ဂျက်ကွမ်းခြံကုန်း - တုတ်ထိုးအိုးပေါက်
တစ်
ပြဿနာမှန်သမျှ အရှေ့ယဝမဇ္ဈဂုံးရွာအဝရှိ သုခမိန် မဟောသဓာ၏ဇရပ်၌ လာရောက်ဆိုက်ကပ်ကာ ဖြေရှင်းသမှုခံယူ ကြရသကဲ့သို့ မြန်မာဘုတ်အုပ်စာနယ်ဇင်းလောကတစ်ခွင်တစ်ပြင် ၌ ဖီလော်ဆော်ဖီပိုင်းဆိုင်ရာပြဿနာနှင့် အင်ဖော်မေးရှင်း တက္ကနော် လော်ဂျီ(ခေါ်) အိုင်တီပိုင်းဆိုင်ရာပြဿနာတို့ အကြီးအကျယ် တက်ကာ မျက်ဖြူဆိုက်ကြရပြီဆိုလေတိုင်း သပွတ်အူကျေးရွာနေ ကျွန်ုပ် ဆရာကြီး ဂျက်ကွမ်းခြံကုန်းထံ ရောက်ရှိ၍ လာကြကာ ဘယ့်နှာသို့ ဖြေရှင်းရပါအံ့လတ္တံ့ဟု စေ့ငု၍လာကြမြဲဖြစ်သည့် အတိုင်း အမှီ ရွက်ဝါကြွေလူးနွေမူးမူး၏တစ်ခုသော ညနေရီရီဝယ် ဂျာနယ်လစ်ဇင်း (ခေါ်) စာနယ်ဇင်းသမားတစ်ဦးသည် ကျွန်ုပ်ဂျက် ကွမ်းခြံကုန်းထံ ဆိုက်ကပ်၍ လာလတ်၏။
သူကားအပတ်စဉ် ထုတ် ချက်ချင်း လက်ငင်းဂျာနယ်မှ လောကဓံထိုက်ထိုက် ဟူသည့် လူရွယ်ကလေးပင်ဖြစ်ဘိတော့ချေ သည် တမုံ့တကားတည်း။“
ယခု ပစ္စက္ခ ... ကျွန်ုပ်တို့၏ စာနယ်ဇင်းလောက အခြေအနေမှာ ... စောလျှင်စော ... မစောလျှင်မော ဟူသည့် အခြေအနေပါ ဆရာကြီး ဂျက်”
လောကဓံထိုက်ထိုက် မျက်မှောက်ခေတ်ဂျာနယ်လောက ၏ ပုံရိပ်ကို အနို့ကလို ကောက်ကြောင်းဆွဲပြလိုက်ရာ တစ်ချက် တည်းနှင့်ရှင်း တစ်ကွက်တည်းနှင့်လင်း၍ သွားတော့၏။
မှန်သည်။ နွေရက်ထဲ၌ ကြွေရွက်ဝဲသည့်နှယ် အားကစား၊ မှုခင်း၊ ရုပ်ရှင်၊ ဂီတ၊ ကျန်းမာရေး၊ ဂမ္ဘီရ၊ နိုင်ငံတကာ စသည်ဖြင့် ဂျာနယ်ပေါင်းစုံတို့ ပလူပျံ၍နေသော ယခုကာလဝယ် ဂျာနယ်မှန် သမျှ စောအောင် ကြံကြရချေ၏။ ထွက်ရက်စောရုံသာမက သတင်း တွေ ထူးဖို့ ဦးဖို့ လုံးပမ်းကြရချေသည်။
“ဂျာနယ်တိုက်တိုင်းမှာ အင်တာနက်ရှိတယ်။ ဂြိုဟ်တု စလောင်းများဖြင့်လည်း ချိတ်ဆက်၍ ထားတယ် .. အနို့သော် ထွက်ရက်ကြောင့် သတင်းတွေ နှောင့်နှေးရသလို ရှိပေတယ်လေ”
လောကဓံထိုက်ထိုက်၏ စကားတို့က မှန်လှပါချေသည်။ အင်တာနက်နှင် ဘဇာသို့ချိတ်ချိတ်၊ ဂြိုဟ်တုစလောင်းနှင့် ဘဇာ သို့ ဖမ်းဖမ်း ထွက်ရက်အပေါ်တွင် မူတည်၍သတင်းများ သိုးသွား၊ ပုပ်သွားနိုင်ချေသည်။
မိမိ၏ ဂျာနယ်က စနေနေ့ နံနက်တွင် ဖောင်ပိတ်သည်။ အနို့သော် သို့သော် အများသိချင်သော ဘောလုံးပွဲက တနင်္ဂနွေနေ့ နံနက်တွင်မှ ဆော့ကန်ကစားသည်။ သို့ဖြစ်ရာ အမှီသတင်းကို မိမိ၏ ဂျာနယ်က မဖော်ပြနိုင်တော့။ သို့တမူ တနင်္ဂနွေနေ့တွင်မှ ဖောင်ပိတ်သောဂျာနယ်က အမှီသတင်းကို မီသွားပြီး သတင်းဦးအဖြစ်ဖော်ပြလိုက်နိုင်ချေသည်။
“Breaking News(ခေါ်) စက်ရပ်သတင်းအဖြစ် နောက် ဆုံးအချိန်အထိ စောင့်သော်လည်း သတင်းကမဖြစ်ပွားသေးဟု ဆိုသော် နောက်ဆက်တွဲ အချပ်ပိုရိုက်နှိပ်ကာ supplement အပိုစာရွက်များဖြင့်ဝေငှပါကလား. . အဆွေလောကဓံထိုက်ထိုက်”
“ရိုးပေစွ ဂျက်ဆရာ”
လောကဓံထိုက်ထိုက်က ကျွန်ုပ်၏ အကြံကိုရိုးပေစွဟု ကောက်ချက်ချ၏။ ဟုတ်တော့ဖြင့် ဟုတ်သားပလေ။ အမိမြန်မာ နိုင်ငံတော်တလွှား ထုတ်ဝေရောင်းချစားသောက်နေကြချေသည့် ဂျာနယ်တိုင်းလိုလိုတွင် အချပ်ပို (ခေါ်) supplement တို့ပါဝင် ကြလေကုန်၏။ နောက်ဆုံးမှ ဝင်လာသည့် မမီမကမ်းသတင်း တို့ကို အမှီ အချပ်ပိုများ၌ ကသောကမျောရိုက်နှိပ်ကာ ကတိုက်ကရိုက် ညှပ်ဝေရခြင်းဖြစ်ချေ၏။
“အိမ်း ... ဂျာနယ်တိုင်းကအချပ်ပိုနဲ့ နောက်ဆုံး သတင်း တွေကို စောင့်ဆိုင်းရိုက်နှိပ်ဝေငှနေတယ် ဆို တော့လည်း ... ဘယ့်နှာဆန်းတော့မလဲ အမောင် လောကဓံ ... အဲ .. တစ်ခု တော့ ရှိချေသည်သာ”
ကျွန်ုပ်၏ ခေါင်းထဲတွင်တစ်ကွက်လင်းသွားရာက အဲ တစ်ခုတော့ရှိချေသည်သာပ ဟူသော စကားထွက်သွားခဲ့ပြီးလျှင် အမှီစကား၏ နောက်ကွယ်က အကြံပေးစကားတို့က လောကဓံ ထိုက်ထိုက်၏ ချက်ချင်းလက်ငင်း ဂျာနယ်ကို ဂျာနယ်ထုကြီး တစ်ရပ်လုံး၏ ရှေ့သို့တွန်းပို့လိုက်ခြင်းပင်လျှင် ဖြစ်ဘိပါချေသည် တမုံ့။
နှစ်
အိုးမကွာ အိမ်မကွာ စာနယ်ဇင်းတာဝန် ထမ်းဆောင်လိုသော နယ်ခံအယ်ဒီတာများ အလိုရှိသည်။ မြို့တိုင်း ရွာတိုင်းမှနေ၍လျှောက်ထားနိုင်သည်။
လောကဓံထိုက်ထိုက်က ကျွန်ုပ်အကြံပေးသည့်အတိုင်း သူ၏ ချက်ချင်းလက်ငင်းဂျာနယ်ထဲတွင် သို့နှယ် ကြော်ငြာထည့် ပစ်လိုက်၏။
ဤတွင် မြို့တိုင်းရွာတိုင်းမှ အယ်ဒီတာလျှောက်လွှာများ ရောက်ရှိ၍ လာတတ်၏။ လောကဓံထိုက်ထိုက်ကား ကျွန်ုပ်၏ အကူ အညီကိုယူလျက် အဝေးရောက်စာနယ်ဇင်းသမားများကို တစ်မြို့ တစ်ယောက် ခေါင်းခေါက်ကာ ရွေးချယ်သမှုပြုတော့၏။ ၁။ လမ်းမြန်မြန်လျှောက်နိုင်သူ ၂။ ဆိုင်ကယ်၊ စက်ဘီးစီးနိုင်သူ၃။ မြင်းအတန်အသင့် စီးတတ်သူ တို့ကိုဦးစားပေးကာ ရွေးချယ် ပြီးသည့် သကာလ သူ၏ချက်ချင်းလက်ငင်း ဂျာနယ်ကိုလတ်လတ် ဆတ်ဆတ် ပူပူနွေးနွေးသတင်းများဖြင့် ပရိသတ်ကိုဆွဲဆောင် ချည် နှောင်လိုက်တော့ချေ၏။
ချက်ချင်းလက်ငင်းဂျာနယ်သည်ကား လူထု၏ ကြားထဲ တွင် ပေါက်လည်းပေါက် ရောက်လည်းရောက်၍ သွားတော့ချေ သည်တည့်။ စာဖတ်သူတို့သည်ကား သတင်းဦး သတဲ့ သတင်းဦး သဟဲနှင့် ချီးမွမ်းထောပနာ၍ မဆုံးဖြစ်နေကြရသည် ဟူလို။
သုံး
ကျွန်ုပ်၏ အကြံပေးချက်အတိုင်း အရပ်ရွာများတွင် နယ်ခံဂျာနယ်လစ်ကလေးများကို လခအသင့်အတင့်ဖြင့် ခန့်အပ် ထားရှိပြီးသည်၏သကာလ ချက်ချင်းလက်ငင်း ဂျာနယ်က သတင်း ဦးသား သတင်းထူးသတဲ့ နာမည်ထွက်လာအောင် သတင်း ကွန် ရက်ချိတ်ဆက်ထားပုံများအနက် ဇာတ်ကွက်တစ်ကွက်ကို ကျွန်ုပ်က တင်ဆက်ပါအံ့။
တစ်နေ့သ၌ ဟင်္သာတမြို့ကလေးရှိ အော်တိုဟူသော လက်ဖက်ရည်ဆိုင်ကလေးတွင် ကျွန်ုပ်သည် ချက်ချင်းလက်ငင်း ဂျာနယ်ဝိုင်းတော်သား ဟင်္သာမြေ မောင်အေးသန်းနှင့်အတူ လက်ဖက်ရည်သောက်ခြင်းအမှုကိုပြု၍ နေ၏။ အမှီ အော်တို၏ ဘေးတွင်ကား အများသုံးတယ်လီဖုန်းရုံကလေးရှိရာ ယင်းဖုန်းရုံက လေးအတွင်းမှ စာရေးမကလေးက သို့ကလိုလှမ်း၍ အော်ချေ သည်။“ဆရာ ဟင်္သာမောင်အေးသန်း ... ဖုန်းလာတယ် ချက်ချင်းလက်ငင်း ဂျာနယ်က”
စွေ့ ခနဲသွားပြီး စွေ့ ခနဲပြန်လာသူ ဟင်္သာမြေ မောင် အေးသန်းသည်ကား လက်ဖက်ရည်ဆိုင်ရှေ့တွင်ထောင်ထား သော ဆိုင်ကယ်ပေါ်သို့ တက်ခွချေတော့၏။
“တက် ဆရာကြီး ဂျက် ... လောကဓံထိုက်ထိုက်ဆီက ဖုန်းဝင်လာတာ ... မြို့ကိုပတ်ကြစို့”
အသို့နှင့် ဟင်္သာမြေ မောင်အေးသန်း မောင်းနှင်သော ဆိုင်ကယ်၏ ခေါ်ဆောင်ရာသို့ ကျွန်ုပ်မှာလိုက်ပါရချေ၏။
"ဗျို့ ကိုကြွယ်ဝ ... ဆက်ဒမ်ဟူစိန်ကိုကြိုးမိန့်ပေးလိုက်
“အစ်ကိုရေ ... ကိုသန်းဌေး ... ဒိုင်ယာနာ ကား အက်ဆီးဒင့်ဖြစ်တာ ... ရိုးရိုးဖြစ်တာလို့ အမိန့်ချလိုက်ပြီ”
“ဆရာရေ ... ဒေါက်တာဦးစောအောင် ... သည်နှစ် Time opeč:m person of the year salgo You magons သဗျ”
“မမမော် ... ဟဲ့ သမီး ညည်းအမေ မမမော်ရော ဈေးသွားတယ် ... အေး ... ပြန်လာရင်လေ ဦး လာသွားတယ် လို့ ... စိုးမြတ်နန္ဒာမွေးပြီလို့နော် ... ယောက်ျားလေးလို့”
“ကေသွယ်ရေ .. ဟေ့ ကေသွယ်... မြတ်ကေသီအောင် မနေ့က မင်္ဂလာဆောင်တယ်ဟေ့”
“ဦးလေး ကိုဆွေအေးရေ ... မနေ့က ရုပ်ရှင်မင်းသမီး စန္ဒာဆုံးရှာပြီဗျာ”