Skip to product information
1 of 2

Other Websites

ခင်မောင်တိုး(မိုးမိတ်) - ကလာရာဘာတန်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

          ဒါပေမဲ့ ၁၈၂၀ နှစ်များမှာ မိန်းကလေးတွေ မသင်ယူကြတဲ့ ကိစ္စ တချို့တော့ ရှိလေရဲ့၊ အရိုင်းမြင်းငယ်လေးပေါ်ကုန်းနှီးမတင်ဘဲ ဒုန်းစိုင်း စီးတဲ့နည်းပါပဲ။ နောက်တစ်ခုက ယောက်ျားကြီးတွေ သုံးကြတဲ့ တူလို၊ ဝက်အူလှည့်လို ပစ္စည်းတွေကို သုံးတတ်ဖို့ မသင်ယူကြဘူး။ နောက်တစ်ခုက ခိုင်ပြီး စိတ်ချရတဲ့ ကြိုးထုံးနည်းပဲ။ အဲ- ဘောလုံးကို အားကုန်သုံးပြီး ပစ်တာ တို့၊ ယောက်ျားလေးတစ်ယောက်လို ဘောလုံးကို တန်းတန်းမတ်မတ် ပစ် တတ်ဖို့ကိုတော့ ဘယ်တော့မှ မသင်ယူကြဘူး။

          ဒါပေမဲ့ ကလာရာရဲ့ အစ်ကိုကြီးနှစ်ယောက် ဖြစ်ကြတဲ့ စတီဖင် (Stephan) နဲ့ ဒေးဗစ် (David) ကတော့ အထက်က ဖော်ပြခဲ့တာတွေ အားလုံး သင်ပြပေးကြတာပဲ။ ဒါတွေတင်မကဘူး။ နောက်ထပ် အများကြီး သင်ပြကြပါသေးတယ်။ စတီဖင်က ကိန်းဂဏန်းနဲ့ ပတ်သက်ရင် သိပ်ကျွမ်း တား ဒီတော့ သူက ကလာရာရဲ့ သင်္ချာဆရာ ဖြစ်လာတာပေါ့။ နောက်ပိုင်း မှာ ကလာရာက ဒီအကြောင်းကို ရေးသားခဲ့ပါတယ်။ ။

"အမြှောက်တဲ့ အစားတဲ့၊ အနှုတ်တဲ့၊ တစ်ဝက်တဲ့၊ လေးပုံတစ်ပုံတဲ့၊ တစ်ခုလုံးတဲ့၊ အို... စိတ်ရှုပ်စရာလျှို့ဝှက်ဆန်းကြယ်တွေလိုပါပဲ”

ဒေးဗစ်ကတော့ အားကစားသမား။ သူကကလာရာကို တိရစ္ဆာန်တွေ ကို ချစ်တတ်ဖို့၊ အထူးသဖြင့် မြင်းတွေပေါ့။ နောက် သူက ယောက်ျားလျာ တစ်ယောက်လို တောထဲသွားကစားဖို့ အားပေးအားမြှောက် လုပ်တယ်။ သူက သူ့ညီမလေးကို အိမ်မှာ အရုပ်တွေနဲ့ ကစားတာကို မကြိုက်ဘူး။ သူ က ၁၉ ရာစုနှစ် မိန်းကလေးတွေ အိမ်တွင်းပုန်းဘဝနဲ့ တကုပ်ကုပ် အလုပ် လုပ်စေတဲ့ စည်းမျဉ်းတွေကို ဂရုမစိုက်ဘူး။ လျစ်လျူရှုထားတတ်သူလေး တကယ်တော့ သူဟာ ကလာရာအဖို့ သူရဲကောင်းကြီးပဲ။အဲ... ကလာရာဘဝ တိုးတက်မြင့်မားလာအောင် ဖန်တီးပေးဖို့ စိတ် မဝင်စားသူကတော့ ကလာရာ့အမေ ဆာရာပါပဲ။ ဒါပေမဲ့ ဆာရာဘာတန် ဟာ အလုပ်ကြိုးစားတဲ့ ပွင့်လင်းတဲ့ အမျိုးသမီးကြီး ဖြစ်တယ်။ ကျွန်စနစ် အဆုံးသတ်ဖို့ ဦးစားပေး ဆောင်ရွက်တယ်။ အမျိုးသမီးတွေ မဲပေးခွင့် ရစေချင်တယ်။ သူ့ခင်ပွန်းလိုပဲ သူဟာ တန်းတူညီမျှအခွင့်အရေးနဲ့ ပတ်သက် ပြီး ခိုင်ခိုင်မာမာ ယုံကြည်သက်ဝင်သူလည်း ဖြစ်တယ်။

ဒါတွေကြောင့်ပဲလား မသိဘူး။ ဆာရာဟာ ကလာရာအတွက် နေ့စဉ် လုပ်ပေးရမယ့် တာဝန်တွေကို တခြားမိသားစုဝင်တွေ လက်ထဲ ထိုးအပ် ထားလိုက်တယ်။ ဒါပေမဲ့ သူ့သမီး အရှက်ကြီးတဲ့ ကိစ္စအတွက်တော့ သူ စိတ်ပူနေပါတယ်။ ကလာရာကလည်း အသက်ကလေးရလာလေ ရှက်တာက ပိုဆိုးလာလေပဲ။ သူ့သမီးနဲ့ ပတ်သက်တဲ့ အခက်အခဲတွေကို ဆာရာက သူတို့ ဆီလာလည်တတ်တဲ့ ဦးခေါင်းရှိ အဖုအထစ်များကို ကြည့်ဟောတဲ့ ပညာရှင် (Phrenologist) sous.Sedco E.com: (L.N. Fowler) econe တိုင်ပင် ဆွေးနွေးကြည့်တယ်။ အခုတောင် အသက် ၁၆ နှစ် ရနေပြီဖြစ်တဲ့ အကြောက်မ ကလာရာ ဘဝအတွက် ဘာတွေများ လုပ်နိုင်တော့မှာလဲ။

ဦးခေါင်းခွံပေါ်ရှိ အဖုအထစ်တွေကို ကြည့်ဟောတဲ့ ပညာရပ်ဟာ လူ တစ်ယောက်ရဲ့ ဦးခေါင်းခွံပေါ်က အဖုအထစ်တွေက လူတစ်ယောက်ရဲ့ စွမ်း အားနဲ့ အားနည်းချက်ကို ဖော်ပြတယ်ဆိုတဲ့ မှားယွင်းသော မှတ်သားချက် ပေါ်မှာ အခြေခံပါတယ်။ အခု ဒီပညာရှင် “ဖောင်းလား” က ကလာရာကို ကြည့်ပြီး ဘာအကြံဉာဏ်ကို ပေးလိုက်ပါသလဲ...။

သူမ ရှက်တတ်တာ ပျောက်ဖို့ ကလာရာဟာ နွေကျောင်း (Summer School) မှာ စာပြသင့်တယ်လို့ ပြောပြလိုက်ပါတယ်။ သူပြောတာ လုံးဝ မှန်သွားပါတယ်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)