ငြိမ်းအေးအိမ် - အ၀ါရောင်ဆောင်းရက်များ၏မိုးစက်ပုံပြင်
ဒီအချိန်ဒီနေရာမျိုးမှာ တစ်သက်တာအတွက် ကျွန်မကို အရှက် အရစေဆုံး၊ အကြေကွဲရစေဆုံး၊ စိတ်အပျက်ရစေဆုံး၊ မျက်လုံးတစ်စုံကို တွေ့ကြုံခဲ့ရလိမ့်မယ်လို့ ဘယ်လိုမှ မထင်မှတ်ခဲ့မိပါ။
တကယ်တော့ ဒါဟာ ကျွန်မတစ်ဘဝတာလုံး တမ်းမက် မျှော်လင့် နေခဲ့တဲ့ မဆုံးနိုင်သောအိပ်မက်ရှည်ရှည်ထဲက ရတနာပါး အနှစ်နှစ်ဆယ် လုံ၊လုံး ပျောက်ဆုံးနေတဲ့ အဲဒီရတနာကို ကျွန်မခင်ပွန်းသည်ဆုံးတဲ့နေ့၊ တိတိကျကျပြောရရင် မြေချတဲ့နေ့မှာ လုံးလုံးမမျှော်လင့်မိခဲ့ပါဘဲနဲ့ စက္ကန့် တချို့ ပြန်တွေ့ခွင့်ရလိုက်တယ်။
ကျွန်မ သေဆုံးသည်အထိ နောင် ဘယ်တော့မှ ပြန်မတွေ့ရတော့ မယ်၊ အပြီးတိုင်ဆုံးရှုံးရတော့မယ့် အရာပါပဲ။
ဒါဟာ ထူထဲနက်မှောင်တဲ့ မျက်ခုံးထူထူအောက်က အခုအချိန် အထိအသွေးအရောင် မပြောင်းဘဲ တလက်လက် တောက်ပနေသေးတဲ့ ချစ်သူရဲ့ ညိုလဲ့လဲ့မျက်ဝန်းတစ်စုံလေ...။
( ၂ )
တကယ်တော့ အထက်တန်းကျောင်းသားကျောင်းသူဘဝဆိုတာ သန့်စင်ရိုးသားလွန်းလှပါတယ်။ပြီးတော့ တစ်ဘဝစာ ဒဏ်ရာတွေအထပ်ထပ်နဲ့ နာကျင်နေရ လိမ့်မယ်လို့ လုံးလုံးမထင်မှတ်မိတဲ့ ကိုယ့်နှလုံးသားကို ကိုယ့်ဖာသာ ကိုယ်လှုပ်နှိုးမိတတ်တဲ့ အရွယ်လည်း ဖြစ်နေပြန်တယ်။
ကြည့်စမ်းပါရှင်ရယ်...။ ဖြူသော်သော် လူကောင်သေးသေးလေးတစ်ယောက်ရဲ့ အချိုး အစား ပြေပြစ်လွန်းလှတဲ့ သည်မျက်နှာ။
အထူးသဖြင့် နက်မှောင်သန်စွမ်းတဲ့ မျက်ခုံးထူထူအောက်က စူးရှ ကြည်လင်လွန်းတဲ့ မျက်လုံးညိုညိုတစ်ပုံပေါ်မှာ ကျွန်မဘဝတစ်ခုလုံးကို နှစ်ပေါင်းများစွာ တည်ဆောက်ထားရလိမ့်မယ်လို့ ယောင်မှားလို့တောင် မထင်မိခဲ့ပါဘူး။
ဒါပေမဲ့...။
( ၃ )
ဒါတွေဟာ တကယ်ပဲဖြစ်ပျက်ခဲ့တယ်။ တကယ့်ကို နှစ်ပေါင်းများ စွာ ကြာသည်အထိ တငွေ့ငွေ့လောင်ကျွမ်းတောက်လောင်ဆဲ။
ခွန်မောင်ဆိုတဲ့ အမည်နာမတစ်ခုဟာ ကျွန်မတို့ ကျောင်းသူတွေ ကြားမှာ ဆွဲဆောင်အားကောင်းလွန်းတဲ့ သင်္ကေတတစ်ခုပါးသူနဲ့ ခင်မင် ရင်းနှီး မိတ်ဆွေဖြစ်လိုသူတွေ...။ တတ်နိုင်ရင်တစ်ဆင့်တက် ရင်းနှီးလိုသူ တွေ ဝိုင်းဝိုင်းကိုလည်လို့။ ။
သူကတော့ တကယ့်ကို လူတစ်မျိုးပါ။
သူ့အပေါ် တိမ်းညွတ်နေတဲ့ မျက်လုံးတွေရဲ့အင်အားကို သူ သိနေ မှာပါ။ ယောက်ျားပဲလေ...။ သူ သိနေမှာပါဆိုတဲ့ အတွေးဟာ ကျွန်မ အထင်သက်သက်လည်း ဖြစ်ကောင်းတော့ ဖြစ်နိုင်ပါတယ်။
သူ့ကို ကျွန်မ ရှင်းရှင်းကြီး မြင်တွေ့နေရတာကတော့ ကျောင်းစာ သီချင်းနဲ့ ဘောလုံးကန်ခြင်းကလွဲလို့ ဘာကိုမှ မက်မက်စက်စက် မရှိသူ တစ်ကိုယ်ရေဘ၀မှာ နှစ်ခြိုက်စွာပျော်ပိုက်နေထိုင်သူ ဖြစ်နေတာကိုပါပဲ။
သူမို့ ဘောလုံးကန်ပြီဆိုရင် သူ့ကိုအားပေးနေကြတဲ့ ကျောင်းသူ တွေရဲ့ အသံ ကွင်းဘေးမှာ တဟေးဟေည်လို့။
အသံသြဇာ ကောင်းလွန်းရုံမက ဆွဲဆောင်အားပြင်းလှသူနာကျင်မှာစိုးလို့ လေနဲ့ တဖွဖွမှုတ်ပေးနေမိတဲ့ အချိန်လေးတစ်ခုမှာ ကျွန်မမျက်နှာဟာ မိုးရေထဲမှာ မီးလောင်နေခဲ့ဖူးပါတယ်
ငါ မိန်းကလေးဆိုတဲ့အသိ၊ စာသင်တုန်းအရွယ်ဆိုတဲ့အသိနဲ့ ရေ လာအောင် မြောင်းမဖောက်ရဲခဲ့တာ အမှန်ပါ။ ကျွန်မဘက်က ရေမြောင်း အကြိမ်ကြိမ်ဖောက်မီတယ်ထားဦး၊ ကျွန်မချစ်တဲ့ ရေခဲမြစ်တစ်စင်းဆီက ရေကြည်တစ်ပေါက်လောက်တောင်မှ စီးဆင်းလာနိုင်ပါ့မလား။ သံသယ စိတ်၊ အားငယ်စိတ်၊ ပင်ပန်းညစ်ညူးစိတ်၊ တထွေးတစ်ပိုက်နဲ့ ဆယ်တန်း စာသင်နှစ်ဟာ ကုန်ဆုံးလွန်မြောက်ခဲ့ပါပြီ။
( ၅ )
ကံတရားဟာ တစုံတရာကို ကြိုတင်အကွက်ချ စီစဉ်ခဲ့တာလား။
ကျွန်မအပေါ် တစ်ဘဝစာ ဒဏ်ခတ်အပြစ်ပေးချင်တဲ့ အာဃာတ တရားနဲ့ ဆုံဆည်းထောင်ချောက်တစ်ခု တပ်ဆင်ခဲ့တာလား။
မပြောတတ်တော့ပါဘူး။
နွေကျောင်းပိတ်ရက်မှာတော့ ရှောင်လွဲမရတဲ့ စည်းဝိုင်းလေး တစ်ခု ထဲမှာ ကျွန်မတို့နှစ်ယောက် မျက်နှာချင်းဆိုင်ခဲ့ရပါတော့တယ်။
ဒီအတွက် ကျွန်မရင်တွေ တလှပ်လှပ်ခုန်နေခဲ့တယ်။
အပျော်လွန် အအိပ်မဲ့ညတွေနဲ့ မိုးသောက်ယံများစွာကို မျက်နှာသစ် ခဲ့ရတယ်။
ဒါဟာ ကျွန်မအတွက်တော့ အေးမြချိုဆိမ့်တဲ့ မိုးစက် မိုးပေါက် ပေါင်း များစွာပါပဲ။
ကိုယ့်ကိုယ်ကို အလှဆုံးဆင်သထားတဲ့ ရုံးတက်မနက်ခင်း များစွာ မှာ သီချင်းချိုချိုဆိုလို့။
နေခြည်ဖောက်တိမ်မျှင်တွေကို တွဲလွဲခိုနေမိပါတယ်။ ဒီဆုံဆည်းမှုဟာ နှလုံးအိမ်ကို အစိတ်စိတ် အမြွာမြွာ ကွဲအက် ကြေပြုန်းစေမယ့် အဆိပ်ပြင်းပြင်းတစ်ခွက် ဖြစ်မယ်ဆိုရင်လည်း ကျွန်မ ပျော်ရွှင်စွာ သောက်သုံးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရိုးရှင်း ဆုံး စကားနဲ့ပြောရရင် ကျွန်မ သူ့ကို သိပ်ချစ်နေမိလို့ပဲ။
(၆)
ပြီးခဲ့တဲ့နှစ်က (ခ)တရင်းနဲ့သာ အောင်ခဲ့တဲ့ ကျွန်မဟာ တကယ် တော့ ပညာရေးမှာ သိပ်ထွန်းထွန်းပေါက်ပေါက် မရှိလှပါ ဒီနှစ်လည်း သိပ်မဖြေနိုင်ခဲ့ပြန်ဘူး ဒါကြောင့် နွေကျောင်းပိတ်ရက်မှာ မြို့နယ် သမ ဝါယမအသင်းရဲ့ နေ့စားတစ်ယောက်အနေနဲ့ အလုပ်ဝင်လုပ်ဖို့ အိမ်က စီစဉ်ပေးတာကို လက်ခံခဲ့ရပါတော့တယ် (က)တရင်းနဲ့ အောင်ခဲ့ရင်တောင်မှ အလုပ်လုပ်ရင်း စာပေးစာယူ တက်ရမယ်တဲ့ကျွန်မအတွက် ထူးထွေပြီး စိတ်ပျက်အားငယ်စရာ မဖြစ်မိတော့ပါဘူး။ မိသားစုထဲမှာ မထင်မရှား မှိန်ဖျော့စွာ ကြီးပြင်းအသက်ရှင်ခဲ့ရတာ ခုမှမဟုတ်ပဲထုံ ပေပေ ပျင်းတွဲတွဲနဲ့ မွန်းကြပ်တဲ့ အသက်ရှူသံတွေဟာ ကျွန်မခေါင်းပေါ် က ဆံပင်သန်သန်တွေလို ဦးနှောက်နဲ့ နှလုံးသားနေရာအနှံ့မှာ အမြစ်စွဲ ပေါက်နေကြတယ်လို့ အမြဲခံစားနေရတာ ကြာလှရှိပြီပဲအဲဒီလိုခံစားမှုတွေဟာ အခန်းတွေအများကြီးပါတဲ့ အမွေရ ရှေးအိမ် အိုဟောင်းကြီးတစ်လုံးရယ်၊ ခြောက်နှစ်အရွယ် သမီးငယ် တစ် ယောက် ရယ် ကိုသာ ပိုင်ဆိုင်တဲ့ အမေမုဆိုးမကို လူကြီးတစ်ယောက်က သူရဲ့ ဒုတိယအိမ်ထောင်အဖြစ် ရွေးချယ်ပြီး ကျွန်မတို့အိမ်ပေါ် တက်လာတဲ့ အချိန်ကပဲ စတင်ခဲ့တာထင်ပါတယ်။ အဖေမဟုတ်မှန်းသိပေမဲ့ အမေ့ မျက်နှာပေါ်မှာ ကြောက်တာကြောင့် အဖေလို့ ခေါ်ခဲ့ရတာ ခုတော့လည်း နှုတ်ကျိုးနေပါပြီး အဖေ... ပေါ့လေး
ကျွန်မအဘိုးကိုယ်တိုင်ဆောက်ခဲ့တဲ့ ထင်းရှူးပင်မြင့်မြင့်ကြီးတွေ ကြားက မည်းညိုညို အိမ်အိုကြီးဟာ စစ်တုရင်ခုံပေါ်က ရဲတိုက် အရုပ် တစ်ခုလို ကုန်းမို့မို့တစ်ခုထိပ်မှာ မားမားကြီးရပ်နေတော့ မြို့ခံလူ အားလုံး တွေ့ဖူးကြပါလိမ့်မယ် အဲဒီရဲတိုက်လိုအိမ်ကြီးထဲမှာ အဖေဆိုတဲ့ လူကြီးရဲ့ လက်ညှိုးညွှန်ရာ ရေဖြစ်ပေးနေရတဲ့ နယ်ရုပ်လေး တစ်ရုပ်လိုမျိုးနဲ့ ကျွန်မ ဘဝကိုတော့ ဘယ်သူမှ စ်နိုင်ခဲ့ပါးအကေလည်း နောက်အိမ်ထောင် နဲ့ရတဲ့ မောင်လေးအပေါ်မှာသာ မေတ္တာတွေပုံပေး၊ အဖေကလည်း သူ့သွေးစစ်စစ် ဖြစ်တဲ့ မောင်လေးအပေါ်မှာသာ အချစ်တွေထားနဲ့ ကျွန်မ ကိုယ်ပေါ်မှာ မိဘမေတ္တာတရားတွေ ခမ်းခြောက် ကွယ်ပကုန်ပြီလားလို့ အမြဲတွေးနေမိတာဟာ လူသူမသိတဲ့ ပုံပြင်တစ်ပုဒ်ပါပဲစေခိုင်းသူဆန္ဒအရ သည်တစ်ခါ ရွှေ့ပေးလိုက်ရတဲ့နေရာမှာ ကျွန်မ ချစ်တဲ့ သန်စွမ်းလှပ ပန်းရိုင်းတစ်ပွင့် ရှိနှင့်မယ်လို့ ဘယ်လို တွက်ချက်မှု မျိုးနဲ့မှ ကြိုတင်မသိနိုင်ခဲ့တာကိုပဲ တွေးတွေးပြီး ပျော်နေမိပြန်ပါတယ်။
စာအုပ်တွေ ဖိုင်တွေ အထပ်ထပ်ပုံထားတဲ့ စားပွဲတွေကြားထဲ ဟိုတိုးသည်ကွေ့ တိုးဝင်ဖြတ်သွားရင်း လိုက်ပို့သူက ကျွန်မ ထိုင်ရမယ် စားပွဲလေးကို ညွှန်ပြတယ်။
အလုပ်ခွင်ဝင်စ လူအသစ်စက်စက်တစ်ယောက်ရဲ့ အူကြောင် ကြောင် နိုင်မှုမျိုးနဲ့ ထမင်းဘူးရယ် လွယ်အိတ်လေးရယ်ကို စားပွဲပေါ်တင် ပြီး ခေါင်းမော့လိုက်တော့ ဘေးချင်းယှဉ်လျက် စားပွဲတစ်လုံးမှာ စာရွက် တစ်ထပ်ကို စိတ်ရှုပ်ဟန်နဲ့ တဖြတ်ဖြတ်လှန်လှောကြည့်ရှုနေတဲ့ သူ့ကို တွေ့လိုက်ရတယ်။
ခွန်မောင်”
ပျော်လွန်လွန်းလို့ ကိုယ်ပါးစပ်က ထွက်တဲ့အသံ ကိုယ်မမှတ်မိ သလိုပဲ။
“ဟင်... နန်းမြမှု" ခွန်မောင်... နင် ဒီမှာအလုပ်ဝင်နေတာလား”
“ အဖေပေါ့ဟာ... ကျောင်းပိတ်ရက်မှာ လတ်လျားလတ်လျား ဖြစ်နေမယ့်အတူ ငါ့ရုံး နေ့တိုင်းလိုက်ခဲ့ဆိုပြီး ဂုတ်ဆွဲခေါ်လာလို့ ဒီမှာ ဒုက္ခလာခံနေတာပေါ့
ခွန်မောင့်အဖေဟာ ဒီဌာနရဲ့အကြီးအကဲတစ်ယောက်ဖြစ်ကြောင်း မေ့လျော့နေမိတဲ့ ကိုယ့်ကိုယ်ကိုပဲ ကလော်ကယော်နဲ့ ပြန်ကျီစယ်နေမိ တော့တယ်။
“ဒါဆို နင် လုပ်အားပေးပေါ့"
“ ဟုတ်တယ် အမေ ထည့်ပေးတဲ့ ထမင်းဘူးစားပြီး တစ်နေ့လုံး အဖေရုံးက ဘာမှန်းမသိတာတွေ လာလုပ်နေရတာ သုံးရက်ရှိသွားပြီ "
စိတ်တိုနေတဲ့ ခွန်မောင့်မျက်နှာလေးကိုကြည့်ပြီး သူ ဒီရုံးထဲမှာ စိတ်မသက်မသော အကျဉ်းကျနေမယ့် ကျောင်းပိတ်ရက်တွေအတွက်