ကျော်ဝင်း - ကောင်းကင်တွင်စင်တင်မည့်ဒရမ်မာသစ်
အခန်း(၁)
ကောင်းကင်တွင်စင်တင်မည့် ဒရမ်မာသစ်
မိုးပေါ်က ကြေညာစာတမ်း
- တုပ်နှောင်မှုများရဲ့ ဖန်ဆင်းရှင်
အို - ရုပ်ကမ္ဘာ သခင် …
- သင့်သံမဏိအိမ် ပြိုပြီ
ငါ့ ပိုးမျှင်အိမ်ဆောက်ပြီ။
- “ဆိုက်ဘာစပေ့မှာ
သင့်နေရာမရှိ၊ သင့်ပါဝါမရှိ
သင်၏နိဂုံး၊ ငါ၏နိဒါန်း
ဇာတ်လမ်းအသစ် စတော့အံ့။
ကဗျာမဟုတ်ပါ။ စကားလုံးရှစ်ရာမျှပါသော “ကြေညာစာတမ်း တစ်ခု ၏ အဖွင့်စာသားများဖြစ်ကြသည်။ “ကြေညာစာတမ်း' ဆိုသော်လည်း၊ တိုင်းပြည်ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများက ထုတ်ပြန်လိုက်သည် မဟုတ်ပါ။ ရော့(ခ်)ဂီတသမားတစ်ဦးဖြစ်သူ ‘ဂျွန်ပယ်ရီဘာလို John Perry Barlow နှင့် လူငယ်တစ်စု၏ လက်ရာဖြစ်ပါသည်။ မည်သည့် နိုင်ငံ၊ မည်သည့်မြို့မှ ထွက်ပေါ်ခဲ့သော ကြေညာစာတမ်းဟု ပြောဖို့လည်း အတော်ခက်ပါလိမ့်မည်။ အကြောင်းမူ မြေကြီးပေါ်တွင် ရေးခဲ့ကြသည် မဟုတ်ဘဲ “အွန်လိုင်းဆွေးနွေးဝိုင်း” တစ်ခုမှ ထွက်ပေါ်လာခဲ့သောကြောင့် ဖြစ်သည်။ “ဆိုက်ဘာစပေ့၏ လွတ်လပ်ရေးကြေညာစာတမ်း” Declaration of the Independence of Cyberspace ဟူ၍တရားဝင်အမည်ပေးထားပါသည်။
အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း အစ ကွန်မြူနစ်ကြေညာစာတမ်း အလယ် ကုလသမဂ္ဂကြေညာစာတမ်းအဆုံး သမိုင်း အဆက်ဆက်ပေါ်ထွက်ဖူးသော ကြေညာစာတမ်းအားလုံးကို အဆိုပါ ကြေညာစာတမ်းက စိန်ခေါ်လိုက် ဟန်ရှိသည်။ ဤအချက်ကို အကဲဖမ်းနိုင် စေရန် စာတမ်းပါ ဆိုလိုချက် အချို့ကို အမြည်းသဘော မိတ်ဆက်လိုက် ပါသည်။ သူ့စာတမ်း . . . “အင်ဖော်မေးရှင်း တက္ကနိုလိုဂျီကယဉ်ကျေးမှုအသစ်တစ်ခုကို မွေးဖွားပေးလိုက်ပါသည်။ “ရုပ်သဘော” ရှိသော မြေကြီးပေါ်မှ ယဉ်ကျေးမှုမျိုးမဟုတ်။ “ရုပ်အစွဲ” ကိုဖောက်ထွက်လိုက်သည့် ကောင်းကင်ထက်မှ ယဉ်ကျေးမှုသစ် ဖြစ်သည်။ ထို့ကြောင့် “ဆိုက်ဘာယဉ်ကျေးမှု ́ဟု ယာယီအမည်ပေးထားသည်။ ခေတ်အဆက်ဆက် မြေပေါ်ယဉ်ကျေးမှုများက အပြည့်အဝ ဖန်တီး မပေးနိုင်ခဲ့သည့် “လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှု' ဆိုသော လောက ပါလ တရားများကို ဤယဉ်ကျေးမှုသစ်က၊ အသေအချာ ပုံဖော်နိုင် လိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်”
ဤသည်ပင် လူ့ဖြစ်တည်မှုနှင့်အမျှ ကြာတောင့်ကြာရှည်ရှိခဲ့ပြီဖြစ် သော “မဟာဒရမ်မာအဟောင်း’ ကြီး၏ ဇာတ်သိမ်းသီချင်းဖြစ်နိုင်သလို အိုင်တီနှင့်အတူ ဇာတ်ပန္နက်ရိုက်ခဲ့သော “မဟာဒရမ်မာအသစ်” တစ်ခု၏ အဖွင့်တေးသံလည်း ဖြစ်တန်ရာသည်။
နိဂုံးများ
အော့ဝဲ(လ်) စစ်တမ်း
ဂျော့အော့ဝဲ(လ)၏ ၁၉၄၉ ခုနှစ်ထုတ် ဝတ္ထုတစ်ပုဒ်ရှိသည်။ “တစ်ထောင့် ကိုးရာရှစ်ဆယ့်လေး’ Nineteen Eighty Four ဖြစ်ပါသည်။နောင် ၃၅ နှစ် အကြာတွင် ဖြစ်ထွန်းပေါ်ပေါက်လာနိုင်စရာရှိ သည့် “အိုင်တီ” ၏အနာဂတ်ကို မှန်းဆထားသော အနာဂိတ္တကျမ်းတစ်ခု အနေနှင့် ပညာရှင်အသိုင်းအဝိုင်းက အလေးထားခဲ့ရသော စာအုပ်ဖြစ် သည်။ အော့ဝဲ(လ်)၏အလိုအရ “အိုင်တီမှာ “လူသန်ကြီးများ’ Strongmen ၏ “အစ်ကိုကြီးမျက်လုံး’ Big Brothers' Eyes အဖြစ် အသုံးတော် ခံရလိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။ လူ့အဖွဲ့အစည်း ဝင်များအနေနှင့် “တယ်လီပိတ်ကား’ Tele Screen မှတစ်ဆင့် မပြတ်စောင့်ကြည့်ခံ နေရလိမ့်မည်ဟုဆိုသည်။ သို့နှင့်တိုင် တကယ်တမ်း ၁၉၈၄ ခုနှစ်သို့ ရောက်သောအခါ၊ အော့ဝဲ(လ်) ထင်သလိုဖြစ်မလာခဲ့ပါ။ သို့နှင့်အမျှ ဂျော့အော့ဝဲ(လ)ကို ပြန်လည် စစ်တမ်းထုတ်ရင်း အိုင်တီ၏ အာနိသင်ကို စစ်ဆေးလာခဲ့ကြသည်။
ဆိုဗီယက်ခေတ်၏ မွန်းတည့်ချိန်ဟုဆိုနိုင်သော “လီယွန်နစ်ဘရက် ဇညက်” ကာလအထိမူ အော့ဝဲ(လ်)၏ မှန်းဆချက် မှန်သည်ဟု ဆိုနိုင်လောက်ပါသည်။ ကရင်မလင် အီလစ်များက “အိုင်တီကို ချုပ်ကိုင်ထားပြီး၊ လူထုအတွက် အင်ဖော်မေးရှင်းကို လက်ဖက်ရည်ဇွန်းနှင့် ခပ်တိုက်သည်။ သို့ဖြင့် 'မစ်ခေဂေါ်ဘာချော့(ဖ)” ဆက်ခံလိုက်ရသော ဆိုဗီယက်စီးပွားရေး မှာ အိုင်တီနှင့် မဆက်စပ်သော အဟောင်းအအိုကြီးသာ ဖြစ်နေတော့ `သည်။ “ခေတ်မီနိုင်ငံတော် တစ်ခုအတွက် မရှိမဖြစ်လိုအပ်သော သိပ္ပံနှင့် နည်းပညာ အိုင်ဒီယာသစ်များကို လွတ်လပ်ခွင့် မပေးလျှင် ဆိုရှယ်လစ် စနစ်၏, နေဝင်ချိန်ကို မလွှဲမရှောင်သာ ရင်ဆိုင်ရလိမ့်မည်”ဟူ၍ပင် ဂေါ်ဘာချော့(ဖ) ကိုယ်တိုင်က ထုတ်ဖော်ဝန်ခံလိုက်ရသည့် အခြေအနေ မျိုး ဖြစ်ပါသည်။
စင်စစ် အဆိုပါကောက်ချက်ကပင် “ဂလပ်စနော့” (ပွင့်လင်းရေး)နှင့် “ပယ်ရီစတိုရီကာ” (ပြန်လည်တည်ဆောက်ရေး)ကို လမ်းဖွင့်ပေးလိုက်ခြင်း ဟု ဆိုနိုင်ပါသည်။ သို့သော် ဂေါ်ဘာချော့(ဖ်) အနေနှင့် အလာကောင်းသော်လည်း အခါနှောင်းသွားခဲ့ပါသည်။ သူကိုယ်တိုင် ဖော်စပ်ခဲ့သော “ဆေး”က ကရင်မလင် နာတာရှည်ရောဂါကို မကုစားနိုင်တော့ဘဲ သူရော၊ သူ့နိုင်ငံရော၊ သူသံယောဇဉ်ကြီးလှသည့်စနစ်ပါ နိဂုံးကမ္ပတ် အဆုံးသတ် သွားခဲ့ရပါသည်။ လူမှုသိပ္ပံပါမောက္ခ“ဖရန်ဆစ်ဖူကူယားမား' က ဆိုဗီယက် ယူနီယံ ပြိုကွဲရခြင်းမှာ “အင်ဖော်မေးရှင်းခေတ်၏ စိန်ခေါ်မှုများကို ရင်မ ဆိုင်နိုင်ခဲ့သောကြောင့်ဟု အကဲဖြတ်ခဲ့သည်။ “အိုင်တီ”သည်လည်း ဂျော့အောဝဲ(လ်) မှန်းဆခဲ့သလို “အစ်ကိုကြီးမျက်လုံး ဖြစ်မလာဘဲ “ညီပု လေးများ၏ မှန်ပြောင်းဖြစ်သွားခဲ့ပါသည်။ ဤအခြင်းအရာကို အကဲဖြတ် ၍ နိုင်ငံရေးသိပ္ပံပညာရှင် “အစ်သိယယ်ဒီ ဆိုလာပူး(လ)”က “အိုင်တီ”ကို “လွတ်လပ်မှု နည်းပညာ” Technology of Freedom ဟု အမှတ်ပေးခဲ့ ပါသည်။
ချက်ပလင်ပြန်လွမ်း
စက်မှုခေတ် အားကောင်းမောင်းသန် အလုပ်ဖြစ်နေသော ကာလကပင် ပေါက်ထွက်ခဲ့သော ချာလီချက်ပလင်၏ ရုပ်ရှင်ဇာတ်ကား တစ်ခုရှိသည်။ “ခေတ်သစ်” Modern Time ဆိုသော ဇာတ်ကား ဖြစ်ပါသည်။ ရုပ်ရှင်ထဲမှ ဇာတ်လိုက် ချက်ပလင်မှာ စက်ရုံကြီးတစ်ခုမှ အလုပ်သမားတစ် ယောက် ဖြစ်သည်။ သူ့အလုပ်က စုပတ်လမ်း ASsembly Line တစ်လျှောက် သူ့ရှေ့ရောက်လာသော မူလီများကို ပလာယာတစ်လက်နှင့် ဝက်အူရစ် တင်းရသည့် အလုပ်ဖြစ်သည်။ နိစ္စဓူဝ ဤအလုပ်နှင့် ကင်းမရသောချက်ပလင်မှာ တွေ့သမျှမြင်သမျှကို ပလာယာနှင့် လိုက်ကျပ်သည့် အကျင့်ကပါနေတော့သည်။ သို့ဖြင့် လမ်းလျှောက်ရင်း၊ ထမင်းစား ရင်း (ကုန်ကုန်ပြောရလျှင်) ရည်းစားနှင့် ချစ်တင်းနှောရင်းမှပင် ပလာယာ တကိုင်ကိုင်ဖြစ်နေသော သူ့ပုံမှာ ရယ်စရာကောင်းလှသလို ကြေကွဲစရာလည်း ဖြစ်နေတော့သည်။ စက်မှုခေတ် စုပတ်လမ်းတွင် ပိတ်မိနေသော အလုပ်သမားထုဘဝကို အပီအပြင် ဖော်ပြနိုင်ပါပေသည်ဟု ချီးကျူးခံခဲ့ရသော ရုပ်ရှင်ဇာတ်ကား ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စုမှ ကော်ပိုရိတ်အရှုပ်တော်ပုံ ကာလတွင် အဆိုပါ ချက်ပလင်၏ ရုပ်ရှင်မှာ အထူးပြန်လည်ရေပန်းစားနေသည်ဟု သိရသည်။ ပြောကြစတမ်းဆိုလျှင် ဇာတ်၏အစမှာ အမေရိကန်မဟုတ်၊ စစ်ပြီးခေတ် ပြာပုံဘဝမှ ဒုတိယ စီးပွားရေး စူပါပါဝါအဆင့်သို့ ခုန်ပျံတက် လာခဲ့သော စူပါစတား ဂျပန် ဖြစ်သည်။ ဂျပန်ပုံစံကော်ပိုရေးရှင်းစနစ်ကို ဗန်းတင်ပြောကြသည်များရှိသည်။ စင်စစ် ဂျပန်ပုံစံ ကော်ပိုရေးရှင်းစနစ်မှာ အရင်းရှင်စနစ်ကို အစဉ်အလာ ခီရက်ဆု Keiretsu ယဉ်ကျေးမှုနှင့် ပေါင်းစပ်ဖော်ထားခြင်း ဖြစ်သည်။ “မိသားစုဆက်ဆံရေး”၊ “ဖခင်ကြီးဝါဒ” Paternal Arehism နှင့် တင်းကြပ်သော ထက်အောက်ဖွဲ့စည်းပုံတို့ မှာ ထင်ရှားသော အခြင်းအရာများဟုဆိုနိုင်သည်။ ဤစနစ်မှာ စစ်ပြီးခေတ် ဂျပန်စီးပွားရေးကို တွန်းတင်နိုင်ခဲ့သည် မှန်သော်လည်း အပြန်အလှန် အမှီ သဟဲပြုရမှုများနှင့် ရှောင်မရတော့သော ယနေ့ကာလမျိုးတွင် အလုပ်မဖြစ် နိုင်တော့ပါ။
ဂျပန်စီးပွားရေး တန့်ရပ်မှုကာလ ရှည်လာသည်နှင့်အမျှ အမေရိကန် ကော်ပိုရိတ်ပုံစံကို မျှော်ကြည့်လာခဲ့ကြသည်။ အမေရိကန်ပုံစံက ဂျပန်လိုရာသက်ပန်ကော်ပိုရိတ်တုပ်နှောင်မှုမျိုးမဟုတ်။ပို၍လွတ်လပ်သည်နှင့်အမျှ ပို၍ ရှင်သန်နိုင်စွမ်းရှိလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့နှင့်တိုင် ၂၁ရာစု ခေတ်ဦး ကော်ပိုရိတ် အရှုပ်တော်ပုံများ လျှံကျလာသောအခါ မျှော်လင့် သလို ဖြစ်မလာတော့ပါ။ ကော်ပိုရေးရှင်း အမြတ်ငွေအများစုမှာ စီအီးအို များ၏ အိတ်ထောင်ထဲရောက်ကုန်သည့် အဖြစ်ကို ဖုံးဖိမရ ဖြစ်လာတော့ သည်။ ကော်ပိုရိတ်စနစ်ကို စောင့်ကြပ်မှု တာဝန်ယူထားသည်ဟု နားလည် ထားကြသော စာရင်းစစ်ကုမ္ပဏီကြီးများ ကိုယ်တိုင်က ပုလင်းတူဘူးဆို့ဖြစ် နေသည်များမှာလည်း မသိချင်အဆုံးဖြစ်လာရသည်။ ဤအခြင်းအရာများ က ဘာကိုဖော်ပြနေသနည်းဆိုလျှင် ထက်အောက်ဖွဲ့စည်းပုံကို အခြေခံ သည့် ကော်ပိုရိတ် စနစ်ကြီးတစ်ခုလုံး (ပြောရလျှင်) စက်မှုခေတ်၏ဖွဲ့စည်းပုံ တစ်စုံလုံး အခြေမှစ၍ ယိုင်နဲ့နေပြီဆိုသော အချက် ဖြစ်ပါသည်။
မဟာပြိုကွဲမှု
သမိုင်းနိဂုံး အယူအဆဖြင့် ပညာရှင်လောကကို ချောက်ချားစေခဲ့သူ ပါမောက္ခ ဖရန်ဆစ်ဖူကူယားမား၏ စာအုပ်တစ်အုပ် ရှိသည်။ မဟာ ပြိုကွဲမှုကြီး The Great Disruption ဖြစ်ပါ၏။ ၁၉၆ဝ အလွန်နှင့် ၁၉၉၀ အလွန် နှစ်များအတွင်း ကြုံခဲ့ရသော အမေရိကန်နှင့် ဥရောပနိုင်ငံ ကြီးများ၏ လူမှုရှုခင်းကို ဖော်ပြလိုက်သည့် စာအုပ်ဖြစ်ပါသည်။ ဖူကူယား မား၏ အလိုအရ အဆိုပါဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင် ပြိုကွဲမှုအခြင်းအရာသုံး ရပ်ကို တစ်ပြိုင်နက်တည်း ကြုံတွေ့နေရသည်ဟုဆိုသည်။ ရာဇဝတ်မှုများ ထူပြောလာခြင်း၊ အိမ်ထောင်များပြိုကွဲလာခြင်းနှင့် ယုံကြည်မှုများ ပြိုဆင်း လာခြင်းတို့ ဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ရပ်၏ အခြေခံယူနစ်ဟုဆိုနိုင်သော “အိမ်ထောင်” Family မှအစ အမြင့်ဆုံးဖွဲ့စည်းပုံဟု ယူဆနိုင်သော “နိုင်ငံတော်” State အထိ ပြိုကွဲမှုဖြစ်စဉ်ကြီးနှင့် မကင်းနိုင်တော့ဟု မှတ်ချက်ချခဲ့သည်။
“ဘာကြောင့် မဟာပြိုကွဲမှုလဲ” ဆိုသော ပြိုကွဲမှု၏ အကြောင်း တရားများကို ဆန်းစစ်ဖော်ထုတ်ကြသည်များလည်း ရှိသည်။ လူမှု ဗေဒပညာရှင် “ဒင်နီယယ်ဘဲ(လ်)၏ အဆိုအရ စက်မှုခေတ်ကမွေးထုတ် ပေးလိုက်သော ယဉ်ကျေးမှုအီလစ်များ Cultural Elites ၏ ယဉ်ကျေးမှု
တော်လှန်ရေး ဖော်ပြချက်များ ဟုဆိုသည်။ ပညာတတ်များ၊ စာပေအနု ပညာရှင်များ စသော ယဉ်ကျေးမှုအရ ရှေ့တန်းရောက်အင်အားစုများ၏ ခေတ်နှင့်စနစ်အပေါ် မကျေမနပ် တုံ့ပြန်မှုများကို ထောက်ပြသည်။ အထူး သဖြင့် စာပေအနုပညာနယ်ပယ်မှ ပို့(စ)မော်ဒန် လှုပ်ရှားမှု ဖြစ်ပါသည်။ ခေတ်ပြိုင် ဘောဂဗေဒပညာရှင် လက်စတာသာရိုးကမူ တက္ကနိုလိုဂျီနှင့် အိုင်ဒီအိုလိုဂျီ တို့ ၏ အဆက်အစပ်ဘက်မှ ရှင်းပြဖို့ ကြိုးစားသည်။ တက္ကနိုလိုဂျီအသစ် (အိုင်တီ)ကို တည်ရှိဆဲ အိုင်ဒီအိုလိုဂျီဟောင်းများက အမီမလိုက်နိုင် ရာမှ ပေါ်ထွက်လာသော ရုန်းရင်းဆန်ခတ်မှုဟုကောက်ချက်ဆွဲသည်။ ဖရန်ဆစ်ဖူကူယားမား ကိုယ်တိုင်ကမူ စက်မှုခေတ် ၏ နောက်ဆုံးရိုက်ချက်များဟု နိဂုံးချုပ်လိုက်ပါသည်။
ဤတွင် ထင်ရှားပီပြင်လာသော အဆုံးသတ်ကောက်ချက်တစ်ခုကို ပညာရှင်အများစုက သဘောညီလာကြဟန်ရှိသည်။ စက်မှုတက္ကနိုလိုဂျီ အပေါ်တွင် တည်ဆောက်ခဲ့သော လူမှုစနစ်ကြီးတစ်ခုလုံး ပြိုကျလျက်ရှိနေ ပြီဆိုသော ကောက်ချက် ဖြစ်ပါ၏။ ဤသည်ပင် မဟာဒရမ်မာဟောင်း၏ နောက်ဆုံးဇာတ်ကွက်များဟု ဆိုနိုင်လိမ့်မည် ထင်ပါသည်။
နိဒါန်းများ
ရုပ်နန်းကျပြီ
အရင်းရှင်စနစ်နှင့် ဆိုရှယ်လစ်စနစ်မှာ အများအမြင်တွင် ဆန့်ကျင် ဘက်ဖြစ်သော်လည်း စက်မှုခေတ်က မွေးထုတ်ပေးလိုက်သော အိုင်ဒီအို လိုဂျီများဖြစ်သည်နှင့်အညီ တူညီသည့် အခြေခံတစ်ရပ် ရှိသည်ဆိုသော အကဲဖြတ်ချက်များ ရှိပါသည်။ ရုပ်အစွဲ ကြီးလွန်းခြင်း Materialistic Superstition တစ်နည်းပြောရလျှင် ရုပ်၏အကန့် အသတ်များကိုဖောက်မထွက်နိုင်ခြင်း ဖြစ်သည်။ အင်ဖော်မေးရှင်း တက္ကနိုလိုဂျီ အရှိန် ရလာခြင်းနှင့် အတူ Virtual Realily ဆိုသော ဝေါဟာရတစ်ခု ရှေ့ရောက်လာသည်။ အစစ်အမှန်တော့မဟုတ်။ သို့သော် အစစ်အ မှန်နီးပါး ခံစားလို့ရသည်။ အကောင်အထည်နှင့် ဆုပ်ဆုပ်ကိုင်ကိုင် ရှိသည်မဟုတ်၊ သို့ သော် အကျိုးသက်ရောက်မှု အပြည့် ရှိသည်။ ရုပ်သဘောနှင့် ချဉ်းကပ်၍မရ၊ သို့သော် ရုပ်နု ရုပ်ကြည်သဘော စွမ်းအင်သဘောအဖြစ် လက်တွေ့ဖော်ပြနိုင်သည်။
အဆိုပါ ဗွီသဘော Virtual Concept ကို ပထမဆုံးအထင်အရှား တွေ့ရသည်မှာ ပညာ Knowledge နှင့် ဆိုင်သည်။ ယခင်က ပညာ၏