Skip to product information
1 of 2

Other Websites

ကျော်ဝင်း - နှစ်ဆယ့်တစ်ရာစု သားရွှေဥ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
                              အခန်း (၁)
                     အကျင့်ထဲသို့ ဝင်ရောက်ခြင်း
                               နိဒါန်း

          အရှေ့ရော၊ အနောက်ပါ တစ်ကမ္ဘာလုံးက ဆယ်ကျော်သက်ကလေးတွေ တစ်ခုတ်တစ်ရ ရှာဖတ်နေကြတဲ့ စာအုပ်တစ်အုပ် ရှိပါတယ်။“ထိရောက် စွမ်းဆောင်ရည်မြင့် ဆယ်ကျော်သက်တို့ရဲ့ အမူအကျင့် ခုနစ်မျိုး" (The 7 Habits of Highly Effective Teens) spotစာအုပ်ပါ။ ဒီစာအုပ်ကို ရေးတဲ့သူကတော့ SEASOEY နာမည်ကျော် စီမံခန့်ခွဲမှုပညာရှင် 'စတီဗင်ကိုဗေး”ရဲ့သား။ “ရှောင်ကိုဗေး' ဖြစ်ပါတယ်။

          'စတီ ဗင်'ရဲ့ ‘စွမ်းဆောင်ရည်မြင့် ပုဂ္ဂိုလ်များရဲ့ saysome quel (The 7 Habits of Highly Effective People) လည်း အရောင်းသွက် စာအုပ်တစ်အုပ်ပါ။ဒါပေမဲ့ အဲဒီစာအုပ်က အရွယ်ရောက်ပြီးသူတွေအတွက် ရည်ရွယ်ရေးတာ ဖြစ်ပါတယ်။ “ရှောင်”ရဲ့ စာအုပ် ကတော့ ဆယ်ကျော်သက်တွေအတွက် ဖြစ်တာမို့ ခပ်သွက်သွက်နဲ့ ဖတ်ရတာ ပိုရွှင်တယ်။ ကျွန်တော်တို့ဆီက ဆယ်ကျော်သက် ပရိသတ်အတွက် ဒီစာအုပ်ကို မိတ်ဆက်ဖော်ပြလိုက်ပါတယ်။

                     သစ်ရွက်လှုပ်ရင် ရယ်ချင်ချင်

          ရှက်ရှက်နဲ့ပဲ ဝန်ခံပါရစေ။ မှတ်မှတ်ရရ ခုနစ်တန်းနှစ်ကပေါ့။ အတန်းဖော် သူငယ်ချင်းမိနစ်ကိုး(လ)” အပေါ် ကျွန်တော် မရိုးမသားစိတ်တွေ ဖြစ်နေမိတယ်။ (ကျွန်တော့်အထင်) နစ်ကိုး(လ)က တကယ်လှတယ်။ ခက်တာက လှသလောက်လောင်တတ်တာ။ ဒီတော့ ကျွန်တော်လန့်တာပေါ့။ ကိုယ်တိုင် 'မပွား'ရဲဘူးလေ။ ထုံးစံအတိုင်း အောင်သွယ် အားကိုးရတာပေါ့။ သိပ်မရှာရပါဘူး။ ကျွန်တော် သူငယ်ချင်းမ “ကလယ်ရာ”က ဒါမျိုး ဝါသနာပါတယ်။ ကျွမ်းလည်း ကျွမ်းတယ်။ ကျွန်တော့်ကိုလည်း စိတ်ပါလက်ပါ ကူညီပါတယ်။ “စိတ်ချ ငါ့တာဝန်ထား" တဲ့။ တော်လိုက်တာ။

နောက်တစ်နေ့ 'ကလယ်ရာ'နဲ့တွေ့တော့ ကျွန်တော့်မှာ အသံတွေတောင် တုန်လို့။

          “ဘယ်လိုလဲဟ နင် ပြောပြီးပြီလား” “အေး" “နင် ဘယ်လို ပြောလိုက်လဲ"

          “ဘယ်လို ပြောရမလဲဟ၊ ပေါ်တင်ပေါ့။ ဟု နစ်ကိုး(လ)၊ သူ့ကို ဟိုကောင် ရှောင်က ခိုက်နေတယ်လို့...”

          “ဟာ” ကျွန်တော် ဖျားသွားတယ်။ ဒါပေမဲ့ အဖြေကိုလည်း ဆက်ပြီး ကြားချင်နေတယ်။

          “အဲတော့... သူက ဘာပြန်ပြောလဲ” “ရယ်တာပေါ့...၊ ဒီဖက်တီးတော့ စာမလိတ်တဲ့"

          “ကလယ်ရာ'က ရယ်ရယ်မောမော ထွက်သွားပေမယ့် ကျွန်တော့်မှာ ငိုချင်လှပြီ။ ကြွေပြီပေါ့ဗျာ။ အဆုံးအစမရှိတဲ့ တွင်းနက်ကြီးထဲကို ဇောက်ထိုး ကျသွားသလိုပါပဲ။ ဒီတစ်သက် ဘယ်မိန်းမကိုမှ ချစ်မိမှာ မဟုတ်တော့ဘူးလို့ တောင် တွေးလိုက်မိသေးရဲ့။

          ဒီအဖြစ်လေးဟာ ဒီစာအုပ်ရဲ့ မူရင်းစာရေးသူ “ရှောင်ကိုဗေး'ရဲ့ ဖြစ်ရပ် မှန် ဇာတ်လမ်းပါး မရယ်ပါနဲ့၊ ခင်ဗျားတို့လည်း ဒါမျိုး ကြုံဖူးမှာပါ။ “အသည်းစား ဘုရင်မကြီးရဲ့ လှည့်ဖျားမေတ္တာ.. ဘာ ညာ' တောင် အော်ချင်

အော်ခဲ့ဦးမှာ။ ပြောချင်တာက 'ဆယ်ကျော်သက် အရွယ်ဆိုတာ အသေးအဖွဲ့ လေးကအစ ခံစားလွယ်၊ ထိခိုက်လွယ်တယ်ဆိုတဲ့ အချက်ပါ။

          “စိတ်ညစ်လိုက်တာ၊ အိမ်စာတွေလည်း မပြီးသေးဘူး။ ဟင် နက်ဖြန်ဆို လပတ်ပါလား။ ဘာစာမှလည်း မရသေးဘူး။ ဒုက္ခပါပဲ။ ဟောတော်၊ ကိုးနာရီ တောင်ထိုးပြီ။ အမေရေ ထမင်းစားမယ်”။

          “ဟွန်း ဒီကောင့်အိမ်က ဗီစီဒီ ဝယ်ပြီးပြီတဲ့။ ဘိုးတော်ကလည်း ဝယ်ပေးမယ်ဆို ခုထိ ဝယ်မပေးသေးဘူး။ ဟောဗျာ ကျောင်းချိန်က နီးလှပြီ။ ပျင်းလိုက်တာ။ ကျောင်းရောက်ရင် ဟိုကောင် ကြားရဲ့ ကြွားလုံးတွေ ကြားရ ဦးတော့မှာ။ ခုနေ ကမ္ဘာပျက်သွားရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ဟိုဥက္ကာ ပျံကြီးကလည်း ဘာကြောင့် ဝင်မတိုက်တာတုန်း”

          “သူတို့ ဝိုင်းက ဆရာတွေက အပျံစားတဲ့။ တို့ဆရာတွေကတော့ တယ် မနိပ်လှပါဘူး။ မနိပ်ဆို အမေတို့က ဈေးချိုတဲ့ဝိုင်းမှာ ထားတာကိုး။ ငါကိုက ကံဆိုးပါတယ်လေ။ ဟို မိန်းမဆိုရင် ရယ်ဒီမိတ် ခါးကမချဘူး။ ငါ့ဖြင့် တစ်ခါ လာလည်း ပုံပုံစတိုးက တီရှပ်...။ အင်း ... ဘုရားရှိခိုးဦးမှ နောက်ဘဝကျရင် သူဌေးသမီး ဖြစ်ပါရစေအရှင်ဘုရား...”။

          “မင်း သိပ်ရက်စက်တယ်ကွာ၊ အေးလေ... ငါ့မှာမှ စီးတော်ယာဉ်မှ မရှိတာ။ ဘတ်(စ်)ကား တိုးဝှေ့စီးရတဲ့ကောင်ကို အက်စ်အီးပေါ်က ဘယ်ကြည် မလို၊ ပြီးတော့ ဟို မောင်က “အမ်စီ'၊ ငါက ဆယ်တန်းနှစ်ခါကျ။ ပညာနဲ့ ငွေ ရောနိုင်ရင် ချစ်ပြီ ချစ်ပြီ၊ မရောနိုင်ရင် မချစ်ပြီ၊ မချစ်ပြီ ထီ ထီ... အချစ်စစ်မမည်"

          ဒီလို “ဆူးတောင်တွေ ပေါက်နေတဲ့ ကလေးတွေဟာ ဘယ်လိုပုံစံနဲ့ လူကြီးဘဝကို တက်လှမ်းကြမှာတဲ့လဲ။ သူတို့စိတ်ထဲမှာ ဘာတွေဖြစ်နေမယ်၊ သူတို့အကျင့်တွေမှာ ဘာတွေ ဖော်ပြနေမလဲ။

အရှုံးဘွတ်ကင် ဟောဒီမှာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အတွေ့ရများတဲ့ ဆယ်ကျော် သက်တွေရဲ့ အကျင့်တွေကို စဉ်းစားရသမျှ ဖော်ပြလိုက်ပါတယ်။ သူငယ်ချင်းမှာ ဒီလို အကျင့်တွေထဲက ဘယ်နှစ်ခုလောက်များ ရှိနေပြီလဲ။ အကုန်လုံးပဲလား

(၁) တရားခံရှာ (React)

          စစ်အေးခေတ်က ရေပန်းစားဖူးတဲ့ အပေါစားပြက်လုံးတစ်ခုရှိတယ်။ လူငယ်တစ်ယောက်ဟာ လမ်းလျှောက်သွားရင်း မတော်တဆ ခလုတ်တိုက်မိ တယ်တဲ့။ ချက်ချင်းပဲ အခုလို တုံ့ပြန်လိုက်တယ်။ “ဒါ နယ်ချဲ့စနစ်ကြောင့်ပဲ”။ အလိုမကျစရာတစ်ခုခု၊ အခက်အခဲ တစ်ခု ခု၊ ပြဿနာတစ်ခုခု ဖြစ်ပြီဆိုတာနဲ့ ဘာမှ စဉ်းစားမနေတော့ဘဲ တရားခံတစ်ယောက်ယောက်ကို ဆိုင်ဆိုင်-မဆိုင် ဆိုင် အမြန်ဆုံးရှာလိုက်တဲ့ အကျင့်ပါ။

(၂) ခြေဦးတည့်ရာ (Begin with No End in Mind)

          ကိုယ် ဘာဝါသနာပါလဲ၊ ကိုယ် ဘာဖြစ်ချင်လဲ၊ ကိုယ့်ကိုယ်ကိုယ် မေး ကြည့်။ သူများပြောတာတွေ နားမယောင်နဲ့။ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ဆန်းစစ်လိုက်ရင်၊ ဘာတစ်ခုမှ ဟုတ် ဟုတ်ငြားငြား ဝါသနာမပါတာက များပါတယ်။ နက်ဖြန်ဆိုတာ မတွေးဘူး။ ဒီနေ့ဆိုတဲ့ အခိုက်အတန့်လေးမှာပဲ နေတယ်။ စားပြီး အိပ်နေ ဘိက္ခဝေ၊ သေရင် ပက်လက် နတ်ပြည်တက်...။ သိပ်နိပ်...။

(၃) ကြုံသလို ကျပန်း (Put First Thing Last)

          စာကျက်မလို့ စားပွဲထိုင်လိုက်တယ်။ တီဗီက ဇာတ်ကားကောင်းတာနဲ့ စားပွဲကထ တီဗီရှေ့ရောက်။ ဒီနေ့ အဝတ်တွေလျှော်မယ်၊ စိတ်ကူးနေတုန်း သူငယ်ချင်းက လာခေါ်၊ လက်ဖက်ရည်ဆိုင် နေကုန်ထိုင်။ ကာယလေ့ကျင့်ခန်း လုပ်လိုက်ဦးမယ်၊ အင်္ကျီလည်း ချွတ်လိုက်ရော တယ်လီဖုန်းက မြည်လာပြီ။ “ဟဲလို အမိန့်ရှိပါခင်ဗျား”၊ “အို ဆွီတီလား အိုကေ”...။ ပျော်စရာတော့

တော်တော်ကောင်းမယ်။ ဘာအရေးအကြီးဆုံးလဲ၊ ဘာကို အရင်စလုပ်မလဲ၊ မစဉ်းစားဖူးပါဘူး။ ကြုံသလို ကျပန်းပဲ လုပ်ပစ်လိုက်မယ်။

(၄) သူသေ ကိုယ်ရှင်(Think Win-Lose)

          'ငါ့ကို ဒီလိုကျောလို့ ဘယ်ရမလဲ”၊ “စဉ်းစားစမ်း ဒီကောင့်ကို ဘယ်လို ဆော်ပစ်ရမလဲ”။ “ကေသရာဇာဆိုတာ တစ်ကောင်တည်းကွ၊ ဘယ်တော့မှ နှစ်ယောက်အဖြစ်မခံဘူး'။ ကိုယ်နဲ့ စာပြိုင်ဘက်၊ ဒါမှမဟုတ် ရည်းစားလု ဘက်၊ ဒါမှမဟုတ် တစ်ခုခု အပြိုင်ဖြစ်နေတဲ့ လူတိုင်းအပေါ် ထားလေ့ရှိတဲ့ သဘောထားပါ။ နိုင်ရင်နိုင်၊ မနိုင်ရင် ခြေကန့်လန့်ထိုးလိုက်မယ်ဆိုတဲ့ အကျင့် ပါ။ “အချစ်နဲ့ စစ်မှာ မတရားဘူးဆိုတာ မရှိ'လို့ ဆိုပေမယ့် အရာရာ ဒီအတိုင်း ပဲ ကျင့်သုံးပါတယ်။

၅) မင်းမပြောနဲ့၊ ငါပြောမယ်၊ (Seek First to Talk, Then Pretend to Listen)

          လူမှာ ပါးစပ်ရော၊ နားရော ပါပေမယ့် များသောအားဖြင့် နားကို မေ့နေကြတယ်။ ပါးစပ်ကိုပဲ စိတ်စေရာ ခိုင်းတတ်ကြတယ်။ လူတစ်ယောက်နဲ့ တွေ့ပြီဆိုတာနဲ့ စကားတွေ တရစပ်ပြောတော့တယ်။ မလွှဲသာလို့ နားထောင်ရ ပြီဆိုရင်လည်း နားထောင်ချင်ယောင်ဆောင်ပြီး၊ နောက်ထပ် ကိုယ်ပြောရမယ့် စကားတွေကိုသာ တွေးနေတတ်တယ်။ သူများ အာလူးဖုတ်တာ ဘာလို့ နားထောင်မှာလဲဗျာ။ ပျင်းစရာကောင်းမှကောင်း။ ကိုယ်တိုင် မိန့်ခွန်းခြွေရတာ ကမှ အရသာ။

(၆) တစ်ကိုယ်တော်ရိန်းဂျား(Don't Cooperate)

          ဒီကောင်တွေက ဘယ်လောက်တော်လို့ ဒင်းတို့နဲ့ ပူးပေါင်းရမှာလဲ။ ငါဆီက အရည်အချင်းတွေကို အသုံးချချင်လို့ စကားလုံးလှလှလေးတွေနဲ့ လာရောနေတာ။ ဘာပူးပေါင်း ဆောင်ရွက်ရေးလဲ၊ သွားစမ်းပါ။ ကိုယ့်မြင်း ကိုယ်စိုင်း၊ စစ်ကိုင်းရောက်ရောက်။ ကိုယ့်လှေ ကိုယ်ထိုး ပဲခူးရောက်ရောက်၊

(၇) ပုရောဟိတ်စတိုင် (Wear Yourself Out)

          မပြည့်တဲ့အိုးသာ ဘောင်ဘင်ခတ်မြဲပါ။ ငါက ရေပြည့်အိုးပဲ ဘာမှ ထပ်ဖြည့်စရာ မလိုတော့ဘူး။ ငါ့မှာ အမှန်တရားရှိပြီးပြီ။ နောက်ထပ် အမှန်ရ စရာ မလိုတော့ဘူး။ အလကား အချိန်ဖြုန်းတာတွေ။ ။

ဒီအကျင့်တွေဟာ ကောင်းလား၊ မကောင်းလား၊ သူငယ်ချင်းတို့ ကိုယ် တိုင်ပဲ စဉ်းစားကြည့်ကြပါ။ “ရှောင်ကိုဗေး'ရဲ့ အလိုအရတော့ ဒါတွေဟာ ကျဆုံးခန်းအတွက် ရုံဝင်လက်မှတ်တွေ ဖြစ်ပါသတဲ့။ မင်းမှာ ဒီအကျင့်တွေ ရှိနေပြီဆိုရင်တော့ ကျဆုံးဖို့အတွက် “ဘွတ်ကင်' လုပ်ပြီးသား ဖြစ်နေပြီဆိုရ တော့မှာပေါ့။

 

                             ဘဝသစ်ပင်

          အထက်မှာ ဖော်ပြခဲ့တဲ့ “အရှုံးဘွတ်ကင်' တွေကို ပြောင်းပြန်စဉ်းစား ကြည့်ကြရအောင်။ ဟောဒီလို အကျင့်ခုနစ်မျိုး ရလာပါလိမ့်မယ်။

၁။ တာဝန်ယူစိတ် (Be Proactive)

          ပြဿနာတစ်ခုခု ရှိလာရင် “ငါ ဘာမှားနေလဲ'ဆိုတာက စ,စဉ်းစား ပါတယ်။ ပြီးမှ ကျန်တာတွေကို ဖြန့်တွေးတယ်။ “ကိုယ့်ကိုယ်ကိုတော့ လွတ်စေ၊ သူများကိုတော့ တရားခံ' ဒါမျိုး မလုပ်ဘူး။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတဲ့စိတ်။

၂။ ပစ်ကွင်းကို ချိန်ပစ် (Begin with the End in Mind)

          ငါ ဘာဖြစ်ချင်တာလဲ၊ ငါ့ရည်မှန်းချက် ဘာလဲဆိုတာကို ပထမဆုံး ပိုင်းဖြတ်တယ်။ 'မစ်ရှင်' Mission) စိတ်ဓာတ်ဖြစ်ပါတယ်။

၃။ အရေးကြီးတာ အရင်လုပ် (Put First Thing First))

          ကြုံသလို ကျပန်းမလုပ်ဘူး။ အစီအစဉ်ရှိရှိနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်တတ်တယ်။

၄။ သူ မနာ၊ ကိုယ် မနာဆက်ဆံရေး (Think Win-Win)

ကိုယ် နိုင်စေ၊ သူ ရှုံးစေ သဘောမထားပါ။ နှစ်ဦးနှစ်ဖက် အကျိုးရှိ စေမယ့် “ကြားအဖြေ'ကို နှလုံးသွင်းပါတယ်။

၅။ နားလည်မှုရှိ (Seek First to Understand, Then to be understood)

          ပထမဆုံး သူများကို နားလည်အောင် ကြိုးစားတယ်။ ကိုယ့်ကိုလည်း သူများက နားလည်အောင် တံခါးဖွင့်ထားတယ်။

၆။ လက်တွဲကြိုးပမ်း (Synergize)

          ငါတကော မလုပ်ဘူး။ အများနဲ့ လက်တွဲကြိုးပမ်းနိုင်ဖို့ အားထုတ်တယ်။

၇။ ကိုယ့်ကိုယ်ကိုယ် ပြန်သ (Sharpen the Saw)

          စိတ်တံခါးကို ပိတ်မထားဘူး။ အတွေးသစ်၊ အမြင်သစ်တွေအတွက် အမြဲ တံခါးဖွင့်ထားတယ်။ ကိုယ့်အသိ၊ ကိုယ့်အကျင့်ကို အမြဲချွန်မြနေစေဖို့ မပြတ် '' နေပါတယ်။ ။

ဒီအကျင့်တွေ မင်းမှာရှိပြီဆိုရင်၊ ဘဝတိုက်ပွဲမှာ အောင်ပွဲအလီလီရမှာ သေချာသလောက် ဖြစ်ပါပြီ။ ဒါကြောင့် ဒါတွေဟာ ဘဝအောင်ပွဲအတွက် အာမခံကတ်ပြားတွေလို့ ဆိုနိုင်လောက်ပါတယ်။

ဒီအကျင့် ခုနှစ်ချက်ကို မှတ်မိလွယ်အောင် ရုပ်ပုံလေးနဲ့ သရုပ်ဖော်ကြ ဦးစို့။ ပထမ ၃ ချက်က ကိုယ့်ရဲ့ အတွင်းအဇ္ဈတ္တကို အောင်နိုင်ဖို့ ကြိုးပမ်းရတာပါ။ Private Victory ပါ။ “အတွင်းအောင်ခြင်း'ပေါ့။ သစ်ပင်ကြီးတစ်ပင်ရဲ့ အမြစ်နဲ့ တူပါတယ်။ အမြစ်အားကောင်းရင် ဒီသစ်ပင်ကြီး လဲမှာပြိုမှာ မပူရ တော့ဘူးပေါ့။ စတုတ္ထကနေ ဆဋ္ဌမထိ အကျင့် ၃ မျိုးကတော့ ပင်စည်နဲ့တူတယ်။ လေဒဏ်၊ မိုးဒဏ်၊ မုန်တိုင်းဒဏ် ခံနိုင်ဖို့ ပင်စည်သန်စွမ်းဖို့လည်း လိုတယ် လေ။ လူအများနဲ့ ဆက်ဆံတဲ့အပိုင်းမှာ အောင်ပွဲဆင်နိုင်ဖို့ပါ။ Ph:Mic Victory ပေါ့။ “အပြင်အောင်ခြင်း'လို့ မှတ်ကြမယ်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)