ခင်နှင်းယု - မွှေး
အစဉ်ပျံ့မွှေးနေသောမွှေး
“ယခုလိုအချိန်သို့ ရောက်ပြီဆိုလျှင် အတွတ်နှင့်မွှေးတို့ အတူတကွ မွေးဖွားခဲ့သော ဝါးခယ်မမြို့ပြင်ရှိ လယ်ကွက်များ ထဲတွင် စပါးစေ့လေ့တို့သည် အိပ်ပျော်ရွာမှ နိုးကြပေတော့မည်”
ဤစကားလုံးများနှင့် မွှေးဝတ္ထုကို ကျွန်မဖွင့်ခဲ့ပါသည်။ မွှေး ဝတ္ထုကို ကျွန်မနှလုံးသားတွင် သန္ဓေတည်ခဲ့သည်မှာ အိန္ဒိယတွင် ကျွန်မ ဆေးကုသခံခဲ့စဉ်က ဖြစ်ပါသည်။
သူ့ စကားနားထောင်ကာ
ကျွန်မတို့မှာ တီဘီရောဂါမျိုးမရှိသော်လည်း ကျွန်မ၏မေမေ မှာ တီဘီရောဂါနှင့် ကွယ်လွန်ခဲ့ပါသည်။ ဒုတိယ အစ်မဖြစ်သူမှာ ရောဂါကူးစက်ကာ အသက်ဆုံးရှုံးရပြန်သည်။ မမဆုံးပြီး ကျွန်မတို့တစ်အိမ်
သာလုံး ဆေးစစ်ကြပါသည်။ ကျွန်မ၏ညာဘက်ခြမ်းအဆုတ်တွင် အစက်တစ်စက်တွေ့ရပါသည်။ ထို့ကြောင့် ကျွန်မရန်ကုန်ဆေးရုံကြီးသို့ တက် ရောက်ကုသခံခဲ့ပါသည်။ မမဆုံးချိန်မှာ ကျွန်မဆေးရုံတက်သည်အထိ ကျွန်မခင်ပွန်းသည် ဗိုလ်ကြီးကျော်သောင်းမှာ ရန်ကုန်တွင် မရှိပါ။ ကလောတွင် စစ်ဦးစီးတက္ကသိုလ်ဝင် သင်တန်းသို့ တက်ရောက်နေပါ သည်။ သူပြန်လာမှပင် ကျွန်မဆေးရုံတက်နေကြောင်း သိရပါသည်။
ဆေးရုံသို့ သူလာရောက်တွေ့ဆုံရင်း “မျိုးရိုးမရှိဘူးဆိုပေမယ့်” အခု မေမေရော၊ မရောဆုံးပြီ။ အချိုရဲ့အဆုတ်မှာလည်း အခုကူးစက် လာပြန်ပြီဆိုတော့ ကိုကြီးစိုးရိမ်တယ်။ မြန်မာပြည်မှာ ကုလို့ရတယ်ဆိုပေမယ့် အိန္ဒိယကို သွားစေချင်တယ်။ မဒရပ်က တီဘီဆေးရုံမှာ သွား ကုပါ။ အချိုတို့မိသားစုမှာ တီဘီအမြစ် ပြတ်သွားစေချင်တယ်"
သူဆုံးဖြတ်ချက်အရ ကျွန်မသည် အိန္ဒိယသို့ ၁၉၅၈-ခုနှစ် မတ်(၂)ရက်နေ့တွင် ထွက်ခွာလာခဲ့ပါသည်။ အစ်ကိုကြီးမှာ ဖေဖော်ဝါရီ လ (၂၈)ရက်နေ့ကတည်းက မုတ်ကျွန်းသို့ တာဝန်နှင့် ထွက်ခွာသွားခဲ့ ပါသည်။ ကျွန်မတို့နှစ်ယောက် ခရီးမထွက်ခင် မတွေ့ဆုံခဲ့ကြရပါ။ အမှန် တော့ ကျွန်မအဆုတ်မှာ ရန်ကုန်ဆေးရုံကြီးတွင် အနားယူကုသခဲ့သဖြင့် အနာကျက်၍ပင်နေပါပြီး သို့သော် သူစိုးရိမ်ပူပန်သည့်အတိုင်း ကျွန်မတို့ မိသားစုတွင် တီဘီဆက်လက်အမြစ်တွယ်မှာစိုး၍ ကျွန်မ သူ့စကားနားထောင်ကာ အိန္ဒိယသို့ သွားခဲ့ပါသည်။
အားငယ်လိုက်သည့် ဖြစ်ခြင်း
အိန္ဒိယသို့(ဝါးခယ်မ) သခင်သိန်းဖေတို့ဇနီးမောင်နှံ၊ ဆရာ ဦးစိုးတင့်တို့နှင့်အတူ ကျွန်မလိုက်ပါသွားခဲ့ပါသည်။ သူတို့သည် ကျွန်မကို မဒနာပလီအထိ လိုက်ပို့ကြပါသည်။ အမှန်တော့ တီဘီကုသော - အာဂရောဂျံဆေးရုံမှာ မဒရပ်နယ် မဒနာပလီရွာလေးတွင် တည်ထောင် ထားခြင်း ဖြစ်ပါသည်။ ဆေးရုံရောက်တော့ သူတို့မှာ ညမအိပ်နိုင်း ကိုချင်ကို ခရီးဆက်ထွက်ရမည်ဖြစ်သည်။
သွားခါနီး သူတို့ကို ကျွန်မကန်တော့သောအခါ သူတို့လည်း ငိုကြသည်။ ကျွန်မကတော့ မျက်ရည်လည်ရွဲနှင့်။
ရန်ကုန်မှ ထွက်သည့်နေ့ကလည်း ချစ်သူနှင့် မတွေ့ရပါ။တပ်မတော်သား ဇနီးပေပဲ ဒီလိုပဲပေါ့ဟု ကိုယ့်စိတ်ကိုယ်တင်းကာထွက်ခဲ့ပါသည်။ အိန္ဒိယရောက်တော့လည်း တစ်ယောက်တည်း ဆေးရုံ တွင်ကျန်ရစ်ခဲ့ရသည်။ ဆေးကလည်း ကျွန်မထင်သလိုမဟုတ်၊ ရန်ကုန် ဆေးရုံကြီးလိုအခန်းနှင့် လူနာများကိုထားသည်မဟုတ်၊ တစ်ယောက် တစ်အိမ် တစ်အိမ်နှင့်တစ်အိမ်ကလည်း ပေ(၁၀၀)လောက်ဝေးသည်။ သူတို့ပြန်သွားကတည်းက ကျွန်မအားငယ်လိုက်သည်ဖြစ်ခြင်း၊ ငို၍ လည်းမဆုံးပါ။ ဆေးရုံသို့ ရောက်နှင့်သော မြန်မာလူနာများက ကျွန်မ ရောက်သည့် သတင်းကြားပြီးကတည်းက အားပေးကြ၊ ပြုစုစောင့် ရှောက်ကြပါသည်။
ကျွန်မ ဘယ်လိုကုသခဲ့ရသည်ကို မွှေးဝတ္ထုတွင် ရေးသား ဖော်ပြပြီးဖြစ်၍ ကျွန်မ၏စာဖတ်ပရိသတ်က သိရှိပြီးဖြစ်ပါသည်။ ကျွန်မ ရောက်ကတည်းကပင် ဆေးစစ်ခံရစဉ်အတွင်း အနားယူရမည်ဆို၍ Yellow Bed အိပ်ရာတွင် လှဲနေရပါသည်။ မထိုင်ရပါ။ လူနာ၏နေ့စဉ် မှတ်တမ်းတွင် အဝါရောင်ပြသထားလျှင် ထိုလူနာမှာမထရ၊ အိပ်ရာ ပေါ်တွင်လှဲနေရပါသည်။ ကျွန်မကိုဆေးစစ်ပြီး ဘာမှမတွေ့၊ အနာ ကလည်း ကျက်သွားပြီဆိုပါသည်။ သို့သော် ပိုမိုသေချာအောင် တံတွေး ကို Culture လုပ်ပြီး ပိုးမွေးထားပါသည်။ တနင်္ဂနွေ(၆)ပတ်ကြာမည် ဖြစ်သည်။ အဖျားကလည်းမရှိ သွေးနှင့်ရိုးရိုးတံတွေးများတွင်လည်း ပိုးမတွေ့၍ ဆေးစစ်ပြီးချိန်တွင် အဝါမှအပြာနုရောင် ပြောင်းလဲပေး ပါသည်။ ကုလားထိုင်များနှင့် ထိုင်ခွင့်ရပါသည်။ လမ်းလျှောက်၍တော့မရပါ။ ကျွန်မအရပ်(၅)ပေ (၂)လက်မဆိုလျှင် အလေးချိန်မှာ ပေါင်(၉၀)မပြည့် လျော့နည်းနေ၍ ကောင်းကောင်းစား ကောင်းကောင်း နားရပါသည်။
မွှေးပျံ့သော တမာပွင့်ရနံ့
ထိုင်ခွင့်ရတော့မှ ကျွန်မသည် အိမ်ရှေ့တွင် ညနေတိုင်းထိုင် ၍ ပတ်ဝန်းကျင်ကို ကြည့်ခွင့် လေ့လာခွင့်ရပါသည်။ ကျွန်မထိုင်သော နေရာမှာ တမာပင်အောက်ဖြစ်၍ တမာပွင့်ကြွေတို့မှာ မြေပေါ်တွင်ဖွေးဖွေးလှုပ်နေကြပါသည်။ တမာပွင့်ရနံ့မှာ လေထဲတွင် မွှေးပျံ့နေပါ သည်။ အဝေးမှာ သစ်ရွက်စိမ်းများနှင့် ဥယျာဉ်အုပ်အုပ်ကိုလည်း မျှော်ကြည့်ရသည်။ လမ်းလျှောက်ထွက်ခွင့်ရသူ လူနာများကိုလည်း မေးကြည့် မိ၏။ အိမ်နီးချင်း လူနာအိမ်များကိုလည်း မျှော်ကြည့်ရင်းနှင့် စိတ်ဖြေရသည်။
ခပ်လှမ်းလှမ်းတွင် အိန္ဒိယတိုင်းရင်းသူ လူနာတစ်ယောက်ကို တွေ့သည်။ သူ့ကိုသူ့ဖခင်ကြီးကိုယ်တိုင် စောင့်ရှောက်ပေသည်။ တစ်ညနေမှာတော့ ဆေးရုံမှ စာရေးလေးက စာတစ်စောင်ကို လူနာ၏ ဖခင်လက်ထဲသို့ ထည့်သည်ကိုတွေ့ရသည်။ ဖခင်က ထိုစာကိုလူနာအား ဖတ်ပြသည်။ လူနာကလည်း ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေသည်။
စာဖတ်ပြီးချိန် လူနာ၏အမူအရာမှာ ရွှင်လန်းနေပုံရ၏။ ထို စာရေးလေး လမ်းမဘက်သို့ ထွက်လာမှ ကျွန်က လှမ်းခေါ်လိုက်၏။ သူယူလာသော စာထဲမှာ ဘာတွေပါသည်ကို ကျွန်မမေးကြည့်၏။ စပ်စု လို၍မဟုတ်ပါ။ အမှန်တော့ သူတို့၏ဝမ်းမြောက်စရာသတင်းကို ကျွန်မ ကြားချင်၍ဖြစ်ပါသည်။ တစ်ယောက်တည်း ကျန်နေရသောအခါ ကျွန်မ ” နှင့်ဘဝတူ လူနာများအပေါ် ကျွန်မစိတ်ဝင်စား၍ဖြစ်ပါသည်။
ဘုရားတခဲ့မိသောနေ့
“အဲဒီလူနာမှာ ကလေး(၃)ယောက်ရှိတယ်။ ဒီကလေးတွေကို သူ့ယောက်ျားက ပြုစုနေတယ်။ စီးပွားရေးက တစ်ဖက်ဆိုတော့ လူနာ ကို လာမပြုစုနိုင်ဘူးလေ။ ဒါကြောင့် အဖေကြီးက သူကိုယ်တိုင် သမီး ကိုလိုက်လာပြီး ပြုစုတာ။ တစ်ဦးတည်းသော သမီးလေ၊ အဲဒါရှေ့လ ကုန်ရင် သူ့ယောက်ျားက ကလေးတွေကို ဆေးရုံခေါ်လာပြီး ပြမယ်တဲ့"
ကျွန်မရင်ထဲမှာလည်း ဝမ်းသာသွားပါသည်။ သူတို့မိသားစု ပြန်လည်တွေ့ဆုံကြတော့မည်။ တီဘီသွေးစုတ်ဘီလူး၏ အရိပ်အောက် တွင် ဖရိုဖရဲဖြစ်ရသော မိသားစုံဒုက္ခကို ကိုယ်တိုင်ခံစားရဖူး၍ ဘယ် အခါမဆို ကိုယ်ချင်းစာမိပါသည်။
သို့သော် စာရေးလေးက ဒီတွင်မရပ်။
“အဲဒီ လူနာမိန်းမက သူ့ယောက်ျားဆီ စာရေးလိုက်တယ်လေ။ သူဒီဆေးရုံရောက်နေတာ သုံးနှစ်ရှိပါပြီ။ သူ့ရောဂါကလည်း ကုမရတော့ဘူးဆိုတာ သူသိဘယ်။ ကုတဲ့အချိန်ကလည်း သိပ်ကြာမှာမို့ သူ့ယောက်ျားကို နောက်မိန်းမယူတော့လို့ စာရေးလိုက်တယ်။ ဒါကြောင့် သူ့ယောက်ျားက ရှေ့အပတ်မှာ မိန်းမယူတော့မယ့်အကြောင်း စာရေး လိုက်လို့ အဖေကြီးက ဖတ်ပြနေတာ”
ဘုရား... ဘုရား ကျွန်မသည် စာရေးလေး ထွက်သွားသည် အထိ စကားမပြောနိုင်း၊ လူနာမိန်းမကိုလည်း ချီးကျူးမိ၏။ လင်သား အပေါ် စိတ်လျှော့ခွင့်လွှတ်နိုင်၍ပဲလား၊ သားသမီးတို့ကို တွေ့ရတော့ မည်ဖြစ်၍လားမသိ။ ရွှင်လန်းတက်ကြွနေပါသည်။
ထိုညကတည်းက စိတ်ထဲမှာ အိမ်ကိုအထူးသတိရသည်။ အထူးသဖြင့် ကျွန်မတို့ အိမ်ထောင်ရေးဖြစ်ပါသည်။ တကယ်တော့ . ကျွန်မသည် သမီးကောင်းတစ်ယောက်ဖြစ်ခဲ့ပါသော်လည်း ဇနီးကောင်း တယောက်မဖြစ်ခဲ့ပါ။
ရေးလက်စစာမူ
လက်ထပ်ပြီးစကတည်းက အမေငဲ့ရ အစ်မငဲ့ရ အဖေငဲ့ရ နှင့် သူ့နောက်သို့ မလိုက်ပါနိုင်ခဲ့။ တစ်ခါတစ်ရံသာ သွားရောက်လည်ပတ်နိင်ခဲ့သည်။ ယခုလည်း ကျွန်မရောဂါကြောင့် သူနှင့်ခွဲခွာလာခဲ့ရ ပြန်သည်။ သူသာ သဘောထားမကြီးခဲ့ပါလျှင် သို့မဟုတ် သစ္စာမရှိခဲ့ ပါလျှင် နောက်မိန်းမယူလျှင် ကျွန်မ ဘာများတတ်နိုင်မည်နည်း၊ အိန္ဒိယတိုင်းသူ လူနာလို လင်သားအပေါ် ခွင့်လွှတ်နိုင်မည်လား၊ ထို အတွေးကို မူတည်၍ “မွှေး”တ္ထုသည် ကျွန်မနှလုံးသားတွင် သန္ဓေ တည်သည်ဟု ဆိုလိုပါသည်။ တစ်ခုကလည်း အာရောဂျံတွင် မြန်မာလူနာများ စုဝေးစကားပြောရင်း အာရောဂျံတွင် လာရောက်ကုသရသော ဒုက္ခကြောင့် သူတို့ကုထုံးအတိုင်း ကုနိုင်လျှင် မြန်မာပြည်မှာရော သီးသန့် တီဘီဆေးရုံတစ်ခုဆောင်ရန် မဖြစ်နိုင်ဘူးလားဟု ' အကြံဖြစ်ကြသည်။ ကျွန်မရင်ထဲမှာလည်း ထိုစိတ်ကူးပေါ်ခဲ့ပါသည်။
အိန္ဒိယမှ ပြန်ရောက်ရောက်ချင်း ကျွန်မ သူ့နောက်ကို လိုက် " ပါသွားခဲ့ပါသည်။ သူသည် ကလောမှာ ဦးစီးတက္ကသိုလ်တက်ရမည်ဖြစ် ၍ အနားလည်းယုရင်းဖြစ်ပါသည်။ ယခင်က စစ်ဉီးစီးတက္ကသိုလ်ဝင်တန်း (၂)လတက်ပြီး၊ ယခုစစ်ဦးစီးတက္ကသိုလ် (၉)လသင်တန်းကို တက်ရမည်ဖြစ်ပါသည်။ ဒီတုန်းကလည်း မွှေးကို မရေးဖြစ်ပါ၊ ၁၉၅၉-ခုနှစ်လောက်မှရေးဖြစ်ပါသည်။ ရေးတော့လည်း ကျွန်မက ရေးရင်းရေးရင်း စာမျက်နှာ(၂၀)လောက်အရတွင် ရပ်ထားပါသည်။ ကျွန်တော် ရေးလက်စ” စာမူကို သူတွေ့သွားပြီး ဖတ်ပါသည်။
ခင်ခင်လေးနှင့်မမလေး
“အချို ဒီဝတ္ထုကို ဘာလို့ဆက်မရေးတာလဲ" သူက ပေးပါသည်။
“တီဘီအကြောင်းကို အခြေခံထားပြီး ရေးတာပဲ။ နိုင်ငံခြား မှာ ဆေးသွားကုရတာ ဒုက္ခရောက်လို့ သီးသန့်တီဘီဆေးရုံတခု မြန်မာ ပြည်မှာဆောက်စေချင်တယ်။ တီဘီကို စိတ်နာလို့ တီဘီရောဂါတိုက် ဖျက်ရေး ရည်ရွယ်ချက်နဲ့ ရေးမလို့ဘဲ။ ဒါပေမယ့် တချို့အကြောင်းက အချိုရဲ့ ကိုယ်ရေးကိုယ်တွေဆိုတော့ ပရိသတ်က လက်ခံပါ့မလားလို့”
ကျွန်က သံသယနှင့် ဖြေလိုက်၏။
“ဟာ...အချိုကလဲ စာဖတ်ပရိသတ်အနေနဲ့ ကိုကြီးက ဖတ်ကြည့်ပြီးပြီး စိတ်ဝင်စားစရာ ကောင်းတယ် ဆက်ရေး”
သူ့တိုက်တွန်းချက်ဖြင့် ကျွန်မ “မွှေး"တ္ထုကို ရေးဖြစ်ပါသည် ကျွန်မသည် ဝတ္ထုကိုရှည်ရှည် မရေးတတ်။ မဂ္ဂဇင်းဝတ္ထုရှည်များကို လျှောက်လွှာစာရွက်နှင့် အလွန်ဆုံး စာမျက်နှာ(၉၀)လောက်ရေးလျှင် ဝတ္ထုပြီးသွားပါသည်။ ဝတ္ထုရှည်ကြီးများကို အထူကြီးရေးနိုင်သော ဒဂုန် ခင်ခင်လေးနှင့် ဂျာနယ်ကျော်မမလေးတို့ကို ကျွန်မ အစဉ်ပဲချီးကျူး မိပါသည်။
မွှေးကိုတော့ မြတီမဂ္ဂဇင်းတွင် အခန်းဆက်ဝတ္ထုရှည်အဖြစ် လေးလဆက်၍ ရေးခဲ့ပါသည်။ မဂ္ဂဇင်းတွင် မွှေးဝတ္ထုရေးပြီးသောအခါစာဖတ်ပရိသတ်များထံမှ လုံးချင်းထုတ်ရန် တိုက်တွန်းစာများ လာပါ သည်။ ထိုစဉ်က မြတီမဂ္ဂဇင်းတွင် တက္ကသိုလ်ဘုန်းနိုင် ကိုကိုမောင်တို့ ၏ အခန်းဆက်ဝတ္ထုရှည်များကို လုံးချင်းအဖြစ် မြဝတီမဂ္ဂဇင်းက ထုတ် ဝေပေးခဲ့ပါသည်။
ရှုမ၀ဦးကျော်ကလည်း မွှေးကိုလုံးချင်းထုတ်ရန် ကမ်းလှမ်းခဲ့ ပါသည်။ သို့သော် ကျွန်မက မြဝတီမဂ္ဂဇင်းကို ဦးစားပေးရမည်ဖြစ်၍ ထုတ်ဝေမည်လားဟု မြဝတီမဂ္ဂဇင်းကို မေးသောအခါ သူတို့က မထုတ်ပါ ဟု ဖြေပါသည်။
အတိုင်ပင်ခံ ရှုမ၀ဦးကျော်
ဒါကြောင့် ဦးကျော်နှင့် လုံးချင်းကိုထုတ်ဝေခဲ့ပါသည်။ ထုတ် ထုတ်ချင်းကုန်သွား၍ ဒုတိယအကြိမ် ဦးကျော်က ဆက်လက်ထုတ်ဝေ ပါသည်။ ဒုတိယအကြိမ်မှာ ဦးကျော်က ကျွန်မကို ရာခိုင်နှုန်းနှင့် ပေးရုံ သာမဟုတ် ငွေရင်းထည့်စေပါသည်။ ငွေရောင်းပေါ်မှ အမြတ်ကိုလည်း ကျွန်မကို ပေးခဲ့သောကြောင့် ကျွန်မငွေပိုမိုရရှိပါသည်။ နောက်ထပ်လည်း တခြားစာအုပ်တိုက်တို့တွင် (၉)ကြိမ်တိုင် ပြန်လည်ရိုက်နှိပ်ရပါသောကြောင့် မွှေးဝတ္ထုမှာ ကျွန်မအတွက် စာအုပ်အဖြစ်နှင့် ငွေအများဆုံး ရသောဝတ္ထုဟု ဆိုရပါမည်။
စာဖတ်ပရိသတ်အနေနှင့် မွှေးဝတ္ထုမှာ ကျွန်မ၏ Master piece ဟု ဆိုကြပါသည်။
ဝတ္ထုထွက်ပြီးတော့ ပြည်တော်အေးရုပ်ရှင်ကုမ္ပဏီက ရုပ်ရှင် ရိုက်ရန်လာ၍ဝယ်ပါသည်။ ကျွန်မမှာတော့ အတိုင်ပင်ခံ ရှုမဝဉီးကျော် တစ်ယောက်ပဲရှိပါသည်။ ဦးကျော်ကို တိုင်ပင်ကြည့်တော့ ...
"ဒါလောက် ဇာတ်အိမ်ကြီးတဲ့ ဝတ္ထုကို ရိုက်ရဲတဲ့သတ္တိရှိတာ ဒေါ်အေးအေးညွန့်ကို ချီးကျူးစရာပဲ။ မစုရောင်းလိုက်ပါ" ဆိုသောကြောင့် ကျွန်မရောင်းလိုက်ပါသည်။ သို့သော်.ဝတ္ထုမှာ နာမည်အကြီး ဆုံးဖြစ်သော်လည်း မမညွန့်က ကျွန်မကို ငွေ(၄၀၀၀)ကျပ်သာပေးပါ သည်။ အိန္ဒိယသို့ရောက်အောင် သွားရောက်ရိုက်ရ၍ ငွေကုန်များသောကြောင့်ဟု ဆိုပါသည်။ တခြားဝတ္ထုများရောင်းလျှင် ကျွန်မ(၅၀၀၀) ကျပ်ရပါသည်။
ဆရာသန်းဆွေ၏ မှတ်ချက်
ဘယ်လိုပင်ဖြစ်ဖြစ် မွှေးရုံတင်သောအခါ ရုံလေးရုံ ပထမ ပတ်အပြည့်ဖြစ်၍ ကျွန်မ ဝမ်းသာသွားပါသည်။ Pre-booking မှာ နှစ်သောင်းကျော်ရပါသည်။ ပထမဆုံး ရုံတင်သောနေ့က ကျွန်မထံ သူငယ်ချင်းတွေ တယ်လီဖုန်းဆက်ပါသည်။ “မိစု စပါးစေ့လေးတွေ အိပ်ပျော်ရာကနိုးတာ ရုပ်ရှင်ထဲမှာလဲ မပါဘူး” ဟု ဆိုပါသည်။ ပြီးတော့ မွှေးက ရှည်လွန်း၍နောက်ဆုံးပွဲမှာ ညဉ်(၂)ချက်တီးမှ အိမ်ပြန်ကြရ သည်ဟု ဆိုပါသည်။ ထိုအကြောင်းကို ဦးချစ်ခင်အားပြောပြတော့နောက်နေ့တွင် ဖြတ်သင့်သည်များကို ဖြတ်တောက်ပစ်ရပါသည်။
"ကျွန်တော် မဖြတ်ချင်ဘူး အသေးစိတ်တွေ ကျွန်တော်ရိုက် ထားသမျှ မစုကို ပြချင်တယ်" ဟု ဦးချစ်ခင်က ပြောသောကြောင့်ကျွန်မတို့ သားအမိ သားအဖတွေ မြို့မရုပ်ရှင်ရိုက်သောခြံမှာ သွား' . ကြည့်ပါသည်။ တကယ်ပင် ညဉ့်နှစ်ချက်တီးမှပြီး၍ သမီးမိ အိပ်ပျော် နေသည်ကို ပွေ့ချီ၍ ပြန်လာကြရသည်။ ထိုအထဲမှာတော့ အတွတ် အင်္ဂလန်သို့ မထွက်ခင် ဝါးခယ်မကို တစ်ခေါက်ပြန်သည့် အခန်းများ ကိုပါ အသေးစိတ်ရိုက်ထား၍ လွမ်းမောဖွယ်ကောင်းပါသည်။ ပထမနေ့ သမ္မတရုံမှာပြသော မွှေးကို ကျွန်မ၏ကျေးဇူးရှင် စာရေးဆရာကိုသန်း ဆွေကို ဖိတ်ခေါ်၍ပြပါသည်။ သူက ...
“ကျော်ဆွေ အကောင်းဆုံးသရုပ်ဆောင်သွားတာပဲဗျာ" ဟု မှတ်ချက်ချပါသည်။ အမှန်တော့ ဦးထွန်းဝေက ကိုကိုနိုင်အဖြစ် မြင့်မြင့် ခင်က မွှေးအဖြစ် သရုပ်ဆောင်ခဲ့ပါသည်။ သူတို့နှစ်ဦးလုံးလည်း ကိုယ့် အခန်းကို ပိုင်နိုင်ကြပါသည်။
ပန်းကြွေသောလမ်း
ကျွန်မအတွက်တော့ ထုံးစံအတိုင်း ဇာတ်သိမ်းတွင် ပေါင်းရေး မပေါင်းရေးပင်ဖြစ်သည်။ ဝတ္ထုထဲက ဇာတ်သိမ်းမှာ မွှေးသည် ကိုကို နိုင်လည်း ပြန်မပေါင်း အတွက်ကိုလည်း မယူဘဲ အဆုတ်နာဆေးရုံ တည်ထောင်ဖို့ လုပ်ငန်းများကို ဇောက်ချလုပ်ရန် မိတ္ထီလာသို့ အတွတ် နှင့်အတူ ထွက်ခွာသွားခြင်းဖြင့် အဆုံးသတ်လိုက်ပါသည်။
ရုပ်ရှင်မှာတော့ မွှေးကကိုကိုနိုင်ကို ပြန်လည်လက်ခံလိုက်၍ အတွတ်နောက်ဆုတ်သွားခြင်းနှင့် အဆုံးသတ်လိုက်ပါသည်။
ကျောချင်းကပ်၍ တရွေ့ရွေ့ခွာ၊ တစ်ကမ္ဘာစီ ဝေးပြီမွှေးရယ်။ -ဆိုသော သီချင်းနှင့်အတူ အတွတ်တစ်ယောက် ထင်းရှူးပင်များကြားတွင် တရွေ့ရွေ့လျှောက်သွားရင်း ဇာတ်သိမ်းလိုက်ပုံမှာ မချိစရာ ကောင်းပါသည်။ လေညင်းများတိုက်ခတ်၍ ပန်းပွင့်ဖတ်တွေ ကြွေသောလမ်း ရွက်ကြွေများလျှောကျလာသောလမ်းတွင် အတွတ်လျှောက်သွားပုံရော မျက်နှာထားရော၊ ဆွေးမြေ့ကြေကွဲဖွယ်ကောင်းပါသည်။
“ပန်းကြွေသောလမ်းဖြတ်သန်းလျှောက်သောအခါ ကိုယ့်ရင်ထဲ ဘယ်နှယ့်ရှိမယ် မွှေးရယ်၊ အသည်းကြွေခြင်း၊ လေလွင့်ခြင်း ၊ တွေရယ်၊ မွှေးကိုချစ်မိသော အဖြေရလဒ်တွေပါကွယ်"
ဟူသော ဇာတ်သိမ်းသီချင်းနှင့် အတွတ် (ကျော်ဆွေ)၏ အမူ အရာမှာ နောက်ခံရှုမျှော်ခင်းနှင့် လိုက်ဖက်လှသည်။
သို့သော် ကျွန်မအတွေးမှာ ကြည့်ရင်းကြည့်ရင်းနှင့် “မွှေး" ဝတ္ထုမဟုတ်တော့ဘဲ ““အတွတ်”ဝတ္ထု ဖြစ်သလိုခံစားရပါသည်။ ကျွန်မ လိုပဲ အများစု မိန်းကလေးတွေ ခံစားရဟန်တူပါသည်။ မွှေးရုပ်ရှင် ကြည့်ပြီးတော့ ́ဇာတ်လိုက်မင်းသား ကျော်ဆွေအိမ်သို့ “အတွတ်ရေ . အတွတ်ရေ” နှင့် ခဏခဏဖုန်းဆက်ကြသည်ဟု ဆိုပါသည်။
အတွတ်ကို ပြန်ပြီးလက်ထပ်ပါ
ဝတ္ထုထဲကအတိုင်းဆိုလျှင် မွှေးသည် ဇာတ်လိုက်ဖြစ်သည့် အတိုင်း အဆုံးသတ်မှာ မွှေးကအားလုံးကို စွန့်လွှတ်၍ သူ့ဘဝကို တီဘီတိုက်ဖျက်ရေးတွင် မြှုပ်နှံသွားရန် ထွက်ခွာသွားပုံကို ပြရင်းနှင့် အဆုံးသတ်ရပါမည်။ ပရိသတ်ကြိုက်မည်၊ မကြိုက်မည်တော့ မသိပါ။ အကယ်၍များ ယခုအချိန်ထပ်၍ မွှေးကိုရုပ်ရှင်ရိုက်ရဲသော ကုမ္ပဏီ များ တစ်ခုပေါ်လာလျှင် အခြေအနေအရပ်ရပ်က ပေးလာလျှင် မူရင်းဝတ္ထု