စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 1

Other Websites

ချမ်းမြေ့ဆရာတော် - ဓမ္မကဗျာ ပဒေသာ

ချမ်းမြေ့ဆရာတော် - ဓမ္မကဗျာ ပဒေသာ

ပုံမှန်ဈေး 0 Ks
ပုံမှန်ဈေး ရောင်းဈေး 0 Ks
ရောင်းရန် ရောင်းကုန်ပြီ
စာအုပ်အမျိုးအစား

:: ဤ အီးဘွခ်(အခမဲ့) ကို ဒေါင်းလုပ်ဆွဲယူရန် (Buy it now) ခလုတ် ကိုနှိပ်ကာ ရှေ့ဆက်လုပ်ဆောင်၍ ၀ယ်ယူပေးပါ၊ အခမဲ့ အမှာစာ (Order) တင်ပြီးသည့်နောက်တွင် အီးဘွခ်ပီဒီအက်ဖ်ဖိုင် ဒေါင်းလုပ်ဆွဲရန်လင့်ကို စာဖတ်သူ၏ အီးမေလ်ထဲသို့ ပို့လိုက်မည်ဖြစ်ပါသည်၊
:: mgyoe.com ရှိ အီးဘွခ်စာအုပ်များသည် အင်တာနက်ပေါ်၌ အချိန်ကြာမြင့်စွာကပင် ပြန့်နှံ့နေပြီးသား စာအုပ်များသာဖြစ်ပါသည်၊
:: စာဖတ်သူများ ဖတ်ချင်၍ရှာသည့်အခါတွင် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ရန် စုစည်းထားပေးခြင်းမျှသာဖြစ်ပါသည်၊
:: စာအုပ်တိုက်များမှ ပြန်လည်ရိုက်နှိပ်ထုတ်ေ၀လျှင် ၄င်းအီးဘွခ်ဒေါင်းလုပ်လင့်များကို ပြန်လည်ဖြုတ်ချသွားမည်သာဖြစ်ပါသည်။

--------------------------------

ဘဝတန်ဘိုး

           ဖြစ်ပျက်နှစ်ဖြာ၊ မမြင်ပါဘဲ၊ တရာအသက်၊ ရှည်သည် ထက်လဲ၊ ဖြစ်ပျက်နေဟန်၊ ရုပ်နှင့်နာမ်ကို၊ အမှန်မြင်လျက်၊ ညာဏ်စဉ် တက်၍၊ တရက်တာမျှ၊ သက်ရှင်ရသော်၊ လောကလူ့ရွာ၊ ကောင်းမြတ် သာသည်၊ မြတ်စွာဗုဒ္ဓ မိန့်ခွန်းတည်း။

                                                                                                   (မဟာစည်ဆရာတော်ဘုရားကြီး)

 

များလှအကျိုးတွေ 

           ဗုဒ္ဓမြတ်စွာ၊ ပွင့်ထွန်းလာ၍၊ သစ္စာလေးအင်၊ရှစ်မဂ္ဂင်နှင့်၊ သုံးအင်လက္ခဏာ၊ 

သင်္ခတာသင်္ခတ၊ မြတ်ဓမ္မကို၊ နက်လှ ဉာဏ် တော်၊ ဟောထုတ်ဖော်၍၊ သူတော်အများ၊ သိရငြား၊ များလှအကျိုးတွေ။

 

ကြိုးစားကြပါစို့

           လူနတ်ဗြဟ္မာ၊ သတ္တဝါတို့၊ များစွာကျိုးရ၊ ချမ်းသာလှသည့်၊ ဗုဒ္ဓမြတ်စွာ၊ သာသနာသည်၊ ရှည်ကြာတည်တံ့၊ ရှည်ခိုင်ခန့်၍၊ ပျံ့နှံ့တိုးပွား၊ ကျင့်သူများလျက်၊ ရငြားချမ်းသာ၊ ချမ်းမြေ့သာအောင်၊ ညီညာတို့များ၊ တာဝန်ထား၊ ကြိုးစားကြပါစို့။

 

ကန်တော့ခန်း 

နမော တဿ ဘဂဝတော 

အရဟတော သမ္မာသမ္ဗုဒ္ဓဿ

 

          သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံ တည်းဟူသော အပြစ်ခပ်သိမ်း၊ ပပျောက်ငြိမ်း၍၊ အသက် ရှည်စွာ၊ အနာမဲ့ရေး၊ ရန်ဘေးကင်းကြောင်း၊ ကောင်းမှုမင်္ဂလာ၊ ဖြစ်ပါ စေခြင်း အကျိုးငှာ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာ ရတနာတည်းဟူသော ရတနာမြတ်သုံးပါး၊ ဆရာသမားတို့ကို၊ အရိုအသေ၊ လက်အုပ်မိုး၍၊ ရှိခိုးပူဇော်၊ ဖူးမြော်မာန်လျှော့ ကန်တော့ ပါ၏ အရှင်ဘုရား။

          (ဆုပေးမည့်ပုဂ္ဂိုလ်ရှိက ဤနေရာတွင်ရပ်ပါ၊ ဆုပေးမည့် ပုဂ္ဂိုလ်မရှိလျှင် အောက်ပါ အတိုင်း ဆက်ဆိုပါ။)

          ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် အပါယ် ၄ ပါး၊ ကပ် ၃ ပါး၊ ရပ်ပြစ် ၈ ပါး၊ ရန်သူမျိုး ၅ ပါး၊ ဝိပတ္တိတရား ၄ ပါး၊ ဗျသနတရား ၅ ပါး၊ အနာမျိုး ၉၆ ပါး၊ မိစ္ဆာဒိဋ္ဌိ ၆၂ ပါးတို့မှ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်သာဖြစ်၍ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြတ်စွာ ရပါလို၏ အရှင်ဘုရား။

         

 

ဘုရားရှိခိုး အကျဉ်း 

          ကိုယ်တော်တိုင် ကိလေသာခပ်သိမ်း ချုပ်ပျက်ငြိမ်းလျက် ဒုက္ခဇာတ် သိမ်းတော်မူပြီးသည်ဖြစ်၍၊ သတ္တဝါဝေနေ တပည့်တွေကိုလဲ ၊ ကိလေသာငြိမ်းကြောင်း နည်းကောင်းညွှန်ပြ ဆိုဆုံမ၍ ဒုက္ခအထွေထွေ ငြိမ်းအေးစေတော်မူသော မြတ်စွာဘုရားကို တပည့်တော်သည် ကြည်ညို မြတ်နိုး လက်စုံမိုး၍၊ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

 

တရားရှိခိုး အကျဉ်း

           ဆင်းရဲအဖြာဖြာ ငြိမ်းလိုပါ၍ လိုက်နာကြသူ များဗိုလ်လူကို အပူငြိမ်းအေး ဆင်းရဲဘေးမှ ကင်းဝေးလေအောင် နိဗ္ဗာန်သောင်သို့ ပို့ဆောင်ပေတတ် တရားတော်မြတ်ကို တပည့်တော်သည် ကြည်ညို မြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

 

 သံဃာရှိခိုး အကျဉ်း

           မြတ်စွာဗုဒ္ဓ ဟောညွှန်ပြ၍ ဆုံးမတိုင်းသာ သုံးသိက္ခာကို ကောင်းစွာလဲကျင့် ဖြောင့်စွာကျင့်၍ ဖြည့်ကျင့်မှန်စွာ အရိယာဟု ရှစ်ဖြာသန့်စင် ထေရ်အရှင်နှင့် နွယ်ဝင်အရိယာ မြတ်သံဃာကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။ 

 

မှတ်ချက်။ ။ ဘုရား တရား သံဃာဂုဏ်တော်အစုံကို မကျဉ်း

                  မကျယ် ရှိခိုးလိုသူများသည် ဂုဏ်တော်ဘုရားရှိခိုး 

                  စာအုပ်၌ ဖော်ပြထားသော ဂုဏ်တော်ဘုရားရှိခိုး 

                  များကို ကျက်မှတ်၍ ရှိခိုးနိုင်ကြပါသည်။

ပန်းကပ်လှူ ပူဇော်ရန် 

          ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တ၊ ဉာဏ်တော် အနန္တ၊ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော သုံးလောကထွတ်ထား သဗ္ဗညုရှင်တော်မြတ်ဘုရားအား အဆင်းအနံ့ သင်းပျံ့လှိုင်ကြွယ် ပန်းသွယ်သွယ်ကို ရင်ဝယ်သိမ့်သိမ့် ပီတိစိမ့်မျှ ချမ်းငြိမ့်ကြည်သာ စေတနာဖြင့် ခေမာမြို့နန်း ရောက်ဖို့မှန်း၍ လှူဒါန်း ဆက်ကပ်ပါ၏ အရှင်ဘုရား။

 

ဆီမီးကပ်လှူ ပူဇော်ရန် 

          ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တ၊ ဉာဏ်တော် အနန္တ၊ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော သုံးလောကထွတ်ထား သဗ္ဗညုရှင်တော်မြတ်ဘုရားအား ဖယောင်းဆီမီး လျှပ်စစ်မီးနှင့် မီးအသွယ်သွယ် ရောင်လျှံခြယ်၍ ရင်ဝယ်သိမ့်သိမ့် ပီတိစိမ့်မျှ ချမ်းငြိမ့် ကြည်သာ စေတနာဖြင့် ခေမာမြို့နန်း ရောက်ဖို့မှန်း၍ လှူဒါန်း ဆက်ကပ်ပါ၏ အရှင်ဘုရား။

 

 

 

ရေချမ်းကပ်လှူ ပူဇော်ရန် 

          ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တ၊ ဉာဏ်တော် အနန္တ၊ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော သုံးလောကထွတ်ထား သဗ္ဗညု ရှင်တော်မြတ်ဘုရားအား အေးမြကြည်လင် မြတ်ရေစင်ကို ကြည်ရွှင်ရင်သိမ့် ပီတိစိမ့်မျှ ချမ်းငြိမ့်ကြည်သာ စေတနာဖြင့် ခေမာ မြို့နန်း ရောက်ဖို့မှန်း၍ လှူဒါန်း ဆက်ကပ်ပါ၏ အရှင်ဘုရား။

 

ဆွမ်းကပ်လှူပူဇော်ရန် 

          ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တ၊ ဉာဏ်တော် အနန္တ၊ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော သုံးလောကထွတ်ထား သဗ္ဗညု ရှင်တော်မြတ်ဘုရားအား အဆင်းအနံ့ အရသာဖုံဖုံ ပြည့်စုံပါသောဘောဇဉ်ခဲဖွယ် အသွယ်သွယ်ကို ရင်ဝယ်သိမ့်သိမ့် ပီတိစိမ့်မျှ ချမ်းငြိမ့် ကြည်သာ စေတနာဖြင့် ခေမာမြို့နန်း ရောက်ဖို့မှန်း၍ လှူဒါန်း ဆက်ကပ်ပါ၏ အရှင်ဘုရား။

 

သစ်သီးကပ်လှူ ပူဇော်ရန်

           ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တ၊ ဉာဏ်တော် အနန္တ၊ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော သုံးလောကထွတ်ထား သဗ္ဗညု ရှင်တော်မြတ်ဘုရားအား အဆင်းအနံ့ အရသာဖုံဖုံ ပြည့်စုံပါသော သစ်သီးခဲဖွယ် အသွယ်သွယ်ကို ရင်ဝယ်သိမ့်သိမ့် ပီတိစိမ့်မျှ ချမ်းငြိမ့် ကြည်သာ စေတနာဖြင့် ခေမာမြို့နန်း ရောက်ဖို့မှန်း၍ လှူဒါန်း ဆက်ကပ်ပါ၏ အရှင်ဘုရား။

 

ဆုတောင်းအမျှဝေ 

          ဤသို့လျှင် သုံးလောကထွတ်ထား သဗ္ဗညုရှင်တော် မြတ်ဘုရား၏ ဘုန်းတော်, ဂုဏ်တော်, တန်ခိုးတော်နှင့် ဉာဏ်တော် အဖုံဖုံ ကျေးဇူးဂုဏ်ကို ကြည်ယုံမျှော်မှန်း လှူဒါန်းဆက်ကပ်ရသော ဤဒါနကောင်းမှု ဆောက်တည်ရသော သီလကောင်းမှု၊ ပွားများရသော ဘာဝနာကောင်းမှု အစုစုတို့ကြောင့် တပည့်တော်(တို့)သည် ပညာရှိ ၊သူတော်ကောင်းတို့နှင့်သာ တွေ့ကြုံဆုံဆည်း ပေါင်းသင်းဆက်ဆံရ၍ ပညာရှိသူတော်ကောင်းတို့ ဟောပြောသော တရာမှန် စကားမှန်တို့ကို နာခံမှတ်သားရသဖြင့် ပညာရှိသူတော်ကောင်းတို့ ကျင့်ကြံကြံနေထိုင်ကြ သည့်အတိုင်း ဆင်းရဲငြိမ်းကြောင်း အကျင့်ကောင်း အကျင့်မှန်တို့ကို ကျင့်ကြံပွားများ ကြိုးစားအားထုတ်နိုင်(ကြ)သဖြင့် ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာ နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို(ကုန်)၏ အရှင်ဘုရား ။ 

          ဤကောင်းမှု အစုစု၏ အဖို့ဘာဂကို မိဘဘိုးဘွား ဆရာ သမားတို့မှစ၍ အလုံးစုံသော သတ္တဝါတို့အား အမျှပေးဝေပါကုန်၏။ အမျှရ၍ ချမ်းသာကြပါစေ။ 

အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။

သာဓု သာဓု သာဓု။

 

 

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။