Skip to product information
1 of 2

Other Websites

ကွန်ဖူးစိုးမြင့် - လျှပ်တပျက်ကိုယ်ခံပညာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဘာသာပြန်သူ အမှာ

          ဤစာအုပ်ရေးသူ လောင်ဖူး၏ နည်းများသည် အကျဉ်းကျပ် အခက်အခဲတွင် မည်ကဲ့သို့ လွတ်အောင် ရန်းထွက်ရမည်ကို လူတိုင်းလည်း အလွယ်ဆုံး အချင်းများဖြင့် ဖော်ပြထားသည်။

သူသည် ဤအုပ်ကို ကိုယ်ခံပညာရပ်တို့၏ အောင်စည်းကမ်းဥပမာ ၁၊ အဓိကမထားဘဲ ရန်သူကို လျှပ်တစ်ပြက် အနိုင်ရလိုမှု အတူက်သာ မူတည်ရေးသားထားခြင်းဖြစ်သည်။

          ဤစာအုပ်ပါ နည်းများသည် သူ လေ့လာ ဆည်းပူးခဲ့သော အတက်ပညာ ထဲမှ လည်းကောင်း စင်မြင့်ပေါ်တွင် သူ ယှဉ်ပြိုင် ခဲ့သသော ပွဲအတွေ့အကြုံထဲမှ လည်းကောင်း  အရပ်ထဲ'ရန်ပွဲများမှ လည်းကောင်း ရရှိသော နည်းများကို သာမန့် လူပိန်းများ အလွယ် တကူ လိုက်လုပ်နိုင်အောင်ဖေါ်ြပထားပါသည်။

           မတရားမှုကို အလိုမရှိဘဲ အနိုင်အထက် အကြမ်းဖက် စီးနင်း အပြုခံရသူတို့ အတွက် တုန့်ပြန်ရာ၌ လောင်ဖူး  ၏ နည်းများသည် အကောင်းဆုံး နည်းများဖြစ်သည်။ အပြစ် ကင်းဆင်အောင် နေထိုင် ခြင်းနှင့် ဘေးဥပါဒ်အန္တရာယ် ကျရောက်ခြင်းသည် တစ်ခြားစီဖြစ် သည်။ ထို ကြောင့် လူတိုင်းကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရန် ကိုယ်ခံပညာတစ်ခု မဟုတ် တစ်ခု တတ်မြောက်ထားသင့်သည်။ ။

ဤစာအုပ်သည် ကိုယ်ခံပညာ တတ်ကျွမ်းချင်သော်လည်း ဆရာ နေရာ အချိန်အခက်အခဲ တွေ့နေရသူတို့အတွက် အားကိုးလောက်သော စာအုပ်ဖြစ်သည်။ "ဆန္ဒရှိလျှင် ဖြစ်မြဲတည်” ဟူသော စကားအရ တတ်မြောက်ချင်သောနည်းကို ပုံထဲတွင် ကြည့်၍ စိတ်ရှည်ရှည်ထားပြီး တစ်ကွက်ချင်းလေ့ကျင့်ခြင်းဖြင့် မိမိကိုယ် ကောင်းစွာ ကာကွယ် နိုင်သော အဆင့် ရောက်ရှိလာပေလိမ့်မည်။ ပိုင်ပိုင်နိုင်နိုင် တက်ရောက် ထားသော နည်းကောင်းတစ်ခု သည် ကိုယ့်ကိုယ်ကို ယုံကြည် စိတ်ချမှု အပြည့်အဝ ဖြစ်ပေါ်စေပါသည်။

 

 ကမ္ဘာတွင် ကျော်ကြားနေသေးသော အင်္ဂလိပ် လူမျိုးတို့၏ (အောက်ဆာ ) ပြင်သစ်လူမျိုးတို့၏ (ခရာတေး)၊ ဂျပန်လူမျိုး တို့၏ (ဂျုဒို) (ကရာတေး) (ကင်ပို) (အာကီပို)၊ ကိုရီးယား လူမျိုးတို့၏ (တေကွမ်ပို)၊ ဖိလစ်ပိုင် “လူမျိုးတို့၏ (အက်ကီးမား) ( မော်ဒန်အားနစ်) တရုတ်လူမျိုးတို့၏ (ကွန်ဖူး) (ဝူရှူး) (ထိုက်ချီချမ်း) ယိုဒယားလူမျိုးတို့၏ (မြွေထိုင်းခေါ်  ထိုင်လက်ဝှေ ) ၊  မြန်မာ လူမျိုးတို့၏ (သိုင်း) (ဗန်ဒို) ပညာရပ်များသည် လူမျိုးတို့၏ ဒေသ စရိုက် ဓလေ့ထုံးစံတို့နှင့်အညီ ခေတ်အဆက်ဆက် ဖန့်တည်း ထည့်သွင်းထားပြီး လက်ဆင့်ကမ်း သင်ကြား ဆင်းသက်လာ ကြသဖြင့် သူ့နည်း သူ့ ဟန်တို့ဖြင့် ကောင်းမွန်မှုရှိကြပေသည်။

သိုသော် လူတစ်ယောက် သူ့ကိုယ်သူ အရေးကြုံလျှင် သက်လုံကောင်းရန်အတွက်မူ ဓလေ့ ထုံးစံ အခြေခံတွေ မလိုပေ။ ရန်သူ၏ တိုက်ခိုက်ချက်ကို လွတ်အောင်ပြီး အမြန်ဆုံးနည်းနှင့် သူ့ကို မလှန်နိုင်အောင် တိုက်ခိုက် ပစ်ရန် ဖြစ်သည်။

လောင်ဖူး၏စာအုပ်သည် ဤအချက်ကို အပြည့်အဝ ဖြည့်ဆည်း ပေးနိုင်လိမ့်မည်ဟု ယုံကြည်သဖြင့် ဘာသာပြန် ထုတ်ဝေလိုက်ခြင်းဖြစ်ပါ သည်။

ကွန်ဖူး စိုးမြင့်

ကွန်ဖူးအထူး သင်တန်း

အမှတ် -၁၄၈ ၊ ၃၀-လမ်း၊

ရန်ကုန်မြို့။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)