Skip to product information
1 of 4

Other Websites

ဂျက်ကွမ်းခြံကုန်း - မသိရင်ခက်မယ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ကမ္ဘာကြီးက ပူတယ် ကိုယ့်လူ

(တစ်)

တစ်နေ့သ၌ ပါဂျဲရို (Pajero) ကားကြီးတစ်စီးသည် ကျွန်ုပ် ဂျက် ကွမ်းခြံကုန်း၏ အိမ်ဂေဟာရှေ့တွင် ဝေါခနဲထိုးဆိုက်၏။ အကြောင်းမှာကား ဂလိုဘယ် ဝမ်းမလီး Global Warmly ခေါ် ကမ္ဘာကြီး ပူနွေးလာသောကြောင့်ပေတည်း။ မှန်၏။ လူကုံထံတို့၏ စီးတော်ယာဉ် မော်တော်ကားပေါ်မှ ဆင်းချလာသော အမှီပုဂ္ဂိုလ် ဧရာမ မဟာလူသားသည် သူ၏ ဘိုးစဉ်ဘောင်ဆက်တို့က သပွတ်အူဇာတိရပ်ခံများ ဖြစ်ကြဘိပါသော်လည်း သူကမူ ရန်ကုန်မြို့ကြီးတွင် လူလားမြောက်ကြီးပြင်း၍လာခဲ့ကာ လုပ်ငန်းကိုင်ငန်းများ အပေါက်အလမ်းတည့်လျက် ကြွယ်ဝချမ်းသာနေခဲ့သူတစ်ဦး ဖြစ်ဘိလင့်စေ ကာမူ ကမ္ဘာကြီးပူတယ်ဟေ့ဟု ကြွေးကြော်လျက် အင်ဗာရိုးမင့် (Environment) ခေါ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများဘက်၌ အတော်ကလေးကို တက်ကြွနေသူတစ်ဦးလည်း ဖြစ်ပါ၏။

ယခုလည်း ကြည့်။ ကမ္ဘာကြီးပူလာတဲ့ အရေးကိစေပဲပ ဆရာကြီးဂျက် ဟု မြည်တွန်တောက်တီးကာ ညှိုးငယ်သော မျက်နှာထားနှင့် ကျွန်ုပ်ထံ ရောက်ရှိလာခြင်းပင် ဖြစ်ဘိပါချေပေသည် တကားတမုံ့။

 

(နှစ်)

“သပွတ်အူကျေးရွာ၌ သွားရောက်ဟောပြောရန် စီစဉ်ဆောင်ရွက် ပြီးဖြစ်ပါ၍ ဆရာကြီးဂျက်အနေနှင့် အတူလိုက်ပါပြီးသော် သဘာပတိနေရာ၌ တာဝန်ယူပေးပါရန်”

ဧရာမ မဟာပုဂ္ဂိုလ်က ကျွန်ုပ်အား အနို့ကလို တာဝန်ပေးအပ်လာပါ ၏။ သပွတ်အူ၌ သူသွားရာက်ဟောပြောမည့် “ကမ္ဘာ့အပူ လျှော့ချဖို့ ခင်ဗျားတို့ တာဝန်” ဟောပြောပွဲ။ အချုပ်ကိုဆိုရသော် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးခေါ် ဂေဟဗေဒဘက်၌ စိတ်အနည်းငယ် တိမ်းညွှတ်သူ ကျွန်ုပ်သည်ကား အန္ဒီအကြင် ဧရာမ မဟာပုဂ္ဂိုလ်နှင့်အတူ သပွတ်အူကျေးရွာ ဟောပြောပွဲရှိရာ သို့ သဘာပတိဂျက်အဖြစ် လိုက်ပါသွားခဲ့ရပါကြောင်း ဟူလို။

(သုံး)

သဘာပတိဂျက်ကား ငါမရှိခက်ဟူသော စတိုင်ဖြင့် စင်ပေါ်တွင် မိန့်မိန့်ကြီးထိုင်နေမိပါ၏။ ဧရာမ မဟာပုဂ္ဂိုလ်သည်ကား သူ့ဟောပြောမှု ကို စတင်လျက်ရှိချေကပြီ။ ကမ္ဘာ့အပူလျှော့ချဖို့ ခင်ဗျားတို့တာဝန်” ဟောပြောပွဲ။ ။

“အဓိကက ကာဗွန်ပဲဗျ။ ကာဗွန်ဒိုင်အောက်ဆိုဒ် CO,... ဘဇာ ကြောင့် ကမ္ဘာပူသလဲဆိုတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေများလာလို့ ကမ္ဘာ့ ပတ်ဝန်းကျင်ကို ဝန်းရံထားသော CO,... တွေ ထုထည်ထူထပ်လာပါရော။ အန္ဒီအခါမှာ ကမ္ဘာကို ကျဆင်းလာတဲ့ နေရဲ့အပူက ပြန်ပြီးမထွက်နိုင်ဖြစ်လာ ပါရော။ အဲသဟာကို မှန်လုံအိမ်အာနိသင် Green House Effectဟု ခေါ် ပါလေရော.. အဲသမှာ ကမ္ဘာဟာ ပူအိုက်အိုက်ကြီးဖြစ်ခဲ့ရချေပြီ။ အဲတော့ ဘာဖြစ်သတုံး... မုန်တိုင်းတွေ မကြာခဏတိုက်မယ်လဗျာ၊ မြောက်ဝင်ရိုးစွန်း တို့၊ ဂရင်းလန်ရေခဲတောင်တို့၊ အန္တာတိကရေခဲပြင်တို့ အရည်ပျော်သဗျာ...ရေကြီးမဗျာ... မိုးခေါင်... သီးနှံပျက်... ရောဂါထူ.. ကပ်ကြီးတွေ... ကပ်ကြီးတွေ”

ရွာဦးဘုန်းတော်ကြီးကျောင်း မြက်ခင်းပြင်ဝယ် ကျုံကျုံကလေး ကိုယ် စီထိုင်ကာ ပါလာသည့် တဘက်ကလေးများဖြင့် ချွေးသုတ်ရင်း၊ ယပ်တောင် ကလေးများခတ်ရင်း နားသောတဆင်တော်မူနေကြသည့် သပွတ်အူက သည္ ရိသအနွယ်ဝင် သူတော်စင်အသီးသီးတို့သည် မျက်နှာကလေးများငယ်၍ သွားကြကုန်၏။

“အဲသဟာ ဘယ်သူ့ကြောင့်တုံး၊ ခင်ဗျားတို့ လူသားတွေကြောင့် ... ခင်ဗျားတို့ကြောင့် အဲကွန်းခေါ် လေအေးပေးစက်တွေကို သုံးကြသဗျာ၊ ရီဖရက်ဂျစ်တာခေါ် ရေခဲသေတ္တာကြီးတွေကို သုံးကြသဗျာ။ မော်တော်ကား တွေကို စီးကြ၊ မော်တော်ဆိုင်ကယ်တွေကို စီးကြ၊ စက်ရုံ၊ အလုပ်ရုံတွေ အတိုင်းအဆမဲ့ လည်ပတ်ကြ၊ ကမ္ဘာပူအောင် ခင်ဗျားတို့ လုပ်ခဲ့ကြသဗျာ”

သပွတ်အူ ပရိသတ်ကြီးကား ပို၍တိတ်ဆိတ်၊ ပို၍ငြိမ်သက်ကာသာ သွားတော့လေ၏။

ကျွန်ုပ်၏မိတ်ဆွေ ဧရာမ မဟာပုဂ္ဂိုလ်သည်ကား ပင်လယ်သမုဒ္ဒရာ သစ်တောတို့က တစ်နှစ်တွင် ကာဗွန် ဘီလျံ ၃ တန်သာ စုပ်ယူနိုင်ပုံ၊ ကမ္ဘာကြီးက ဘီလျံ ၇ တန် ထွက်နေပုံ၊ နှစ်စဉ် ကာဗွန် ဘီလျံ ၄ တန် တိုးနေပုံ၊ ကမ္ဘာကြီး သည့်ထက်သည် ပူနွေးအိုက်စပ်၍မသွားမီ ဆင်ခြင်ဖို့ရာ လိုအပ်လှပုံ စသည် စသည်တို့ကိုလည်း အားရပါးရဖြင့် စည်ဘီယာခွက်ထဲ အမြှုပ်တို့ထသည့်နှယ် မြွက်ဟ၍နေသည်မှာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက် လွန်စွာ အားတက်ဖို့ ကောင်းလှချေ၏။ ။

အနို့နှင့် “ကမ္ဘာ့အပူလျှော့ချဖို့ ခင်ဗျားတို့တာဝန်”ဟောပြောမြွက်ဟ ပညာပေးသမှုပွဲကြီး ပြီးမြောက်သည်ရှိသော် သပွတ်အူဝန်းကျင်က တောင် သူ လယ်လုပ် ဓားမခုတ်တို့သည် ခြေကျင်တချို့၊ လှည်းတို့၊ လှေတို့ဖြင့်တစ်ဖုံကိုယ့်ရိပ်မြုံရှိရာဆီ ကိုယ်ပြန်ကြရန်အလို့ငှာ ပြင်ဆင်ကြရင်း ကျွန်ုပ်တို့၏ကား ကို လက်ပြနှုတ်ဆက်ကြချေ၏။ အဖို့နောက် ယပ်တောင်ကလေးများ တဖျပ် ဖျပ်ခတ်ကာ အလွန်အသိတိုးသည့် ဟောပြောသမှုဖြစ်ကြောင်း စားမြုံ့ပြန် လျက် ရှိကြချေကုန်၏။

ကျွန်ုပ်၏ ဧရာမ မဟာပုဂ္ဂိုလ်သည်ကား ပင်ပန်းသွား၍ပေထင့် ဒရိုင်ဘာ ဘေး၌ ခြေပစ်လက်ပစ် လိုက်ပါလာခဲ့ကာ အဲကွန်းကို နောက်ဆုံးအဆင့်ထိ မြှင့်တင်လိုက်ပြီးသည်၏ သကာလ မှေးစက်တော်မူရှာ၏။

မိန်းမဈေးသွားရန်အလို့ငှာ ကားကတစ်စီး၊ ပုစုခရုတို့ ပညာရင်နို့ သောက်စို့သွားကြရန် ကားကတစ်စီး၊ မိမိ ဟိုနားသည်နားသွားရန် ကားက တစ်စီးနှင့် အမှီပုဂ္ဂိုလ်၊ မိမိအိမ်ဂေဟာ၏ အခန်းတိုင်း၊ အခန်းတိုင်းဝယ် လေအေးပေးစက် တပ်ဆင်ထားသော အကြင်ပုဂ္ဂိုလ်၊ အိမ်လောက်နီးနီး အရွယ်အစားကြီးကြသည့် ရေခဲသေတ္တာ၊ အဝတ်လျှော်စက်များ၏ပိုင်ရှင် ၎င်းပုဂ္ဂိုလ်၊ မြို့ပြင်တစ်နေရာဝယ် အရက်ချက်စက်ရုံကလေးတစ်ရုံနှင့် မုန့် ဟင်းခါးဖတ်စက်ရုံကလေးတစ်ရုံကို စိတ်ပြေလက်ပျောက် တည်ဆောက် ထားကာ မအားလပ်သည့် ကြားကနေ၍ ကမ္ဘာကြီးပူနွေးလာမှုကို သတိပြု ကာကွယ်သွားကြရန်အလို့ငှာ လိုက်လံလှုံ့ဆော်ဟောပြောနေသော အနီလူသား ၏ ခွေးကလေးနို့တို့တို့ မျက်နှာကလေးကိုကြည့်ကာ ကျွန်ုပ်မှာ လေးစား၍ မဆုံးစတမ်း ဖြစ်နေမိခဲ့ရပါကြောင်း ဟူလို။

ပေါ်ပြူလာ၊ ၂၃-၉-၂၀၀၈                                                                                                                                          

 

မြို့ကြီးသားတို့ရဲ့ နားရွက်အထူအပါး

(တစ်)

           မိုးရက်လွန်ဟောင်း၍ ဆောင်းရက်သစ်သစ် မြူနှင့်နှင်းတို့ ဖြစ်ချင်တိုင်း ဖြစ်ရန် အားသစ်ပြင်နေကြသော အခါသမယ တစ်ခုသောနေ့ဝယ် သပွတ်အူ ကျေးရွာက အံ့သြစရာအကောင်းဆုံး ဧည့်သည်တစ်ဦးဟု ဝိသေသပြုလောက် ချေသော လူသားတစ်ဦးသည် ရန်ကုန်မြို့ရှိ ကျွန်ုပ်၏ အိမ်ဂေဟာသို့ ရောက် ရှိ၍ လာလတ်ချေ၏။ ဘကြီး ကိုကြွက်သိုးပေတည်း။ ။

အများသိတော်မူကြပြီး ဖြစ်သည့်အတိုင်း ကျွန်ုပ်တို့၏ ဘကြီး ကိုကြွက်သိုးသည် သပွတ်အူထံပါးမှ တစ်ဖဝါးခွာသူမဟုတ်ချေ။ မြန်မာ့ ရိုးရာ ဒီ (Toddy) ခေါ် ထန်းရည်ကလေးရောင်းချကာ သူ့ဘိုးဘွားပိုင် ထန်းတောကလေးအတွင်း သူ့လိုက်ဖ်စင် (LifeStyle) ကလေး သူကျေနပ် ကာ အာယ်အရပ်ကိုမှ သွားလေ့သွားထမရှိသော၊ ရန်ကုန်ကို ဝေးစွ၊ မလှမ်း မကမ်းက တောမြို့ကလေးသို့ပင် ဘုရားစူး မိုးကြိုးပစ် တစ်ခေါက်စ နှစ် ခေါက်စသာလျှင် ရောက်ဖူးသော ဇာတိမာန်တက်ကြွသူ ဘကြီးကြွက်သိုး ဖြစ်ဘိမူချေရာ သို့ကလို ရန်ကုန်မြို့သို့ ဆိုက်ဆိုက်နှင့်မြိုက်မြိုက်ဆိုသလို      ရောက်ချလာဘိတော့သဖြင့် ကျွန်ုပ်အဖို့ အံ့သြတကြီး ဖြစ်ဘိရသည်မှာ အဆန်းတော့ဖြင့် မဟုတ်ပါလေ အဆွေ။

“လူကြုံကောင်းလွန်း၍ပေပ ငါ့တူ ဆရာကြီးဂျက်ရေ” | ဘကြီးကိုကြွက်သိုးကား အာလုပ်သံကြီးဖြင့် အနို့ကလိုပြောပြီးသည် တည့်ရှိချေသော် ခရီးဆောင်ဘက် (Bag) အိတ်ကြီးများကို ပစ်ချပြီးသည့် - သကာလ ရန်ကုန်မြို့ရောက် ဧည့်သည်တော်တစ်ဦးပေတကားသတည်း။

(နှစ်)

 ရန်ကုန်မြို့ရှိ ကျွန်ုပ်၏ တိုက်ခန်းကလေးဝယ် ရောက်ရှိနေသော အခိုက်အတန့် နံနက်လင်းသည်နှင့် ကျွန်ုပ်၏လမ်းကို ဗဟိုပြုကာ ဟိုဘက် လမ်း သည်ဘက်လမ်း အညောင်းပြေ အညာပြေ လမ်းလျှောက်တတ်သည် မှာ ဘကြီးကြွက်သိုး၏ အလေ့အထပင်။ သို့ကလို လမ်းလျှောက်၍ ပြန်လာ သည့်အခါတိုင်းဝယ် ဘကြီးကိုကြွက်သီးမှာ မျက်နှာမကောင်းဘိမူ၍ ခေါင်း တခါခါဖြစ်၍ မဆုံးနိုင်သည်သာတည့်။ ။

“ခမျာကလေးတို့ သနားဘိစရာတွေပါကွယ်”

အစို့နယ် သို့နှယ်သော မြည်တွန်တောက်တီးစကားသည်ကား ဘကြီး ကိုကြွက်သိုး မြွက်ဟမြဲစကားပေတည်း။ အနို့နှင့် သုံးလေးရက်ခန့် ကြာသည် ရှိသော် ကျွန်ုပ်က မေးရချေသည်တည့်။

“ဘယ်ခမျာကလေးတို့ကို ဘယ့်နှာကြောင့် သနားဘိရချေသတုံး အန်ကယ် ဘကြီးကိုကြွက်သိုးငဲ့လေ”

သို့ကလို အမေးစကားရှိတော့ဘိချေမှ ဘကြီးကိုကြွက်သိုးက ဖြေ ခြင်းအမှုကို ပြုဘိချေသည်တည့်။ အောက်တွင် ဆက်လက်ဖော်ပြအံ့လတ္တံ့ အတိုင်းသာတည်း။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)