမခုတုံး ကလေးအဖြစ် ဤစာကို ရေးသည်ဆိုလည်း မှားအံ့မထင်။
' ကမ္ဘာပေါ်တွင် သိပ္ပံပညာထွန်းကားခဲ့သည်မှာ ကြာပါပြီး၊ သိပ္ပံ အဆောက်အအုံ ကြီးလည်း အဆမတန် ကြီးမားနေပါပြီး လူသားတစ်ဦးအဖို့ ယခုခေတ်တွင် သိပ္ပံပညာ ကို လေ့လာလိုက်စားမည်ဆိုပါက
ရှေးသူကောင်းတို့ ပြုစုရှာမှီးတည်ဆောက်ခဲ့ပြီး သိပ္ပံပညာရပ်များကိုပင် တစ်သက်တစ်ကမ္ဘာ လေ့လာစေဦး။ ကုန်အံ့နိုးမထင်။ အသက် တမ်းသာ ကုန်ဆုံးမည်။ သူများ လေ့လာထားပြီးသည်ကို လေ့လာလို့ ကုန်ဦးမည် မဟုတ် ဤသို့ လေ့လာရင်း လက်တွေ့လုပ်ဆောင်ရင်း လူ့ဘဝအကျိုး လူမကုန်ထုတ် လုပ်ငန်း တိုးတက်ရေး လူ့ယဉ်ကျေးမှု စည်ပင်ရေးတို့အတွက် ဆောင်ရွက်ကြရသော အပိုင်းသည် သိပ္ပံပညာတွင် လက်တွေ့အသုံးပိုင်းဖြစ်၍ ဤအပိုင်းမှာ ယခုအခါ အဘောင် အရေးပါအရာရောက်လျက် ရှိပါသည်။ သိပ္ပံပညာကို နှောင်းလူတို့ လိုက်စားကာ အသုံးချသွားခြင်းဖြင့် လူ့ဘဝအကျိုး သယ်ပိုးနိုင်သော်လည်း ၂မျှ လောက်ဖြင့် သိပ္ပံပညာ၏ လုပ်ငန်းကား မပြီးသေး
သိပ္ပံပညာသည် သဘာဝလောကကြီးထဲတွင် ငုပ်လျှိုပုန်းကွယ်နေသော ရတနာ သိုက်ကြီးဖြစ်သည်။ ထိုရတနာသိုက်ကြီးကို ဖော်ထုတ်ပြီး နှောင်းလူတို့က အမွေခံကာ အသုံးချရသည်မှာ မခက်ချေ။ ယင်းရတနာသိုက်ကို အလုပ်ကသာ အဆအရာပို၍ ခက်ခဲလှသည်။ ဤကား သိပ္ပံပညာနယ်တွင် သာမန်လူတို့၏ အလုပ်မဟုတ်။ ပါရမီ ရင့်သန်သော ပညာရှင်ကြီးတို့၏ အလုပ်ဖြစ်ချေသည်။ ထိုသူတို့သည် အသစ်တီထွင်သူ များ အသစ်အသစ်ကို ရှာဖွေဖော်ထုတ်သူများသာ ဖြစ်ကြ၏။
ဤမည်သော အသစ်တီထွင်ရသောအခန်း၊ အသစ်ရှာဖွေဖော်ထုတ်ရသော | အခန်း၊ သဘာဝတရားကြီးကို ထိုးထွင်းဖောက်ရသော အခန်းသည် သိပ္ပံပညာနယ်တွင်
ရေသောက်မြစ်ဖြစ်၏။ သိပ္ပံအဆောက်အအုံကို ကြီးမားကျယ်ပြန့်လာစေ၏။ သိပ္ပံ ရတနာသိုက်တွင် ရတနာများ ထပ်ဖြည့်ပေးသော အခန်းဖြစ်၏။ ဤသို့လျှင် သဘာဝ တရားကို ပါရမီရှင် ပညာအရင့်အမာရှိသူ ပုဂ္ဂိုလ်တို့က ထွင်းဖောက်ရှာမှီးပေးခဲ့သမျှကို နှောင်းလူတို့မှာ သုံးစားကြရ၏။ ထို့ကြောင့် သုံးစားရသည်မှာ မခက်။ ရှာမှီးတီထွင်ရ သည်မှာသာ ခက်၏။
မျက်မှောက်ခေတ် သိပ္ပံပညာနယ်တွင် လက်တွေ့အသုံးချသော အပိုင်းကို အလေ့အလာ အလိုက်အစား များကြသည်။ ထိုသို့များရခြင်းမှာ တိုင်းပြည်နှင့် လူမျိုး အတွက် စီးပွားရေးဘဝ လိုအပ်ချက်များ၊ ယဉ်ကျေးမှုဘဝ လိုအပ်ချက်များကို သိပ္ပံပညာ အကူအညီဖြင့် ဖြည့်တင်းရန် ဖြစ်၏။
တီထွင်ကြံဆရသောအပိုင်းကိုမူ သိပ္ပံပညာတွင် သဘောတရားရေးသိပ္ပံပညာဟု ခေါ်ကြသည်။ ဤသဘောတရားရေး သိပ္ပံပညာကို လေ့လာလိုက်စားရသူတို့ကား
သာမန်လူတို့ မဖြစ်နိုင်။ ပါရမီ အရင့်အမာရှိရမည်။ ပါရမီဆိုသည်လည်း အခြားမဟုတ်၊ မဆုတ်မနစ်သော ဇွဲလုံ့လနှင့် ကြီးစွာသော အားထုတ်မှုတရားပင် ဖြစ်၏။
မြန်မာတို့မှာ ကြိုးစားလျှင် ဘုရားပင်ဖြစ်သည်ဆိုသော စကားရှိ၏။ တစ်နေ့ တွင် မြန်မာ့လောကဓာတ် သိပ္ပံပညာနယ်တွင်လည်း လက်တွေ့အသုံးချရုံနှင့် မပြီးတော့ ဘဲ တီထွင်ကြံဆရသော အခြေအနေသို့ ရောက်လာချေတော့မည်။ ယနေ့ သိပ္ပံပညာ ၏ အနာဂတ်ကို မျှော်မှန်းကြည့်သော် အားကိုးရာသည် မြန်မာ့လူရည်ချွန် လူငယ်ကျောင်းသားများပင်ဖြစ်သည်။ သူတို့ကို အားကိုးရမည်။ သူတို့ထဲမှ သိပ္ပံပညာ အာဇာ နည်တွေ၊ ပါရမီရှင်တွေ ပေါ်လာအောင် မွေးထုတ်ယူကြရမည်။ ဤတာဝန်သည် ယနေ့တာဝန်ဖြစ်၏။
အိုင်စတိုင်းတည်းဟူသော သဘောတရားရေး သိပ္ပံပညာရှင်ကြီး တစ်ယောက် သည် သိပ္ပံအာဇာနည် ပါရမီရှင်တစ်ဦးဖြစ်လာအောင် ဘယ်မျှ အပင်ပန်းအဆင်းရဲခံက ကြိုးစားခဲ့ရသည်ကို သိမြင်ရလျှင် မြန်မာလူငယ်တို့အဖို့မှာ အတုယူဖွယ်၊ စိတ်ဓတ်တက်ကြွဖွယ် ဖြစ်မည်ကြောင့် ယခုလို သိပ္ပံပညာကျော် အိုင်စတိုင်းအကြောင်း သိကောင်း စရာများကို ပြုစုလိုက်ရပါသည်။
ယခု ဤစာစောင်တွင် တက္ကသိုလ် ကျောင်းသူကျောင်းသားများလောက်သာ ရည်ရွယ်ရင်းမဟုတ်ဘဲ စာဖတ်တတ်သော လယ်သမား၊ အလုပ်သမားများပင် ဖတ်ရလျှင် နားလည်အောင်၊ နားလည်လျှင် မိမိတို့ သားသမီးများကို သိပ္ပံပညာရှင်များ ဖြစ်လာစေ ချင်သော ဆန္ဒများ ပေါ်ပေါက်လာစေရန် ရည်သန်၍ လွယ်လွယ်ကလေး စိတ်ဝင်စားဖွယ် ဖြစ်ရအောင် ရေးလိုက်ရပါသည်။ ။
ဤမျှလောက်လွယ်ကူအောင် ရေးထားသဖြင့် တချို့သော ပညာရှင်တို့အဖို့မှာ ” ပညာပိုင်းကို အထူးအလေးပေး မရေးရကောင်းလားဟု အားမရ မကျေနပ်ခြင်း ဖြစ်ချင် ကြပါမည်။ ။
သို့ရာတွင် သိပ္ပံပညာမှာ အများပြည်သူနှင့် လက်ပွန်းတတီး မရင်းနှီးသေးမီ ဤသို့ လွယ်လွယ်ကူကူ ရှင်းရှင်းလင်းလင်း ရေးမှဖြစ်မည်ဟု နှလုံးပိုက်မိပါသဖြင့်
ဤသို့ ဖတ်ချင့်စဖွယ် ဇာတ်လမ်းသွယ်၍ အိုင်စတိုင်းဘဝ ကြိုးပမ်းချက်များ၊ သဘောတရားများကို ရေးသားလိုက်ရပါသည်။
ဆန်းလွင်
အခန်း(၁)
ဆင်စွယ်ရုပ်နှင့် ဆင်စွယ်အိမ်
အပေါ်ဆုံးထပ်ရှိ အခန်းတွင်းသို့ ဝင်ပေါက်သံတံခါးမှာ အပွင့်သားရှိသည်။ အခန်း ကြမ်းပြင်မှာ ရှာထိုးခင်းပြီး ပွတ်တိုက်ထားသောကြောင့် ပြောင်လက် သန့်ရှင်းနေ၏။ နံရံများမှာမူ သင်္ဘောဆေးအဖြူရောင် တစ်ကြိမ်သာသုတ်ထားခဲ့ဖူးသည့်အတွက် အရောင် မတောက်ကြတော့ပေ။ အခန်းနံရံတစ်ခုနှင့် ကပ်ထားသော စာအုပ်စင်ပေါ်တွင် စာများ၊ ဂျာနယ်စာအုပ်များသာ ပြည့် နှက်လျက်ရှိ၏။ ကျမ်းကြီးကျမ်းခိုင်ထဲက စာအုပ်ဆို၍ တစ်အုပ်တလေမျှပင်မရှိ၊ အခြားတစ်ဖက်က နံရံပေါ်တွင်မူ သတ္တုပြားပေါ်တွင် ထုထား
သော ဆားအိုက်ဇက်နယူတန် ၏ ရုပ်ပုံလွှာတစ်ခုသာ ချိတ်ဆွဲထားသည်။ ထိုနံရံအနီး ကြမ်းပြင်ပေါ်တွင် နောက်မှီကုလားထိုင်နှစ်ခု ချထားသည်။ တံခါးပေါက်ဘက်က နံရံ
ပေါ်ရှိ မှန်ပြတင်းပေါက်မှာ အသေပိတ်ထားသည်။ ပြတင်းပေါက်မှန်များသည် နှင်းမှုန် များကြောင့် မှုန်ဝါးဝါး ဖြစ်နေကြသည်။ ဧည့်ခန်းစားပွဲဝိုင်းကလေးတွင် ထိုင်နေသူ “လူတစ်ယောက်၏ မျက်နှာပေါ်တွင်ကား မှုန်ဝါးဝါး အလင်းရောင်ကလေးကသာ ရောင်ပြန့်ဟပ်လျက်ရှိလေသည်။
ထိုလူသားတစ်ယောက်ကား အခြားလူမဟုတ်။ ကမ္ဘာ့သိပ္ပံပညာသမိုင်းတွင် နယူတန်နောက် ပေါ်ပေါက်သော သိပ္ပံပညာရှင်ကြီးများအနက် အထင်ရှားဆုံး အကျော် ကြားဆုံးဖြစ်သော 'အယ်လ်ဘတ် အိုင်စတိုင်းပင် ဖြစ်လေသည်။ အိုင်စတိုင်းကား သဘောတရားရေး ရူပဗေဒပညာရှင်ကြီးတည်း။ သို့ရာတွင် အသက် ၄၀ ရှိပြီဖြစ်သော ထိုစဉ်အခါတုန်းကမူ တစ်ကမ္ဘာလုံးက အိုင်စတိုင်း အကြောင်းကို ယခုလောက် မသိ ကြသေးပေ။
ခဲတံတစ်ချောင်း၊ စာရွက်တစ်ရွက်နှင့် ရေးခြစ်ရင်း၊ သင်္ချာတစ်ပုဒ်အတွက် သူသည် အလုပ်ရှုပ်လျက်ရှိ၏။ ပုစ္ဆာမှာ လွယ်လွယ်နှင့် အဖြေထုတ်၍မရသော ပုစ္ဆာဖြစ်၏။ အတန်ကြာ စဉ်းစားလိုက် ခဏရပ်လိုက်။ ခေါင်းပေါ်က ဖြူရော်ရော်ဖြစ်နေပြီ ဖြစ်သော ဆံပင်ရှည်ကြီးများကို လက်ချောင်းများဖြင့်ဖွကာ ဆံပင်ကို လက်ချောင်းများ နှင့် လိမ်လိုက် လုပ်နေ၏။ နောက်ထပ် ဂဏန်းတွေ၊ စာလုံးတွေ မရေးချနိုင်လေတိုင်း သူ့ဆံပင်ကိုသာ လက်ချောင်းများဖြင့် လိမ်ကာ ဆောင့်ဆွဲနေလေသည်။ တစ်ခါတလေ စိတ်မောကိုယ်မော ဖြစ်သွားသည့်အခါ စားပွဲပေါ်တွင် စီထားသော ဆေးတံသုံးချောင်း | အနက် တစ်ချောင်းကိုယူပြီး သွားကြားမှာ ညှပ်ထားလိုက်၏။ ဆေးတံမှာ မီးငြိမ်းနေ စေကာ သောက်ထားဖန်များပြီ ဖြစ်သောကြောင့် ဆေးချေးများ တက်နေပြီဖြစ်၏။
ပြတင်းပေါက်မှ ထိုးဝင်လာသော အလင်းရောင်ဖျော့ဖျော့အောက်၌ သူ့မျက်နှာ | သည် ဆင်စွယ်ရောင်တောက်လျက် သူ့ကိုမြင်ရသည်မှာ ဆင်စွယ်ရုပ်တုတစ်ခုနှင့်ပင် တူလှသည်။ အသက်လေးဆယ်အရွယ်ဖြစ်ရကား မျက်နှာမှာ ချောမွတ်နေသည် ဆိုရ စေကား မျက်လုံးအိမ်ပတ်ဝန်းကျင်တွင် အရေပြားများ မသိမသာ တွန့်နေကြပြီ။ နက်
မှောင်သော ဆံပင်ရှည်ကြီး အဖုတ်လိုက်ကြားထဲတွင် ဆံပင်ဖြူများလည်း ရောနှော ပေါက်ရောက်နေကြပြီ။ . "
မိုးပေါ်သို့ ထောင်တက်သွားသော သူ့မျက်ခုံးမွေး ထောင့်စွန်းကမူ အဆုံးမဲ့သော - အတွေးစဉ်ကြီးကို ညွှန်းနေဘိသို့ရှိ၏။ သူ့မိတ်ဆွေတစ်ဦး ပြောပြသလိုဆိုလျှင် သူ့ မျက်လုံးများမှာ ရိုးသားသန့်စင်လှသည့် ကောင်းကင်တမန်တို့၏မျက်လုံးများသို့ ရှိသည် ဆို၏။ ခြုံကြည့်လိုက်လျှင်တော့ သူသည် လူချောလူခန့်တစ်ယောက်ဟု ဆိုရပေမည်။ အိုင်စတိုင်းသည် သူဖန်တီးယူခဲ့သည့် ရူပဗေဒသိပ္ပံကမ္ဘာလောကကြီးထဲတွင် အချိန်ရှိ
သရွေ့ နှစ်မျောနေလေသည်။ သူ့မှာ ရူပဗေဒအတွက် စဉ်းစားတွေးခေါ်နေရသောအာရုံ | က လွဲ၍ ဘယ်အာရုံမျှ မရှိတော့။
အိုင်စတိုင်းတို့အိမ်ထောင်စု နေထိုင်လျက်ရှိသော အခန်းမှာ ဘာလင်မြို့ ဟား ဘားလင်းလမ်းမပေါ်ရှိ ၇ ထပ်တိုက်၏ အပေါ်ဆုံးထပ် ခေါင်စွန်ခန်း ဖြစ်သည်။ ဤ တိုက်ကြီးသည် ဘာလင်ကဲ့သို့သော စည်ကားသည့် မြို့တော်တစ်ခု၏ တစ်စိတ်တစ်ဒေသ ဖြစ်စေကာ တိုက်အပြင်ဘက်လောကတွင် လှုပ်ရှားဆူညံနေသလောက် အိုင်စတိုင်းတို့ အခန်းထဲတွင်ကား ငြိမ်ချက်သားကောင်းလှ၏။ မှုန်ဝါးဝါး အလင်းရောင်နှင့် ပကတိ
ဆိတ်ငြိမ်သော အခန်းထဲတွင် အိုင်စတိုင်းဆိုသူသည် တစ်ယောက်ထီးတည်းနေရခြင်း ဘဝ၌ နှစ်ခြိုက်မွေ့လျော်နေလေသည်။
သူသည် ဤသြကာသ လောကကြီးတစ်ခုလုံး ယခုတွေ့မြင်နေကြရသကဲ့သို့ အဘယ်ကြောင့် လှုပ်ရှားဖြစ်ပေါ်နေရပါလိမ့်ဆိုသည့် ပြဿနာ၏အဖြေမှန်ကို ရရှိလို သည့်စိတ်နှင့် အစွမ်းကုန် ကြိုးစားနေသူ ဖြစ်လေသည်။ သူ့အတွေးစဉ်တွင် စတ္တဇဆန် သော စိတ်ကူးစိတ်သန်းများသာလျှင် အစဉ်ကိန်းဝပ်၍ ယင်းအတွေးများ ကွန်ယက်မှာ သာ ငြိတွယ်နေသော သူ့ဘဝထဲတွင် အပြင်လောကမှာ ဘာတွေ ဘယ်လိုဖြစ်နေကြ သည်ကိုပင် ဂရုမစိုက်နိုင်အောင် ရှိတော့သည်။ အပြင်လောကကို အာရုံဖြန့်ကျက်မိ ပြန်တော့လည်း ရိုင်းစိုင်းရက်စက်လှသည့် အပြင်လောကကြီးက သူ့ကို စိတ်သောက ရောက်စေသည်သာ အဖတ်တင်ကျန်ခဲ့၏။ သည်တော့လည်း သူ့အဖို့ ရူပဗေဒ ဆိုသည့် အတွင်းကမ္ဘာလောကလေးထဲမှာ ပြန်ပြီးပုန်းအောင်း စဉ်းစားနေခြင်းသည်သာ စိတ်ချမ်း သာစရာ ဖြစ်နေလေတော့သည်။ ။
“တစ်နေရာရာမှာ ဉာဏ်ပညာရှိပြီး စိတ်ကောင်းနှလုံးကောင်းရှိတဲ့ လူတွေသာ နေတဲ့ ကျွန်းလွတ် တစ်ကျွန်းတလေများရှိရင် ဘယ်လောက် ကောင်းလိုက်မလဲနော်” ဟူ၍ပင် သူငယ်ချင်းတစ်ဦးထံသို့ သူရေးခဲ့သည့် စာတစ်စောင်ထဲတွင် ညည်းညူသံနှော ၍ ရေးခဲ့ဖူးလေသည်။
သူနေချင်သည့် ကျွန်းကလေးမျိုးကလည်း ဘယ်မှာမှ မရှိပါတကား။ လွတ် မြောက်ရာဟူ၍ ခုနစ်ထပ်တိုက် အပေါ်ဆုံးထပ်အခန်းကလေးကလွဲလျှင် ဘာမျှမရှိတော့။ သည်အခန်းကလေးသည်သာ သူ့ဘဝ၏ ခိုနားရာ၊ စိတ်ချမ်းမြေ့ရာ ဖြစ်တော့သည်။
အချိန်မှာ ၁၉၁၉ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ဖြစ်သည်။ ဘာလင်မြို့တွင် နိုင်ငံရေးလှုပ်ရှားမှုများ အုံကြွလာသည်။ ထိုအခါ အရုပ်ဆိုးလှသော လူ့ဘောင်ပတ်ဝန်း ကျင်ကြီးကို မမြင်မိ၊ မကြားမိအောင် သူသည် အခန်းတံခါးကို လုံအောင်ပိတ်နေရတော့ သည်။ ဘာလင်မြို့တစ်မြို့လုံးကား ဘော်ရှီဗစ်တို့၏ ကွန်မြူနစ်လှုပ်ရှားမှုဖြင့် အုံကြွ ဆူပူနေလေပြီ။
နှင်းခဲများဖြင့် ဖုံးလွှမ်းနေသော ဘာလင်မြို့ လမ်းမကြီးများပေါ်တွင် ဆန္ဒ ပြသူတို့၏အသံဖြင့် ကျွက်ကျွက်ဆူနေ၏။ ကာကွယ်ရေးဝန်ကြီး ဂပ်စတပ်နော့စကီး ဘက်တော်သားများက လမ်းမများကို သံဆူးကြိုးများ ဖြင့် ပိတ်ပင်တားဆီးထားသည်။ လက်နက်ကိုယ်စီနှင့် စစ်သားများ စစ်ကားများကလည်း ပေါက်ကွဲလာမည့် အခြေ အနေကို အသင့်စောင့်ဆိုင်းနေကြလေသည်။
ထိုနေ့နံနက် ဘာလင်မြို့တော်၏ ရှုခင်းကား အကျည်းတန်လှသည်။ နှင်းဖုံး သော လမ်းမကြီးများပေါ်တွင် သံဆူးကြိုးတွေနှင့် ဆေးရုံများ၌ လူ့လောကသို့ တိုးဝင် ရောက်ရှိလာကြသော လူမမည်ကလေးငယ်များလည်း အေးလွန်းသည့် ဆောင်းဒဏ်
ကြောင့် သေကုန်ကြသည်။ ဆေးရုံတွင် အပူဓာတ်ပေးရန် လောင်စာမရှိ။ စစ်ပြန် ရဲဘော်များမှာ စီးကရက် ရောင်းစားနေကြရသည်။ ဖရက်ဒရစ်လမ်းမကြီးတစ်လျှောက်
တွင် သရဲခြောက်မတတ် တိတ်ဆိတ်ငြိမ်သက် ခြောက်ကပ်လျက်ရှိ၏။ စက်ရုံများ လည်း အားလုံးလိုလို ပိတ်ထားရပြီး .
ဘာလင်မြို့စွန်ရှိ အလယ်အလတ်တန်းစားများ၏ နေအိမ်များမှာ မွဲာနေ ကြပြီ။ အာလူးကိုပင် မှောင်ခိုဈေးမှာ ဈေးကြီးပေးဝယ်စားနေကြပြီး၊ ထောပတ်၊ နို့က အစ ဝက်အူချောင်း ဘာတစ်ခုမျှ မရတော့။ မီးဖိုများမှာလည်း ထင်းမရှိတော့ပြီ။ လူ များလည်း ဝမ်းခေါင်ခေါင် ဖြစ်ကြရပြီ။ ရယ်မောသံတို့လည်း ဆိတ်ခဲ့ပြီတကား။
ဟာဘာလင်းလမ်းတွင် နေထိုင်ကြသော အိုင်စတိုင်းတို့အိမ်ထောင်စုကို အိမ်နီး နားချင်းများကပင် အသိမလုပ်ခဲ့ကြ၊ အယ်လ်ဆာ အိုင်စတိုင်းမှာ ရိုးရိုးယဉ်ယဉ်နှင့် လှသည့် မိန်းမချောတစ်ယောက်ဖြစ်သည်. အယ်လ်ဆာ၏ သမီးများဖြစ်သော အိလ်စီနှင့် မာဂေါမှာ အပျိုဖြန်းကလေးများ ဖြစ်နေကြပြီ။ သူတို့လည်း အိုင်စတိုင်းတို့နှင့်အတူ ရှိကြသည်။ အလုပ်အကိုင်လည်း မရှိကြသေး။ အိုင်စတိုင်းတစ်ယောက်သာ တစ်ချိန်လုံး အလုပ်နှင့် လက် မပြတ်ဘဲ ရှိလေသည်။ ။
အိုင်စတိုင်းနှင့် အယ်လ်ဆာမှာ ဒုတိယအိမ်ထောင်သည်များ ဖြစ်ကြသည်။ သို့သော် ထိုအချိန်ထိ သူတို့နှစ်ဦးမှာ လက်မထပ်ကြသေး၊ ဘေးပတ်ဝန်းကျင်ကသာ သူတို့နှစ်ဦးကို လင်မယားမှတ်နေကြသည်။ အိလ်စီနှင့် မာဒေါ့မှာ အယ်လ်ဆာ၏ ပထမအိမ်ထောင်ကပါလာသော သမီးများ ဖြစ်၏။ အဲလဗတ် အိုင်စတိုင်းမှာလည်း ပထမအိမ်ထောင်နှင့် သားနှစ်ယောက် ရရှိခဲ့ဖူးသည်။ သူတို့သည် သူတို့အမေနှင့်အတူ ဆွဇ္ဇာလန်တွင် နေထိုင်လျက်ရှိသည်။ ။
သည်အကြောင်းတွေကို ဟာဘားလင်းလမ်းပေါ်ရှိ အမျိုးသမီးများ မသိကြ။
၁၉၁၉ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ကား အိုင်စတိုင်းဘဝတွင် ထူးခြားချက်များ ဖြစ်လာသည်။ ဘာလင်မြို့ထုတ် သတင်းစာများနှင့်တကွ တစ်ကမ္ဘာလုံးရှိ သတင်းစာ များတွင် ပါမောက္ခ အိုင်စတိုင်းအကြောင်း ပါလာသည်။ စကြဝဠာကြီး (ဩကာသ
လောကကြီး)နှင့် ပတ်သက်သော လူတို့၏ အသိပညာအားလုံးကို အိုင်စတိုင်း၏ ရူပဗေဒအမြင်၊ သီဝရီများက တော်လှန်ပြောင်းလဲလိုက်ပြီဟု အတိအလင်းကြေညာလိုက်ကြသည်။
ဤဇာတ်လမ်းသည် လန်ဒန်မြို့က စလာပြီး တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားသည်။ လန်ဒန်မြို့ရှိ သိပ္ပံပညာရှင်ကြီးများ အသိုင်းအဝိုင်းက အိုင်စတိုင်း၏ သိပ္ပံပညာအမြင်နှင့်
ဟောကိန်းတစ်ချက်ကို စစ်ဆေးခဲ့ရာ သူဟောကိန်းထုတ်ခဲ့သည့်အတိုင်း အတိအကျ မှန်ကန်ကြောင်း တွေ့ရလေသည်။ ။
အိုင်စတိုင်း၏ အမြင်နှင့် ဟောကိန်း မှန်သွားကြောင်း လက်ခံလိုက်ကြသည် နှင့် တစ်ပြိုင်နက် ကမ္ဘာပေါ်တွင် ပြိုင်ဘက်မရှိ ထင်ရှားကျော်ကြားခဲ့သော နယူတန်၏ အမြင်နှင့် သိပ္ပံပညာ အယူဝါဒများသည် မှားမှန်း သိကုန်ကြလေတော့သည်။
ယူကလစ်၏ ဂျီသြမေထရီပညာများလည်း အသုံးမကျတော့ပြီ။ အိုင်စတိုင်း ဝါဒအရ မျဉ်းပြိုင်နှစ်ကြောင်းလည်း ဆိုနိုင်ပြီး အာကာသသည် ကုပ်ခုံးနေသည်ဆိုသော သူ့အဆိုလည်းမှန်ပြီး နောက်ဆုံး သူတင်ပြခဲ့သော နေရောင်ခြည်တန်းသည် ဖြောင့်ဖြောင့် စင်းစင်းမဟုတ်။ ကွေးညွတ်နေသည် ဆိုသည်ကိုလည်း မည်သူမျှ မငြင်းသာတော့။