Skip to product information
1 of 2

Other Websites

ချစ်စံဝင်း - ဆန်ဖွတ်သည့် အဘိုးအို

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

နုနယ်သူတို့၏ အလှူနံနက်ခင်း

ကျွန်တော် အိပ်ရာမှ နိုးလာသည်  မီးဖွင့်ပြီး နာရီကြည့်လိုက် တော့ ငါးနာရီထိုးနေ၏။ မနေ့က ကျွန်တော်ဘယ်မှမသွားခဲ့။ မန္တလေး နွေက ပူလွန်း၍ အခန်းအောင်းနေခဲ့သည်။ အခန်းအောင်းပြီး စောစော အိပ်ရာဝင်၍ ဒီနေ့စောစောနိုးနေ၏။

မန္တလေးသို့ ကျွန်တော်ရောက်ခဲ့သည်မှာ တစ်ပတ်ကျော်ပြီ ဖြစ်သည်။ ရောက်စရက်များက ကိုပြေ၊ နဂါး၊ ရဲရင့်၊ မြညွန့်ဆွေ၊ လူထုနှင့် ဆုမွန်စာပေများသို့ သွား၍ စာအုပ်ဖိုးငွေရှင်းသည်။ နဂါး ကိုထွန်းဦးထံဝင်၍ သတင်းမေးသည်။

ဒီနေ့တော့ မင်းကွန်းသို့ သွားရန် စစ်ကိုင်းမင်းအောင်နှင့် ပိုက်ကျုံးရပ်တွင် ချိန်းထားသည်။

ကျွန်တော်သည် စောစောနိုးနေရာမှ ပြန်မအိပ်လိုတော့၍ အိပ်ရာမှထကာ ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ နံနက်ခင်းလေ နွေးနွေးက ကျုံးဘက်မှ ဝင်လာ၏ ။ ဝင်လာသောလေနွေးနွေး

ကြောင့် နေသာသလိုရှိလာ၏ ။ တစ်ညလုံး အအေးစက်ဖွင့်ထား၍ အခန်းက အေးစက်နေသည်။

မန္တလေးဟိုတယ်တစ်ခုလုံးကား အိပ်ကောင်းနေဆဲ ဖြစ် ၏။ ဆင်ဝင်အောက်တွင်တော့ မီးတစ်လုံး လင်းနေသည်။ ကျွန်တော်သည် ဟိုတယ်ရှေ့ရှိ စင်္ကြံနှင့် မြက်ခင်းကို ကျော်ကာ ကျုံးဘက်ဆီသို့ ကြည့်လိုက်သည်။ ဟိုတယ်ရှေ့ရှိ ဘုရင့်နောင် လမ်းမကြီးပေါ်မှ နံနက်ခင်း လမ်းလျှောက်သူများ၏ အသံများကို ကြားလာရ၏။ တစ်ချိန်တည်းမှာပင် ထိုလမ်းမကြီးအတိုင်း ကား တစ်စီး မီးထိုး၍ မောင်းလာသည်။ မီးထိုးမောင်း လာသောကားကျော်သွားသောအခါတွင်မူ မင်းသူရိန် အဆောက်အအုံဘက်မှ ဂျစ်မ မိသားစု၏ စုတ်ထိုးသံကို ဆက်တိုက်ကြားလာရသည်။

ကျွန်တော်သည် ယခုလို နံနက်ခင်းတွင် အများနည်းတူ ကျုံးပတ်၍ လမ်းလျှောက်လိုစိတ် ပေါ်လာ၏။ ထို့ကြောင့်လည်း အထူးအထွေ မစဉ်းစားတော့ဘဲ အခန်းကိုပိတ်၊ သော့ကိုယူကာ မန္တလေးဟိုတယ်မှ ထွက်လာခဲ့သည်။

မန္တလေး၏ နံနက်ခင်းအလှကား နွေးထွေးသာယာသည်။ ဟိုတယ်ရှေ့ ဘုရင့်နောင် လမ်းမကြီးပေါ်တွင် စိန်ပန်းပင်ပုစုံ လှလှလေးများ တန်းစီ၍ပေါက်နေ၏။ ထိုစိန်ပန်းပင်များက သတ်ကြီးပုများဖြစ်၍ ကိုင်းများက လူနှင့်မလွတ်ဘဲ ရှိနေသည်။ ထိုလမ်းကလေးကို ကျွန်တော်အလွန်သဘောကျ၏။ ကျွန်တော့် စိတ်ထဲတွင် ထိုလမ်းကလေးသည် အတော့်ကိုလှသည်ဟုလည်း ထင်၏။ ထိုလမ်းတွင် မန်ကျည်းပင်ပုလေးများကိုလည်း စိန်ပန်းပင် ပုလေးများအကြားတွင် တွေ့ရ၏။

ကျွန်တော်သည် သက်ကြီးပုစိန်ပန်းပင်များကို ငုံ့ရှောင် ရင်း လမ်းတစ်ဖက် ကျုံးဘေးပလက်ဖောင်းဆီသို့ ကူးသွား၏။ ပြီးမှ ထိုနေရာတွင်ရပ်ကာ ကျုံးမြို့ရိုးအလှကို ကြည့်နေမိ၏။ ထိုအခါက ဤနေရာတွင် ပြည်ကြီးမွန် ဖောင်တော်မရှိသေး။ မြင့်မြင့်မားမား တည်ရှိနေသောမြို့၊ မြို့ရိုးပေါ်မှ ပြာသာဒ်၊ ပြာသာဒ်အရိပ်ထိုးနေသော ကျုံးရေပြင်၊ ရေပြင်၏ အဆုံးမှ အရဏ်ဦး လင်းရောင်ခြည် နှင့်အတူ မန္တလေးတောင်တော်ကို အဝေးမှ ပိုးတိုးဝါးတား ဖူးမြော်ရသည်က ကြည်နူးစရာဖြစ်၏။

ကျွန်တော်သည် နံနက်ခင်း ကျုံးနှင့်မြို့ရိုး၏သဘာဝအလှကို ကြည့်ရှုရင်း နန်းရှေ့ ၆၆- လမ်းမကြီးအတိုင်း မန္တလေးတောင်တော်သို့လျှောက်လာခဲ့၏။ နန်းရှေ့လမ်းမကြီးနှင့် ကျုံးအကြားတွင် သံဆန်ခါ များကာရံထား၏။ သံဆန်ခါဘေးတွင် လူသွားလမ်းပလက်ဖောင်း ရှိသည်။ နန်းရှေ့ပလက်ဖောင်းသည် သန့်ရှင်းနေသည်။ သန့်ရှင်းရုံသာ .မက သစ်သစ်လွင်လွင်လည်းရှိ၏။ ပလက်ဖောင်းတစ်လျှောက်တွင် -

တော့ ထနောင်းပင်၊ တည်ပင်၊ စက္ကူပန်းရုံ လေးများနှင့် ရှားပင်၊ ကန္တာရပင်တို့ မညီမညာ မြင့်သည့်အပင်ကမြင့် ၊ နိမ့်သည့်အပင်ကနိမ့်လျက် တန်းစီ၍ပေါက်နေ၏။ လမ်းမကြီး အရှေ့ဘက်တွင်ကား ' မန်ကျည်းပင် မြင့်မြင့်ကြီးများက စိုးမိုးအုပ်ဆိုင်းထားသည်။

မန္တလေးကျုံးရေပြင်သည် အတော်ကြည်သော ရေပြင်ဖြစ်သည်။

သာယာလှပသော မန္တလေးမြို့၏ နံနက်ခင်းအလှသည် ကြည်နူးဖွယ်ဖြစ်သည်။ သူရိန်နေမင်းသည် အရုဏ်ဦးအလင်းရောင် များကို နန်းမြို့ရိုးတစ်ဝိုက်ဆီသို့ ရှေ့တော်ပြေးစေလွှတ်ထား၏ စို့စ ပျို့ စဖြစ်နေသော အရုဏ်သည် မန္တလေးတောင်တော်တစ်ခွင်၌လည်း အလင်းများကို ကြဲပက်ခင်းဖြန့်နေပါ၏။

နန်းရှေ့၆၆-လမ်းမကြီးတစ်လျှောက်တွင်ကား စက်ဘီးစီးကြ သူများ၊ အပြေးလေ့ကျင့်နေကြသူများ၊ ကြိုးခုန်ရင်းပြေးသူကပြေး၊ရင်း ကြိုးခုန်သူကခုန်၊ ကျော်တက်သူက ကျော်တက်၊ မျက်နှာချင်း ဆိုင်မှ လာသူတို့ကလာ၊ နှေးနှေးလျှောက်သူတို့က လျှောက်၊ မြန်မြန်လာသူတို့ကလာ၊ နားသူကလည်းနားနှင့် ဪဘဝခရီးဟူသည်မှာ လည်း လမ်းလျှောက်နေသော လူတွေလိုပါပဲလားဟူ၍ ကျွန်တော့် တွေးထင်နေမိ၏။

ထိုအချိန်တွင်မှ နံနက်စောစော ချိုးတစ်ကောင်၏ကူသံကို ကြားလိုက်ရ၏။ ကျွန်တော်သည် အချွဲပိုနေသော ချိုးငယ်ကို တွေ့လိုတွေ့ငြား ရှာကြည့်နေမိ၏။ သို့သော် ကူသံကိုသာကြားရ၍ ချိုးငယ်ကိုကားမတွေ့ရပေ။ လှပသည့် သဘာဝနံနက်ခင်းတွင် ဤချိုးငယ်ကား . အမူအချွဲပိုကာ အကဲဆိုနေပါ၏။

ကျွန်တော်သည် ခြေလှမ်းများကို ရေရင်း မှန်တမ်းလေး လျှောက်၍လာရာ မကြာမီ ရှေ့မှလူတစ်အုပ်ကို မီ၍လာ၏။ ကျွန်တော် ရှေ့မှ လမ်းလျှောက်လာကြသော လူတစ်အုပ်ကား ပင်စင်စားကြီးများ ၊ ဖြစ်၏။ သူတို့၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ရုံမျှနှင့် ပင်စင်စားကြီး များဖြစ်သည်ကို အလွယ်သိနိုင်ပါ၏။

သူတို့သည် ခေါင်းစွပ်ကြီးများနှင့်တမျိုး၊ ဦးထုပ်နှင့်တစ်ဖုံ၊ တုတ်ကောက်များနှင့်တစ်နည်း အနွေးထည်ကိုတော့ ကိုယ်စီကိုငှ၀တ် ၍ မျက်မှန်ဝိုင်းလေး တပ်ထားသူကတစ်ယောက် အသီးသီး လမ်း

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)