Skip to product information
1 of 2

Other Websites

ဂါမဏိ - ရန်သူနှင့်စကားပြောခြင်း(မင်ဒရဲလား)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

 

ရန်သူနဲ့စကားပြောခြင်း

 

           ပိုးလ်စခိုး အဆင့်မြင့်လုံခြုံရေးအကျဉ်းထောင်ဟာ ကိပ်တောင်းမြို့ အရှေ့တောင်ဘက် မိုင်အနည်းငယ်အကွာမှာရှိတဲ့၊ တိုကိုင်လို့ခေါ်တဲ့ လူဖြူဆင်ခြေဖုံးရပ်ကွက်ရဲ့အစွန်မှာ တည် ရှိတယ်။

            ဒီရပ်ကွက်ဟာ ကြွယ်ဝချမ်းသာတဲ့ လူဖြူတွေနေထိုင်ရာဖြစ်ပြီး မြက်ခင်းစိမ်းစိမ်း ခြံဝင်တွေနဲ့ သပ်ရပ်တဲ့အိမ်တွေရှိတယ်။ အကျဉ်းထောင်ကိုယ်၌ကလည်း ကျွန်းဆွယ်အိုရဲ့ ထူးထူးခြားခြားလှတဲ့ ရှုမျှော်ခင်းအလယ်မှာရှိနေတယ်။ မြောက်ဖက်က ကွန်စတန်ရှတဂ်တောင်

တွေနဲ့ တောင်ဖက်က ဧကရာပေါင်းများစွာရှိတဲ့ စပျစ်ခြံတွေကြားမှာဖြစ်တယ်။

           ဒါပေမဲ့ ပိုးလ်စမိုးရဲ့ မြင့်မားလှတဲ့ ကွန်ကရစ်တံကြီးတွေနောက်ရောက်နေတဲ့ ကျနော်တို့အတွက်တော့ ဒီသဘာဝအလှကို မမြင်ရပါဘူး။ အကျဉ်းသားတွေမြင်ရတဲ့ မိုးကောင်းကင်ကို အပြာရောင်ရွက်ဖျင်တဲအဖြစ် စာဆိုအော်စကာ၀ိုင်းလ်ဒ် ဖွဲ့ထားတဲ့ စိတ်ထိခိုက်စရာစာသားတွေရဲ့ အမှန် တရားကို ပိုးလ်စမိုးမှာ ကျနော် ပထမဆုံးနားလည်သဘောပေါက်လာခဲ့တယ်။

           ပိုးလ်စမိုးဟာ ခေတ်ဆန်တဲ့ အပြင်ပန်းသဏ္ဍာန်ရှိပေမဲ့အတွင်းနှလုံးသားကတော့ ဟောင်းအိုနေတယ်။ အဆောက်အအုံတွေ၊ အထူးသဖြင့် ထောင်ဝန်ထမ်းတွေအတွက် အဆောက်အအုံတွေဟာ သန့်ရှင်းပြီးခေတ်မှီတယ်။ ဒါပေမဲ့ အကျဉ်းသားတွေနေတဲ့ အဆောက်အအုံတွေကတော့ ရှေးကျဟောင်းနွမ်းပြီး ညစ်ပတ်လှတယ်။ ကျနော်တို့ကလွဲရင် ပိုလ်စမိုးမှာရှိတဲ့ အကျဉ်းသားအားလုံးဟာ ရိုးရိုးရာဇဝတ်အကျဉ်းသားတွေဖြစ်ပြီး သူတို့အပေါ် အာဏာပိုင်တွေကိုင်တွယ်ဆက်ဆံမှုဟာ ဖိနှိပ်ချုပ်ချယ်လှတယ်။ ကျနော်တို့ကိုတော့ အဲဒီ အကျဉ်းသားတွေနဲ့ သီးခြားထားတယ်။ ဆက်ဆံပုံလည်ကွာခြားတယ်။

          ကျနော်တို့ဟာ နောက်တနေ့မနက်ကျမှာပဲ ကိုယ့်ပတ်ဝန်းကျင်အနေအထားတွေကို သေသေချာချာသိရတယ်။ ကျနော်တို့လေးယောက်ကို အဆောင်ရဲ့ ထိပ်ဆုံးထပ် အဆင့်မြင့် အထူးတိုက်ခန်းမှာ နေရာချထားတာ ဖြစ်တယ်။ အဲဒါဟာ လေးထပ်အဆောက်အအုံရဲ့ အပေါ်ဆုံးထပ်က အတော်ကျယ်ဝန်းတဲ့ အခန်းတခန်းဖြစ်တယ်။ လေးထပ် (အပေါ်ဆုံးထပ်) တထပ်လုံးမှာ အကျဉ်းသားဆိုလို့ ကျနော်တို့လေးယောက်ပဲရှိတယ်။

          ပင်မအခန်းကြီးဟာ သန့်ရှင်းသပ်ရပ်သော်မှီပြီး ပေ( ၅၀ x ပေ ၃၀) အကျယ် လေးထောင့်ကျအခန်းကြီးဖြစ်တယ်။ သီးခြားအခန်းငယ်တခုမှာတော့ အိမ်သာ၊ ဆီးစွန့်ခွက်၊ မျက်နှာသစ်ကြွေခွက်နှစ်ခုနဲ့ ရေချိုး ရေပန်းနှစ်ခုရှိတယ်။ ကုတင်အိပ်ရာ ပီပီသသ လေးလုံးရှိပြီး အိပ်ရာခင်းတွေ၊ တဘက်တွေလည်းရှိတယ်။ ဒါဟာဆိုရင် လွန်ခဲ့တဲ့(၁၈)နှစ်လုံးလုံး သံမံတလင်းကြမ်းပြင်ပေါ်မှာ ဖျာပါးပါး လေးတွေခင်းအိပ်ခဲ့တဲ့လူတွေအတွက် ကြီးကျယ်လှတဲ့စည်းစိမ်ဖြစ်ပါတယ်။

          ရော်ဘင်ကျွန်းနဲ့ ယှဥ်လိုက်ရင်တော့ ကျနော်တို့ဟာ ကြယ်ငါးပွင့်ဟော်တယ်တခုမှာ ရောက်နေသလိုပါပဲ။ အဲဒါအပြင် ကျနော်တို့မှာ(L) ပုံစံ လေဟာပြင်အမိုးဖွင့်ကွင်းတခု သီးသန့်ရှိသေးတယ်။ အဲဒီကွင်းဟာ ဘောလုံးကွင်းတ၀က်လောက်ကျယ်ပြီး နေ့ဘက်မှာ ကျနော်တို့ သွားလာ လှုပ်ရှားဖို့ ဖွင့်ပေးထားတယ်။ အဲကွင်းကို(၁၂) ပေ အမြင့်ရှိတဲ့ အဖြူရောင်ကွန်ကရစ်နံရံတွေ ကာထားလို့ ကျနော်တို့ဟာ မိုးကောင်းကင်ပဲတွေ့တယ်။ ဒေါင့်တဒေါင့်မှာတော့ ဆင်မျက် လုံးလို့ခေါ်တဲ့ကွန်ဆာန်ဂ်တောင်တန်းတွေရဲ့ အစိတ်အပိုင်းကိုမြင်တယ်။ အဲတောင် ထိပ်ဖျားလေးကို ရေခဲတုံးကြီးနဲ့တူတဲ့၊ ကျန်တဲ့ကမ္ဘာကြီးရဲ့အဖျားလေးအဖြစ် ကျနော် တခါတလေစဉ်းစားမိတယ်။

          ဘာအကြောင်းပြချက်မှမပေးပဲ အခုလိုဗြုန်းစားကြီး ကိုယ်အခြေကျနေတဲ့ဆီကနေ အရွှေ့ခံတာဟာ အင်မတန်ကိုဂယိုမ်းဂယိုင်ဖြစ်သွားပါတယ်။ ထောင်ကျနေတဲ့သူတစ်ယောက်ဟာ ဘာမှန်းမသိတဲ့ ရုတ်တက်အပြောင်းအလဲတွေ၊ လှုပ်ရှားမှုတွေကို ရင်ဆိုင်ဖို့အသင့်ပြင် ထားရပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲပြင်ထားပြင် ဘယ်တော့မှအသားကျသွားတယ် မရှိပါဘူး။ အခု ကျနော်တို့ဟာ ပြည်မမှာရောက်နေပေမဲ့ အရင်ထက်ပိုပြီး အထီးကျန် နေသလိုခံစားရတယ်။

       ကျနော်တို့အတွက် တကျွန်းဟာ တိုက်ပွဲရဲ့အချက်ချာနေရာ ဖြစ်လာ ခဲ့တယ်။ ကျနော်တို့ဟာ အချင်းချင်းအပြန်အလှန်အားပေးကြပြီး ထောင်ပြောင်းစရက်သတ္တပတ်တွေမှာ ကျနော်တို့ ဘာကြောင့်အပြောင်းခံသလဲဆိုတာကို ခန့်မှန်းတွက် ချက်ရင်း အချိန်ဖြုန်းခဲ့တယ်။ လူငယ်အကျဉ်းသားတွေအပေါ် ကျနော်တို့ သြဇာလွှမ်းတာကို စောစောပိုင်းကတည်းက အာဏာပိုင်တွေ မကျေနပ်ကြ၊ စိုးရိမ်ကြတာ ကျနော်တို့သိခဲ့တယ်။ ဒါပေမဲ့ ထောင်ပြောင်းတဲ့အကြောင်းကြီးက မဟာဗျူဟာပိုင်းအရ ပိုပြီးဖြစ်ပုံရတယ်။

            အာဏာပိုင်တွေဟာကျွန်းပေါ်ကအေအင်စီ(အာသကာအမျိုးသားကွန်ဂက်) ခေါင်းဆောင် ပိုင်းတွေ ဖယ်ရှားပစ်ခြင်းအားဖြင့် အေအင်စီကို ခေါင်းဖြတ်ဖို့ကြိုးစားတာလို့ ကျနော်တို့ ယူဆ ကြတယ်။ ရော်ဘင်ကျွန်းကိုယ့်၌ကရေ ရှည်တည်တံ့နေတဲ့ တိုက်ပွဲမော်ကွန်းတခုဖြစ်လာနေပြီး အာဏာပိုင်တွေဟာကျနော်တို့ကိုရွှေ့ပစ်ခြင်းအားဖြင့် ရော်ဘင်ကျွန်းရဲ့အရေးပါတဲ့သင်္ကေတ လက္ခဏာကို ပပျောက်သွားစေချင်တယ်။ ဝေါလ်တာ၊ရေမွန်နဲ့ကျနော်ဟာ အဆင့်မြင့် ခေါင်းဆောင်အဖွဲ့ ၀င်တွေ ဖြစ်ကြတယ်။

           ဒါပေမဲ့ အံချော်နေတာတခုကတော့ အရွှေ့ခံတဲ့ အထဲမှာအမ်လန်ဂင်နီပါနေတာဖြစ်တယ်။ အင်ဒရူးအမ်လန်ဂင်နီဟာ အဆင့် မြင့် ခေါင်းဆောင်အဖွဲ့၀င်လည်းမဟုတ်၊ တကျွန်းခေါင်းဆောင်ပိုင်းရဲ့ ရှေ့တန်းမှာပါတာလည်း မဟုတ်ပါ။ ဒါပေမဲ့ အာဏာပိုင်တွေဟာ ဒါကိုမသိတာလည်းဖြစ်နိုင်တယ်လို့ ကျနော်တို့ ယူဆကြတယ်။

             အဖွဲ့အစည်းအကြောင်း သူတို့ ထောက်လှမ်းရရှိထားတဲ့သတင်းတွေဟာ အများအားဖြင့် မတိမကျ မမှန်ကန်တာတွေဖြစ်တယ်။ကျနော်တို့တွေးဆချက် မှန်ပုံရကြောင်း နောက်လအနည်းငယ်အကြာမှာ အတည်ပြုနိုင် ခဲ့တယ်။ အဆင့်မြင့်ခေါင်းဆောင်ဖွဲ့၀င် အမှန်တကယ်ဖြစ်တဲ့ ကက်သီဟာ ကျနော်တို့ဆီ ရောက်လာလို့ ဖြစ်ပါတယ်။ ပိုအရေးကြီးတဲ့အချက်ကတော့ ကက်သီဟာ ကျနော်တို့ရဲ့ ဆက်သွယ်ရေးတာဝန်ခံဖြစ်ပြီး သူလုပ်ပေးခဲ့လို့ ကျနော်တို့ဟာလူငယ်အကျဉ်းသားသစ်တွေနဲ့ ဆက်သွယ်နိုင်ခဲ့တာဖြစ်ကာယ်။ ။

               ကက်သီရောက်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ ရော်ဘင်ကျွန်းကလာတာ မဟုတ်တဲ့၊ ကျနော်တို့မသိတဲ့လူတယောက်လည်း ထပ်ရောက်လာတယ်။ သူ့နာမည်က ပက်ထရစ်မာကီလားဖြစ်ပြီး လူငယ်ရှေ့နေတယောက်၊ အရှေ့ပိုင်းကိပ်ပြည်နယ်က အေအင်စီအဖွဲ့၀င်တစ်ယောက်ဖြစ်တယ်။ သူဟာ ဂရက်ဖစ်အမ်ဇင်ဂီလက်အောက်မှာ အလုပ်သင်ရှေ့နေ လုပ်ခဲ့ဖူးတယ်။ အမ်ဇင်ဂီဟာ အင်မတန်ကိုလေးစားခံတဲ့ရှေ့နေတယောက်ဖြစ်ကာထိမ်းသိမ်းခံ အေအင်စီအဖွဲ့၀င်အများအပြားအတွက်ရှေ့နေလိုက်ပေးခဲ့ဖူးပြီး မနှစ်က ဒါဘန်မြို့နားမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်။

               မကူဘီဟား နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ထောင်ဒဏ်အနှစ် (၂၀) ချခံရပြီး ဂျိုဟန်နစ္စတစ်မြို့ ဒီယိပ်ကလူ့ဖ်အကျဉ်းထောင်ကနေ ပိုးလ်စမိုးထောင်ကို ပြေင်းခံရတာဖြစ်တယ်။ ဒီယိပ်ကလူ့ဖ်ထောင်မှာ သူဟာအကျဉ်းသားတွေကို စည်းရုံးရာမှာ အင်မတန်တက်ကြွလှုပ်ရှားနိုင်ခဲ့တယ်။ပထမတော့ ကျနော်တို့ဟာ လူသစ်ရောက်လာတာနဲ့ ပတ်သက်ပြီး သံသယရှိခဲ့ကြ တယ်။ အာဏာပိုင်ကာ လုံခြုံရေးအတွက်မြှုပ်သွင်းထားတာများဖြစ်မလားလို့ စဉ်းစားမိကြ တယ်။

              ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ဒီလိုမဟုတ်ဘူးဆိုတာတွေ့ခဲ့တယ်။ ပက်ထရစ်ဟာ ထက်မြက်ပြီး ခင်မင်စရာကောင်းတဲ့၊ ခံယူချက်ခိုင်မာဘက်ကြွသူတယောက်ဖြစ်ပြီး ကျနော်တို့နဲ့ အင်မတန်အတွဲမိသွားတယ်။ ကိုယ့်အကျင့်စရိုက်နဲ့ကိုယ် အရိုးစွဲနေတဲ့၊ ပြီးခဲ့တဲ့ အနှစ်(၂၀) လုံးလုံး

တူတူနေခဲ့ကြတဲ့ အဖိုးကြီးတစုနဲ့ တခန်းထဲ တူတူအိပ်နေရတာ သူ့အတွက်တော့ လွယ်လှမှာမဟုတ်ပါဘူး။

             အခုဆိုရင် ကွန်ကရစ်ကမ္ဘာကြီးထဲ နေနေရတော့ကျနော်ဟာ ရော်ဘင်ကျွန်းရဲ့ သဘာ၀အလှကို တမ်းတမိတယ်။ ဒါပေမဲ့လည်း ကျနော်တို့ရဲ့ နေအိမ်သစ်မှာ စိတ်ဖြေသိမ့်စရာတွေ အတော်များများရှိပါတယ်။ ဥပမာတခုအနေနဲ့ပြောရင် ပိုးလ်စခိုးမှာ အစားအသောက်က အများကြီးပိုကောင်းတယ်။ နှစ်ပေါင်းများစွာ ယာဂုပြဲ တနေ့သုံးစားခဲ့ရပြီးနောက် ပိုးလ်စခိုးက အသားနဲ့ဟင်းသီးဟင်းရွက် ပီပီပြင်ပြင်ပါတဲ့ညစာတွေဟာ ဧည့်ခံထမင်းစားပွဲနဲ့တူနေတယ်။ ကျနော်တို့ဟာ သတင်းစာနဲ့မဂ္ဂဇင်းတွေ အတော်လေးစုံစုံဖတ်ခွင့်ရပြီး အရင်ကပိတ်ပင်ခံတဲ့ “တိုင်းမ်” TIME မဂ္ဂဇင်းနဲ့ လန်ဒန်မြို့ထုတ် “ဂါးဒီးယန်းအပတ်စဉ်”တို့လို စာစောင်မျိုးတွေ

တောင်ရတယ်။

          အဲဒါဟာ ကျနော်တို့အတွက် ပိုကျယ်ပြန့်တဲ့ကမ္ဘာကြီးကိုကြည့်ဖို့ ပြတင်းပေါက် တပေါက်ရတာပါပဲ။ ကျနော်တို့မှာ ရေဒီယိုတစ်လုံးလည်းရှိတယ်။ ဒါပေမဲ့ အဲဒါဟာ ပြည်တွင်း

အသံလွှင့်ရုံတွေပဲဖမ်းလို့ရပြီး ကျနော်တို့ အင်မတန်နားထောင်ချင်တဲ့ ဘီဘီစီကမ္ဘာတလွှား အစီအစဉ်ကို ဖမ်းလို့မရပါ။ ကျနော်တို့ကို ဝါဒါတွေထမင်းစားချိန် နေ့ခင်း (၁၂) နာရီမှ (၂ ) နာရီ အထိကလွဲလျှင် လေဟာပြင်ကွင်းထဲ တနေ့လုံးထွက်ခွင့်ပေးထားတယ်။ ဟန်ပြစတိသဘောမျိုး

အလုပ်လုပ်ရမယ် ဆိုတာမျိုးတောင် မရှိပါဘူး။ ကျနော်ဟာ အခန်းကြီးနားက အခန်းလေးတခုကို စာကြည့်ခန်းအဖြစ်သုံးခဲ့တယ်။ အဲဒီမှာ ကုလားထိုင်တလုံး၊ စားပွဲတလုံးနဲ့ စာအုပ်စင်တွေရှိပြီး နေ့ဘက်ဆို ကျနော် စာရေးစာဖတ်လုပ်နိုင်ခဲ့တယ်။

              ရော်ဘင်ကျွန်းတုန်းက ကျနော်ဟာကျဉ်းကျဉ်းကြပ်ကြပ်အခန်းလေးထဲမှာ ကျန်းမာရေး လေ့ကျင့်ခန်းတွေ လုပ်ခဲ့တယ်။ ဒါပေမဲ့ ခုတော့ လေ့ကျင့်ခန်းအားရပါးလုပ်ဖို့ နေရာကျယ် ကျယ်ရှိနေပါပြီ။ ပိုးလ်စမိုးမှာကျနော်ဟာ မနက်ငါးနာရီအိပ်ရာထပြီး ကျနော်တို့ခန်းထဲမှာ တနာရီခွဲကြာကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တယ်။ နေရာမရွေ့ဘဲပြေးတာ၊ ကြိုးခုန်တာ၊ ထိုင်-ထနဲ့ လက်ချောင်းထိပ်တွေနဲ့ ထောက်ပြီးဒိုက်ထိုးတာ ပုံမှန်လုပ်တယ်။ ကျနေ့ာ်ရဲဘော်တွေ ဟာ စောစောထတတ်သူတွေ မဟုတ်ကြတော့ကျလုပ်ငန်းစဥ်တွေကြောင့် သိပ်မကြာခင်ပဲ ကျနော့်ကို ခန်းထဲမှာအင်မတန်အမြင်ကတ်စရာပုဂ္ဂိုလ် ဖြစ်လာခဲ့တယ်။

            ပိုးလ်စခိုးရောက်ပြီး သိပ်မကြာခင် ဇနီးသည် ၀င်နီထောင်၀င်စာလာတွေ့တယ်။ ထောင်၀င်စာတွေ့တဲ့နေရာဟာ ရော်ဘင်ကျွန်းတုန်းကနေရာထက် အများကြီးပိုကောင်းပြီး ခေတ်မှီ တာတွေ့လို့ ကျေနပ်၀မ်းမြောက်မိတယ်။ ထောင်၀င်စာတွေ့ခန်းမှာ မှန်ချပ်ကြီးကြီးတချပ်ကာ ထားလို့ တယောက်ကိုတယောက် ခါးအထက်ပိုင်းမြင်နိုင်ပြီး ပိုအဆင့်မြင့်တဲ့မိုက်ကရိုဖုန်းတွေ

တပ်ထားတဲ့တွက် ကျနော်တို့ဟာ တယောက်ပြောတာကိုတယောက် မနည်းအာရုံစိုက် နားထောင်ဖို့မလိုတော့ပါဘူး။ မှန်ပြတင်းကြီးဟာ အနိမ့်ဆုံးအားဖြင့် တယောက်နဲ့တယောက် ပိုပြီးနီးစပ်မှုရှိတယ်လို့ ထင်ယောင်ထင်မှားဖြစ်တယ်။ ထောင်ထဲမှာ ဒီလိုထင်ယောင်မှားမှု မျိုးတွေဟာ စိတ်သက်သာရာရပါတယ်။

            ကျနော့်ဇနီးနဲ့မိသားစုဆောက် ရော်ဘင်ကျွန်းကိုလာတွေ့တာထက် ပိုးလ်စမိုးကို လာတွေ့တာ အများကြီးပိုလွယ်ကူတယ် ဒါက ဧရာမကွာခြားမှုဖြစ်သွားတယ်။ ထောင်၀င်စာတွေ့တာကို ကြီးကြပ်မှုကလည်း ပိုပြီးလိုက်လိုက်လျောလျော ပြေပြေလည်လည်းဖြစ်

လာတယ်၊ ၀င်နီ ထောင်၀င်စာတွေ့တာကို အများအားဖြင့်ကြီးကြပ်ရတာက အရာခံဗိုလ် | ဂျိမ်းစ်ဂက်ဂရီ ဖြစ်တယ်။ သူဟာ ရော်ဘင်ကျွန်းတုန်းက စာပေးစာယူ ဆင်ဆာသမား တယောက်ဖြစ်တယ်။ ကျနော် သူ့ကိုကောင်းကောင်းမသိပါ။ ဒါပေမဲ့ သူကတော့ ကျနော်တို့ရဲ့ စာအ၀င်အထွက်တွေ စစ်ဆေးတဲ့တာဝန်ရှိတော့ကျနော်တို့ကိုကောင်းကောင်းသိနေပါတယ်။

ပိုးလ်စမိုး မှာကျနော်ဟာဂရက်ဂရိနဲ့ပိုရင်းနှီးလာတယ်။ သူဟာ တခြားပုံစံကျဝါဒါတွေနဲ့ စာရင်နှစ်လိုဖွယ်ရာဖြစ်တာတွေ့တယ်။ သူဟာအရည်အချင်းရှိပြီး စကားအေးအေးလေး ပြောတတ်တယ်။ ၀င်နီ့ကို ယဥ်ယဥ်ကျေးကျေး လေးလေးစားစားဆက်သယ်။ “အချိန်စေ့ပြီ ” လို့ အော်မယ့်အစား

     “မစ္စစ်မင်ဒဲလား၊ နောက်ထပ်ငါးမိနစ်ပဲ ကျန်တော့တယ်ခင်ဗျ”

    လို့ ပြောတတ်တယ်။

 

         သမ္မာကျမ်းစာမှာပြောထားတာက ဥယျာဉ်တွေဟာ ဥယျာဉ်မှူးတွေရဲ့အင်ပေါ်တယ် | လို့ ဆိုထားပေမဲ့ ပိုးလ်စခိုးမှာတော့ အဲသလိုမဟုတ်ခဲ့ဘူး။ ပိုးလ်စမိုးမှာ ကျနော်ဟာ ဥယျာဉ်

တခု ပြုစုပျိုးထောင်ခဲ့ရာမှာ အဲဒါဟာ ကျနော့်ရဲ့အပျော်မွေ့ဆုံး စိတ်ဖြေရာတခုဖြစ်လာခဲ့တယ်။ ဥယျာဉ်စိုက်ခြင်းဟာ ကျနော်တို့ကို ပိတ်လှောင်ဝိုင်းရံသားတဲ့၊ ပျင်းရိငြီးငွေ့ဖွယ်ရာ ကွန်ကက်

ကမ္ဘာကြီးကနေ ကျနော်ထွက်ပြေးတဲ့နည်းတခုပါပဲ။ အဆောက်အအုံရဲ့ အိုးပေါ်မှာရှိတဲ့ နေရာ လွတ်အားလုံးနဲ့ အဲဒီနေရာတွေ တနေကုန်နေရောင်နေပုံကို စူးစမ်းလေ့လာပြီး ရက်သတ္တပတ်

အနည်းငယ်အတွင်း ကျနော်ဟာ ဥယျာဉ်ခြံတခုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

     ထောင်မှူးဆီက အဥယျာဉ်လုပ်ခွင့်လည်း တောင်းခံရှိခဲ့တယ်။ (၄၄)ဂါလံဆံ့

ဆီပီပါခွံ (၁၆)လုံးကို နှစ်ခြမ်းစီ ပိုင်းပြီး ကျနော့်တောက်ပံ့ပေးဖို့ ထောင်အာဏာပိုင်တွေကို ပန်ကြားခဲ့တယ်။ အာဏာပိုင်ကာ ပီပါခွံအပိုင်းတွေကို မြေသြဇာကြွယ်ဝစိုစွတ်တဲ့မြေကြီးနဲ့ ဖြည့်ပေးတယ်။ ဒီလိုနဲ့ ဧရာမပန်းအိုး ကြီး (၃၂)လုံး ရလာသယ်။

           ကျနော်ဟာ ကြက်သွန်နီ၊ ခရမ်းသီး၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပွင့်၊ ပဲတောင့်ရှည်၊ ဟင်းနုနွယ်၊ ခါ ဂျက်ဥ၊ သခွားသီး၊ ပန်းဂေါ်ဖီစိမ်း၊ သကြားမုံလာ၊ ဆလက်ရွက်၊ ခရမ်းချဉ်သီး၊ ငြုတ်ကောင်း၊ စထရော်ဘယ်ရီးနဲ့ တခြားသီးနှံတွေ အများကြီးစိုက်တယ်။ အဖြစ်ထွန်းဆုံးချိန်မှာ ကျနော့်ဥယျာဉ် ထဲ အပင်ပေါင်း (၉၀၀) နီးပါးရှိခဲ့တယ်။ ဥယျာဉ်ဟာ ကျနော် ရော်ဘင်ကျွန်းမှာစိုက်ခဲ့တဲ့  ဥယျာဉ်ထက် ပိုကြီးကျယ်ပါတယ်။

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)