Skip to product information
1 of 2

Other Websites

စစ်ကိုင်းဦးဘိုးသင်း - စလေမင်းခွေး

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

စစ်ကိုင်း ဦးဘိုးသင်း  (၁၈၉၀-၁၉၇၃) 

သရက်ခရိုင် မင်းတုန်းမြို့ မြို့သစ်ကုန်းရပ်၌ အဖ ဦးဘိုးသာ၊ အမိ ဒေါ်ရွှေဆိတ်တို့က ၁၈၉ဝ ပြည့်နှစ် ဇူလိုင် ၃၁ ရက် ကြာသပတေးနေ့တွင် မွေးဖွားသည်။ မွေးချင်း သုံးယောက် တွင် ဒုတိယမြောက် သားဖြစ်၍ အမည်ရင်း ဦးဘိုးသင်း ဖြစ်၏။ မန္တလေး ဆရာအတတ်သင် နော်မန်ကျောင်းမှ ဆရာဖြစ်သင် အောင်ခဲ့သည်။ မြစ်ကြီးနားမြို့တွင် ကျောင်းဆရာအဖြစ် စတင် အမှုထမ်းသည်။ ဗန်းမော်တွင် ကျောင်း ဆရာ၊ ခေတ္တပညာအုပ်၊ တစ်ဖန် ရန်ကုန်ကူးသန်းရောင်းဝယ်ရေး သတင်းစာ လက်ထောက် အယ်ဒီတာ၊ တောင်သာ 'အေ'နယ် ဒုတိယပညာအုပ်၊ ထိုစဉ်ပင် “ပညာမဏ္ဍိုင် သတင်းစာ ကို တစ်လ တစ်ကြိမ် ဦးစီးထုတ်သည်။ တောင်သာ၊ စစ်ကိုင်း၊ မော်လိုက်၊ ထားဝယ်တို့တွင် ခေတ္တပညာအုပ် လုပ်ခဲ့သည်။ မလွတ်လပ်ဟု ဟူ၍ အလုပ်ထွက်ပြီး စာရေးဆရာဘဝသို့ ကူးပြန်သည်။ တစ်ဖန် မြစ်ကြီးနား ပညာအုပ်အဖြစ် ဂျပန်ဝင်စထိ အမှုထမ်းပြီးနောက် အငြိမ်းစားယူခဲ့သည်။

ကျောင်းဆရာ ဖြစ်လာသောအခါ သူရိယ၊ ကူးသန်းရောင်းဝယ်ရေး စသည့် သတင်းစာ များတွင် လည်းကောင်း၊ သူရိယ၊ ပညာအလင်း စသည့် မဂ္ဂဇင်းများတွင် လည်းကောင်း ဝတ္ထုတိုနှင့် ဆောင်းပါးများ ရေးသည်။ “မိန်းမတို့အတွက်'၊ 'ယောက်ျားတို့အတွက်'၊ “ကျောင်းသားတို့အတွက် စာအုပ်များကို သူရိယတိုက်မှ ထုတ်ခဲ့သည်။ “သားသမီးများ ကြီးပွားရေးလက်စွဲကျမ်း” ကို ပြုစုသည်။ ကျောင်းသားများအတွက် “မင်္ဂလသုတ် အကျယ် ကျမ်း”၊ “လောကသာရ အဖြေ'၊ “စိန္တကျော်သူ အဖြေ'၊ “ကျည်းကန်ကိုရင်ကြီး မေတ္တာစာ အဖြေ'၊ 'ဘလ္လာတိယပျို့အဖြေ”၊ “မူလတန်းသဒ္ဒါ'၊ 'မြန်မာသဒ္ဒါ ပထမတွဲ၊ ဒုတိယတွဲ ရေးခဲ့သည်။ ကျောင်းသုံး ပြဋ္ဌာန်းအဖြစ် တိုင်းရင်းသားဘာသာ ကျောင်းများအတွက် “ကိုးသိန်းမောင်'၊ “

ဦးအောင်စေရ'၊ 'စလေမင်းခွေး'၊ အင်္ဂလိပ်ကျောင်းများအတွက် “ခရီးသည်ကြီး'၊ “ခေတ်သစ်မောင်'၊ အမျိုးသားကျောင်းများအတွက် “တို့တိုင်းပြည်တို့ကို ရေးသည်။ “ပင်လယ်ပျော် သီသီ”၊ “တို့ပြည်”၊ “ဖာတစ်လုံး ခေါင်းကျား” တို့မှာ ကျောင်း စာကြည့်တိုက်သုံး ဖြစ်လာသည်။ ဝတ္ထုနှင့် ကျမ်းစာအုပ် ၉ဝ ကျော်နှင့် မထုတ်ဖြစ်ခဲ့သည့် စာအုပ် ၂၀ ကျော် ပြုစုခဲ့သည်။ ထုတ်ဝေပြီး စာအုပ်များအနက် ဖာတစ်လုံး ခေါင်းကျား (၁၉၃၈)သည် အစောပိုင်း ထင်ရှားသောဝတ္ထု ဖြစ်သည်။ ရုပ်ရှင်အဖြစ်ပါ အောင်မြင် ခဲ့သည်။ ငမဲကျွန်ဝတ္ထုသည် ၁၉၅၄ ခု စာပေဗိမာန်ဆု ရရှိသည်။ သူ့အမြင်နှင့် သူ့အတွေး (၁၀-တွဲ)၁၉၆၅-၆၆ သည် သိမှတ်ဖွယ်ရာ၊ ဆင်ခြင် စဉ်းစားဖွယ်ရာ အများ ပါဝင်သော

ကြောင့် တစ်မူထူးခြားသည်။ စစ်ကိုင်းဦးဘိုးသင်း ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (၁၉၇၉)သည် ကား မိမိ၏ ပျော့ကွက်၊ ညံ့ကွက်များကို ပွင့်လင်းရိုးသားစွာ တင်ပြထားသည့် အတ္ထုပ္ပတ္တိ ထူးပင် ဖြစ်သည်။ “ရွှေချိုးဖြူ” ကလောင်ခွဲကိုလည်း အသုံးပြုသည်။ ၁၀ ဒီဇင်ဘာ ၁၉၇၃ တွင် ကွယ်လွန်သည်။

နိဒါန်း

စလေမင်းခွေး ဝတ္ထုကို ရေးသားရန် ရာဇဝင်နှင့် ပတ်သက်၍ တိုစိ ကလေး ဖော်ပြပါအံ့။

ပုဂံ ရာဇဝင်ကို ပြောဆိုရာ၌ တုတ်ထမ်း၍ ပြောဆိုရသည်ဟု ရှေးပညာရှိတို့သည် ဆိုစလေ့ ရှိကြကုန်၏။ ထိုသဘောကား ရာဇဝင် အမှတ်အသားနှင့် ပတ်သက်၍ တုတ်တစ်ပြက် ဓားတစ်ပြက်နှင့် အငြင်းအခုံ ဖြစ်ပွားဖွယ်ရာ အကြောင်းတို့သည် များစွာ ပေါ်ထွက် လျက် ဝါဒကွဲပြား ခြားနားနေခြင်းကြောင့် ဖြစ်ချေသည်။ ။

ထိုသို့ ဖြစ်ရသည်ကား မှန်နန်းမဟာရာဇဝင်တော်ကြီး၊ ဦး ကုလားရာဇဝင်၊ ရာဇဝင်ကြီး၊ ပါးစပ်ရာဇဝင်တို့တွင် ပါရှိသော အချို့ အကြောင်းများသည် ယုတ္တိမတန် ဒဏ္ဍာရီဝတ္ထုသဖွယ် ဖြစ်နေသည် ဟု ခေတ်ပညာတတ် အချို့တို့သည် မြန်မာရာဇဝင်ကို အချို့ အချက် ကြီးများအတွက် များစွာလေးစားခြင်း မရှိကြဘဲ တရုတ်ရာဇဝင်မှ သော်လည်းကောင်း၊ နိုင်ငံခြားသားတို့ ရေးသော ရာဇဝင်များမှ သော် လည်းကောင်း ကောက်နုတ်ကိုးကား၍ ဖော်ပြတတ်ကြလေသည်။

စင်စစ်သော်ကား မည်သည့်လူမျိုးမဆို မိမိတို့၏ လူမျိုးကို မိမိတို့ အမွှမ်းတင်၍ ရေးသားခြင်းသာ များကြလေသည်။ ယခု ရေးသား အံ့သော စလေမင်းခွေး ဝတ္ထုမှာကား ထင်ရှားနေသော မြန်မာရာဇဝင် တွင် အတိအကျ မပါမရှိသော အကြောင်းတို့ ဖြစ်သော်လည်း ရှေး သူကောင်းတို့ အလေးအမြတ်ပြုကာ ပြောဆိုကြသည့် ကျွန်ဘဝမှ ရေမြေကို အစိုးရသည့် ဘုရင်မင်း ဖြစ်သော အကြောင်းတို့ ဖြစ်၍ ခေတ်နှင့် လျော်ညီအောင် တန်ဆာဆင်ပြီးလျှင် ရေးသားရပေလိမ့် မည်။

သရေခေတ္တရာ ခေတ်ကြီးသည် တိမ်ကော ပျက်စီးသွားပြီး နောက် သမုတိရာဇ်မင်းကြီးသည် သုမုန္တီမင်း ဖြိုကြွင်းသက္ကရာဇ် ၂၉ ခုနှစ်တွင် ရွာပေါင်း ၁၉ ရွာကို ချုပ်၍ ယုန်လွှတ်ကျွန်း၌ ပုဂံပြည် ကြီးကို တည်ထောင်တော်မူသောအခါ မြန်မာပြည်ကြီးသို့ မြတ်စွာ ဘုရားသခင် သက်တော်ထင်ရှား ရှိတော်မူစဉ်အခါက ပထမအကြိမ် ဝင်ရောက်လာသော ဗုဒ္ဓဘာသာ သာသနာတော်သည် ရွေ့လျောလျက် လာသဖြင့် အရည်းရဟန်းတို့သည် ပြောက်ကျားအဖြစ်နှင့် တစ်စ တစ်စ အခြေတည်စိုက်ကာ ရှိလေ၏။ သို့ရာတွင် သာသနာတော်၏ အားသည် များစွာ မနည်းသေးသဖြင့် ထိုအရည်းတို့သည် သာသနာ စစ်၊ သာသနာမှန်ကို ပပျောက် တိမ်မြုပ်သွားအောင် တတ်နိုင်ဟန် မရှိကြသေးပေ။

ပုပ္ပားစောရဟန်မင်း ဖြိုသော သက္ကရာဇ် ၂၂၀ တွင် နန်းတက် တော်မူသော တံမနက်မင်းကြီး လက်ထက်တော်သို့ ရောက်သော အခါ၌ကား ဗုဒ္ဓဘာသာ အစစ်အမှန်သည် ပျောက်ကွယ်သွားအောင် မတိမ်ကောစေကာမူ အရည်းရဟန်းတို့ကို မင်းနှင့်တကွ တိုင်းသူ ပြည်သားတို့သည် ကြည်ညို လေးစားနေကြသဖြင့် ဗုဒ္ဓဘာသာ စစ်စစ် ရဟန်းတော်များသည် အားနည်းလျက်၊ အချို့ ရဟန်းတော် အရှင်များသည် ဝိနည်းဒေသနာတော်ကို များစွာ မလေးစားကြဘဲ ပစ္စည်းများကို စုဆောင်းပြီးလျှင် လူတို့၏အမှု၌ များစွာ ရောယှက် လာ ကြကုန်၏။

ထိုခေတ်က မြန်မာနိုင်ငံတော်၏ အခြေအနေသည်ကား သေလည်ကြောင်မင်း၏ လက်ထက်တော်တိုင် ပုပ္ပားတောင်ကြီး သည် မီးတောင်အဖြစ်နှင့် တည်ရှိနေဟန် ဖြစ်၍၊ သေလည်

ကြောင်မင်းသည် ပြည်သူတို့၏ အယူအဆအတိုင်း ပုပ္ပားတောင် သည် ပန်းပဲနတ် အုပ်စိုး စောင့်ရှောက်သောတောင် ဖြစ်သည် ဟူ၍ ယူဆလျက်၊ မဟာဂီရိ နတ်မောင်နှမအဖြစ်နှင့် အညာပုဂံပြည် ပန်းပဲ သမား အကျော်အမော် မောင်တင့်တယ်နှင့် တကောင်းမင်းကြီး၏ မိဖုရားတို့ စုတေသဖြင့် နတ်ဖြစ်သည်ဟု အထိမ်းအမှတ်ပြုပြီးသော် ပုပ္ပားတောင်၌ နတ်မောင်နှမရုပ်ကို ထုထားကာ ကိုးကွယ်ထားလေ

သည်။

ပုဂံပြည် အနီးအပါး မြေတို့၌လည်း ရွှံ့ဗွက်တောင်ကလေး များ၊ ရွှံ့ဗွက်များတို့သည် အနှံ့အပြားရှိလျက် နဂါးကျစ်တွင်းဟု ယူဆ ကြပြီးသော် နဂါးများကို မြေငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း ဘေးတို့မှ ကာကွယ်စိမ့်သောငှာ ကိုးကွယ်ကြဟန် ရှိကုန်၏။

မီးတောင်ပေါက်ကွဲခြင်း၊ မြေငလျင် အကြီးအကျယ် တုန်လှုပ် ခြင်းတို့ကြောင့်လည်း မြန်မာပြည် အလယ်ပိုင်းဒေသသည် နော်ရထာ မင်းကြီး လက်ထက်တော်တိုင် လူနေရပ်ကွက်တို့ များစွာ မဖြစ်ထွန်း ခဲ့ချေ။ ထို့ကြောင့် တကောင်း ကောင်းစားပြီးနောက် မြန်မာပြည် အလယ်ပိုင်းကို ကျော်လွန်၍ သရေခေတ္တရာခေတ် ဖြစ်ထွန်းလေသည်။ ထိုခေတ်၌ ဧရာဝတီမြစ်၏ အရှေ့ဘက်ဒေသထက် အနောက်ဘက် ဒေသသည် လူနေ ဖြစ်ထွန်းသော်လည်း ထိုကဲ့သို့ ငလျင်ဘေးဖြင့် မြို့ပြ ပြည်ရွာ အတည်တကျ မဖြစ်ထွန်းခဲ့ချေ။မြန်မာပြည် အထက်ပိုင်း ဖြစ်သော ကလေးတောင်ညို

ရာဇဂြိုဟ်၊ မောရိယ-တောင်တွင်းချောင်၊ ဗိဿနိုးပြည်၊ တကောင်း ပြည်၊ စမ္ပာနဂိုရ်ပြည် စသော မင်းနေပြည်တော်တို့သည်ကား ငလျင်ဘေး ဆိုက်ရောက်ခြင်း မရှိသော်လည်း ရှမ်းများ၊ လူရိုင်းများတို့နှင့် ခဏခဏ တိုက်ခိုက်ရခြင်း၊ တစ်ဦးနှင့်တစ်ဦး မြေသြဇာကောင်းရာ ဒေသကို လုယက်ကြခြင်းတို့ကြောင့် မတည်မြဲကြသည်ပြင် ထိုခေတ်က အထက်ပိုင်းသည် အလွန်အေးမြလွန်းသဖြင့် မိုးသေး မိုးဖွဲ တို့သာ များစွာ ရွာသွန်းလေရကား မြို့ပြပြည်ရွာ ဖြစ်ထွန်း၍ လူဦးရေ ထူထပ်လာသောအခါ မြေသြဇာ ညံ့ဖျင်းခြင်းကြောင့် သရော ခိုင်းပြီးလျှင် မြို့ပြပြည်ရွာတို့သည် ပျက်စီးသွားကြရလေသည်။

သမုတိရာဇ် မင်းကြီးသည် ပုဂံပြည်ကြီးကို တည်ထောင် ဖန်ဆင်းတော်မူသောအခါ မြန်မာပြည် အလယ်ပိုင်းသည် မိုးလေ ဝသ မှန်၍ မြေသြဇာ ကောင်းသောကြောင့် တိုင်းပြည်ထီးနန်း တည်မြဲလာပြီးသော် ပုဂံခေတ် ဟူ၍ ထွန်းတောက်လာသဖြင့် မြန်မာ တို့တွင် ဘိတ် (မြိတ်)၊ ထားဝယ်၊ ရခိုင်၊ ပုဂံ၊ ယော ဟု ထင်ရှား လာကြကုန်၏။ ထိုသို့ ပုဂံခေတ် ထွန်းတောက်လာသောအခါ ပုပ္ပား စောရဟန်မင်း ဖြိုကြွင်းသက္ကရာဇ် (ယခုတည်ဆဲ သက္ကရာဇ်) ၂၄၀ လောက်က စပြီးလျှင် မြန်မာပြည်၏ အခြေအနေမှာ ပုဂံမြို့နှင့် ၎င်း၏အနီးအပါး မြစ်ရိုးတစ်လျှောက်၌ တစ်စတစ်စ လူဦးရေ ထူထပ်လာ၍ အထက်ပိုင်းမှ လူတို့သည်လည်း အလယ်ပိုင်းသို့ တစ်စ တစ်စ ဝင်ရောက်လာကြကုန်၏။

မြစ်ဝကျွန်းပေါ် ရပ်ကွက်သည်လည်း ဖြစ်ထွန်းလာ၍ သထုံ ပြည်၊ ဥဿာပြည်တို့သည် ကောင်းစားနေနှင့်လျက် ရခိုင်၊ ထားဝယ်၊ မြိတ်တို့တွင် မြန်မာတို့သည် အစည်းအရုံး မပျက်ဘဲ ရှိကြကုန်၏။

ထိုခေတ်၌ လူတို့သည် တစ်ဦးနှင့်တစ်ဦး စောင့်ရှောက်ကြ ကုန်လျက် အကြီးအကဲခေါင်းတို့၏ သြဇာကို ညောင်းပြီးလျှင် နေထိုင် ကြကုန်၏။ နေပြည်တော်နှင့် မြို့ကြီးများ၌ကား ငွေရှင်၊ ကြေးရှင် တို့နှင့် ကျွန်တို့မှာ ခဏခဏ မကျေမနပ် ဖြစ်ကြရဟန် ရှိကုန်၏။

မြန်မာပြည်၌ မွန်နယ်မှတစ်ပါး မြစ်ဝကျွန်းပေါ်ဒေသက စ၍ အလယ်ပိုင်းဒေသ ရပ်ကွက်တို့သို့ ပုဂံပြည့်ရှင်၏ သြဇာသည် ပျံ့နှံ့ လျက်၊ မြို့ငယ်တို့၌ အုပ်စိုးနေသော အကြီးအကဲတို့သည် ပုဂံပြည့်ရှင် မင်းကို ဘုန်းတန်ခိုးကြီးသော ပြည့်ရှင် ဧကရာဇ်ဟု အသိအမှတ် ပြုဟန် ရှိကြကုန်လျက် အေးချမ်းစွာ နေထိုင်ကြကုန်၏။ တစ်နှစ် တစ်ကြိမ် ဥကင်သမင်္ဂလာ ဖွင့်သောအခါ ပုဂံပြည်သို့ သံတမန် ပို့ လျက် ကန်တော့ လက်ဆောင် ဆက်သကြ၍ ကျေးရွာသားများမှာ လည်း မြို့များကို ကျုံး မြို့ရိုးတို့ဖြင့် ကာကွယ်ပြီးလျှင် ရန်သူတို့၏ ဘေးရန်ကို ကာကွယ်ဘိသကဲ့သို့ မိမိတို့၏ရွာများကို ဆူးစည်း ဆူးတားတို့ဖြင့် ပတ်ဝိုင်းလျက် ရန်သူတို့၏ ဘေးရန်မှ ကာကွယ်ကာ နေထိုင်ကြ၏။

မြို့ရိုးများ၊ ရွာများလည်း အခွန်တော် ဟူ၍ သတ်မှတ်ခြင်း မခံရသော်လည်း တစ်နှစ်တစ်ကြိမ် ဥကင်သ မင်္ဂလာအခါ၌ ကန်တော့ လက်ဆောင်တော်များကို ဆက်သကြကုန်၏။ မင်းများနှင့် မင်း မှုထမ်းတို့သည် လယ်တောများနှင့် မင်းပိုင် လယ်များတို့ကို အမှီ ပြုကာ နေထိုင်ကြကုန်၏။ တရားရုံးတော် ဟူ၍ ပုဂံခေတ် အနော် ရထာ လက်ထက်တော်တိုင် ထင်ရှားမရှိဘဲ မြို့ရိုးများ၊ ဝန်များ၊ ကလန်များတို့၏အိမ် သို့မဟုတ် တရားတင်းကုပ်များတို့နှင့် ဘုရင့် နန်းတော်၊ လွှတ်တော်များတွင် တရားစီရင် ဆုံးဖြတ်ကြကုန်၏။ တရားတပေါင် ဖြစ်ခြင်းမှာလည်း နေပြည်တော်နှင့် ၎င်း၏ အနီး အပါးတို့မှတစ်ပါး မရှိသည်လောက်ပင် နည်းပါးကြလျက် လူငယ် များသည် လူကြီးများ၏ သြဇာနှင့် ဆုံးမခြင်းတို့၌သာ တည်ကြကုန်၏။ကျေးရွာများသည် ကျေးရွာရှိ ခေါင်းအကြီးအကဲတို့၏ သြဇာ ကို ခံယူလိုက်နာကြကုန်လျက် ၎င်းတို့ ဆုံးမကံမြစ်သည်အတိုင်း တည်ကြကုန်၏။ မြို့များမှာလည်း အများအားဖြင့် ထိုနည်းလည်း

ကောင်း ဖြစ်နေ၍ လူကို သတ်သော သူသည် မင်းမှုထမ်းများနှင့် မင်းများသာလျှင် များသောအားဖြင့် ဖြစ်နေရကား မင်းကို ရန်သူ တစ်ဦးဟုပင် အမှတ်ထားကြဟန် ရှိကုန်၏။

လူတို့သည် တစ်မြို့နှင့်တစ်မြို့၊ တစ်ရွာနှင့်တစ်ရွာ ဆက်ဆံ ကူးလူးခြင်း အလွန် နည်းပါးကြလျက် ဘုရင့်နေပြည်တော်သို့ ရောက်ဖူးသူများ အလွန် နည်းပါးကြ၏။ များစွာသော သူတို့မှာ ပေါ့သော အသက်မွေးမှု ရှိကြလျက်၊ ပုဂံပြည်တော် အနီးအပါးရှိ မြို့ငယ်များမှ အစွမ်းအစ ကောင်းသူများ၊ အဝေးမြို့ငယ်ရှိ အစွမ်း အစ ကောင်းသူများ၊ ကုန်သည်များတို့သည် ကျေးရွာတို့သို့ သွား ရောက်ကြ၍ ကျေးရွာများမှ ကောက်ပဲသီးနှံများ၊ လက်မှုပညာသည် များတို့ကို ပစ္စည်းလဲလှယ်ခြင်း အဖြစ်ဖြင့် ဆက်ဆံကြကုန်၏။ ပုဂံမြို့၊ စလေမြို့ စသော ဧရာဝတီမြစ်ကမ်းရှိ မြို့များသည် လက်မှုပညာ ထွန်းကားရာ အရပ်များ ဖြစ်ကြသည့်ပြင်၊ ထိုမြို့များမှ ရေကြောင်း ခရီးသည်များ ထွက်ကြကုန်၏။ စကု၊ ပန်းတိမ်း၊ မဘဲ၊ မင်းတုန်း၊ ပန်းတောင်း၊ ဟလင်းကြီး၊ ဆားကျင်၊ တပယင်း၊ ချီပါ စသော မြို့တို့ မှလည်း နွားဝန်တင် ကုန်သည်ကြီးများ ထွက်ပေါ်ကြကုန်၏။

စကု၊ ပန်းတိမ်း စသော ဒေသတို့မှ နွားဝန်တင် ကုန်သည် ကြီးများသည် ရခိုင်ပြည်၊ ဝေသာလီပြည် စသည်တို့သို့ တိုင်အောင် ကူးလူး ဆက်ဆံကြကုန်၏။ ဤနည်းဖြင့် အနော်ရထာမင်း လက်ထက်

တော်တွင် ဝေသာလီပြည်၌ ပဉ္စကလျာဏီ မင်းသမီး ရှိကြောင်းကို နွားဝန်တင် ကုန်သည်ကြီးများဖြင့် သိရလေ၏။ ။

ဟလင်းကြီး၊ ချီပါ၊ ဆားကျင် စသော ကုန်းပိုင်း မြို့ရွာတို့မှ လည်း ကသည်းပြည်၊ တရုတ်ပြည်တို့သို့ တိုင်အောင် ကူးသန်းသွား လာသည့် ဂွမ်းကုန်သည်၊ ဆားကုန်သည်၊ ကျောက်ကုန်သည် အစ ရှိသော နွားဝန်တင်၊ မြင်းဝန်တင် ကုန်သည်ကြီးတို့သည် ရှိကြကုန်၏။ ထိုသို့ တရုတ်ပြည်သို့ ပေါက်ရောက်သော ကုန်သည်တို့ဖြင့်လျှင် အနော်ရထာမင်း လက်ထက်တော်တွင် တရုတ်ပြည်၌ မြတ်စွာဘုရား သခင်၏ စွယ်တော် ရှိကြောင်းကို သိရလေ၏။ အချုပ်သော်ကား တံနက်မင်းကြီး လက်ထက်တော်၌ပင် ကုန်းလမ်းခရီးဖြင့် ဖောက်ကား ရောင်းဝယ်သော ကုန်သည်ကြီးများ၊ ရေလမ်းခရီး၌ ကူးသန်းသွားလာ သော ကုန်သည်ကြီးများတို့ ပေါ်ထွန်းနေလေ၏။ ပုဂံပြည်သည် အလွန်ကောင်းစား ကြွယ်ဝလာသောတိုင်းပြည် ဖြစ်နေလေသည်။

ထိုခေတ်၌ စလေမြို့သည် ပုဂံရွှေမြို့တော်ကြီး၏ အထောက် အခံ မြို့ကြီးတစ်မြို့ ဖြစ်နေ၍ အလွန်စည်ကားလျက် သူဌေး သူကြွယ် တို့ အ ပေါများ၏။ မြေပိုင်ရှင် တောင်သူကြီးများ၊ သူဌေး သူကြွယ်များတို့ မှီခိုနေထိုင်ရာ ဖြစ်၏။ “

စလေ”သည် ဗျူပ္ပတ်နှစ်မျိုး ရှိရာတွင် ထိုခေတ်က “လေ”ရာတွင် ထိုမြို့က “စ”သည်ဟု ဗျူပွတ် တစ်မျိုးလည်း ဖြစ်သည်အတိုင်း မင်းညီ၊ မင်းသား၊ မှူးသား၊ မတ်သား များ စ၍ လေလွင့်စ သူများတို့ ပျော်ပိုက်ရာ မြို့ကြီးလည်း ဖြစ်၏။ ကျေးကျွန်နှင့် ကျွန်တို့လည်း များစွာ ပေါများ၏။ ထို့ကြောင့် စလေမြို့သည် မင်းနေပြည် မဟုတ်စေကာမူ မြန်မာရာဇဝင်၌ အဆက်ဆက်ပြု၍ ထင်ရှားခဲ့၏။

တိုင်းပြည်တစ်ပြည် ကြွယ်ဝ ကောင်းစားရာ၌လည်း တစ်ဦး တည်းပြု၍ ကောင်းစားခြင်းဖြင့် သူဌေး၊ သူကြွယ်၊ ကုန်သည်၊ လယ် လုပ်တို့၏ ကောင်းစားခြင်းသည် တိုင်းသူပြည်သားတို့ကို များစွာ ဆင်းရဲစေသဖြင့် ပုဂံပြည်နှင့် စလေမြို့၌ ကျွန်များ များစွာရှိရာတွင် စလေမြို့မ သူဌေးတစ်ဦး၏ အိမ်တွင်နေရသော ငခွေး ဆိုသူ ကျွန်တစ်ယောက်၏ အကြောင်းကို တန်ဆာဆင်ကာ “စလေမင်းခွေး” ဝတ္ထုကို ထွက်ပေါ်စေတော့ပြီ။

“စလေမင်းခွေး” ဝတ္ထုတော်ကြီးကို အင်္ဂလိပ်များ ပြေးရခါနီး အချိန်တွင် ပုံရိုက်ခဲ့ရာ၊ စာအုပ် တစ်ရာလောက်သာ ရောင်းရပြီး နောက် ပုံနှိပ်တိုက်သည် တရုတ်စစ်သည်များ၏ ဘေးဖြင့် မီးလောင် ရာတွင် စာအုပ်ပေါင်း လေးထောင်ကျော်လည်း ပါသွားလေရကား ထပ်မံ၍ ယခု ပုံနှိပ် ဖြန့်ချိစေပါသည်။

 

စစ်ကိုင်းဦးဘိုးသင်း

 

အခန်း[၁] 

ငခွေး နှင့် ငဖြိုး

ကမ္ဘာ၏ သဘာဝဖြစ်သော ဥတု၊ တော၊ တောင်၊ ရေမြေ လုပ်ခင်း ကိုင်တာတို့သည် ရာသီအလိုက် လူတို့၏ စိတ်နှလုံးကို ဖွဲ့နွဲ့ကာ ဖန်တီးသည်ဖြစ်၍ ဝမ်းမြောက်ခြင်း၊ ဝမ်းသာခြင်း၊ ရွှင်ခြင်း၊ မြူးထူးခြင်း တို့ကိုသာ ဖြစ်စေသည် မဟုတ်၊ ဝမ်းနည်းကြေကွဲခြင်း၊ အောက်မေ့လွမ်းဆွတ်ခြင်း၊ ပူပန်ခြင်းတို့ကိုလည်း ဖြစ်စေတတ်လေ သည်။

ဤဝတ္ထုကို အစပြု၍ တန်ဆာဆင်သော လ သည်ကား ရှေး ခေတ် တော်သလင်းလ ဖြစ်သဖြင့် လူတို့၏ စိတ်နှလုံးကို အလွန့် အလွန် အမျိုးမျိုး ထိခိုက်နိုင်ပေသည်။

“တော်သလင်း ဆီးနှင်းတစ်ကျိုက်၊ မိုးတစ်ပြိုက်” ဟူသော ရှေးသူဟောင်းတို့ စကားအတိုင်း နံနက်၌ ဆီးနှင်းတို့သည် ရှစ်ခွင် မှိုင်းလျက် ရေစက်ရေပေါက်ငယ်တို့သည် သစ်ရွက်တို့၏ အပေါ်တွင် ပုလဲလုံးကလေးကဲ့သို့ စီရရီ ကျတင်ကာ ရှိကြကုန်၏။ တော်သလင်း နေ ပုစွန်သေ ဟူသော စကားအတိုင်း နေ့အချိန်၌ နေသည် အလွန် ပူပြင်းစွာ တောက်ပသဖြင့် ရုတ်တရက် မိုးတိမ်တိုက် ဆင်ပြီးသော် မိုးကြီးလည်း ခဏခဏ သည်းထန်စွာ ရွာသွန်းတတ်၏။ တော်သလင်း မြစ်တွင်း သင်ဖြူးခင်း ဆိုသော စကားအတိုင်း လေသည် အလွန် ငြိမ်လျက် ရှိသဖြင့် လယ်ခင်းထဲမှ ကောက်ပင်တို့သည် ညီညီညာညာ စီစီရီရီ တည့်မတ်ခြင်းဖြင့် အားအရှိန်ယူလျက် တစ်ဟုန်တည်း တိုးတက်ကြီးပွားကာ ရှိ၍၊ တောင်ယာထဲမှ စပါးပင်တို့သည် မှည့် ခြင်းဖြင့် လေပြည်လေချိုတို့ တစ်ခါတစ်ခါ အနည်းငယ်ကလေး ကစားသောကြောင့် ကောက်နှံတို့သည် ယိမ်းနွဲ့ကာ တရှဲရှဲနှင့် ရှိကြ ကုန်၏။

တောင်ယာတွင်းရှိ ပြောင်းဖူးပင်တို့မှာ အပြိုင်အပြိုင် ပြုကာ ဖူးကြကုန်၍ သခွားသီးတို့သည် မှည့်လျက်၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီးတို့သည် ရင့်ကြပြီးလျှင် ခွေး နို့စို့သကဲ့သို့ အတုံးအရုံးနှင့် ဖြစ်ကြကုန်၏။ ချဉ်ပေါင်ပင်တို့သည် နီရဲလျက် မှည့်စ ဖြစ်ကြ၏။ ပဲစိမ်းစားဥ (ပဲမျောက်ဥ) တို့သည်လည်း ဥချ၍ ပျားမွဲ အရသာကဲ့သို့ ချိုမြိန်သော အရသာတို့ကို ဆောင်ကာ တည်ကုန်၏။ ယာစည်းရိုးရှိ မျောက်ပင်၊ သင်းအုံပင် တို့သည် စည်ပင်လျက် ဥ စ ရှိနေကြ၏။ နှမ်းတို့ကိုကား ရိတ်သိမ်းတုန်းပင် ဖြစ်၏။ ဝါပင်တို့သည်ကား မိုး ဥတု ကောက်ပဲသီးနှံများကို ရိတ်သိမ်းပြီးသောအခါ နှင်းဓာတ်နှင့် တစ်ဟုန်တည်း ကြီးမြင့်လာရန် ထိုကောက်ပဲသီးနှံတို့၏ အကြားတွင် အားယူကာ ရှိနေကြ၏။ တောင်ယာအနီးရှိ ဝါးပင်တို့မှ မျှစ်တို့ သည် ပျံကာ ရှိကြ၏။

ထိုသို့သော ရတုနှင့် ရာသီ၌ အတောမသတ်နိုင်၍ စိမ်းလန်း တင့်ပန်းသည့် အသရေကိုဆောင်သော မိုးကောင်း လယ်ကွက်ကြီး အနီး နံဘေးတောစွယ်၌ အလွန်ကျယ်သော တောင်ယာကြီးအတွင်းရှိ တဲကြီးတစ်တွဲမှ တောင်တောင်၊ တောင်ပုတို၊ တောင်ပုတိုမှာ ဘာ လုပ်မယ်၊ တောင်ယာခုတ်မယ်၊ လယ်လုပ်မယ်” ဟူသော ယာဘွဲ့  သီချင်းအလိုက် အုန်းမောင်းတီးသံသည် စိမ်းလန်း ရွှန်းဝေသော လယ်ကွက်ကြီးနှင့် နတ်ဥယျာဉ်တမျှ ဖန်တီး၍ သီးမျိုးစုံသော တောင်ယာ ကြီးကို ကောင်းချီးသြဘာ သာယာသော အသံဖြင့် ပဲ့တင်ရိုက်ကာ လွှမ်းလျက်ရှိ၏။

တောင်ယာအတွင်းရှိ စပါးနှံတို့တွင်ကား နားလျက် အုန်းမောင်း ၏ အရသာကို မခံစားနိုင်ဘဲ စီစီကျွက်ကျွက်နှင့် ရန်ဖြစ်ရင်း အစာ စားနေသည့် စာကလေးတို့သည် ဆူညံမှုကြောင့် မိမိ၏ အုန်းမောင်း

ဖြင့် တောင်ယာကြီးနှင့် လယ်ကြီးကို သာယာနာပျော်ဖွယ် ဆက်လက်ကာ အပျင်းမဖြေနိုင်တော့ဘဲ တီးနေသော အုန်းမောင်းကို လက်ကချလျက် ယာစောင့်သည် “ဖြောင်းဖြောင်း” နှင့် ဂါတ်ကြိုးကို ဆွဲကာ စာကလေးတို့ကို ခြောက်လှန့်နေရလေ၏။ ။

ထိုသူသည် ကြည်လင်သော မိုးကောင်းကင်ကို တဲပေါ်မှ “ဂါတ်ကြိုးငယ်တဲ့ ဖောင်ဖောင်၊ လူ့ဘောင်မှာတဲ့ နန့်နဲ့ ကောက်သစ်ထမင်း၊ မျှစ်ပျံဟင်းနှင့် ကျေးရအောင်ကွယ့်လေး .. အဝေး” ဟုဆိုကာ မျက်ရည်တို့သည် ရုတ်တရက် တတွေတွေ ကျဆင်းလာပြီး သော် ဤသို့လျှင် စိတ်ထဲတွင် ံဖြစ်ပေါ်လာလေ၏။့

“ဪ ... လာပြီး အလုပ်လုပ်ရတဲ့ ကျွန်မများလည်း မနိုင်ဝန်ကို ရွက်ပြီး ပြန်ရရှာပြီ။ သူဌေးတဲ့ သူဌေး၊ တကယ့် သူဌေးပါပဲ။

တောင်ယာကြီးနှင့် လယ်ကြီးမှာ စောင့်ပြီးနေရတဲ့အခါ ခုနစ်ရက်စာ စားဖို့တဲ့၊ ဆန်က တစ်စလယ်၊ ငါးပိက တစ်ကျပ်သား၊ ဆားက တစ်မတ်သား၊ ငရုတ်သီးက နှစ်တောင့်၊ ဆီဆိုရင် ဝေး၊ ကြက်သွန် ကိုတော့ မဝေး။ တောင်ယာထဲက ပဲသီး၊ ဘူးသီး၊ ချဉ်ပေါင်၊ ရွှေဖရုံသီး အစရှိတဲ့ အသီးအနှံတို့ကိုလည်း ခူးပြီး မစားရဘူးတဲ့၊ သြော်.......

တကယ် ရက်ရောပါကလား။ တကယ် ခူးစားရင်ကော သူ သိ မလား။ စေးနှဲသလောက် ဉာဏ်မရှိတာပါကလား။ လောကမှာ သူဌေးရှိသလောက်၊ ဆင်းရဲသူ ပေါသည်။ လူစိတ်ဓာတ် ကင်းရှင်း သလောက် ကျွန်နှင့် အစေခံများ ပေါသည်။

“အိမ်ကိုပြန်တော့လည်း လှည်းဆယ်စီးတိုက် ထင်းကို ပါအောင် ခွေခဲ့ရမတဲ့။ ငါ တကယ် ခွေနိုင်တယ် ထား၊ ထမ်းပြီး ယူနိုင်မယ်။ မယူနိုင်မယ်ကိုတော့ မတွေးတောဘူး၊ ကိုယ်လိုချင်တာလောက် ကိုသာ သိတယ်။ ဒါကြောင့်လည်း သူဌေးဖြစ်တယ် ထင်ပါရဲ့။ လောက မှာ သူဌေးတွေ၊ လူချမ်းသာတွေဟာ လူညစ်ပတ်တွေပဲ ထင်ပါရဲ့။ “မင်းတို့အာဏာ ကြိုးကြိမ်မှာတည်၊ သခင်တို့အာဏာ ကျွန်မှာတည်စေ”ဆိုလို့သာ ငါ စည်းစောင့်ရတယ်၊ ပြုမူပုံကတော့ နည်းနည်း ကလေးမှ မတရားဘူး။ ။

“ဪ ... ငွေ့ ရှင်၊ ငွေ့ ရှင်။ ငွေ့ရှင်များဟာ လောကကြီးကိုအတော်ပဲ နိုင်ချက်သား ကောင်းလှပါကလား။ ကျွန်မများ အိမ်ရောက်တဲ့အခါ စောစောပြန်လာရမလားဆိုပြီး ရိုက်များနေဦးမလား။ ငါက စောစောလွှတ်လိုက်တယ်ပြော လို့တော့ မှာလိုက်တာပဲ။

“အင်း ... သူဌေးကြီးက အနိုင်ကျင့်သား ကောင်းပေမဲ့ သူဌေး ကတော်ကြီးနှင့် မယ်ကျေးကဖြင့် တရားနှင့် ပြည့်ဝပါပေတယ်။ ငါ လယ်နှင့် ယာတောကြီးကို လာလို့ တစ်ရက်သာ ကြာသေးတယ်။ သူတို့ လိုက်လာကြပြီး ဆန်က တစ်စိတ်၊ ဆီက တစ်ကျည်တောက်၊ ငါးပိ ဆား လုံလုံလောက်လောက်၊ ငရုတ်သီး ကြက်သွန် ပြည့်ပြည့် စုံစုံ၊ ငါးခြောက် အမဲခြောက်တို့လည်း လိုလေသေးတယ် မရှိရ။

“ဪ.. မယ်ကျေး၊ မယ်ကျေး။ ကောင်မကလေး တရားပြည့်ဝ ပါပေတယ်။ ကိုယ်ချင်းစာတရား ရှိပါပေတယ်။ တောင်ယာထဲကိုရောက်ရင်ပဲ ဦးလေး ကျွန်မတွေကို နေ့တိုင်း စောစောလွှတ်ပါ။ မတော်တဆ .. တဲ့။ ယာကြီးထဲက သခွားသီးတွေ၊ ပြောင်းဖူးတွေကို ဆွတ်ချိုးပြီး စားကြပါတဲ့။ ပြီးတော့ သခွားသီးတွေကို ဘာကြောင့် ခူးမစားသလဲဆိုပြီး သခွားသီးတွေကို ခူးလာခဲ့တဲ့အပြင်၊ ပြောင်းဖူး တွေကိုလည်း ချိုးလာခဲ့တယ်။ အခြား အသီးအနှံတို့ကိုလည်း ခူးလာ လိုက်တာ စုံလို့၊ တော်ပါတော့ ဆိုလို့တောင် မရဘူး။ ငွေလည်း သုံးဖို့ ဆိုပြီး ရွက်နီတစ်ခွက် ပေးခဲ့သေးတယ်။ အင်း .. အင်း ... အဘ ဘယ်လိုပင် ဆိုးပေမဲ့ အမိကောင်းရင် သားကောင်း သမီးကောင်း မွေးဖွားနိုင်တာပဲနော်”

ထိုသို့ တွေးတော၍ မျက်ရည်ကျလာပြီးသော် ဤသို့လျှင် ၎င်း၏ ဖြစ်စဉ်တို့သည် ပေါ်လာပြန်လေ၏။

“ငါဟာလည်း တကယ် ကံခေတဲ့လူပါကလား။ မိအိုဖအိုကို တင့်တောင်းတင့်တယ်နှင့် နေနိုင်ပါစေလို့ သူဌေး ဦးမျိုးညွန့်ထံ ငွေ တစ်ပိဿာနှင့် ကိုယ်ကိုပေါင်နှံပြီး ကျွန်ခံကာ ထောက်ပံ့နေရတယ်။ မိဘနှဝ်ပါး ဘဝတစ်ပါးသို့ ပြောင်းသွားရတဲ့ အခါမှာလည်း သင်္ဂြိုဟ် စရိတ် မရှိလို့ နောက်ထပ် ငွေ တစ်ပိဿာယူပြီး သင်္ဂြိုဟ်ခဲ့ရတာနှင့် ယခု နားနှစ်ဖက် ဖောက်ပြီး သူပိုင်ကျွန် လုံးလုံးလျားလျားကြီး

ဖြ်နေရပါပေါ့။

“သူဌေးကတော့ ကပ်စေးနှဲတဲ့အပြင် အတော်ကို ဆိုးတဲ့ သူဌေးပဲ။ မျက်နှာကောင်းလည်း ဘယ်တော့မှ မရဘူး။ သို့သော် ငါ့မှာ အပိုင်ကျွန်ကြီး ဖြစ်နေရလို့ နားတစ်ဖက်သာ ဖောက်ရတဲ့ အပေါင် ကျွန်များ အပေါ်က ကျွန်မင်းသား ဖြစ်နေတဲ့အပြင် သူဌေးကတော် ကြီးနှင့် မယ်ကျေးက မျက်နှာသာပေးလို့ တော်ပါသေးရဲ့။ လူနှင့် လူချင်းကို ရက်စက်လိုက်ပါဘိတော့တယ်။ ခါးကြိုး နားကြိုး ချည် ပြီး နွားကို ခိုင်းသလို လူများကို ခိုင်းရတာဟာ နည်းနည်းမှ မတော် ပါကလား။ ။

“အိမ်ကို ပြန်ရောက်ရင်လည်း အပေါင်ကျွန်တွေကို နားကြိုး တပ်ပြီး ကုန်သယ်ခိုင်းရမှာက ခက်သေးတယ်နော်။ သေရတာက ကောင်းပါသေးရဲ့။

“အင်း .. ဘာပဲဖြစ်ဖြစ် မိဘအား ကျေးဇူးဆပ်ရတာဟာ အမြတ်ပေါ့။ ယနေ့ ခုနစ်ရက်စေ့ပြီ၊ ပုဂံက လှေနှင့် ပြန်ချိန်ရောက်လို့ လဲဖို့ လူများလည်း လာချိန်တန်ပေါ့။ အိမ်ကိုပြန်ဖို့ ပြင်ရဦးတော့ မလေ”

ထိုခေတ်သည်ကား မင်းစိုးရာဇာတို့ အလွန် တန်ခိုးကြီး၍ ဓနရှင်တို့ လွှမ်းမိုးနေသော ခေတ်ကြီး ဖြစ်၏။ လူတို့သည် မင်းနှင့် မင်းမှုထမ်းတို့ကို အလွန် ကြောက်ရွံ့ ရိုသေကြရကုန်၏။ မင်းအိမ်သို့ ပို့မည်ဆိုလျှင်ပင် အသက် သေရမည်လောက် ဖြစ်ဘိ၏။ မင်းမှု ထမ်းတို့ကလည်း တရားကို ကျောပေး၍ အသည်များ အပေါ်တွင် ကျင့်ကြံသည်သာ များကြ၏။

လူချမ်းသာ ငွေရှင်တို့ကား မင်းနှင့် မင်းမှုထမ်းများထံ ကြေး ငွေ ပစ္စည်းတို့နှင့် ပဏ္ဏာပြုကာ ခစားကြကုန်သဖြင့် အလွန် မျက်နှာ ကြီး၍ လောကမှာ တင့်တယ်ပြီးလျှင် ကျွန်များကို ခါးကြိုး၊ နားကြိုး ချည်ကာ ခိုင်းစေကြကုန်၏။ မင်းစိုးတို့ကလည်း ထိုကဲ့သို့ တရားခံ များအား ခါးကြိုး၊ နားကြိုး ချည်ကာ စစ်ဆေးလေ့ ရှိကြ၏။ လယ်ယာ တို့ကို စောင့်နေရသော ထိုသူသည်ကား မိမိ ကျွန်ဖြစ်နေရသည် ထက် အခြားသူတို့ ကျွန်ဘဝနှင့် ဆင်းရဲ ရောက်နေရသည်ကို အလွန် နှလုံး နောက်ကျလျက် ကျွန်များကို မည်သည့်နည်းနှင့် မည်ကဲ့သို့ ကယ်ဆယ်ရပါမည်နည်းဟု အမြဲ ကြံဆနေဘိ၏။ နောက်ဆုံး၌ ၎င်းသည် ရှင်ဘုရင် ဖြစ်မှသာလျှင် ကျွန် တည်းဟူသော ဆိုးယုတ် နေသည့် သူများကို ကယ်ဆယ်နိုင်မည်ဟု ထင်မြင်လာလေ၏။ သို့ရာတွင် ကျွန်ဘဝမှ ရှင်ဘုရင် ဖြစ်ရရန် အကြောင်းသည် အလွန် ခက်ခဲကြောင်းကို ထိုသူသည် ထင်မြင်လာပြန်၏။

ထိုခေတ်၌ ထိုသူသည် လ ထဲသို့သာ သွားရောက်နိုင်ကောင်း နိုင်ပေမည်။ ဘုရင် ဖြစ်ရန်ကား ကွာလှမ်းလှချည်ဟု ထင်မှတ်ဖွယ် ဖြစ်၏။ အကြောင်းသော်ကား ကုက္ကိုတောင်ပရွာ သူကြွယ်မ၏ ကျွန် တစ်ယောက်သည် မြင်းကျောင်းရာမှ မြင်းပျောက်သဖြင့် သခင်မကို

ကြောက်ရွံ့သောကြောင့် ထွက်ပြေးပြီးလျှင် မင်းတွင် ဝင်၍ ခစားရာ၊ သူကြွယ်မသည် မင်းထံ၌ တရားစွဲဆိုလေ၏။ ။

ထိုကျွန်သည် မြင်းခံပြုလုပ် အမှုထမ်းရာ နောင်သော် တောတွင် မင်းကြီးကို ဖျောက်၍ မင်းလုပ်လေ၏။ ထိုမင်းကို မြင်းကျွေးမင်းဟု ခေါ်ဆိုကြ၏။

ထိုအခါ တရားသူကြီးသည် လူတူမရှား၊ ခွေးတူမရှား ဆိုပြီး လျှင် အမှုကို ပယ်၏။ ထိုသို့ ပယ်ပြီးနောက်မှ ကျွန်များကို မပျောက် ရအောင် အထိမ်းအမှတ်အားဖြင့် နားဖောက်ပြီးသော် ခိုင်းစေခွင့် ပြုရာ၊ တော်လှန်နိုင်သော ခေတ္တကျွန် ဖြစ်က နားတစ်ဖက်ဖောက်၍ ကျွန်ပိုင် ဖြစ်က နားနှစ်ဖက် ဖောက်ရန် သခင်များမှာ အခွင့်ရကြ ကုန်၏။

ထိုသူမူကား ထိုအကြောင်းကြောင့် နားနှစ်ဖက် ဖောက်ထား ရပြီး ဖြစ်သဖြင့် ထွက်ပြေးသော်လည်း ကျွန်ဘဝက မလွတ်နိုင်။ မင်းပြစ် မင်းဒဏ် ခံရရန်သာ ဖြစ်ချေမည်။ တော်လှန်ရရန်လည်း အပိုင်ကျွန် ဖြစ်နေ၍ မဖြစ်နိုင်။ ထို့ကြောင့် ထိုကျွန်သည် စိတ်ကူး ရှိသော်လည်း ရှင်ဘုရင် ဖြစ်ဖို့ရန်ကား များစွာ ခဲယဉ်းချေသည်။ သို့ရာတွင် ထိုသူသည် လူတို့၌ ကောင်း၍ တည်မြဲသော အကျင့် တစ်ခု ရှိပါက မိမိဆန္ဒကို ကသိုဏ်းရှုသကဲ့သို့ အမြဲထင်မြင်ကာ အားထုတ်သည်ရှိသော် အောင်မြင်မြဲ ဓမ္မတာပေတည်းဟု အောက်မေ့ ခြင်းဖြင့် ယုတ်ညံ့စွာ တွေ့ကြုံနေရသော ကျွန်ပေါင်းများစွာကို ကယ် ဆယ်ရန် အမျိုးမျိုး ကြံဆ စိတ်ကူးလျက် ရှိချေသည်။

 

 

 

 

 

 

 

 

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)