ကျော်ဝင်း - အာရှစီးပွားရေးအနှစ်လေးဆယ်
၁၉၆ဝ အလွန်နှစ်များမှ စတင်ရေတွက်လျှင်၊ ခေတ်သစ် အာရှ၏ စီးပွားရေးဖြစ်ပေါ်တိုးတက်မှုမှာ ဆယ်စုလေးခုပင်ကျော်ခဲ့ပါပြီ။ ဤကာလအတွင်း “အံမခန်းဖွံ့ဖြိုးမှု' (၁၉၆၀ အလွန်မှ ၁၉၈ဝ အလွန်အထိ)ကို ပြနိုင်ခဲ့သလို၊ “စီးပွားရေး အကျပ်အတည်း' (၁၉၉၇-၉၈)ကိုလည်း ရင်ဆိုင်ခဲ့ရသည်။ ခရစ်နှစ် ၂၀၀၀ နောက်ပိုင်း အကျပ်အတည်းလွန်ကာလ ရောက်တော့လည်း၊ နာလန်ထရုံမျှမက နောက်ထပ် “အံ့မခန်း တစ်ခုသို့ ဦးတည်နေသည်ကို တွေ့ရပြန်သည်။ ပြောရလျှင် အတက်အကျ၊ အကောင်းအဆိုး၊ အတွေ့အကြုံများ၊ ပြည့်စုံ ရင့်ကျက်ခဲ့ပြီဟု ဆိုနိုင်ပါလိမ့်မည်။
ဤတွင် “အံ့မခန်း ကာလက နာမည်ကြီးခဲ့သော `အာရှ ခြင်းတောင်း လေ့လာချက်ကို ပြန်လည်ဆန်းစစ်ကြရတော့မည့် စခန်းဆင့်သို့ ရောက်လာတော့သည်။ “အာရှခြင်းတောင်း လေ့ လာချက်'ဆိုသည်တွင် အောက်ပါထူးခြားချက်တို့ ပါဝင်သည်။
(၁) အာရှကျားလေးကောင်နှင့် နောက်ပေါက်ကျားများ . ကိုသာ အဓိကဖိုးကပ်(စ်) လုပ်ခဲ့သည်။
(၂) အာရှအံ့မခန်း၏ နောက်ကွယ်မှ ဒဿနတွန်းအားမှာ အာရှ
တန်ဖိုးတွင် ရှိလိမ့်မည်ဟု သဘောယူခဲ့ကြသည်။
(၃) အာရှစီးပွားရေးမှာ အနှောက်တွင် ရေပန်းစားနေသော
“စီးပွားရေးသစ်'နှင့် မဆိုင်၊ သီးခြားလက္ခဏာရှိသည်။
(၄) အစိုးရနှင့် ပုဂ္ဂလိကတို့ နီးနီးကပ်ကပ် ချိတ်ဆက်ထားသော
အာရှကော်ပိုရိတ်ပုံသဏ္ဌာန်မှာ အရေးကြီးသည့် အခန်းတွင်ရှိသည်။
ယခုအဆိုပါ ထူးခြားချက်လေးရပ်လုံးကိုပင်၊ လက်တွေ့ဖြစ်ရပ်များနှင့် ချိန်စက်ကြည့်နေရပေပြီ။
ပထမဆုံးအချက်ကို ပြန်လည်ဆန်းစစ်ကြရာ အားကောင်းမောင်းသန်
ပေါ်ထွက်လာသော၊ တရုတ်နှင့် ပြန်လည်အားသစ်စပြုလာသော ဂျပန်
တို့ကိုပါ ဖြည့်စဉ်းစားလာရသည်။ ဒုတိယအချက်က `အာရှတန်ဖိုး”
ဆိုသည်တွင်လည်း “ကွန်ဖြူးရှပ်လော၊ ဗုဒ္ဓလော ဆိုသည့် ပုစ္ဆာသစ်နှင့်
အဖြေညှိလာကြသည်။ မည်သည့်ယဉ်ကျေးမှုအခံက ခေတ်သစ်နှင့် အံဝင်ခွင်ကျ
ဖြစ်မည်နည်း ဟု မေးခွန်းထုတ်လာသည်။ အကျပ်တည်းလွန်အာရှတွင်
သိသိသာသာ နေရာယူလာသော လူငယ် ‘အဲန်ထရာပရာနော” မျိုးဆက်သစ်များ၏
အခန်းကဏ္ဍနှင့် အလားအလာဖြင့်၊ တတိယထူးခြားချက်ကိုလည်း ဆန်တုတ်တိုက်
ကြည့်လာကြသည်။ အလားတူပင် အကျပ်အတည်းနှင့်အတူ ကျွဲကူးရေပါဖြစ်လာသော
‘တိုင်ကွန်နိဂုံး” ဇာတ်ကွက်ကလည်း၊ စတုတ္ထ ထူးခြားချက်ကို စိန်ခေါ် လာသည်။
လေ့လာမှုအသစ်မှာ မြင်ကွင်းကျယ်ကျယ်ကွင်းကျယ်ကျယ် လိုလာရာ နောက်ဆုံး ခြင်းတောင်း လို-မလို ဆိုသည်အထိပင် ခရီပေါက်လာတော့သည်။ အာရှကို'ခြင်းတောင်းထဲမှထုတ်ကြဖို့ ဆော်သြသူများရှိလာသလို “ကမ္ဘာကြီး သည်ပင်၊ ခြင်းတောင်းကြီးတစ်လုံး မဟုတ်သလောဟု မေးခွန်းထုတ်ကြ သည်များလည်း ရှိနေသည်။
Four Decades of Asia Economy
အာရှစီးပွားရေး အနှစ်လေးဆယ်
၁၉၆၁ အလွန်နှစ်များမှ ၂၀၀၀ အလွန်နှစ်များသို့
“ပြည်ဖုံးကားကြီး ကျလာသည်နှင့် ဒရမ်မာသစ်
တစ်ခု စတင်လာတော့သည်။ သမိုင်းမှာ နိဂုံးချုပ်
သွားသည် မဟုတ်လေဘဲ၊ နောက်ထပ် သမိုင်း
ဇာတ်ကွက်အသစ်သို့ ရောက်သွားခြင်းသာဖြစ်ပါ၏”
ကီရှိုးမာဘူဘာနီ
(စင်္ကာပူနိုင်ငံသား၊ နိုင်ငံရေးရာခွဲခြမ်းစိတ်ဖြာသူ)
အာရှမှာ ကျယ်ပြောသော ပထဝီဒေသကြီးဖြစ်သလို ထွေပြားသော လူမှုစီးပွားရေးနယ်ပယ်ကြီး တစ်ခုလည်း ဖြစ်ပါ သည်။ အာရှနိုင်ငံအချင်းချင်း ဖြစ်သည့်တိုင် လူမျိုးရေး၊ ဘာသာ ရေး၊ ယဉ်ကျေးမှုအရ ပဒေသာစုံဖြစ်နေရာ “အရှေ့ဘော်လကန်' ဟု တင်စားခေါ်ကြသည်များပင် ရှိသည်။ ထို့ထက် ဖွံ့ဖြိုးရေး လှေကားထစ်များကို တက်ကြရာတွင်လည်း၊ တစ်ချိန်တည်း တစ်ပြိုင်တည်း မဟုတ်သလို၊ တစ်ပုံစံတည်းလည်း မဟုတ်ပြန် "ချေ။ သို့အတွက် အာရှအကြောင်း ပြောတော့မည်ဆိုလျှင် ခြင်းတောင်းများဖွဲ့၍ လေ့လာကြရသည်။ ဤနေရာတွင်လည်းခြင်းတောင်းဖွဲ့ကြပုံချင်း မတူ။ တစ်ကျောင်း တစ်ဂါထာ ဆိုသလိုဖြစ်နေရာ ခြင်းတောင်းတွေများမှများဟု ဆိုရမလို ရှိတော့သည်။
ယခုစာတမ်းငယ်တွင်မူ ဖွံ့ဖြိုးမှုအဆင့်များနှင့် လူမှုစီးပွားရေး အနေ အထားများအရ ခြင်းတောင်းသုံးခု ခွဲကြည့်ပါမည်။
(၁) ပထမခြင်းတောင်း
ဂျပန် တစ်နိုင်ငံတည်းကို သီးခြားလေ့လာခြင်း ဖြစ်ပါသည်။ စစ်ပြီးခေတ်
ပထမဆုံးဖွံ့ဖြိုးလာသော အာရှနိုင်ငံဖြစ်သည်။ (ယခု စာတမ်းတွင် ဂျပန်အကြောင်း
မပြောတော့ပါ။ ကျန်ခြင်းတောင်း နှစ်ခု ကိုသာ အဓိကထားပြောပါမည်။) .
(၂) ဒုတိယခြင်းတောင်း .
တောင်ကိုရီးယား၊ စင်္ကာပူ၊ ဟောင်ကောင်(တရုတ်)၊ (တရုတ်) ထိုင်ဝမ်တို့
ပါဝင်သော ပထမကျားလေးကောင်နှင့် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်
တို့ပါသော နောက်ထပ် ကျားပေါက်များ ဖြစ်သည်။ ဒုတိယအဆင့် ဖွံ့ဖြိုးလာသောနိုင်ငံများ ဖြစ်ပါသည်။ )
(၃) တတိယခြင်းတောင်း .
တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ တို့ပါဝင်သည်။
တတိယအဆင့် ဖွံ့ဖြိုးလာသောနိုင်ငံများနှင့် ဆက်လက် ဖွံ့ဖြိုးမည့်နိုင်ငံများ ဖြစ်သည်။
စင်စစ် `အာရှစီးပွားရေးအနှစ်လေးဆယ်မှာ ဒုတိယနှင့် တတိယခြင်း တောင်းရှိ နိုင်ငံများ
၏ ဖွံ့ဖြိုးရေးခရီးရှည် ချီတက်ပွဲအကြောင်း ဖြစ်ပါသည်။
ပုံစံငယ်ဆယ်နှစ်
အာရှကျားများ စတင်သန္ဓေတည်ခဲ့သော ၁၉၆၀ အလွန်နှစ်များ လောက်က စတင်ရေတွက်လျှင် ခေတ်သစ်အာရှ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုခရီးမှာ နှစ်ပေါင်းလေးဆယ်မျှ ကြာခဲ့ပါပြီ။ ဤကာလရှည်ကြီးအတွင်း၊ အာရှမှာ အကောင်းရောအဆိုးပါ အတွေ့အကြုံတွေ စုံခဲ့လှပြီး၊ အနေအထား နှင့် သဘောသဘာဝချင်း ဘယ်လိုမှမတူသော ကာလသုံးခု (တစ်နည်းပြော ရလျှင်) အလှည့်အပြောင်းကြီး သုံးရပ်ကိုလည်း ကြုံခဲ့ဆုံခဲ့ဖူးပြီး ဖြစ်ပါသည်။ “အံ့ဘနန်းကာလ (miracle period) (၁၉၆၀-၁၉၉၆)၊ 'အကျပ်အတည်းကာလ(crisis period) (၁၉၉၇-၉၈)နှင့် `အကျပ်အတည်းလွန်ကာလ(post crisis period) (သို့မဟုတ်) “ဒုတိယအံ့ဘနန်း ကာလ” (second miracle period) (၁၉၉၈-၂၀၀၄)တို့ ဖြစ်သည်။
ဤမျှရှည်လျားသော ကာလအတွင်း၊ ဤအပြောကျယ်လှသော အတွေ့အကြုံအရပ်ရပ်ကို ယခုစာတမ်းငယ်တွင် ပြည့်ပြည့်စုံစုံ ဖော်ပြနိုင် မည်တော့ မဟုတ်ပါ။ သို့အတွက် ဆိုခဲ့ပါကာလ သုံးရပ်လုံးကို တစ်စုံတစ်ရာ ထင်ဟပ်ဖော်ပြနိုင်သော ၁၉၉ဝ အလွန်နှစ်များကိုသာ ပုံစံငယ်ဆယ်နှစ်အဖြစ် ‘လေ့လာရေးခွင် သတ်မှတ်ထားပါသည်။ ဤကာလ၏ပထမပိုင်း(၁၉၉၁) ၁၉၉၆ ထိ)မှာ အံ့မခန်းကာလတွင် အကျုံးဝင်သည်။ ဒေသတွင်းနိုင်ငံ အများစု၏ မြင့်မားသော “စီးပွားရေး တိုးတက်မှုနှုန်း” (percentage change in G.D.P)မှာ ထင်ရှားသောလက္ခဏာဖြစ်သည်။ သို့နှင့်တိုင် ၁၉၉၆ နောက်ပိုင်း မှစတင်၍ အကျဘက်သို့ပြလာရာ ၁၉၉၇/၉၈ အာရှစီးပွားရေး အကျပ် အတည်းသို့ ရောက်လာခဲ့သည်။ ဘဏ္ဍာရေးဈေးကွက်နှင့် အိမ်ခြံမြေလုပ်ငန်း များ ပြိုကျသွားခြင်း၊ အာရှပုံစံ ကော်ပိုရိတ်စနစ် အလုပ်မဖြစ်တော့ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ပြေးကုန်ခြင်း စသည်တို့မှာ ထင်ရှားသော လက္ခဏာများ ဖြစ်ပါသည်။ ၁၉၉၉ ခုနှစ် အရောက်တွင်မူ၊ နိုင်ငံအများစု ပြန်လည်နာလန်ထနိုင်ခဲ့ပြီး အကျပ်အတည်းလွန်ကာလသို့ ရောက်လာ ခဲ့သည်။ အင်တာနက်စန်းပွင့်လာခြင်း၊ စတော့ဈေးကွက် ပြန်လည်လန်းဆန်း လာခြင်းနှင့် စီးပွားရေးဖွဲ့စည်းပုံ အပြောင်းအလဲများမှာ ထင်ရှားသောလက္ခဏာ များ ဖြစ်ပါသည်။ ဤတတိယကာလ အတွင်းမှာပင် တရုတ်နှင့်အိန္ဒိယ စီးပွားရေးတို့ ရှေ့ရောက်လာရာ၊ ဒုတိယအံ့ဘနန်းကာလဟု သတ်မှတ်ကြ သည်များလည်း ရှိသည်။
ဤသည်ပင် အာရှစီးပွားရေး နှစ်ပေါင်းလေးဆယ်၏ အတက်အကျ