Skip to product information
1 of 2

Other Websites

ဂျက်ကွမ်းခြံကုန်း - ကမ္ဘာကြီးက-တောင်ကန်-မြောက်ကန်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ကယ်လီဖိုးနီးယားမိုနိုလော့ဂ်

ကမ္ဘာကြီးကတောင်ကန်မြောက်ကန်

          ဘယ့်နှာသို့ ဖြစ်သည် မသိ၊ ယခု ရက်ပိုင်းကလေး များ အတွင်း၌ ကျွန်ုပ် ဂျက်ကွမ်းခြံကုန်း၏စိတ်ထဲ အရိပ်ပမာ မခွဲမခွာဟု ဆိုသလို လာလာပြီး ငြိနေသည့် ကိစ္စကတော့ ဘောလုံးကိစ္စကြီးပေပါ အဆွေတို့။

          ဘောလုံးဟု ဆိုလိုက်သည်နှင့် ကျွန်ုပ်၏ စိတ်ထဲ ဦးစွာမဆွ မြင်ယောင်ကြားယောင် ဖြစ်မိသည်က ကျွန်ုပ်၏ဆရာ နန္ဒာသိန်းဇံပေပ ဗျာရယ်။ ဆရာကား ဒဿနိဗေဒ ပါမောက္ခ ဖြစ်သည်နှင့်အညီ အရာရာကို အတွေးအခေါ်ရှုထောင့်မှ ကြည့်ရှု တတ်သည် ဖြစ်ချေရာ ဘောလုံးပွဲများနှင့်ပတ်သက်၍ အနံ့ကလို မိန့်မြွက် ဖူးပါ၏။

          “ဘောလုံး ဘောလုံးနဲ့ လူတို့

အရူးအမူး ဖြစ်နေကြသည်

 ဖြစ်၍... ကိုယ်လေ့လာအကဲခတ်ကြည့်မိသကွာ...

တကယ်တော့ လူဆယ့်တစ်ယောက်စီခွဲပြီးသည့်သကာလ...

 တစ်ဖက်ကဂိုးပေါက်ထဲကိုဝင်အောင်

လုကန်နေကြတာပါကွာ” မှန်ပါ့။ ဆရာ နန္ဒာသိန်းဇံမြင်သော ဘောလုံးရသအနှစ်ချုပ်ပါပေ။

တစ်ဖန်ကျွန်ုပ်၏အဆွေတော် အဝေးတစ်နေရာတွင် အောင်မြင်မည့် သူ ကဗျာဆရာက သူသည်ကား ပုသိမ်တက္ကသိုလ် မြန်မာစာအသင်း၏ selection ခေါ် လက်ရွေးစင်ဖြစ်ကြောင်း ဆိုခဲ့ဖူးရာ ကျွန်ုပ်က အထင်ကြီး၍ မဆုံးမီ အန္ဒီတက္ကသိုလ်၏ မြန်မာစာဌာနဝယ် အတောင် ၂ဝ ဝတ် အမျိုး သားဟူ၍ ဆယ့်သုံးယောက်သာရှိကြောင်း သိခွင့်ရခဲ့ရာ ဘယ့်နှာ selection ကြီးပါလိမ့်မတုံးဟု ခံစားခဲ့ရပါ၏။ ထား။ ။

          ယနေ့ကမ္ဘာကား ဘောလုံးကမ္ဘာဟု ဆိုရလောက်အောင် တဗုန်း ဗုန်းနှင့်ကန်ကြ၊ တဝုန်းဝုန်းနှင့်အားပေးကြ၊ ဂိုး ဂိုး ဟူသော အသံကြီးတို့ လွှမ်းခြုံသည့် ကမ္ဘာလော၊

          အနို့သော် စိတ်ပျက်စရာတို့က ဒုနဲ့ဒေးဖြစ်ပါ၏။

ဘုတ်အုပ်ဖတ်သူတို့ မှတ်မိကုန်လေသလော မသိ။ ၁၉၈၆ ကမ္ဘာ့ ဖလားကို မက္ကစီကိုနိုင်ငံ၌ ကန်ကြစဉ် ဗိုလ်လုပွဲသို့ တက်ရောက်လာကြသူများမှာ အင်္ဂလန်နှင့် အာဂျင်တီးနား။ ဤ၌ တစ်ဂိုးစီ သရေဖြစ်နေသည့် အခိုက် အာဂျင်တီးနားတိုက်စစ်မှူးဖြစ်သူ မာရာဒိုနာကြီးက ခေါင်းတိုက် သလိုလုပ်ကာ လက်နှင့်ပုတ်သွင်းလိုက်သဖြင့် ၂-၁ ဖြစ်သွားကာ အာဂျင် တီးနား ဗိုလ်စွဲခဲ့ပါ၏။

          အာဂျင်တီးနားပိုင် ဖောက်ကလန်ကျွန်း (Folkland Islands) ကို ၁၈၃၃ ကတည်းက အင်္ဂလန်က သိမ်းထားခြင်း၊ ၁၉၈၂တွင် ဖောက်ကလန် က တွန်းလှန်ခြင်း၊ အင်္ဂလန်က နှိမ်နှင်းခြင်း စသည့် နောက်ခံများ ရှိဘိ သည်ဖြစ်ရာ ဘယ့်နှာပဲ နိုင်ရနိုင်ရ နိုင်ရင်ပြီးတာပဲဟု လုပ်ထည့်လိုက်သည် မှာ ကမ္ဘာကျော် ဖြစ်ပါ၏။

ဘောလုံးပွဲတို့၌ War Fever ခေါ် စစ်၏ အဖျားသွေးကလေး ခပ် ငွေ့ငွေ့ ရှိတတ်သည်ဆိုခြင်းမှာ ဟုတ်များ ဟုတ်နေလေရော့သလား

မဆိုတတ်။

လူတွေက နိုင်ချင်ကြသည် မဟုတ်သလော။

ဟိုး ၁၉၉၄ တုန်းက ကမ္ဘာ့ဖလားပွဲကို ကျွန်ုပ် အမှတ်ရမိပါသေး ၏။ ကိုလံဘီယာဘောလုံးသမား အက်စ်ကိုဘာ အသတ်ခံရသည့် ဘောလုံး ပွဲပေပ။ တစ်ဖက်အသင်းက ရှေ့တန်းတိုက်စစ်မှူးနှစ်ဦး အပေးအယူလုပ်ကာ ကိုလံဘီယာဂိုးရှေ့သို့ ရောက်လာသည့်အခိုက် အက်စ်ကိုဘာက လှမ်း ဖျက်စဉ် မမီမကမ်းဖြစ်ကာ ဘောလုံးကို ခြေဦးနှင့် ထိုးသလို ဖြစ်သွားပြီး ကိုယ့်ဂိုး ကိုယ်ပြန်သွင်းသလို ဖြစ်သွားရာက အက်စ်ကိုဘာ နားနေရာ ဟိုတယ်ပေါ်သို့တက်ပြီး သေနတ်နှင့်ပစ်သွားခဲ့ရာ ကမ္ဘာက ကြေကွဲခဲ့သည် မဟုတ်သလော။

အနို့နှင့် ဆက်လက်၍ ကျွန်ုပ်မှတ်မိနေပြန်သည်မှာ ၂၀၀၆ ခုနှစ် တုန်းဆီကအဖြစ်ပင်။ အန္ဒီအဖြစ်မှာလည်း ကိုလံဘီယာနိုင်ငံက အဖြစ်ပင်ဖြစ်ပါ၏။ ကလပ်အသင်းပိုင်ရှင် တစ်ယောက်ကို လုပ်ကြံသောသတင်း။ အသက် ၅၃နှစ်အရွယ် ဂူစတာဗိုအူဝီရွိုင်းလိုပက်ဇ် ဟူသည်ကို သက်တော် စောင့်နှစ်ယောက် မိသားစုဝင်များနှင့်အတူ နေထိုင်သည့်အိမ်ထဲသို့ဝင်ကာ သတ်သွားခြင်း ဖြစ်ပါ၏။ အားကစားပွဲ အနိုင်အရှုံးကိစ္စ မကျေနပ်မှုဟုခန့်မှန်းကြပါ၏။

သို့နှင့် တစ်ဖန် ယခု လောလောလတ်လတ် ၂၀၀၉ ခုနှစ် ချန်ပီယံ လိဂ်ဗိုလ်လုပွဲအပြီး သတင်းကလေးတစ်ပုဒ်ကလည်း ကျွန်ုပ်ရင်ဝကို လာရောက်ဆောင့်ပြန်ချေသဗျာ။

အနှီ ဗိုလ်လုပွဲ၌ မန်ချက်စတာယူနိုက်တက် (မန်ယူ)နှင့် ဘာစီလိုနာ တို့ ဆော့ကန်ကြပြီးသည့်သကာလ အများသိတော်မူကြပြီးသည့်အတိုင်း ဘာစီလိုနာက နှစ်ဂိုး ဂိုးမရှိဖြင့် နိုင်ချေ၏။

ဤတွင် နိုင်ဂျီးရီးယားနိုင်ငံ အိုဘိုမြို့ကလေးက အဖြစ်အပျက်ကို ပြောလိုပါ၏။ ဘာစီလိုနာပရိသတ်က သူတို့၏ ဘာစီလိုနာအသင်း အောင်မြင် မှုကြောင့် လမ်းပေါ်၌ ပျော်မြူးလျက်ရှိစဉ် မန်ယူပရိသတ်က မကျေနပ်သဖြင့် သူ၏ မော်တော်ကားကို ဂငယ်ကွေ့ ကွေ့ပြီးသည့်သကာလ လူအုပ်ကို ဝင်တိုက်ရာ လူ ၄ ဦးသေ အများအပြားဒဏ်ရာရ ဟူသတတ်။ ၂၈ မေ ၂၀၀၉ သတင်း။

ဘောလုံးသမားကို သတ်၏။ အသင်းပိုင်ရှင်ကို သတ်၏။ ပရိသတ်ကို သတ်၏။ ဘယ့်နှာကြောင့်ဟု စေ့ငုသော် နိုင်လိုသောကြောင့်။ အရှုံးကို လက်မခံနိုင်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ၂၀၀၆က ပြော သော စကားတစ်ခွန်း ရှိပါ၏။ ကုလအဖွဲ့ဝင်နိုင်ငံ ၁၉၁ နိုင်ငံ၊ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်ဝင်နိုင်ငံ ၂၀၉ နိုင်ငံ အနံ့ကြောင့် ဘောလုံးအားကစားက ကမ္ဘာပြုမှုပိုဆန်ပါကြောင်း ဟူလို။

          ဖီဖာ(FIFA)ခေါ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကြီးကို ၁၉၀၄ ခုနှစ် မေလ ၂၁ ရက်၌ စတင်၍ ဖွဲ့စည်းခဲ့သည် ဖြစ်ချေရာ ယခုမူ အနှစ် ၁၀၀ ကျော်ခဲ့ပြီ။

အနို့ဖြစ်ချေရာ အားကစား အားကစားနှင့် အရှုံးကို လက်မခံနိုင်ဘဲ ငါနိုင်မှဟူသောစိတ်ဖြင့် ကစားသူ၊ ကြည့်သူ မည်သူ့ကိုမျှ မရှောင်၊ အသင်းတည်ထောင်သူကိုလည်း အလွတ်မပေး၊ အသက်ကို အန္တရာယ်ပေး လာသည်များမှာ အရေအတွက် မနည်းလှတော့။ ။

သို့ဖြစ်သည်ကြောင့် အနိုင်အရှုံးမရှိစေရန် ဂိုးပေါက် ဟူ၍ မထား တော့ဘဲ တောင်ကန် မြောက်ကန်နှင့် စိတ္တဇဝေဒနာရှင်တို့ ဆော့ကန် ကစားကြသည့်နှယ် တီထွင်ဖန်တီးပေးရသော် ကောင်းလေမည်လား မဆိုနိုင် ပါပေ တမုံ့တကား။ ။

မဟေသီ၊ သြဂုတ်လ၊ ၂၀၀၉။          

                                                                                                                           

ယခု ပစ္စက္ခခေတ်ကာလ သမယလောက် ပညာကို အငမ်းမရ အလုအယက် ရှာဖွေကြကုန်သောခေတ် သည် ဤကမ္ဘာပေါ်၌ အဘယ်သော ကာလကမှ ရှိခဲ့ပေအံ့ဟု ကျွန်ုပ် မထင်ပေ။ ဟုတ်၏။

Knowledge Society ဟူသောစကားကို ကျွန်ုပ်တို့ ကြားကြရပါ၏။ ပညာလူ့အဖွဲ့ အစည်း

ဟူလို။

Learning society ဟူသော စကားကို လည်း ကျွန်ုပ်တို့ ကြားကြရကုန်ပါ၏။ ထာဝစဉ် အမြဲမပြတ် လေ့လာသင်ယူကျက်မှတ်နေရသော လူ့အဖွဲ့ အစည်း ဟူသတတ်။

 

ကယ်လီဖိုးနီးယားမိုနိုလော့ဂ်

ဘာသင်သလဲမမေးနဲ့

 

အနို့အပြင် Knowledge Age ဟူသော စကားလုံးကိုလည်း ကျွန်ုပ် တို့ သတိချပ်မိကြပါ၏။ ပညာခေတ် ဟူပေ၏။ ။

Education for All ဟူသည့်စကားသည် အတော်လေး လှပါ၏။ လူတိုင်း လူတိုင်းအတွက် မြတ်ပညာ ဟူသတည်း။

ကျွန်ုပ်နှင့် အလွန်အင်မတန်ရင်းနှီးသော မိတ်ဆွေဇနီးမောင်နှံ နှစ်ယောက်ရှိ၏။ သူတို့လက်ထပ်ပြီးစ ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်ထားစဉ် ကာလကတည်းက ရင်ခွင်ပိုက် မူကြိုကျောင်းကောင်းကောင်းကို စတင်၍ စုံစမ်းခဲ့ကြသည် ဟူသတတ်။ ကလေး၏ပညာရေးကို အလေးထားကြပုံ။ အန္ဒီ ဇနီးမောင်နှံတို့၏ဆန္ဒက ကိုယ်ဝန်ဆောင်ထားစဉ်ကာလကတည်းက ကိုယ်ဝန်ထဲသို့ ပေးပို့သင်ကြားသည့် ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ ရှိခဲ့သော် သင်ကြားပေးလိုသော အာသီသရှိပုံရပါ၏။ ထား။

အနို့နှင့် ကလေးမွေးပြီးသည်ရှိသော် ကလေးငယ် ထိုင်တတ် ထတတ် သည်နှင့် ရင်ခွင်ပိုက်မူကြိုသို့ တန်းပို့ဆောင်လိုက်၏။ ထို့နောက်တွင်ကား pre-school နောက် အသက်ပြည့်တော့မှ တစ်ကယ့် School ၊ထို့နောက် ဆက်ကာ ဆက်ကာ school ကြပေတော့။

နောက်ထပ် ကျွန်ုပ်၏မိတ်ဆွေ ဇနီးမောင်နှံနှစ်ဦးကမူ သမီးကလေး တစ်ယောက်ရှိ၏။ အနှီးကလေးကား နွေရာသီ၌ပင် ကစားမှု နားမှု မရှိ။ summer school ခေါ် နွေရာသီစာသင်ကျောင်းသို့ သွားတက်၏။ စနေ၊ တနင်္ဂနွေ ရက်များတွင်လည်း ဖေဖေ၊ မေမေတို့ဆီ ခရာခွင့် တာခွင့် မရ။ Weekend classes ခေါ် ကျောင်းပိတ်ရက်သင်တန်းတွေမှာ စာပေ ဗဟုသုတတွေကို အစွမ်းကုန် ဆည်းပူးနေဘိရှာပါ၏။

ကျွန်ုပ်၏ အခြားမိတ်ဆွေတစ်ဦးမှာကား လူလတ်ပိုင်းတစ်ယောက် ဖြစ်ပါ၏။ အနှီလူကား ဘွဲ့ရပြီးသော် ကွန်ပျူတာသင်တန်း ဆက်တက်၏။ ထို့နောက် အားမရ၊ အင်္ဂလိပ်ဘာသာသင်တန်း ဆက်တက်၏။ အားမရ၊

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)