Skip to product information
1 of 2

Other Websites

ချစ်စံဝင်း - အချိန်ကိုမိတ်ဖွဲ့ပါ ရန်သူမလုပ်ပါနှင့်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

`                ကျွန်တော်တို့သည် ငွေကိုရှာသည်။ ထို့နောက် ထိုငွေကို သုံးပစ်ရမည်ဟု ယေဘုယျ သိရှိ လက်ခံ လိုက်နာ ကျင့်သုံးကြ၏။

          တကယ်တော့ ငွေကို ကျွန်တော်တို့ရှာရ မည်။ ရှာ၍ ရရှိသော ငွေအချို့ကိုသုံး၍ အချို့ကို ထိရောက်စွာ ရင်းနှီးမြှုပ်နှံမှုပြုရမည် ဖြစ်ပါသည်။ ကျွန်တော်တို့လူမျိုး၌ ထိရောက်စွာ ရင်းနှီးမြှုပ်နှံမှု ပြုရေးအပိုင်းတွင် အားနည်းလျက်ရှိပါ၏။ အဆုံးအမ များတွင် တရုတ်လိုရှာ၊ ကုလားလိုစု၊ မြန်မာလိုမဖြုန်း နှင့် ဟူသော ဆုံးမစကား ရှိပါ၏။ ။

          တရုတ် လူမျိုးတို့သည် ငွေအရှာအဖွေ ကောင်းသူများ၊ ထိရောက်စွာ ရင်းနှီးမြှုပ်နှံတတ်သူများ ဖြစ်ပါသည်။ အိန္ဒိယ အမျိုးသားများသည် ငွေကို စုဆောင်းချွေတာတတ်သူများ ဖြစ်၏။ ငွေကိုချစ်တီး လိုစုရမည်ဖြစ်၏။ ချစ်တီးများသည် ငွေကိုစုဆောင်း ခြင်းနည်းပညာဖြင့် သူဌေးဖြစ်ကြသူများ ဖြစ်သည်။

              မြန်မာတို့သည် ငွေကြေးကို သုံးစွဲဖြုန်းတီး တတ်သူများအဖြစ် သတ်မှတ်စွပ်စွဲခံရသူများဖြစ်၏။  မှထိုနေရာသို့ မြေများသယ်ယူပြီး သီးနှံစိုက်ပျိုးရ၏။ကျောက်သားများကြီးစိုးသော ထိုမြေတွင် ဘာသယံ ဇာတမှလည်းမရှိပါ။

           ကိုရီးယားနိုင်ငံတွင် တစ်နှစ်ခြား အလွန် အင်အားကြီး၍ အပျက်အစီးများသော မုန်တိုင်းများဝင်တတ်၏။ ကိုရီးယားနိုင်ငံ၏ မြစ်များ သည် တိုလွန်းပြီး မိုးအခါရေစီးသန်၍ နွေအခါရေမရှိ ဘဲဖြစ်နေသည်။ ရာသီဥတုမှာ အအေးပြင်းထန်လွန်းသောအခါလည်းရှိ၏။

                ကိုရီးယားနိုင်ငံသည် ပတ်ဝန်း ကျင် နိုင်ငံများ၏ အကြိမ်ပေါင်းမြောက်မြားစွာ ရန်စ ကျူးကျော်မှုကို ခံရသောနိုင်ငံဖြစ်သည်။ ကိုရီးယား ကျောင်းစာအုပ်တွင် ကိုရီးယားတို့က မိမိတို့သည် အကြိမ်ပေါင်းကိုးရာကျော် အိမ်နီးချင်းနိုင်ငံတို့၏ ကျူးကျော်မှုကို ခံရသည်ဟု အတိအလင်း ရေးသား ထားပါ၏။

           ထို့ကြောင့် ကိုရီးယားကဲ့သို့သော၊ အစ္စရေး ကဲ့သို့သော နိုင်ငံများနှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ သည် ကောင်းကင်ဘုံတမျှ သာယာလှပါ၏ဟု ဆိုခြင်း ဖြစ်၏။ ထိုကဲ့သို့ သာယာလှသောနိုင်ငံတွင် နေခွင့်ရ သောကျွန်တော်တို့လူမျိုးသည် သဘာဝသယံဇာတ ပေါ်ခြင်း၊ စေတနာထက်သန်သူ များပြားခြင်း၊ အခက် အခဲအကျပ်အတည်းများစွာ မကြုံရခြင်း၊ ကျောခင်းရန် တစ်နေရာရရှိပါက စားဖို့သောက်ဖို့ မပူရခြင်းကြောင့် ကြီးပွားချမ်းသာလိုစိတ်ထက် တင်းတိမ်ရောင့်ရဲသော စိတ်၊ အပျင်းစိတ်၊ ဝီရိယနည်းပါးသော အဖြစ်တွင် ထမင်းကြမ်းခဲကို ယပ်ခတ်၍ စားသောလူမျိုးအဖြစ်ဖြင့် တင်းတိမ်ရောင့်ရဲစွာနေခဲ့ကြ၏။ အပျော်အပါး ဝါသနာ ထုံခဲ့ကြ၏။

            ယနေ့ကမ္ဘာသည် ပြောင်းလဲလာခဲ့ပြီဖြစ်၏။ ယခင်ကလို မိမိနိုင်ငံအတွင်း မိမိတို့နေချင် သလိုနေ၊ စားချင်သလိုစား၊ သွားချင်သလိုသွား၍ မရပါ။ ကမ္ဘာတွင် ပိုက်ဆံရှိမှ၊ ချမ်းသာကြွယ်ဝမှ မျက်နှာရှိသော၊ လူရာဝင်သော၊ တန်ဖိုးထားသော အဖြစ်သို့ ရောက်လာကြရာ ကမ္ဘာနှင့်မလွဲမသွေဆက် ဆံလာရသော ကျွန်တော်တို့မှာလည်း ယခင်ကလို ထမင်းကြမ်း ယပ်ခတ်စားနေ၍ မဖြစ်တော့ဘဲ အများ နည်းတူ ငွေရှာဖို့၊ ကိုယ့်လူမျိုး လူတစ်လုံး သူတစ်လုံး ဖြစ်ဖို့၊ ကိုယ့်လူမျိုး လူရာဝင်စေဖို့ လုပ်ဆောင်ကြိုးစား ကြရန်လိုအပ်ပါ၏။

              ယခင်အခါက ဆိုပါက မလေးလူမျိုးများ အားလည်း ဝီရိယနည်းပါးသော လူမျိုးအဖြစ် သတ် မှတ်ခဲ့ကြ၏။ ထိုင်းလူမျိုးတို့အားလည်း အသိဉာဏ်  နှေးကွေး၍ ထိုင်းအသော လူမျိုးအဖြစ် ထိုလူမျိုး အကြောင်းရေးသားစာအုပ်များတွင်ဥရောပတိုက်သားတို့ကရေးခဲ့ကြ၏။

           သို့သော် ယနေ့ကာလ တွင်ပျင်းရိ လေးတွဲသူများ၊ နှေးကွေးသူများဟု မည်သူမှ မစွပ်စွဲ ဝံ့တော့ဘဲ ယင်းတို့သည် ယင်းတို့၏ စီးပွားရေးကို ကမ္ဘာမှ မျက်လုံးဒေါက်ထောက်ကြည့်ရလောက်အောင်ပြုလုပ်ဖန်တီးခဲ့ကြပြီဖြစ်ပါ၏။

           မလေးရှား နိုင်ငံသည် မြန်မာနိုင်ငံနှင့် လုံးဝတူညီ၍ ယခုအခါ မလေးတို့သည် မိမိနိုင်ငံ၏ ကျယ်ဝန်းမှု၊ သယံဇာတ ပြည့်ဝမှုတို့အပြင် မိမိ၏ဖွံ့ဖြိုးလာသော စီးပွားရေးကြောင့် ကမ္ဘာပေါ်တွင် အရေးပါအရာရောက်ကာ တွင်ကျယ်မှုရှိလာသည့် လူမျိုးတစ်မျိုး၏ဘဝသို့ ရောက်ရှိလာပါ၏။

           'ကျွန်တော်တို့သည် သယံဇာတ ပေါပြီး သဘာဝ အနေအထားတို့က မျက်နှာသာပေးထားမှု များကြောင့် မည်မျှပင် မိမိတို့ဘာသာ မိမိတို့ တင်းတိမ်ရောင့်ရဲစွာ နေထိုင်စေကာမူ ယနေ့ကမ္ဘာနှင့် ဆက်ဆံလာရသောအခါ ကျွန်တော် တို့လူမျိုးအား ဝင်ငွေနည်းသောလူမျိုး၊ လောဘ မရှိသောလူမျိုး၊ မချမ်းသာသောလူမျိုးအဖြစ် သတ်မှတ်လာကြသောကြောင့် တစ်နိုင်ငံမှ တစ်နိုင်ငံသွားလျှင် ပင် အတော်လေး မျက်နှာငယ်ရ၏။

             ကျွန်တော်သည် နိုင်ငံပေါင်းများစွာသို့ အကြိမ်ပေါင်းအခေါက်ပေါင်း များစွာ သွားခဲ့ဖူးပါ၏။ ထိုင်းနိုင်ငံအတွင်းသို့ဆိုလျှင် ကျွန်တော်သည် အကြိမ်ပေါင်း ၅၀ မက ဝင်ချည် ထွက်ချည်လုပ်ဖူးပါ၏။ ထိုသို့လုပ်တိုင်း မြန်မာနိုင်ငံ ကူးလက်မှတ် ကိုင်ဆောင်ထားသူဟုဆိုပါက အထင် သေးလိုကြ၏။ မြန်မာနိုင်ငံကူးလက်မှတ်ဟု ဆိုပါက ချက်ချင်း သူ့နိုင်ငံတွင်းသို့ ဝင်ခွင့်မပေးသေးဘဲဘာလာလုပ်တာလဲ။ အလုပ်လုပ်ဖို့ လာတာလား၊ ဘယ်နှစ်ရက်နေမှာလဲ။ သုံးဖို့ငွေပါရဲ့လား၊ ပါလျှင်ပြပါဟု မေးတတ်ပြောတတ်၏။

             ကျွန်တော်သည် ထိုသို့အပြောခံရတိုင်း အ လွန်မှ ရှက်ရပါ၏။ “ဘာလာလုပ်တာလဲ” ဟုမေးပါက သူ့နိုင်ငံသို့ “အလည်လာတာပါ” ဟုဆိုလျှင်ပင် မယုံ ကြပါ။ “စီးပွားရေးကိစ္စနှင့်လာတာ” ဟုဆိုပါက နိုင်ငံ ကူးလက်မှတ်ထဲတွင် ကုန်သွယ်မှုနှင့်လာကြောင်း  ဟုတ်မဟုတ်အထောက်အထားများကို ရှာပါသေး၏။

          ဘယ်နှစ်ရက်နေမှာလဲဟု ဆိုလျှင်ကား ကျွန်တော်က

         “ဒါကမင်းတို့ကိစ္စပဲ၊ မင်းတို့က သုံးရက်ပေးရင် သုံးရက် နေမှာပဲ၊ တစ်လပေးလဲ ငါ့အလုပ်ဆယ်ရက်နဲ့ပြီးရင် ဆယ်ရက်နဲ့ပြန်မှာပဲ၊ မင်းတို့နိုင်ငံထဲမှာ ငါ့သားမယား လဲမရှိဘူး၊ ငါ့သံယောဇဉ်လဲမရှိဘူး၊ အလုပ်ပြီးရင် တစ်ရက်တောင်မနေဘူး”

          ဟုပြောသောအခါ စိတ်ဆိုး မှန်းသိလျှင် အနည်းငယ်တော့ ပျော့လာတတ်၏။

           ဒါတောင် သူ့နိုင်ငံထဲမှာသုံးဖို့ ငွေဘယ်လောက်ပါသလဲ ဟုဆိုပါ၏။ဒေါ်လာတစ်ထောင်ပါတယ်ဟု ဆိုလျှင် အဲဒီငွေကို ပြပါဟုဆိုပါသည်။ ဒေါ်လာတစ်ထောင် အကုန်ထုတ်ပြရပါ၏။ဘယ်လောက် ခံပြင်းစရာကောင်းသည့် အဖြစ်ဆိုသည်ကို စဉ်းစား၍ ကြည့်ဖွယ်ရာ ဖြစ်ပါ၏။

       ဂျပန်လူမျိုး၊ ကိုရီးယားလူမျိုးတို့ဖြစ်ပါက သူတို့သည် ငွေသုံးစွဲနိုင်သည့်လူများ ဖြစ်သောကြောင့် ဘယ်နိုင်ငံဝင်ဝင် ဘယ်နိုင်ငံကထွက်ထွက် မျက်နှာ သာရ၏။ ဂျပန်တို့သည် ကမ္ဘာသို့ထွက်၍၊ ကမ္ဘာလှည့် ၍ကြွယ်ဝသော မိမိတို့၏ ငွေကြေးများကို လိုက်လံသုံး စွဲနေသော လူမျိုးဖြစ်၏။ ထို့ကြောင့် ကမ္ဘာတွင် ဂျပန် လာပါက နိုင်ငံတိုင်းက မျက်နှာကို ပျားရည်သုတ် သကြားဖြူးကာ ကြိုဆိုကြသည်။

             အလွန်မခံချင်စရာကောင်းသည်မှာ နိုင်ငံတိုင်းမှာလိုပင် ဈေးဝယ်ကြပါက ဂျပန်ကိုမှရောင်းချင်ကြ၏။ အရှေ့တောင်အာရှနိုင်ငံ များတွင် မည်သူမျှ ဂျပန်နှင့်ယှဉ်၍ ဈေးမဝယ်လိုကြ ပေ။ ဈေးရောင်းသူတို့သည် ဂျပန်ဆိုပါက ပျာပျာသလဲ အိတ်သွန်ဖာမှောက်ပစ္စည်းများကို ပြုကြသည်။ ဂျပန် များဆိုင်ထဲဝင်ပြီး မဝယ်ဘဲပြန်ထွက်သွားလျှင်လည်း ယင်းတို့က မင်္ဂလာရှိသည်ဟု ထင်ကြ၏။

             ကျွန်တော်တို့က တကယ်ဈေးဝယ်ရန်ဆိုင် တွင်းသို့ဝင်သွားလျှင်ပင် အဝင်မခံလိုကြ။ ဘာများနှိုက် သွားမလဲဟု မျက်စိဒေါက်ထောက်ကြည့်ကြသည်။ မလှစုန်းယိုး၊ မရှိခိုးနိုးဟု အထင်ခံရ၏။

              ပိုက်ဆံမရှိပါက လောကလူ့ဘဝတွင် မျက် နှာငယ်ရသည်မှာ အမှန်ပင်ဖြစ်၏။ ချမ်းသာမှ လူရာ ဝင်သည်။ ချမ်းသာမှ လူရာ သွင်းလိုကြသည်။ ထိုကဲ့ သို့သောဖြစ်ရပ်များ ကြုံရဖန်များသောအခါ ကျွန်တော့်မှာ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ လူတစ်လုံး သူတစ်လုံး ဖြစ်စေလိုသောဆန္ဒ၊ ကြွယ်ဝချမ်းသာစေ လိုသောစိတ်၊ တိုးတက်ကြီးပွားစေလိုသော စေတနာ ဆန္ဒတို့ ပြင်းပြ လာခဲ့သည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)